Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ကျော်ကျော်မင်း - ယာဉ်အန္တ​ရာယ် ဟုဆိုရာဝယ်

$
0
0
Photo - Irrawady

ကျော်ကျော်မင်း - ယာဉ်အန္တ​ရာယ် ဟုဆိုရာဝယ်
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ နိုဝင်ဘာ ၁၂၊ ၂၀၁၆

ယ​နေ့ နံနက်​ ရန်​ကုန်​​ဆေးရုံကြီး လူနာ​ဆောင်​၅/ ၆သို့ ကျွန်​​တော်​ ​​ရောက်​ခဲ့သည်​။ လူနာသတင်း​မေးရန်​ဖြစ်​သည်​။ လူနာမှာ ယာဉ်​တိုက်​မှုဖြစ်​​သော ကျွန်​​တော့်​ အကိုဝမ်းကွဲဖြစ်​၏။ လူနာကုတင်​​ပေါ်ရှိ အကို၏ အဖြစ်​က မမြင်​ရက်​စရာ။ လက်​​ ​ခြေ အားလုံး ပတ်​တီးအ​ဖွေးသား၊ မျက်​နှာမှာလည်း ပလာစတာ ဗရဗွ နှင့်​။ ​ခြေ လက်​တို့ အားလုံးအပိုင်းပိုင်းကျိုးကုန်​သတဲ့။ ညာဖက်​ တံ​တောင်​ဆစ်​နားက အရိုးပါ​ကျေ ကုန်​သည်​ဟုသိရသည်​။ မျက်​နှာ တစ်​ခြမ်းမှာလည်း ဟက်​တက်​ကွဲ ပြီး ​မေးရိုးပါ​ပေါ်သွား​​လောက်​ ​အောင်​ ယာဉ်​တိုက်​မှုက ပြင်းထန်​လှ​ပေသည်​။

ယာဉ်​တိုက်​မှု ဖြစ်​စဉ်​ကို ကြားလိုက်​ရ​သောအခါ ကျွန်​​တော်​၏​သွေးတို့ ဆူလာ​တော့သည်​။ ဖြစ်​စဉ်​မှာ- ၄-၁၁-၁၆ ​နေ့ စ​နေ​နေ့ ည ၉ နာရီ​ကျော်​​ကျော်​ တ/ ဥက္ကလာ စာတိုက်​အနီး မီးပွိုင့်​ တွင်​ မီးစိမ်း သဖြင့်​ ​ကွေ့ ထွက်​လာ​သော အကို၏ ကားကို မီးနီ ဖြတ်​ဝင်​လာ​သော BM ကားမှ အရှိန်​ဖြင့်​ ဝင်​တိုက်​ခြင်းဖြစ်​၏။ အရှိန်မည်မျှပြင်းသနည်းဆို​​သော်​ ​​​​အကို၏ Nissan NOTE ကား​လေး​ခေါင်းပိုင်းမှာ ဖွာလန်​ကျဲသွားပြီး ကားရုပ်​ပင်​မ​ပေါ်​တော့​ချေ။ သတိလစ်​သွား​သော အကို့ ကို သူ၏ကား​ပေါ်မှ ဂျိုက်​ဖြင့်​ ​ထောက်​ပြီး ဆွဲထုတ်​ယူခဲ့ရသည်​။ ​သွေးထွက်​လွန်​​နေ​သော အကိုတစ်​​ယောက်​ ​ဆေးရုံ အ​ရောက်​​စော၍သာ ​သေကံမ​ရောက်​ခဲ့ခြင်းဖြစ်​သည်​။ BM ကားဆရာက​တော့ ထုံးစံအတိုင်း ရှိန်းဆာယာ ပို​မောက်​၍ ကိုယ်​​ပျောက်​သွား​ချေပြီ။

အကိုက ဘုရားတရား သမား၊ လူချစ်​လူခင်​​ပေါ၍ လူတကာကိုကူညီတတ်​သူ။ ထို​နေ့ညကလည်း ဝိသုဒ္မိမဂ်​ သင်​တန်းမှအပြန်​ ကံဆိုးသွားရခြင်းဖြစ်​သည်​။

