Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မောင်စွမ်းရည် “ ရှစ်လေးလုံးကား မဆုံးသေး ”

$
0
0


မောင်စွမ်းရည် “ ရှစ်လေးလုံးကား မဆုံးသေး ”
(မိုးမခ) သြဂုတ် ၃၊ ၂၀၁၅

(၁)     ဗမာ့တော်လှန်ရေး
ရှစ်လေးလုံးကား မဆုံးသေး။

(၂) စစ်အစိုးရ -- အလိုမရှိ။
   အာဏာရှင်စနစ် ---အလိုမရှိ။
   တပါတီစနစ်-- အလိုမရှိ။
   မဆလပါတီ---အလိုမရှိ။
   မရှိအလို ငြင်းဆို ၄ ချက် ၊မြေတုန်အက်ခဲ့။

(၃)    ဒီမိုကရေစီအရေး---ဒို့အရေး။
လူ့အခွင့်အရေး-- ဒို့အရေး။
အမျိုးသားလွတ်လပ်ရေး--ဒို့အရေး။
တိုင်းရင်းသား စည်းလုံးရေး--ဒို့အရေး။ 
ပြည်သူ့ အရေး၊ ဒို့အရေး ၄ချက်၊ ဘဝဂ်တိုင်ခဲ့။

(၄) ရှစ်လေးလုံးမှာ၊ ကမ္ဘာတုန်အောင်
ဗမာမာန်ဟုန် ကြုံခဲ့ပြီ။
အလုပ်သမား ၊ လယ်သမား
ကျောင်းသားပြည်သူ ၊ရှင်လူရဟန်း
အံ့မခန်းအောင်၊ ရဲစွမ်းညီညီပြခဲ့ပြီ။
သမ္မတသုံးယောက်၊ ဒေါက်ဖြုတ်မြေမြှုပ်
လမ်းစဉ်လဲပြုတ်။အာဏာပြုတ်အောင်
ဖြုတ်ချခဲ့ပြီ။

(၅) အာဏာကျည်ဆန်၊ဖီဆန်အံတု
ပြည်သူ့မော်ကွန်း၊တခေတ်ထွန်းပြီ။

(၆) သို့သော် သို့သော်
     ဒို့တော်လှန်ရေး ၊ ရှစ်လေးလုံးကား
    မဆုံးသေး။

(၇)   စစ်ဝတ်ကိုချွတ်၊ အရပ်ဝတ်နဲ့
ဇွတ်ပလ္လင်တက်၊ အရှက်မဲ့များ
ဖယ်ရှားပစ်ရန်၊ တာဝန်ကျန်သေး
မပြီးသေး။

(၈)   ၂၀၀၈ - ဥပဒေ ၊စစ်ဥပဒေကို
မြေလှန်ပြာချ ၊ရေမျှောချရန်
တာဝန်ကျန်သေး၊ မပြီးသေး။
ရှစ်လေးလုံးကား၊ မဆုံးသေး။


ပြည်သူ့အရေး ၊ ဒို့အရေး ။   ။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>