Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

အာရှပစိဖိတ်ခရီးသွားအသင်းမှ ရွှေတံဆိပ်ဆု VietJet ဆွတ်ခူး

$
0
0
အာရှပစိဖိတ်ခရီးသွားအသင်းမှ ရွှေတံဆိပ်ဆု VietJet ဆွတ်ခူး

ရန်နောင်(ဗိုလ်တထောင်)    မိုးမခ  ဩဂုတ် ၇- ၂၀၁၅

          အာရှပစိဖိတ်ခရီးသွားအသင်း (PATA) မှ ချီးမြှင့်သည့် ရွှေတံဆိပ်ဆုကို VietJet ကရရှိခဲ့သည်။ယခုရရှိသည့်ဆုသည် VietJet ၏ ဆန်းသစ်ပြီး အဓိပ္ပါယ်ပြည့်ဝသည့် ဈေးကွက်ချဲ့ထွင်ရေးအစီစဉ်များနှင့် အာရှပစိဖိတ်ဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်နိုင်ရန်အထောက်အပံ့များပေးအပ်နိုင်ခဲ့ခြင်းတို့ကို ပိုမိုပေါ်လွင်စေခဲ့သည်။ ကမ္ဘာတဝှမ်းရှိ ခရီးသွားလုပ်ငန်းအဖွဲ့အစည်း ၈၃ ခုမှ ပြိုင်ပွဲဝင် ၂၆၉ ဦးအနက် VietJet သည် ဗီယက်နမ်နိုင်ငံအတွက် ပထမဆုံးအကြိမ်အဖြစ် အဆိုပါရွှေတံဆိပ်ဆု ကို ရရှိခဲ့ခြင်းဖြစ်သည်။



          PATA မှချီးမြှင့်သောရွှေတံဆိပ်ဆုသည် ခရီးသွားလုပ်ငန်းများအတွက် နှစ်စဉ်ချီးမြှင့်လျှက်ရှိသည့် ဂုဏ်သိက္ခာကြီးမားသော နိုင်ငံတကာအသိအမှတ်ပြုဆုတစ်ခုဖြစ်သည်။ PATA  (  Pacific Asia Travel Association )သည် စတင်တည်ထောင်ခဲ့သည့် ၁၉၅၁ ခုနှစ်မှ စ၍ ဒေသတွင်းခရီးသွားလုပ်ငန်းများကို သိသာထင်ရှားစွာကူညီထောက်ပံ့ပေးလျှက်ရှိသည်။အကျိုးအမြတ်မယူသည့်  အဖွဲ့အစည်းတစ်ခုဖြစ်သည့်အလျှောက် PATA သည် အရေးပါသည့် သုတေသန လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး အဖွဲ့ဝင်များအတွက် ကြီးမားကျယ်ပြန့်သည့် အခမ်းအနားနှင့် အစည်းအဝေးများကို လက်ခံကျင်းပပေးခဲ့ကာ ဒေသတွင်းရှိ အစိုးရနှင့်အဖွဲ့အစည်း ၈၇ ခု၊နိုင်ငံတကာ လေကြောင်းလိုင်း ၂၄ ခုနှင့် လေဆိပ်များ၊ကုန်တင်သင်္ဘောလိုင်းများနှင့် ပညာရေးအဖွဲ့အစည်း ၅၉ ခုတို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။



Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>