မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၁၂)
(ရှင်းရှင်းပြောရရင် ကျောင်းဆရာမရှိတဲ့ကျောင်းဟာ အဖေမရှိတဲ့အိမ်ပဲ)
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၆
(ရှင်းရှင်းပြောရရင် ကျောင်းဆရာမရှိတဲ့ကျောင်းဟာ အဖေမရှိတဲ့အိမ်ပဲ)
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၆
ဆရာမင်းသစ်ကို ကျနော်အင်တာဗျူးခွင့်တောင်းထားသည်မှာ (၂) နှစ်ကျော်ခဲ့ပြီ။ ကျနော့်အတွက်ကံကောင်းလှသည်မှာ ကျနော့်ရဲ့လူသိမများလှသော ဝတ္တုရှည်တစ်ပုဒ်ကို ဆရာဖတ်ဖူးထားခြင်းကြောင့်ပင်။ ကျနော်နဲ့တွေ့တော့ မိတ်ဆက် စ ကားပြောပြချိန် ဆရာက ထိုဝတ္တုကိုမှတ်မှတ်ရရပြန်ပြောပြီး သူကျနော့်ကလောင်ကိုသိထားကြောင်းနှင့် ထိုဝတ္ထုအပေါ်သ ဘောကျကြောင်းပြောပြသဖြင့် ကျနော်ကြည်နူးမဆုံး။ သူနဲ့ကျနော် ရေစက်ဆုံချင်တော့ ပင်းယမဂ္ဂဇင်းမှာပြန်ဆုံရသည်။ သူက အယ်ဒီတာချုပ်၊ ကျနော်ကလူငယ်ပိုင်းဆိုင်ရာ စာပေတာဝန်ခံ။ ထို့နောက်ပိုင်း ဆရာနှင့်ကြို့ကြားကြို့ကြားတွေ့ကြသည်။ ကျနော်က ဆရာဦးဝင်းငြိမ်းတို့ကိုအင်တာဗျူးပြီးနောက်ပိုင်း စာပေနယ်မှ ဝါရင့်သမာရင့်များနှင့် ထပ်၍အင်တာမဗျူး ဖြစ်။ နိုင်ငံရေးသောင်သာသောကာလမို့ နိုင်ငံရေးအင်တာဗျူးများချည်း ငါးနှစ်ကျော်အချိန်ကုန်ခဲ့သည်။ ယခုမှ ဆရာမင်းသစ် နှင့်ချိန်းဆိုကာ လွန်ခဲ့သော (၂) နှစ်က အလုပ်ကြွေးကိုဆပ်ရခြင်းပင်။ ၁၅၊ ၁၀၊ ၂၀၁၆ နေ့တွင် ပထမအကြိမ်၊ ၁၉၊ ၁၀၊ ၂၀၁၆ နေ့တွင် ဒုတိယအကြိမ်တွေ့ဆုံကာ အားပါးတရမေးမြန်းဖြစ်ခဲ့သမျှ တင်ပြလိုက်ရပါတော့သည်။
=====
မာန်။ ။ ဟုတ်တယ်ဆရာ၊ ကျနော်ဟိုတလောကအင်တာနက်မှာ ကြည့်လိုက်ရတယ်၊ ပညာရေးဝန်ကြီးဌာနက ရာထူးကြီးကြီး တွေ ခန့်ထားတာ အရင်လူတွေချည်းပဲ…
မင်းသစ် ။ ။ အခြားအခြားဌာနတွေလည်း အဲဒီလိုပါပဲဗျာ၊ ခင်ဗျားဗျာ သမ္မတရုံးတောင်မှ အဲဒါတွေ ပါနေမှဥစ္စာ။ ပညာရေးဌာန ပိုဆိုး။ သွားထိတာပေါ့ဗျာ၊ တကယ်တော့ သူတို့နဲ့ ပညာရေးဌာန ဘာမှမဆိုင်ဘူး။ ပြောင်းပစ်ရမှာ။ သူတို့စစ်တိုက်နေရင် ကျနော်တို့ ဘာမှ မပြောလိုဘူး။
