Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

တရားရုံးတွင် တရားသူကြီးမရှိသဖြင့် ဦးကိုကိုကြီးပြန်ခဲ့ရ

$
0
0
တရားရုံးတွင် တရားသူကြီးမရှိသဖြင့် ဦးကိုကိုကြီးပြန်ခဲ့ရ
ဟန်သစ်နိုင်၊ မိုးမခ၊ ဇွန်လ ၁၅ရက် ၂၀၁၅





ဦးရောဘတ်ဆန်းအောင်


၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၁ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းထောင့်ရှိ ကလေးကစားကွင်း ပန်းခြံအား ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ကွန်ဒိုဆောက်နေခြင်းနဲ့ ပတ်သက်ပြီး ဦးကိုကိုကြီးအပါအဝင် ဦးဆောင်သူ ၅ဦးအား ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ထုတ်ခဲ့ရာ ပုဒ်မ ၁၉ဖြင့် တောင်ဥက္ကလာမြို့မရဲစခန်းမှတရားစွဲထားခဲ့သည်။ ဇွန်လ ၁၅ရက်နေ့ နံနက် ၁၀နာရီတွင် တောင်ဥက္ကလာပမြို့နယ်တရားရုံးသို့ ရောက်ရှိလာသော်လည်း တရားသူကြီးမရှိသဖြင့် ပြန်လာခဲ့ရသည်။
ဦးကိုကိုကြီးက “ကျနော်တို့ကတော့ ဆင့်ခေါ်တဲ့အတိုင်း ၁၀နာရီရောက်လာခဲ့ပါတယ်၊ ရောက်လာတဲ့အချိန်မှာ ကျနော်တို့ကို လက်ခံပြီး အကြောင်းပြန်ကြားမယ့်တရားသူကြီး တရားရေး အရာရှိမရှိပါဘူး၊ တရားရုံး တရားသူကြီးတွေကိုယ်တိုင်တောင် တရားရုံးကိုလေးစားဖို့ကောင်းပါတယ်၊ တရားရုံးကပျက်ကွက် တဲ့အတွက်ကြောင့် ဖြေကြားမယ့်သူမရှိတဲ့အတွက် ၁၀ နာရီခွဲမှာ ကျနော်တို့ပြန်ပါတယ်” ဟုပြောသည်။
          ကိုမင်းကိုနိုင်ကလည်း “သူတို့ကအစည်းအဝေးရှိတယ်လို့ပြောတယ် ဘာပဲဖြစ်ဖြစ်ပါ၊ သူတို့ချိန်းဆိုထားတဲ့အချိန်ပဲဖြစ်ရမယ်၊ သတ္တိရှိတဲ့သူကတော့ ဝိရိယရှိရှိနဲ့ အဖမ်းခံဖို့လာစောင့်ပါတယ်၊ သူတို့ဘက်ကအဆင်သင့်မဖြစ်ဖူးဆိုရင် အဲဒီတ ရားစီရင်ရေးဟာ ကျနော်တို့အတွက် အားကိုးအားထားပြုလို့မရဘူး၊ သူတို့ကိုယ်တိုင် ဒီတရားရုံးကိုမလေးစား ဘူးလို့ ကျနော်ခံစားရတယ်” ဟုပြောသည်။

          တောင်ဥက္ကလာမြို့နယ်တရားရုံးမှ ဦးကိုကိုကြီးအား ပုဒ်မ ၁၉ ဖြင့်ဇွန်လ ၁၅ရက်နေ့တွင် ဆင့်ခေါ်ထားသော်လည်း တရားရုံးတွင် တရာသူကြီးမရှိ၊ ဝန်ထမ်းများကလည်း တရားသူကြီး အစည်းအဝေးတစ်ခုသွားသည်ဟုသာသိရသောကြောင့် မည်သည့်ရက်တွင်ပြန်လည် ချိန်းဆိုခြင်းမရှိသည့်အတွက် တရားရုံးမှ ပြန်လာခဲ့ရသည်။

Viewing all articles
Browse latest Browse all 9633

Trending Articles


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း


ဆေးစွမ်းအလွန်ထက်သော ကန်းဇော်ဆီ


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၁၉၈၈ ခုနှစ်အရေးအခင်း (အပိုင်း - ၂)


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်


TTA Oreo Gapp Installer


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


Burmese to English Dictionary (Unicode)


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ်...


နိဗ္ဗာန်ရွာမှ ပိတ်ဖြူ ကဲ့သို့ ဖြူ သော ဆင်ဖြူ တော်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ ကျင်းပ


☮ နယူးယောက်မြို့စာပေဟောပြောပွဲဖိတ်ကြားလွှာ ☮ စက်တင်လာ ၁၂ စနေနေ့


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>