လင်းသက်ငြိမ် ● တယောက်တည်း နေ့တွေ
(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၁၆
ပိုက်ဆံမရှိတဲ့အကြောင်းက ပျင်းစရာမကောင်းသေးဘူး
လူတွေကြားထဲ
တယောက်ထဲ ခဏခဏဖြစ်သွား
အတွေးတွေဟာ လမ်းမပေါ်လွင့်နေတဲ့
ကွမ်းယာထုတ်တဲ့ ကျွပ်ကျွပ်အိတ်
အသက်သုံးဆယ်ဟာ သိသာခဲ့တယ်
သူလိုကိုယ်လို ဂွေလည်း မလှိမ့်နိုင်သေး
နေရောင်အောက်မှာ အရာရာ လှပပြီး
နေရောင်အောက်မှာ အရာရာ အရုပ်ဆိုးအကျည်းတန်
စစ်ဘေးဒုက္ခသည်ရဲ့အတွေးနဲ့
မီးဘေးဒုက္ခသည်ရဲ့အတွေး
ဘာတွေကွာခြားနေမလဲ
မပျော်တဲ့အချိန်မှာပျော်ဖို့ကို သတိရမိတယ်
နေ့တိုင်းရေချိုးဖို့ခက်ခဲတဲ့ တောင်ပေါ်ဆောင်းလို
ကိုယ့်ကိုယ်ကို ထိန်းကျောင်းရ
မရေးရသေးတဲ့ ကဗျာတွေအတွက် ပူပင်မိ
ရေးပြီးတဲ့ကဗျာတွေအတွက် ဝမ်းနည်းမိ
ခဏကလေးဆိုတဲ့ဘဝမှာ
အကြာကြီးကြေကွဲ
ကျကွဲမသွားဖို့ ကိုယ့်စိတ်ကိုယ် တရိုတသေ
စားပွဲပေါ်တင်မိပေါ့။
လင်းသက်ငြိမ်
(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၁၆
ပိုက်ဆံမရှိတဲ့အကြောင်းက ပျင်းစရာမကောင်းသေးဘူး
လူတွေကြားထဲ
တယောက်ထဲ ခဏခဏဖြစ်သွား
အတွေးတွေဟာ လမ်းမပေါ်လွင့်နေတဲ့
ကွမ်းယာထုတ်တဲ့ ကျွပ်ကျွပ်အိတ်
အသက်သုံးဆယ်ဟာ သိသာခဲ့တယ်
သူလိုကိုယ်လို ဂွေလည်း မလှိမ့်နိုင်သေး
နေရောင်အောက်မှာ အရာရာ လှပပြီး
နေရောင်အောက်မှာ အရာရာ အရုပ်ဆိုးအကျည်းတန်
စစ်ဘေးဒုက္ခသည်ရဲ့အတွေးနဲ့
မီးဘေးဒုက္ခသည်ရဲ့အတွေး
ဘာတွေကွာခြားနေမလဲ
မပျော်တဲ့အချိန်မှာပျော်ဖို့ကို သတိရမိတယ်
နေ့တိုင်းရေချိုးဖို့ခက်ခဲတဲ့ တောင်ပေါ်ဆောင်းလို
ကိုယ့်ကိုယ်ကို ထိန်းကျောင်းရ
မရေးရသေးတဲ့ ကဗျာတွေအတွက် ပူပင်မိ
ရေးပြီးတဲ့ကဗျာတွေအတွက် ဝမ်းနည်းမိ
ခဏကလေးဆိုတဲ့ဘဝမှာ
အကြာကြီးကြေကွဲ
ကျကွဲမသွားဖို့ ကိုယ့်စိတ်ကိုယ် တရိုတသေ
စားပွဲပေါ်တင်မိပေါ့။
လင်းသက်ငြိမ်