Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ရန်လင်းအောင် ●ေ ပြာ ဇာ တ် - ၁ ၆

$
0
0


ရန်လင်းအောင် ●ေ ပြာ ဇာ တ် - ၁ ၆
(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၁၆

ကာမရဲ့ပြစ်ချက် ဉာဏ်သက်ဝင်လို့
ပုဏ္ဏားလေးတစ်ယောက်
ဟိုး .... ဟိမဝန္တာအရပ် တောင်အရေးသုံးခုအလွန်မှာ
ကျောင်းဆောက် ရသေ့ဝတ်နေတုန်းကပေါ့
သူ့ကျောင်းနားမှာ ပတ္တမြားလိုဏ်ဂူ၊
ဒီလိုဏ်ဂူထဲမှာတော့ ဝက်အုပ်သုံးဆယ်၊
ဒီဂူနားမှာပဲ
ခြင်္သေ့တကောင်ကလည်း ရှိနေပြန်သတဲ့။

ပြဿနာက -
ဒီလိုဏ်ဂူအရောင်ဟာ သိပ်ကြည် သိပ်သန့်
သိပ်တောက်ပလွန်းနေတော့
အဲ့ဒီနား ဝင်ထွက်သွားလာနေတဲ့
ခြင်္သေ့ရဲ့ အရိပ်တွေ
ဂူနံရံပေါ်လာလာထင်နေတာပါပဲ။

ခြင်္သေ့အရိပ်ကြီး ထင်လေ မြင်ရလေ
ဝက်တွေက လန့်လေ
ခြင်္သေ့အရိပ်ကြီး ဂူနံရံမှာပေါ်လာလေ
ဝက်တွေခမျာ သွေးပျက်လေ
တဖြည်းဖြည်း ပိန်ချုံး ချိနဲ့လာရတယ်ဆိုပဲ။

ဒါနဲ့ မဖြစ်ချေဘူး ဆိုပြီး
ဒီဝက်တစ်အုပ် ရွှေဉာဏ်တော်စူးရောက်လိုက်ပုံက
တရားခံအစစ် ပတ္တမြားဂူအရောင်ညစ်ရင်ဖြင့်
ဘာအရိပ်မှမဖြစ် ခြင်္သေ့ကြီးလည်း လစ်ကိုလစ်ရစေ့မဟဲ့ဆိုတဲ့ အကြံနဲ့
နီးရာရေကန်ထဲဆင်း တကိုယ်လုံးညွှန်တွေလူးလူးပြီး
ပတ္တမြားဂူကို ညစ်တွန်းတွန်းကြပါလေရောလား ....
ဝက်တွေက ညွှန်လူးအမွေးနဲ့လူးလေ
ပွတ်လေ ညစ်တွန်းတွန်းလေ
ဂူနံရံက ကြည်လေ သန့်လေ ပိုလက်လေဆိုတော့
ပတ္တမြားဂူက အရာမယွင်း အရောင်မမှိန်
ဝက်တွေသာ စိတ်ပိန်ပြီးရင်းပိန်လို့ 
လက်မှိုင်ချရတော့တာပေါ့ 
ဒါနဲ့ စောစောကပြောတဲ့ ဂူနားကရသေ့လေးဆီသွားပြီး
ဒီဂူအရောင်ပျက်အောင် ညစ်အောင်
ဘယ်လိုလုပ်ရမလဲပေါ့
မေးရပြီပေါ့ -
"ဪ ကျောက်မျက်ရွဲပဲ
ရတနာပဲ မသေတဲ့အရောင်ရှိတာပဲ
ပတ္တမြားစစ်ရင် ဘယ်လိုလုပ်လုပ် မညစ်
ဖျက်ချင်သလိုဖျက် အရောင်ပိုလက်မှာပေါ့ 
ကိုယ့်လမ်းကိုယ်သာ ဖြောင့်အောင်သွားကြစမ်းပါ
ကိုရွှေဝက်တို့ရေ ..."လို့
ရသေ့လေးပြောတော့မှပဲ
ပတ္တမြားဂူရောင်တဖိတ်ဖိတ်မှာ
ခြင်္သေ့အရိပ်ထင်တိုင်း စိတ်လေနေတဲ့
ဝက်တစ်သိုက်ခေါင်းငိုက်စိုက်ကျလို့
ပတ္တမြားဂူပေါ်အမြင်မစောင်းတော့ပဲ
ကြေအေးတဲ့လမ်းကိုရွေးနိုင်ပါတော့သတဲ့ ။

ရန်လင်းအောင်

တိကနိပါတ်၊ အဗ္ဘန္တရဝဂ်
မဏိသူကရဇာတ်တော်ကို မှီးပါတယ်။


Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>