Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ငြိမ်းချမ်းအောင် ● သမီးရေ ....

$
0
0
ငြိမ်းချမ်းအောင် ● သမီးရေ ....
(ဖင်လန်နိုင်ငံက ကားလိုင်စင်တွေရဲ့အကြောင်း)
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၁၆

ဖေဖေ့ရဲ့ကုန်တင်ကားမောင်းတဲ့ လိုင်စင်ကိုကြည့်ပြီး ခရီးသွားကားမောင်းလို့ရလားလို့ သမီးမေးတယ်နော်။

ဖေဖေလည်း အခုမှ သမီးကို ကားလိုင်စင်တွေရတဲ့အကြောင်းကို ပြောပြရအုံးမယ်။ တကယ်တော့ ကားလိုင်စင်ဆိုတာ အ မျိုးမျိုးရှိတယ်လေ။ ကုန်တင်ကားမောင်းတဲ့ လိုင်စင်၊ ကုန်တင်ကား နှစ်စီးတွဲမောင်းတဲ့လိုင်စင်၊ ဘတ်စ်ကားမောင်းတဲ့ လိုင် စင်၊ တက္ကစီမောင်းတဲ့လိုင်စင် စသည်ဖြင့် အမျိုးမျိုးခွဲထားသလို အဲဒီလိုင်စင်တွေဟာ အချိန်တွေ၊ သင်တန်းတွေ၊ ငွေကြေးတွေ ပေးပြီးမှ ရထားတာပါသမီးရယ်။

ကားဆိုတာ လူတိုင်းမောင်းလို့ရတယ်၊ လူတိုင်း မောင်းတတ်တာပေါ့ သမီးရယ်။ လူတိုင်းမောင်းနိုင်အောင် တီထွင်ထားလို့ လည်း ကားဆိုတာ တကမ္ဘာလုံးက လူမျိုးဘာသာမရွေး ကြိုက်နှစ်သက်စွာနဲ့ လိုရာခရီးသွားနိုင်လို့ အသုံးပြုနေကြတာပေါ့ သမီးရယ်။

ဖေဖေတို့ဆီမှာ ကားလိုင်စင်တခုရဖို့အတွက် ယူရိုငွေ ၂၀၀၀ လောက် သုံးကြရတယ်။ ကားမောင်းချိန် နာရီ ၂၀ နဲ့ သီအိုရီ အချိန် ၂၀ လောက် သင်ကြရတယ်။ ဒါက ကိုယ်ပိုင်ကားတွေအတွက်ပဲနော်။ ကားလိုင်စင်တခုကို ပထမဆုံး ၂ နှစ်မှာ ယာယီ ကားမောင်းခွင့်ပဲ ရကြတယ်။ အဲဒီတနှစ်အတွင်းမှာ ကားတိုက်မှုဖြစ်သလား၊ လမ်းစည်းကမ်းတွေ ချိုးဖောက်သလား၊ မူးယစ် သေစာ သောက်စားပြီး ကားမောင်းသလား စောင့်ကြည့်တယ်။ တခုခုချိုးဖောက်ရင် သင်တန်းပြန်တက်၊ ကားလိုင်စင် အ သစ်ပြန်လျှောက်လုပ်ကြရတယ်။ ဒီတော့ ကားလိုင်စင်ရထားတဲ့ သူတယောက်ဟာ သူ့ကားမောင်းခွင့်လေးပျောက်မှာလည်း ကြောက်၊ ငွေတွေလည်းကုန်မှာစိုးတော့ စည်းကမ်းတွေမချိုးဖောက်ဘဲ ကျင့်ကြံတော့တာပေါ့ကွယ်။

ဒီလိုနဲ့ ၂ နှစ်ကျော်တော့မှ အမြဲတမ်း ကားမောင်းခွင့်ရတယ်။ အမြဲတမ်း ကားမောင်းခွင့်ရရင်လည်း လမ်းစည်းကမ်း၊ ယာဉ် စည်းကမ်းတွေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်ရင် ယာဉ်မောင်းခွင့်ကို အကန့်အသတ်နဲ့ပိတ်၊ တသက်လုံး ပိတ်တာလည်း လုပ်တာပဲ။ အဲဒီလို ပိတ်ပင်ထားတဲ့အချိန်မှာ ခိုးမောင်းတာတို့၊ ချိုးဖောက်တာတို့လုပ်ရင်တော့ ဒီတသက် ကားမမောင်းနဲ့တော့ဆိုတဲ့ဥပဒေ သမီးရဲ့။

