ကိုမျိုး (၈၈) - ၂၇နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ်အခမ်းအနားဆန္ဒပြပွဲ နယူးယောက်မြို့ မှာ အောင်မြင်စွာ ကျင်းပပြီးစီး
(မိုးမခ) သြဂုတ် ၁၀၊ ၂၀၁၅
စစ်အာဏာရှင်စနစ် အပြီးသတ်ချေမှုန်ရေး၊
တရားမျှတမှုများပြန်လည်ဖော်ထုတ်ရေး၊
စစ်မှန်သော ဒီမိုကရေစီတိုက်ပွဲလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊
၂၀၀၈ စစ်တပ်ဖွဲ့စည်းပုံ လုံးဝဖျက်သိမ်းပစ်ရေး၊
စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ရန်အားထုတ်နေသော အတိုက်အခံအုပ်စုဟောင်းများ (ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်) အမြင်မှန်ရကာ ပြည်သူ့လူထုလှုပ်ရှားမှုလမ်းကြောင်း ပြန်ရောက်ရှိလာစေရေး၊
ရည်ရွယ်ချက်များဖြင့် ၂၇နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ်အခမ်းအနားဆန္ဒပြပွဲကို နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင် နှင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ မျိုးဆက်သစ်လူငယ်များ၊ နယူးယောက်မြို့ရှိတိုင်းရင်းသား ဒီမိုကရေစီအင်အားစုအသီးသီး နှင့် ဒီမိုကရေစီလိုလားသူများ၊ ၈၈ကျောင်းသားဟောင်းများနှင့်အတူ ကျင်းပခဲ့ပါသည်။