Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဆောင်းလူ ● လိင်တူချစ်သူတွေ နေတဲ့မြို့

$
0
0

ဆောင်းလူ ● လိင်တူချစ်သူတွေ နေတဲ့မြို့
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၆

နီယွန်မီးတွေကိုအကြောင်းပြုပြီး မြို့က ညနဲ့နီးစပ်လာတာကို မြင်နေရတယ် ..။ ယောက်ယက်ခတ်နေတဲ့ ကိစ္စတွေ တ ထွေးကြီးကို မနိုင်မနင်းထမ်းပိုးထားပြီး လမ်းကလည်း သူ့လမ်းကြောင်းအတိုင်း စုန်ဆန်ဆင်းနေတယ် ...။ မိတ်ကပ်တွေ အဖွေးသားနဲ့ ချွေးချောင်းတွေစီးဆင်းနေတဲ့ လမ်းကြိုလမ်းကြားတွေရဲ့ ဝလစ္စလစ်ဆန်မှုကလည်း အထင်းသား ...။

လာနေကြလမ်းရဲ့ မနက် မနက်တွေမှာဆို နီယွန်းမီးတွေ အိပ်ငိုက်နေကြတယ် ...။
လနေကြလမ်းရဲ့ မနက် မနက်တွေမှာဆို မိတ်ကပ်ပျက်နေတဲ့ အခွင့်အရေးသမားတွေရှိတယ် ...။

လာနေကြလမ်းမှာ ည ည ဆို ကျီးတွေလည်း အာနေတယ် ....။
လာနေကြလမ်းမှာ ည ည ဆို ဆက်ရက် (ဇရက်) တွေလည်း အာနေတယ် ...။

လာနေကြလမ်းရဲ့ အချိုးအကွေ့မှာ ဂီတတွေဖြန့်ခင်းထားတဲ့ ဘုံဆိုင်လေးရှိတယ် ...။
လာနေကြလမ်းရဲ့ အရှေ့တည့်တည့်မှာ နောက်မီးလင်းနေတဲ့ ညတွေရှိတယ် ...။

နေ့ကို နေ့နဲ့တူအောင် ဖြန့်ခင်းထားရင်း ...
ညကို ညနဲ့တူအောင် ဖြန့်ခင်းထားရင်း ...
မြို့ဟာ လိင်တူချစ်သူတွေကို ဆွဲဆောင်ထားတယ် ...။

နေ့က သာသာယာယာရှိအောင် မြို့ကို မထားတယ် ...
ညက ဖွယ်ဖွယ်ရာရာရှိအောင် မြို့ကို မထားတယ် ...
ကြည်နူးမှုတွေနဲ့အတူ မြို့က နေ့ရော ညရောကို တဖန်ပြန်မထားတယ် ...။
ခုတလောတော့ အမလွန်လွန်းလို့ မြို့ဟာ မ,မနိုင်တာတွေကို ထွေးငုံပေးထားရပြန်ရော ...။

ပြောသားပဲ ..။
မြို့မှာ လိင်တူချစ်သူတွေနေပါတယ်လို့ ...။
ချွေးကြောင်းတွေကို အပြန်အလှန်သုပ်သပ်ပေးရင်း ဒီမြို့ဟာ လိင်တူချစ်သူတွေပျော်တဲ့မြို့ဆိုတာ ငြင်းမရဘူး ...။

ဒီမြို့မှာ ခေါက်တုံ့ ခေါက်ပြန်လမ်းလျှောက်နေတာတောင် လမ်းပျောက်နေတုန်း ...။
ဒီမြို့မှာ အဆီတထပ် အသားတထပ်နဲ့ ဟန်ကျ ပန်ကျ နေနေရတာတောင် .. အာသာမပြေဖြစ်နေတုန်း ...။

ဒီမြို့မှာ ....
ဒီမြို့မှာ ....

ခုချိန်ထိ ကျီးတွေ အာတုန်း ...
ခုချိန်ထိ ဆက်ရက် (ဇရက်) တွေ အာတုန်း ...
ခုချိန်ထိ အခွင့်အရေးသမားတွေ နေတုန်း ....

ဒီမြို့ကို ...
ခုချိန်ထိ အခွင့်အရေးသမားတွေ လာနေတုန်း ....

ခုချိန်ထိ ...
အခုချိန်ထိကို ....
ဒီ သန္ဓေဆောင်လို့မရတဲ့မြို့မှာ ဟင်းသိုး ဟင်းကျန်အနံ့တွေနဲ့ လိင်တူချစ်သူတွေ ပျော်မွေ့နေတယ် ...။

စက်တင်ဘာ ၁၉၊ ၂၀၁၆၊ ည ၇း ၄၄ နာရီ။

Viewing all articles
Browse latest Browse all 9633

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>