Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဖိုးစီ (ရုံးတော) - “ ပြန်ခေါ် ရအောင် သူငယ်ချင်း ”

$
0
0
ကာတွန်း အာကျယ်၊ (ကာတွန်းဝင်းထွန်းဖေ့စ်ဘွတ်က ယူပါတယ်)
ဖိုးစီ (ရုံးတော) -  “ ပြန်ခေါ် ရအောင် သူငယ်ချင်း ”
(မိုးမခ) သြဂုတ် ၄၊ ၂၀၁၅


၁၉၈၁ မတ်လ ၁ ရက်နေ့ နေ့လည်မှာ ရွာလုံးကျွတ် မီးကြီးလောင်တယ် ။ ဘုန်းကြီးကျောင်းပဲ ကျန်နေခဲ့တာ ။ အိမ်ဝိုင်းထဲက မန်ကျည်းပင်ကြီးတွေ အမြစ်တွေထိ တငွေ့ငွေ့လောင်ပြီး မြေတွေ ကျွံကျ ကုန်တဲ့ အထိ မီးကြီးတယ် ။ အဲနေ့ညက ပြေးလွှားရင်း ညစာငတ်တယ် ။ နောက်နေ့ကျတော့ တခြားရွာကဝေတဲ့ ထမင်းထုပ်တွေ စားရတာပေါ့ ။ ခုခေတ်လို ကြွပ်ကြွပ်အိပ်မပေါ်သေး ၊ အင်ဖက် နဲ့ ထုပ်တာ ။ ကလေးသဘာဝ မဖြည်ခင် ဘာဟင်းထွက်လာမလဲ စိတ်စောရတာ အမှတ်ရနေမိတယ် ။ တချို့ က အထဲမှာ မတ်စေ့ တို့ ၊ မူးစေ့ တို့ ငါးကျပ်တန် အခေါက်ကလေးတွေ တို့ ထည့်ပေးထားတယ် ။ စိတ်ကူးကောင်းသူတွေက အထဲမှာ အားပေးစာလေးတွေ ပါ ရေးထားတတ်တယ် ။

နောက်ရက်တွေကျတော့ ၃ မိုင်လောက်ဝေးတဲ့ ယင်းချောင်းနံဘေးက အမေ့ရွာကို မီးဘေးဒုက္ခသည်ဖြစ်ပြီး ရောက်သွားတယ် ။ အဲ့ရွာမှာ တစ်လခွဲကြာတယ် ။ အမျိုးတွေက ကိုယ်တွေကို ဖူးဖူးမှုတ်ချစ်ကြတာ ၊ ၀မ်းကွဲတွေ ဆိုတာလဲ အဲ့ကစ တစ်ယောက်နဲ့ တစ်ယောက် ချစ်လိုက်ကြတာ ခုထိပဲ ။ "မီးလောင်လိုက်တာ ငါတို့ အမျိုး စည်းလုံးသွားတာ အမြတ် ..."လို့ ဒွေးကြီးပန်းညွန့် မကြာခဏ ပြောတတ်တယ် ။

မနေ့က ကျနော့ သူငယ်ချင်း ဖုံးဆက်လာတယ် ။ ရေဘေးအကူအတွက် ပိုက်ဆံလှူ ချင်လို့တဲ့ ။ ကျနော်တို့ တော်တော်ကြာ စကားပြောပြီး ဖုံးချသွားမှ တော်တော်ကြာအောင် ငိုင်နေမိတယ် ။ သူ ကျနော့ ကို ဖေ့စ်ဘုတ်ပေါ်မှာ block ထားတယ် ။ ကြားထဲလည်း ဘာအဆက်အသွယ်မှ မရှိပါ။

သူနဲ့ ကျနော် နိုင်ငံရေး အယူအဆ အကြိုက်မညီကြပါဘူး ။ သူ့ကို racist လို့ ကျနော်က မြင်ပြီး အထင်သေးထားတာပါ ။ သဘာဝကပ်ဘေးတွေက လူသားတွေကို ထိတ်လန့် ခြောက်ခြားအောင် လုပ်နိုင်စွမ်းသလို လူသားကို လူဆန်တဲ့ တွေးခေါ် ခံစားမှုတွေ ဖြစ်ပေါ်စေတယ် ။ လူသားအချင်းချင်း ကျောချင်းကပ် ညီညွတ်နေမှ သဘာဝကို အောင်နိုင်မယ် ဆိုတဲ့ အသိ ကို အလိုအလျောက် ပေါ်ပေါက်စေတယ် ။

