Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

လင်းမိုးစွေ - ကိုယ့်သမိုင်းနဲ့ကိုယ် ကိုယ်လမ်းနဲ့ကိုယ်

$
0
0


လင်းမိုးစွေ  - ကိုယ့်သမိုင်းနဲ့ကိုယ် ကိုယ်လမ်းနဲ့ကိုယ်
(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၁၆


မနက်တိုင်း
ငါလျှောက်နေကျ လမ်းပါပဲ
အခုလျှောက်နေတဲ့လမ်းကလည်း
မနေ့ကလမ်းပါပဲ။

မနက်ခင်းနေရောင်ခြည်ဖျော့ဖျော့
လမ်းပေါ်ဖြာကျနေလေရဲ့
ကျေးငှက်သံတွေ သာသာယာယာ
လမ်းကို ကြည့်လျှောက်နေပေမယ့်
လမ်းကိုမမြင်သည်အထိ
လျှောက်မှန်းမသိ လျှောက်နေမိတယ်
ယာဉ်အသွားအလာတွေနဲ့ဝေးရာ
စိတ်ရဲ့ခေါ်ဆောင်ရာ
စိတ်သွားတိုင်း ကိုယ်ပါလို့
စိတ်ကလေး သွားနေတယ်။

လမ်းတွေနဲ့တည့်တည့်တိုးမှ
ကိုယ်လျှောက်နေတဲ့လမ်းကို သတိရမိ
ငါလျှောက်နေတဲ့လမ်း
ဘယ်ရောက်သွားပြီလဲ
ရှေ့ဆက် ဘယ်လမ်းကို ဆက်လျှောက်ရမှာလဲ
လမ်းတွေနဲ့တွေ့မှ
လမ်းပျောက်ရတဲ့အဖြစ်မခံနိုင်ဘူး
ပြန်လှည့် လျှောက်ခဲ့တယ်။

ခရီးမတွင်ပေမဲ့
ရွာစဉ်သိခဲ့သလို
ကိုယ်လမ်းနဲ့ကိုယ် ဖြောင့်လို့ ဖြူးလို့...။

လင်းမိုးစွေ
၁၂.၇.၂၀၁၆

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>