မ င်း ညွ န့် လှို င် ● မ သ င်္ကာ စ ရာေ ဆာ င်း
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၆
ကင်းသမားရဲ့သံချောင်းခေါက်သံတွေ
နည်းရာကများများလာ
များရာက ပြန်နည်းသွားပြီ။
မင်းသုပ်ကျွေးတဲ့လက်ဖက်သုပ်လည်း မစားရ
မင်းဖျော်တိုက်တဲ့ ကော်ဖီမစ်လည်း မသောက်ရ
ဒါနဲ့တောင်မှ
ငါ့မျက်လုံးတွေ ဘာ့ကြောင့်ကြောင်နေရတာလဲ။
မင့်လက်နဲ့
ရေသန့်ဗူးခွံထဲခွဲထည့်ပေးခဲ့
အုန်းဆီတွေလည်း
ဟောက်ပက်ကြီးဖြူခဲနေလေရဲ့ ။
လိုအပ်တာထက်အေးစက်ပြပုံဟာ
မရိုးသားဘူး ။ ။
မင်းညွန့်လှိုင်
၁၆ ဒီဇင်္ဘာ ၂၀၁၃