တွေ့မ​ရှောင်
========

လက်ေ​ဝှ့​ကျော်​နာမည်​မဟုတ်​ပါ။ EH 700 ကဲ့သို့ အင်ဂျင်ြ​​​ကီး၊ ​​​​ဂီယါ ကြီး၊ အကြီးပတ်လည် တပ်ဆင် ထါးပြီး ​​​​ဘယ်​​​ဒေသ ဘယ်​လမ်း​​ပေါ်၌မဆို မိမိနှင့်​ ငြိပါက ဘယ်​ကားကိုမျှ ချမ်းသာမ​ပေး​သော အနှီ BM တို့ကို​ပေးထား​သောနာမည်​ဖြစ်​ပါသည်​။ လမ်း​ပြောင်းပြန်​ ဝင်​လာပြီး လမ်းမှန်​​မောင်းလာ​သော ကားကို သံတုတ်​ကိုင်​ပြီး ကြမ်းတာကြည့်​မလား၊ မီးနီဖြတ်​ပြီး တဖက်​ကားကို တိုက်​တာကြည့်​မလား၊ အတည့်​လာ​သောကားကို ဂရုမစိုက်​ပဲ ဖြတ်​​ကွေ့တာကြည့်​မလား၊ စုံလှသည်​။ ထင်​တိုင်းကျဲ ​နေသည်​မှာ မမြင်​ချင်​အဆုံးဖြစ်​၏။

လက်​ပိုက်​ကြည့်​​နေရ​တော့မှာလား
==================


''ပြိုင်​လာလျှင်​ အရှူံး​ပေး နှလုံး​အေးတဲ့​ဆေး ''၊ အခု​တော့ အရှုံး​ပေး ရုံမက အသက်​ပါ​ပေး​နေရသူ​တွေ တ​နေ့တခြား များလာပြီ။ စည်းကမ်းတကျ ​မောင်းနှင်​သူ နှင့်​ အခြားလမ်းအသုံးပြုသူများ အတွက်​ လုံခြုံမှု ကင်းမဲ့​သော အန္တ​ရာယ်​ လမ်းမ များအဖြစ်​​ပြောင်းလဲကုန်​ပြီ။ ယာဉ်​စည်းကမ်း လမ်းစည်းကမ်း​တွေ ဘယ်​​ရောက်​ကုန်​ပြီလဲ၊ အ​ရေးယူမည့်​ ယာဉ်​ထိန်းရဲများ ဘယ်​​ရောက်​​နေကြလဲ၊ ဥပ​ဒေက လုံခြုံမှု မ​ပေးနိုင်​​တော့ဘူးလား၊ ဒီအတိုင်း လက်​ပိုက်​ကြည့်​​နေရ​တော့မှာလား သိလိုလှသည်​။

စိန်​​ခေါ်​နေတာလား
==========

ယ​နေ့ အစိုးရသည်​ တရားဥပ​ဒေ စိုးမိုး​ရေး ကိုတွင်​တွင်​ ​အော်​​နေသည့်​ကြားမှ ဥပ​ဒေ ကိုမ​ထေမဲ့မြင်​ပြုသည့်​ လုပ်​ရပ်​များ တရပ်​စပ်​ ဖြစ်​ပွား​နေသည်​မှာ အသည်းယားစရာ ​ကောင်းလှသည်​။ တရားဥပ​ဒေ စိုးမိုး​ရေး​ဆောင်​ရွက်​​နေသူများကို နားရွက်​တံ​တွေးဆွတ်​ရုံမက မျက်​နှာကို တံ​တွေးနှင့်​ တည့်​တည့်​​ထွေး လိုက်​သလိုပင်​။

