Quantcast
Viewing all articles
Browse latest Browse all 9633

နေ၀န်းနီ - “ကမ္ဘာမကြေသီချင်းရဲ့ နောက်ဆုံးနေ့ရက်များဆီသို့"

Image may be NSFW.
Clik here to view.
Photo - 2015, March, Student Protest Movement

နေ၀န်းနီ - “ကမ္ဘာမကြေသီချင်းရဲ့ နောက်ဆုံးနေ့ရက်များဆီသို့"
(မိုးမခ) သြဂုတ် ၁၀၊ ၂၀၁၅

အမှတ် (၉) စိန့်ပီတာကျောင်းမှာ
ကမ္ဘာမကြေသီချင်း ကို မညီမညာ အော်ဆိုခဲ့ကြတာ
မင်းတို့ မှတ် မိ နေအုံး မယ် ဆိုရင်
ငါတို့ တွေ ကမ္ဘာမကြေဘူးသီချင်းကိုတော့
ညီညီညာညာ ဆိုရအောင် ...

မှတ်မိအုံးမလား သူငယ်ချင်းတို့
မင်းတို့နဲ့ ဘောလုံးကန် လို့ မဲသွားတဲ့ ကျောင်းအင်္ကျီ အဖြူ လေး လေ
အခု တော့ သွေးအစွန်းကွက် တွေနဲ့ ပေါ့

ငါ လေ ဒေါင်းအလံကို ဆုပ် ကိုင် မိချိန်
အတန်းထဲမှာ မင်းတို့ကို ငါရွတ် ပြနေကြ
ရွှေဘုန်းလူ ရဲ့ "ကျောင်းဖွင့် ချိန် "ကဗျာက
ငါ့ နှလုံးသားမှာလာချိတ် နေတာ သတိမထားခဲ့မိဘူး

သူငယ် ချင်းတို့ မှတ် မိ သေးလား
အတန်းထဲမှာ ငါ့ကို တွေ့တိုင်း
မင်းတို့ ရေးထားတဲ့ အချစ် ကဗျာ တွေ လာပြီးပြကြတယ် လေ
ဒီတစ် ခါ မင်းတို့ နဲ့ ငါ လမ်းမှာ ဆုံဖြစ် ကြရင် 
သူငယ် ချင်းတို့ ရေးထားတဲ့ ကဗျာ တွေထဲက
တော် လှန် ရေး ကဗျာတစ် ပုဒ် လောက် ငါ့ကိုပြစမ်းပါကွာ

တကယ် တော့
ငါတို့ လူငယ် တွေရဲ့ ဘဝဆိုတာ
ပန်းခင်းလမ်းထဲမှာလမ်း လျှောက် နေရတာမဟုတ် ဘူး
လေးဖြူ ရဲ့ အမဲလိုက် က သီချင်းလို
တောနက် ထဲမှာ လမ်း လျှောက် နေရတာ သူငယ်ချင်း


မ တော် တဆ ဒီကဗျာကို မင်းတို့ ဖတ် ခဲ့မိရင် 
ကမ္ဘာမ ကြေသီချင်း ရဲ့ နောက် ဆုံး နေ့ရက် တွေကို
ငါတို့ သူငယ် ချင်း တွေအားလုံး
ပြန် လည် အသက် သွင်း လွမ်းဆွတ် ကြမယ် ။

Viewing all articles
Browse latest Browse all 9633


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>