ရန်လင်းအောင် - ရယ်တရွေ့ မောတရွေ့
(မိုးမခ) သြဂုတ် ၁၄၊ ၂၀၁၅
ကောင်းကင်တခွင်လုံး
တိမ်ဆိပ်သင့်လို့ ၊
မိုးတလုံး လေတလုံး မှသည်
မိုးမဆုံး လေမဆုံးထဲ
မိုးခါးရေရဲ့မျက်နှာပေးက
စိတ်မအေးစရာ
ဒါနဲ့
ြေေ မြေကြီးကိုရော ယုံလို့ရမလား
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
သံသယကမှ စိတ်ချရသေးဆိုတဲ့
အပိုင်းက တကဏ္ဍပေါ့လေ ၊
မြစ်က လှော်တုန်း
ပင်လယ်က အော်တုန်း
မျက်ရည်ကညှော်တုန်း
ေ သွေးက ညှီတုန်း ………
ပြက်လုံးနဲ့သေချာပြန်နွှေးပြီးမှ
သတင်းတွေကို စားရတယ်ကွဲ့ ၊
မျက်လုံးနဲ့ရှုခင်းကြား
ကပ်သီးကပ်သပ်ညပ်နေတဲ့စိတ်ကို
မသေရုံတမယ်ပြန်ပြန်နုတ်နေရတာနဲ့ပဲ
အချိန်းအချက်တွေ လွဲပေါင်းများ ခဲ့ပြီ ။ ။