Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၇ နှစ်မြောက် အထိမ်းအမှတ် ကျဆုံးသွားသူများအတွက် လွမ်းသူ့ပန်းခွေချ အလေးပြု

$
0
0
ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ  ၂၇ နှစ်မြောက် အထိမ်းအမှတ် ကျဆုံးသွားသူများအတွက်  လွမ်းသူ့ပန်းခွေချ အလေးပြု
ရန်နောင်(ဗိုလ်တထောင်)       မိုးမခ     ဩဂုတ် ၈-၂၀၁၅










          ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၇ နှစ်မြောက် အထိမ်းအမှတ် ကျဆုံးသွားသော ရဟန်းရှင်လူကျောင်းသားပြည်သူများအတွက် လွမ်းသူ့ပန်းခွေချခြင်းနှင့် ရင်ပြင်နီအမှတ်အသားပြုလုပ်ခြင်းကို ရန်ကုန်မြို့ မြို့တော်ခန်းမ အနီး ဧမာနွေလဘုရားကျောင်းရှေ့တွင် ယနေ့ နံနက် (၈)နာရီ၌ ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါအခမ်းအနားသို့ ဘာသာရေးခေါင်းဆောင်များ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားများ၊ပြည်သူများ အင်အားသုံးရာခန့် တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ အစီအစဉ်အရ နိုင်ငံတော်အလံအားအလေးပြုပြီး ကျဆုံးသွားသော ရဟန်းရှင်လူကျောင်းသားပြည်သူများအား ကျောင်းသား၊သူ ငယ်လေးများက ပန်းခွေချအလေးပြုခဲ့ကြသည်။ထို့နောက် ပေးပို့သောသဝဏ်လွှာများကို ဖတ်ကြားခဲ့သည်။
            ဆက်လက်၍ ဘာသာရေးခေါင်းဆောင်များ နှင့်တက်ရောက်လာသူများက ရင်ပြင်နီအထိမ်းအမှတ်အဖြစ် လမ်းပေါ်တွင် ဆေးနီရည်များ ပက်ဖျန်းကြသည်။

          အခမ်းအနားမစတင်မီအချိန်တွင် ကျောက်တံတားမြို့နယ်မှူးနှင့် အုပ်ချုပ်ရေးမှူးတို့မှ လာရောက်၍ သတ်မှတ်ထားသော နေရာတွင်သာ လုပ်ရန်ပြော၍ တားမြစ်ခဲ့သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
          ထိုကဲ့သို့လာရောက်တားမြစ်သည်ကို အခမ်းအနားကျင်းပသူမှ ယခုကဲ့သို့ မိုးမခအားပြန်လည်ရှင်းပြခဲ့သည်။ “ ဖြစ်တာက ဒီနေရာလေ။ ဒီနေရာမှာ ပဲ လုပ်ချင်တာပေါ့။ဒါကို ဟိုနေရာ ၊ဒီနေရာ မလုပ်ခိုင်းနဲ့။ ” ထိုသို့ပြောဆိုပြီး ဆက်လက်လုပ်နေစဉ် မြို့နယ်မှူးဝင်လာပြီး “ ခင်ဗျားတို့ တားမရ ရင် ပုဒ်မ ၁၉ နဲ့ တရားစွဲမည် ” ဟုပြောသည်ကိုလည်း ကြားသိလိုက်ရခဲ့သည်။


          ၂၇ နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အမျှမဝေရသေးသော မဝင်းမော်ဦးကဲ့သို့ ကျောင်းသူများရှိသလို  မမေ့ပျောက်နိုင်သူများအတွက် လွမ်းဆွတ်သတိရအခမ်းအနားကိုတောင် လွတ်လပ်စွာ ကျင်းပခွင့် မရရှိသေးကြောင်းလည်း တွေ့ရှိခဲ့ရသည်။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>