Image may be NSFW.
Clik here to view.
Clik here to view.

အောင်ရဲ ● စစ်
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆
သေမင်းက သေခြင်းကို ဆိုတယ်
လောကကြီးမှာစစ်ပွဲတွေရှိနေသမျှ
ခေတ်မီဖွံ့ဖြိုးတိုးတက်သော
မရဏနိုင်ငံတော်သစ်ကြီး
တည်တံ့စည်ကားစေရမယ်တဲ့။
စစ်က သေခြင်းကို ဆိုတယ်
သူ့သဘောနဲ့မဟုတ်ရပါဘူး
လူတွေရဲ့သဘောကြောင့်ပါတဲ့။
လူတွေကစစ်ကို ဆိုတယ်
လွတ်လပ်သောအမိနိုင်ငံတော်အတွက်ပါတဲ့။
နိုင်ငံတော်က လောကကြီးကိုဆိုတယ်
လူတွေမောတဲ့အခါ စစ်မောသွားပါလိမ့်မယ်
စစ်မောသွားတဲ့အခါ
သေခြင်းမောသွားပါလိမ့်မယ်
သေခြင်းမောသွားတဲ့အခါ
သေမင်းမောသွားပါလိမ့်မယ်တဲ့။
လောကကြီးက အားလုံးကိုပြန်ပြောတယ်
အဲဒီအခါ
ငါလည်းမရှိတော့ဘူး
မင်းတို့လည်းမရှိတော့ဘူး တဲ့။ ။
အောင်ရဲ
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆
သေမင်းက သေခြင်းကို ဆိုတယ်
လောကကြီးမှာစစ်ပွဲတွေရှိနေသမျှ
ခေတ်မီဖွံ့ဖြိုးတိုးတက်သော
မရဏနိုင်ငံတော်သစ်ကြီး
တည်တံ့စည်ကားစေရမယ်တဲ့။
စစ်က သေခြင်းကို ဆိုတယ်
သူ့သဘောနဲ့မဟုတ်ရပါဘူး
လူတွေရဲ့သဘောကြောင့်ပါတဲ့။
လူတွေကစစ်ကို ဆိုတယ်
လွတ်လပ်သောအမိနိုင်ငံတော်အတွက်ပါတဲ့။
နိုင်ငံတော်က လောကကြီးကိုဆိုတယ်
လူတွေမောတဲ့အခါ စစ်မောသွားပါလိမ့်မယ်
စစ်မောသွားတဲ့အခါ
သေခြင်းမောသွားပါလိမ့်မယ်
သေခြင်းမောသွားတဲ့အခါ
သေမင်းမောသွားပါလိမ့်မယ်တဲ့။
လောကကြီးက အားလုံးကိုပြန်ပြောတယ်
အဲဒီအခါ
ငါလည်းမရှိတော့ဘူး
မင်းတို့လည်းမရှိတော့ဘူး တဲ့။ ။
အောင်ရဲ