နီဇူလိုင် - "ငြိမ်းချမ်းရေး"(မိုးမခ) ဇန်န၀ါရီ ၂၄၊ ၂၀၁၇ရေပါတာပဲလိုချင်ခဲ့တဲ့နေ့တွေမှာ
ရေဘူးပေါက်ကြီးတွေနဲ့ပဲ
ခပ်.. ခပ်နေခဲ့ကြရတော့
သူ့ခမျာ
ခေတ်နဲ့ချီ... ခမ်းခြောက်ခဲ့..။
အခုအထိ
အိတ်ပေါက်ကြီးထဲပဲ ..
ကောက်.. ကောက်ထည့်ခံနေရတော့
ထွက်.. ထွက်ကျ
ဒလိမ့် ခေါက်ကွေး..။
သူ့ခမျာ ...
ခေတ်နဲ့ချီ.. အဖတ်ဆယ်မရသေး. . . ။ ။.