မာန် ။ ။ ပညာရေးကိစ္စပဲဆက်ရအောင်ဆရာရေ၊ လတ်တလောပေါ့၊ ပညာရေးဌာနကို ဆရာဆရာမမလုံလောက်တဲ့အတွက် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကနေပြီးတော့ ဘွဲ့ရသူတွေ၊ ဘွဲ့ရဆိုတာလည်း ကန့်သတ်ချက်တော့ပါပါတယ်၊ ဘာဘွဲ့ညာဘွဲ့ရဖြစ်ရမယ်ပေါ့၊ အဲဒီဘွဲ့ရနှစ်ထောင်ကိုအထက်တန်းပြအဖြစ်ဆွဲခန့်ခန့်မယ်၊ SAT လို့ခေါ်သလားမသိဘူး၊ ဆွဲခန့်ခန့်မယ်၊ ဒါပေမဲ့ ကန်ထရိုက်စနစ်နဲ့ခန့်မှာ၊ လူနှစ်ထောင်ပေါ့၊ အဲဒီခန့်မယ့်ကိစ္စကို လွှတ်တော်မှာတင်သွင်းတယ်၊ တင်သွင်းတဲ့အပေါ်မှာ အွန်လိုင်းမှာအတော်ကယက်ထတယ်၊ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်၊ တဖက်ကမလုပ်သင့်ဘူးပေါ့၊ ဘွဲ့ရတိုင်းစာသင်တတ်တာမဟုတ်ဘူး၊ ပညာရေးဌာနနစ်နာတယ်၊ ဘွဲ့ရရုံနဲ့ ဘယ်လိုလုပ်စာသင်မှာလဲ၊ ဆရာအတတ်သင်က လာရင်ထားတော့၊ ဒီလိုမျိုးဘွဲ့ရတွေကို ရွာတွေကိုလွတ်ပြီး အထက်တန်းပြမရှိလို့ ကန်ထရိုက်စနစ်နဲ့ လစာနဲ့ ဘယ်နှနှစ်လုပ် ပါဆိုတဲ့အပေါ် အကြီးအကျယ်ကန့်ကွက်ကြတာ တအုပ်စု။
အဲဒီထဲမှာ ပညာရေးဌာနက တော်တော်တတ်သိနားလည်တဲ့ပညာရေးဝန်ထမ်းတွေ တက္ကသိုလ်အသိုင်းအဝိုင်းက ဆရာ ဆရာမတွေပါတယ်၊ ပညာရေးဝန်ကြီးဆီကို ဒီကိစ္စစုပြီးစာတင်မယ်ပေါ့၊ ဂယက်ထကြတယ်၊ တခြားတဖက်ကကျတော့ ဒီကိစ္စဟာ ခန့်သင့်တယ်၊ အလုပ်လက်မဲ့ ပြဿနာအရရော၊ ပညာရေးဝန်ကြီးဌာနက ဆရာ ဆရာမအများစုဟာ နေရာ ကောင်းတွေ ကျောင်းကောင်းကောင်းတွေကနေတခြားနေရာကို မရွေ့ချင်တဲ့ကိစ္စ၊ တချို့ရွာတွေမှာ ဘယ်လိုဖြစ်သလဲဆိုတော့ ဒီကျောင်းမှာ ဆရာဆရာမ ငါးယောက်ခန့်ပေးတယ်၊ အဲဒီမှာ တကယ်သင်နေတာက သုံးယောက်ထဲ၊ ကျန်တဲ့နှစ်ယောက်က ကျောင်းအုပ်နဲ့မြို့နယ်ပညာရေးဌာနပေါင်းပြီး လစာကို မျှထုတ်စားတယ်၊ နှစ်ယောက်က ကျောင်းကိုလာမသင်ဘူး၊ စာရင်းမှာ တော့ ငါးယောက်ရှိနေတယ်၊ အဲဒီနှစ်ယောက်က မြို့မှာကျူရှင်လိုက်သင်ရင် သင်နေတာ၊ ကျောင်းကိုမလာဘူး၊ အဲဒီတော့ အချို့နယ်တွေကျေးရွာတွေ ဘယ်ဆရာ ဆရာမမှ တကယ်မလာချင်တဲ့ရွာတွေကျတော့ အခုလို ဆွဲခန့်ဆရာဆရာမတွေ ရောက်လာရင် အကျိုးရှိတယ်၊ ကျောင်းသားတွေအတွက် အထောက်အကူဖြစ်တယ်၊ ခန့်ပါလို့ အပြိုင်အဆိုင် ဖြစ်ကြတယ်
မင်းသစ် ။ ။ မရှိတာထက်စာရင်တော်သေးတာပေါ့။
မာန် ။ ။ ဟုတ်၊ အဲဒီအပေါ်မှာဆရာ့အမြင်လေး…
မင်းသစ် ။ ။ ကျနော်ကတော့ ဒုတိယအုပ်စုကိုထောက်ခံတယ်၊ လုံးဝမရှိတာထက်စာရင်တော့ ဘွဲ့ရဆိုပေမယ့်လည်း တတ် ချင်မှလည်း တတ်မှာပေါ့ဗျာ၊ အဲဒီ့ တတ်တာတွေမတတ်တာတွေ မပြောနဲ့တော့၊ နောက်ပြီးကျတော့ စာသင်တယ်ဆိုတာ ဆရာအတတ်သင်ကောလိပ်က သင်ပေးလို့ မရဘူး၊ ပညာရေးတက္ကသိုလ်ကလည်း သင်ပေးလို့မရဘူး၊ သင်ကြားရေးဆိုတာ ဝါသနာလည်းပါမှ။ ဝမ်းတွင်းအတတ်လည်း ရှိမှဖြစ်တာ၊ သင်ပေးလို့မရဘူး။ ဒါကြောင့်မို့လို့ ကိုမာန် ခင်ဗျားဘွဲ့ရလည်း ကျူ ရှင်ဆရာလုပ်လို့မရဘူး၊ ကျူရှင်ဆရာဆိုတာ ကျောင်းသားက ခန့်တာ။