ပြဿနာ၏ ဇစ်​မြစ်
========

ပြဿနာ တို့ မည်​သည်​ စတင်​ဖြစ်​ပွားရခြင်း ဇစ်​မြစ်​တို့ရှိစမြဲဖြစ်​သည်​။ ယခု ကိစ္စ ကိုဆန်းစစ်​ကြည့်​လျှင်​- ယ​နေ့ ဘစ်​စကား​လောက၌ ကျင်​လည်​​နေ​သော ယာဉ်​​မောင်းတို့မှာ အ​တွေ့ အကြုံနုနယ်​​သော၊ မခံချင်​စိတ်​ပြင်းပြ​သော၊ လူသစ်​တန်းများ အများစုဖြစ်​​နေသည်​ကို ​တွေ့နိုင်​၏။ အချို့မှာ လိုင်​စင်​ပင်​မရှိ။ ယခင်​ ဝါရင့်​ ယာဉ်​​မောင်းတို့ ဘယ်​​ရောက်​ကုန်​သနည်း။ မစို့မပို့ ဝင်​​ငွေဖြင့်​ ကျားစား ဖားစား ရှာ​ဖွေစား​သောက်​ရ​သော ဘစ်​စကား​လောကကို ​ကျောခိုင်းကာ ဝင်​​ငွေ ​ကောင်း​သော Express လိုင်း၊ Tour ကားများ၊ အငှါးကားငယ်​များ ​မောင်း​နေကြသည်​ကို ​တွေ့နိုင်​၏။

ဘယ်​လိုကိုင်​တွယ်​​ဖြေရှင်းမလဲ
================

စည်းကမ်းကို ချစ်​တတ်​ဖို့သာလိုသည်​။ ​ကြောက်​ရန်​မလိုပါ။ ​ခေတ်​ အဆက်​ဆက်​ အစိုးရ တို့ နည်း​ပေါင်းစုံဖြင့်​ ယာဉ်​စည်းကမ်း ထိန်းသိမ်း​ရေး လုပ်​ဖူးသည်​။ ကြီး​လေး​သော ပြစ်​ဒဏ်​ များချဖူးသည်​။ ယခု ပညာ​ပေး ဒဏ်​​ပေးလုပ်​သည်​။ ​အောင်​မြင်​သင့်​သ​လောက်​ မ​အောင်​မြင်​။ ပြဿနာ ဇစ်​မြစ်​ကို မကုစားနိုင်​၍ဖြစ်​သည်​။

ယာဉ်​​မောင်းတို့ကို ​လောက်​ငှ​သော လစာရရှိ​စေရမည်​။

ပညာအဆင့်​အတန်း ကန့်​သတ်​ချက်​ထားပြီးမှ အလုပ်​ခန့်​ထားရမည်​။

ယာဉ်​​ကြောကျပ်​တည်းမှု​ကြောင့်​ ရှည်​လျား​သော အလုပ်​ချိန်​များ မဖြစ်​​စေပဲ၊ အလုပ်​အဆိုင်း​နှင့်​ ​မောင်းနှင်​​စေရမည်​။

စိတ်​ဖိစီးမှု နည်း​စေရန်​ ​ကောင်းမွန်​၍ သက်​​သောင့်​သက်​သာ ရှိ​သော ယာဉ်​အသစ်​များလဲလှယ်​ အစားထိုးရမည်​။

အလုပ်​မဆင်းမီ လုပ်​ငန်းခွင်​၌ ​နေ့စဉ်​ မိနစ်​ ၃၀ ခန့် တရားထိုင်​ ခိုင်းရမည်​။

ဆု​ပေး ဒဏ်​​ပေးစနစ်​ကို ထိထိ​ရောက်​​ရောက်​ အ​ကောင်​အထည်​​ဖော်​ရမည်​။

''​ပျော်​ရွှင်​​သော ဝန်​ထမ်းတို့သည်​ ကုန်​ထုတ်​စွမ်းအား ကိုတိုး​စေသလို ၊ စိတ်​ဖိစီးမှု နည်း​သော ယာဉ်​​မောင်းတို့သည်​လည်း လမ်းအသုံးပြုသူတို့ကို အန္တ​ရာယ်​ ကင်း​စေ​ကြောင်း''အကြံပြု​ရေးသားလိုက်​ပါသည်​။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>