ကားမောင်းတဲ့အချိန်မှာ သတ်မှတ်ချက်ထက်ကျော်ပြီး အရက်သေစာ သောက်စားထားလို့ကတော့ လူသတ်မှုနီးနီး၊ လူသတ် မှုထက်တောင်ကြီးမားတဲ့ ရာဇ၀တ်မှုအဖြစ် သတ်မှတ်ကြတယ်သမီးရေ။

ဒီအပြင် အသက် ၄၀ ကျော်ရင်လည်း စိတ်မှန်ရဲ့လား၊ မျက်လုံးကောင်းရဲ့လား၊ နှလုံးရောဂါမရှိဘူးဆိုတဲ့ ကျန်းမာရေးစစ် ဆေးခြင်းတွေလည်း လုပ်ရသေးတယ်။ ဆရာဝန်မှတ်ချက်မှာ တခုခုချို့ယွင်းနေရင် ကားမောင်းခွင့်ရုပ်သိမ်းတာလည်း ရှိ တယ်။ ဒီတော့ ကားမောင်းချင်ရင် ကျန်းမာရေးလည်း ဂရုစိုက်ရတာပေါ့သမီးရယ်။

ကုန်တင်ကားမောင်းခွင့်လိုင်စင်လိုချင်ရင် ၆ လလောက် ကျောင်းတက်ရတယ်။ အသက် ၂၆ နှစ်အောက်တွေဆိုရင် ၃ နှစ် တောင် ကျောင်းတက်ရတာ သမီးရ။ ကားကြီးတွေကိုမောင်းတဲ့အခါမှာ ကားထိန်းသိမ်းရတာ၊ ၂ နာရီတခါ နားရတာ၊ ကား မောင်းရင် သတ်မှတ်ချိန် မိုင်နှုန်းတနာရီကို ကီလိုမီတာ ၈၀ အောက်မောင်းဖို့ စက်တွေဆင်ရတာ စသည်ဖြင့် အကုန်ပါသလို၊ ကားထဲမှာ ကုန်ပစ္စည်းထားသိုတာ၊ ချည်နှောင်တာ၊ ဘာသာစကားကျွမ်းကျင်မှု၊ မြေပုံ (ကမ္ဘာ့မြေပုံပါ) ဖတ်တတ်ဖို့၊ အချိန် တွက်တက်ဖို့၊ ကုန်ချိန်တွက်တတ်ဖို့၊ ကားအမြင့်၊ ကားအလေးချိန်တွက်တတ်ဖို့၊ လူမှုရေးဆိုင်ရာကျွမ်းကျင်ဖို့ စသည်ဖြင့် အကုန်သင်ပေးပြီးမှ စစ်ဆေးပြီးမှ ကုန်တင်ကားမောင်းခွင့်ရတာလေ။ ဒါက ကုန်တင်ကားနော်။

ဘတ်စ်ကားလိုင်စင်ကျတော့ အသက် ၃၀ အထက် ဖြစ်ရမယ်၊ ကုန်တင်ကားမောင်းခွင့် လိုင်စင်ရထားပြီး ဖြစ်ရမယ်။ ရာဇ ၀တ်မှုကင်းရှင်းရမယ်၊ စိတ်ပိုင်းဆိုင်ရာ သန်မာရမယ်။ စသည်ဖြင့် အကုန်သတ်မှတ်ထားတယ်။ ပြီးတော့ သည်းခံနိုင်ရဲ့လား စသည်ဖြင့် ကြုံတွေလာနိုင်မဲ့ ခရီးသည်အမျိုးမျိုးနဲ့ ဆက်ဆံနိုင်မဲ့သူတွေကိုမှ ရွေးတာလေ။ ဘတ်စ်ကားမောင်းတဲ့သူတွေဆို တာကားမမောင်းခင် အရက်သောက်ထား မထား လုပ်ငန်းခွင်မဝင်ခင် စစ်ဆေးပြီးမှ ကားမောင်းခွင့်ရတယ်။ နောက်ပြီး အလုပ်ချိန်ထဲမှာလည်း အနည်းဆုံး တရက်ကို ၁၂ နာရီ နားထားလား မထားလား အလုပ်ချိန်ကိုလည်း စစ်ဆေးသေးတယ်။ အလုပ်ချိန်ပိုလုပ်ပြီး ပင်ပမ်းနေရင် ကားမောင်းရင်း အိပ်ငိုက်တာတို့၊ ပင်ပမ်းနေတာတို့ဖြစ်ရင် စိတ်တိုပြီး ခရီးသည်နဲ့အဆင် မပြေတာ၊ မတော်တဆတွေဖြစ်မှာစိုးလို့ ကြိုတင်ကာကွယ်ထားတဲ့ သဘောပေါ့သမီးရယ်။ သူတို့တွေကျတော့ ဘတ်စ်ကား မောင်းတဲ့ လူအများကို ဝန်ဆောင်မှုပေးတဲ့သူတွေဖြစ်တော့ တနှစ်တခါ ဆေးစစ်ရတယ် သမီးရေ။

