Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

လင်းခါး ● တော်လှန်သော ကြက်မောက်သီးများ

$
0
0


လင်းခါး ● တော်လှန်သော ကြက်မောက်သီးများ
(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၁၆

အနုပညာဆိုတာ ဝါဒဖြန့်တာပဲ
ဝါဒဖြန့်တယ်ဆိုတာ ခြေအိတ်လက်ဆောင်ပေးတာ

အိပ်မက်ဆိုတာ လူ့အစိတ်အပိုင်းတခုပဲ
လူ့အစိတ်အပိုင်းတခုဆိုတာ အူအတက်

ပဋိပက္ခဆိုတာ
ဆန့်ကျင်ဘက်အရာနှစ်ခု ပေါင်းစည်းတာပဲ
ဆန့်ကျင်ဘက်အရာနှစ်ခုဆိုတာ
သူဆင်မြန်းတဲ့ ဖိနပ်နီနီ

အနုပညာခြေအိတ်ထဲက
အူအတက်အိပ်မက်တွေ
ပဋိပက္ခဖိနပ်နီနီစီးပြီးထွက်သွား

တရားထူးရမယ်ထင်လို့
ပြည်ထောင်စုကြီးကို စုစည်းခဲ့ပါတယ်
လူငယ်ဘာဝ
ဟိုကောင့်မျက်ခွက် စီးကရက်မီးခိုးနဲ့ မှုတ်ခဲ့ပါတယ်
ပင့်ကူလိုပဲ ပင့်ကူအိမ်မှာ ငြိခဲ့ပါတယ်
ခွင့်လွှတ်တော်မူပါအရှင်ဘုရား

လင်းခါး
သြဂုတ် ၂၀၁၆



Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>