Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မောင်ကျော်မော် - "ဖေဖေါ်ဝါရီ ၇ ရက်"အကြောင်း

$
0
0

မောင်ကျော်မော် - "ဖေဖေါ်ဝါရီ ၇ ရက်"အကြောင်း 
(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၇

"ပင်လုံ စာချုပ်အကြောင်း"ပြောကြရေးကြတာတွေက များသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း ဘက်ကိုချည်း တဖက်သတ် အသားပေးရေးကြတာကများ ပါတယ်။ အောက်ပါအချက်တွေဖော်ပြပေးဖို့ လိုအပ်ပါတယ်။

- ပင်လုံမှာ ရှမ်းနဲ့ ကချင်ကိုယ်စားလှယ်များ သဘောတူညီချက် (၆ ဖေဖေါ်ဝါရီ ၁၉၄၇)

- ( ၇ ဖေဖေါ်ဝါရီ ၁၉၄၇ ) မှာရောက်လာတဲ့ ချင်းအမျိုးသားကိုယ်စားလှယ်များရဲ့ ရှမ်းနဲ့ ကချင်ကိုယ်စားလှယ်များရဲ့ သဘောတူညီချက်အပေါ် ထပ်ဆင့်ပြီထောက်ခံ သဘောတူတဲ့အချက်

အဲဒီလို (၁၉၄၇ ဖေဖေါ်ဝါရီ ၇ ရက်) မှာ ရှမ်း၊ ကချင်၊ ချင်းကိုယ်စားလှယ်တွေ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာဟာ ပင်လုံစာချုပ်အတွက် ကြီးမားတဲ့ အကျိုးပြုမှုဖြစ်ပါတယ်။

- ဒီလိုသဘောတူညီချက်တွေရရှိဖို့ ကြိုးပမ်းခဲ့ကြတဲ့ ဦးတင်ဧ၊ ဦးထွန်းမြင့် (တောင်ကြီး) အမှူးပြုတဲ့ (ရပလ) ခေါင်းဆောင်များရဲ့ အခန်းကိုလည်း အထင် အရှားရေးသားဖော်ပြဖို့လိုအပ်ပါတယ်။

- မဖြစ်မနေဖော်ပြသင့်တဲ့အချက်ကတော့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလ) ရဲ့ ကြေညာစာတမ်း အမှတ် (၄) ပဲဖြစ်ပါတယ်။

ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ် ကြေညာစာတမ်း အမှတ် (၄)၊ ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅) ရက်နေ့စွဲ "မြန်မာပြည်မနဲ့ ပူးတွဲပြီး လွတ်လပ်ေ၇းအရယူကြစို့ "ဆိုတဲ့ ခေါင်းစဉ်နဲ့ ဦးထွန်းမြင့် (တောင်ကြီး) ရဲ့ (ရှမ်းနိုင်ငံရေးသမားတစ်ဦး၏ သဲတစ်ပွင့် အုတ်တစ်ချပ် ) စာအုပ်၊ စာမျက်နှာ ၃၄၆ - ၃၅၄ ) မှာ ဖတ်ရှုနိုင်ပါတယ်။

- ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး ဖေဖေါ်ဝါရီ ၇ ရက်ကို "ရှမ်းအမျိုးသားနေ့"အဖြစ် သတ်မှတ်ခဲ့ကြတာ မဟုတ်လား။

ရိုသေစွာဖြင့်
 မောင်ကျော်မော်
၇ ဖေဖေါ်ဝါရီ

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>