Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

သစ်ကောင်းအိမ် ● မဲဆောက်တောင်ခြေ ....

$
0
0
သစ်ကောင်းအိမ် ● မဲဆောက်တောင်ခြေ ....
(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၁၆

ရွှေ့ပြောင်းအလုပ်သမား
ရွှေ့ပြောင်းအစိုးရ
ရွှေ့ပြောင်းကဗျာဆရာ
မိုဘိုင်းဖုန်းသံတွေနဲ့ ဆူညံနေတဲ့ကမ္ဘာ

ဂျနီဗာ ကတိ ကဝတ်တွေထက်
ဂျနီဖာလိုပက် (ဇ်) ရဲ့အတွင်းခံပစ္စည်းတွေက
ပိုပြီးအရေးပါခဲ့

စစ်ပွဲကြီးတွေအလယ်မှာ
မျက်စိသူငယ်နဲ့
မူးနော်လေး ‘ကိုဖီအာနန်’ ကိုလည်း
ရွာကိုသာပြန်ပို့လိုက်ပါတော့

ဖတ်မိတဲ့သတင်းတပုဒ်မှာ
သူ့ကိုကိုက်တဲ့ခွေးကိုပြန်ရိုက်မိလို့
ကံဆိုးမ တိုင်းပြည်က
အမျိုးကောင်းသားလေးတယောက်
မီးရှို့အလောင်းဖျောက်ခံလိုက်ရ

ညက
မဲဆောက်ည အိပ်မက်ထဲမှာ
အဖမ်းအဆီးတွေက ကြမ်းလိုက်တာ
ပြေးပေါက်ရှာမတွေ့တော့
ချောက်ချားစရာကောင်းလိုက်တာ အမေရယ်

တောခြောက်သံတွေကြားမှာ
အမောဖောက်သံတွေက ကျွက်ကျွက်ဆူ
အဲဒီ အဆုပ်လိုက်ပွင့်နေတဲ့ သောကအပူတွေကိုတော့
လူဖြူတအုပ်က
စီးကရက်ကလေးဖွာလိုက်
‘Oh! Great’ ‘Oh! Great’ ဆိုပြီး
အာမေဍိတ် လေချဉ်လေးတက်လိုက်နဲ့
မဲဆောက်နိုက်ဘဇားမှာ
‘Crocodile Tears’ မှာ
ဘီယာချောင်းစီးနဲ့
စိမ်ပြေ နပြေမြည်းကြ

အိမ်နီးချင်းကောင်းတွေကလည်း
စက်နင်းခုံပေါ်ကဝဋ်ကြွေး
နှစ်ထပ်အချုပ်၊ ဒုက္ခသည်စခန်းနဲ့
ပြည့်တန်ဆာတန်းတွေကို
စာနာမှုလက်ဆောင်အဖြစ်ဝေခြမ်းကြ

ပဏ္ဍိတတွေကလည်း သူဖုန်းစားပမာ ပညာရှာမြဲ
တတိယအရွယ်တွေကလည်း ငွေကမ္မဌာန်းကို စီးဖြန်းမြဲ
ကျနော်တို့နောက်ကျောမှာ လိုက်ရွာနေကျမိုးကလည်း
အမောတကောလိုက်ရွာမြဲ

နှစ်ခါပြန်ချိုးလို့ မရတဲ့မြစ်ထဲမှာ
တခါတည်းသာ နှစ်သေလိုက်ပါတော့
မည်သို့ပင်ဖြစ်စေ
မဲဆောက်တောင်ခြေ
စီးထွေထွေတည့်။ ။

07/17/07
သစ်ကောင်းအိမ်

(မူးနော်လေး - ကရင်ဘာသာစကား- အပျိုမ၊ ထိုင်းနိုင်ငံအတွင်း သက်ရောက်အဓိပ္ပါယ်- အိမ်ဖော်)

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>