တက္ကစီမောင်းသမားကျတော့ သပ်သပ်သင်တန်းတက်ရပြန်တယ်၊ တနိုင်ငံလုံးမောင်းတဲ့ လိုင်စင်ယူမလား၊ ကိုယ့်ရပ် ကိုယ့် ရွာပဲ မောင်းတဲ့ လိုင်စင်ယူမလား ဒါတွေကို ရွေးရတယ်။ လိုင်စင်က ပိုပြီးဈေးကြီးတယ်သမီးရဲ့။ လိုင်စင်ဈေးကြီးသလို သူက တဦးချင်း တယောက်ချင်းကိုလိုက်ပို့ရတော့ အခွန်ကို လိမ်ချင်သလို လိမ်လို့ရတဲ့ အခွင့်အရေးလည်း ရှိတယ်လေ။ တက္ကစီမီ တာကို မဖွင့်ထားရင် ခိုးလို့ရနေတာကိုး။ တက္ကစီမောင်းသမား ခိုးရင် နိုင်ငံဘဏ္ဍာလည်း ဆုံးရှုံးမှာကိုး၊ တက္ကစီသမားတွေအ တွက် ကားကို အခွန်ကင်းလွှတ်ခွင့် ပေးထားတာလည်းရှိတာကိုး သမီးရဲ့။

ဒီတော့ အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာကို လူ ၅၀ စီကနေရအောင် တောင်းရတယ်။ အာမခံတဲ့သူတွေကလည်း တက္ကစီသမားတခုခုလုပ်ရင် ကျနော် ကျမတို့ တာဝန်ခံပါတယ်ဆိုတဲ့ အာမခံချက်ပေးရတယ်။ ဒီတော့ တက္ကစီသမားတယောက် ဖြစ်ဖို့က တော်တော်မလွယ်ကူတဲ့ကိစ္စ။ တက္ကစီသမားခိုးတာနဲ့ လူ ၅၀ က တရားရုံးကဆုံးဖြတ်ချက်ချတဲ့ လျှော်ကြေးကို စိုက် လျှော်ရမဲ့ကိစ္စနော်။ ဒီတော့ လူတိုင်းက လွယ်လွယ်ကူကူ လက်မှတ်ထိုး အာမခံမပေးကြဘူး။ ဒီတော့ ဖင်လန်နိုင်ငံမှာ တက္က စီသမားတွေဟာ နိုင်ငံခြားသား တော်တော်နည်းကုန်တာပေါ့ သမီးရယ်။

သမီးရေ တကယ်တော့ ကားမောင်းတာလွယ်ပါတယ်။ ဒါပေမဲ့ ကားမောင်းရင် သိသင့်တာတွေတော့ သိထားရမယ်၊ စောင့် ထိန်းလိုက်နာသင့်တာတွေတော့ လိုက်နာရမှာပေါ့။ ဖေဖေနဲ့ လယ်ကွင်းထဲမှာ မောင်းတာ၊ ရေခဲပြင်မှာမောင်းတာ တရားဝင် တာမဟုတ်ဘူး။ ၁၈ နှစ်ပြည့်မှာ ကားလိုင်စင်သင်တန်းတက်ပြီး မောင်းခွင့်ရှိတာလေ။

ကားဆိုတာ စက်နဲ့ တည်ဆောက်ထားတာ ဘုမသိ ဘမသိ စီယာတိုင်လှည့်တတ်လို့ တက်မောင်းရင် တခြားသူတွေကို အန္တ ရာယ်ရှိစေတာပေါ့သမီးရယ်။ ပညာတွေကို တတ်အောင်သင်ပါ၊ စည်းကမ်းတွေနဲ့အညီ နေထိုင်ပါ၊ ဥပဒေကို လေးစားပါ သမီးရယ်။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>