အရှေ့တောင်အာရှ မှာ ဆူနာမီ အကြီးအကျယ်ဖြစ်ပြီးတော့ အင်ဒိုနီးရှားက အာချေ သူပုန်တွေဟာ နိုင်ငံရေး ခံယူချက် တွေကို ခေတ္တခဏ ဘေးချပြီး ဒေသ ပြန်လည်ထူထောင်ရေးကို အားစိုက်လုပ်ရာကနေ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့တယ် လို့ ဆိုတယ် ။

ကျနော် NLD ကို ထောက်ခံပါတယ် ။ စစ်အစိုးရကို သွေးထဲကထိ ရွံမုန်းပါတယ် ။ အမြင်မတူသူ သူငယ်ချင်းတွေ နဲ့ မိတ်မပျက်ပေမဲ့ ခပ်တန်းတန်းနေပါတယ် ။

လက်ရှိ ကျနော်တို့ တိုင်းပြည်ရေဘေးကနေ ညီညွတ်ရေး ဆိုတာကြီးကို အာချေးပြည်နယ်ကလူတွေ လို တည်ဆောက်ယူလို့ ရမယ် လို့ စိတ်ကူးမယဉ်မိပါဘူး ။

ဒါပေမဲ့ ဒီရေဘေးကြီးက ကျနော် တို့ ကို တပ်လှန့် နှိုးလိုက်တာတွေ ၊ ပေးလိုက်တဲ့ မက်ဆေ့တွေ အများကြီးပါ ။

ကျနော်တို့ တိုင်းပြည်မှာ အချိန်မရွေး ရာသီဥတု ဖောက်ပြန်ပြီး ကပ်ဘေးတွေ တစ်ခုပြီး တစ်ခု ကျနိုင်တယ် ။ အဲဒီအတွက် national အဆင့် အမျိုးသား အဆင့် ဘာတစ်ခုမှ ပြင်ဆင်ဆောင်ရွက်ထားတာ မရှိဘူး ။

အုပ်ချုပ်သူ အစိုးရရော အောက်ခြေ အာဏာပိုင်တွေ ရော လူလုပ် ၊ သဘာဝ ဘေးအန္တရာယ်တွေကို စီမံခန့်ခွဲ နိုင်စွမ်း မရှိသေးဘူး ။

တစ်ခုခု ဆို ဖြစ်လိုက်တိုင်း ပြည်သူကနေ ပြည်သူကို ပြန်ပြီး စောင့်ရှောက်ကူညီနေကြရတာ ချည်းပါပဲ ။ ပြန်လည်ထူထောင်ရေးကာလတွေမှာ လည်း ဒီအတိုင်း နှင်နှင်ပါ ။

သတင်းအမှန်ကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပြီး ပေးခြင်းအားဖြင့် အသက်တွေ ၊ အိုးအိမ်စည်းစိမ်တွေ အများကြီး ကယ်နိုင်တယ် ၊ နောက်ကျမှ လိုက်လုပ်ရတာ သိပ်ခက်ခဲတယ် ဆိုတဲ့ အသိအမြင် မျိုး နိုင်ငံတော်အဆင့် သမတ ရုံးအဆင့်ထိ မရှိသေးဘဲ  "စိုးရိမ်စရာ မရှိပါကြောင်း"ဆိုတဲ့ ပြန်ကြားရေး ထုတ်လွှင့်ချက်ကိုက အနီရောင်အဆင့် သတိပေးချက်လို ဟာသ ဖြစ်လာရတဲ့ အထိပါပဲ ။

အဲတော့ ဒီရေဘေးကနေ ထွက်လာတဲ့ အသိတွေကို ကျနော်တို့ လူငယ်တွေ ကောင်းကောင်း awareness ဖြစ်ပြီး တိုင်းပြည်ကတော့ ငါတို့ထူမှ ထတော့မယ် ဆိုတဲ့ စိတ်ကိုမွေးကြရအောင်ပါ ။

ကိုယ် ဖို့ နဲ့ တိုင်းပြည် ဖို့ ယှဉ် စဉ်းစားလာရလေတိုင်း ကိုယ့်ဖို့ ဆိုတဲ့ အတွေး ၊ အတ္တမာန ကို တံတွေး လေး မျိုချရင်း မတူသူတွေ နဲ့ တကယ် အလုပ် တွဲ လုပ်နိုင်တဲ့ ပရဟိတ သမားစစ်စစ်တွေ ပေါများလာပါမှ နလံထူရမဲ့ ကာလ ကို ဖြတ်ကျော်နိုင်ကြပါလိမ့်မယ် ။

ဒို့ ခေတ် ကို ရောက် ရ မည် မှာ မလွဲ ပါ ။

ဖိုးစီ ( ရုံးတော )

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>