မာန် ။ ။ ဩော် ကြိုက်ရင်လာမယ်မကြိုက်ရင်မလာဘူးပေါ့…
မင်းသစ် ။ ။ အွန်း ကျောင်းသားကခန့်တာ ကြိုက်ရင်လာမယ် မကြိုက်ရင် ကန်ထုတ်မယ်၊ ဒါကြောင့်မို့လို့ ကျူရှင်ဆရာကောင်း နည်းတာပေါ့၊ ဘွဲ့ရတွေကတော့ အများကြီး၊ ဒါကြောင့် ကျနော်ကတော့ အဲဒီဘွဲ့ရတွေကို စောစောကတည်းက ပြောပြီးပါပြီ။ တတ်တယ်လို့ကိုမထင်ဘူး။ တတ်တတ်မတတ်တတ်ဗျာ၊ နောက်တော့ မုဆိုးကိုဆိုင်သင်ဖြစ်သွားပါလိမ့်မယ်၊ သူ့တဖြည်း ဖြည်းနဲ့ စာသင်တတ်သွားပါလိမ့်မယ်၊ နောက်ပြီးကျတော့ ကိုယ့်အနီးနားကဆရာဆရာမကြီးတွေဆီကနေ အတုယူပြီးတော့ ကြာရင်သင်တတ်သွားပါလိမ့်မယ်။ ဘယ်လောက်တတ်သွားမလဲဆိုတော့ ဆရာအတတ်သင်နဲ့ပညာရေးတက္ကသိုလ်ကသင်ပေးသလောက်တော့ တတ်သွားကြမှာပဲ။ သူ့မှာအခြေခံဘွဲ့ပညာကလည်း ရှိပြီးသားပဲ။ စာသင်ခြင်းပညာတို့ အတန်း ထိန်းတာတို့ ဆိုတာကတော့ ကြာမှတတ်တာဗျ။
အတန်းထိန်းတာကို တချီု့မျက်လုံးနဲ့ထိန်းတာ၊ ရိုးအလိုက် တကန့်ချင်းကြည့်ပြီး ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး၊ ချစ်ခင်တဲ့စိတ်နဲ့ ထိန်းသွားတာ၊ ကြည့်သွားတာ။ မျက်လုံးနဲ့တံမြက်စည်းလှဲတာပေါ့။ ရှေ့ဆုံးတန်းကနေ ဟိုးနောက်ဆုံးတန်းအထိ။ အကုန်ငြိမ် သွားတာ။
မာန် ။ ။ ကျနော်တခုလောက်မေးကြည့်မယ်ဆရာ၊ ဆရာတို့ငယ်ငယ်ကတည်းကနေ ဒီဘက်ခေတ် အထိပေါ့။ ကျောင်းတွေမှာ သင်ကြားရေးပိုင်းရှိမယ်၊ အုပ်ချုပ်ရေးပိုင်းရှိမယ်၊ အုပ်ချုပ်ရေးပိုင်းမှာကြည့်ရင် အမျိုးသမီးကျောင်းအုပ်ကြီးတွေက နာမည် ထွက်တယ်၊ အရည်အတွက်များတယ်၊
သင်ကြားရေးပိုင်းမှာကြတော့ ဆရာတွေက ပိုနာမည်ထွက်တယ်၊ ပိုပြီးတော့ အရှိန်အဝါကြီးကြတယ်၊ ဒီကျောင်းမှာ ဘယ် ဆရာကဘာသင်တယ်ပေါ့၊ ဘယ်ကျောင်းမှာတော့ ဘယ်ဆရာသင်တဲ့ ဘယ်ဘာသာပေါ့ဆိုပြီး နာမည်ထွက်ကြတယ်။ ဆရာပြောခဲ့သလိုပဲ ရန်ကုန်မှာလည်း နာမည်ကြီး ကျူရှင်ဆိုရင် ဆရာတွေချည်းပဲ။ အဲဒီလိုဖြစ်ရတာ ဘာကိုအခြေခံပြီးတော့ ကွဲသွားတာလဲဆရာ…
မင်းသစ် ။ ။ ဘာကိုအခြေခံပြီးတော့ ကွဲသွားသလဲဆိုတော့ ကျနော်မြင်တာတော့ ဆရာရယ် ဆရာမရယ်မှ မဟုတ်ပါဘူးဗျာ၊ သင်ကြားရေးကိုဝါသနာပါတာ၊ စိတ်ဝင်စားတာ၊ ယောက်ကျားဖြစ်လျက်နဲ့ ဆရာဝင်လုပ်တယ်ဆိုကတည်းက တော်ရုံတန်ရုံ ဝါ သနာမဟုတ်ဘူး။
မာန် ။ ။ ဆရာဆိုလိုတာ တော်တော်ခံရတယ်ပေါ့။
ဆက်လက်ဖော်ပြပါမည်။
သရုပ်ဖော်ပုံသည် ဆရာမင်းသစ်၏ အိပ်မက်ကွန်ဖရင့်ဝတ္တုတိုစု စာအုပ်မှ မျက်နှာဖုံးသရုပ်ဖော်ပုံ ဖြစ်ပါသည်။