ရုပ်ရှင်၊ဂီတ၊သဘင် အနုပညာရှင်များ ရေဘေး အလှူ ငွေအတွက် ဖျော်ဖြေပွဲ ကျင်းပ
ရန်နောင်(ဗိုလ်တထောင်) မိုးမခ ဩဂုတ် ၁၄ - ၂၀၁၅
ဦးဇာဂနာ၊ဦးဇင်ဝိုင်း၊ ဒါရိုက်တာဝိုင်း |
ဟဲလေး |
လွှမ်းပိုင် |
Bobby Soxer |
စန္ဒီမြင့်လွင် |
ရဲလေး |
မေဆွိ |
စိုင်းစိုင်းခမ်းလှိုင် |
မိုးအောင်ရင်၊နေမင်း၊မေကဗျာ |
မင်းမော်ကွန်း၊ထွန်းထွန်း |
ကျော်ကျော်ဗို၊ယုသန္တာတင် |
မင်းမော်ကွန်း၊ ထွန်းထွန်း၊ယုသန္တာတင်၊ကျော်ကျော်ဗို |
ခန့်စည်သူ |
နေတိုး |
ရုပ်ရှင်၊ဂီတ၊သဘင် အနုပညာရှင်များ ရေဘေးသင့်ဒေသများမှ ပြည်သူများအတွက် ရံပုံငွေ ဖျော်ဖြေပွဲကို ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံတွင် ဩဂုတ်လ(၁၂) ရက်နေ့ ညနေ(၆) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဖျော်ဖြေပွဲတွင် ဂီတမှူးဦးခင်မောင်ကြီး၏ အဖွင့်ပမာဏဧည့်ခံတီးလုံးဖြင့် ပွဲကိုစတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဘုရားကန်တော့ခန်း ကို လေးဝတီရခိုင်စည်တော်အဖွဲ့မှ လည်းကောင်း၊မေတ္တာပို့သီချင်းကို အနုပညာရှင် မော်ဒယ်လ်လေးများက လည်းကောင်း ဖျော်ဖြေခဲ့သည်။
ထို့နောက် ဟဲလေး၊လွှမ်းပိုင်၊အိမ့်ချစ်၊ဖြူဖြူကျော်သိန်း၊မေဆွိ၊စိုင်းစိုင်းခမ်းလှိုင်၊ဘန်နီဖြိုး၊ယုန်လေး၊ပိုပို၊ရတနာမိုင်၊Bobby Soxer ၊ စသော အနုပညာရှင်များက HIBIRD BAND ဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ ဒါရိုက်တာ ဇာဂနာ စီစဉ်ပြီးလူမင်း၊နေတိုး၊ခန့်စည်သူ၊မင်းမော်ကွန်း၊မိုးအောင်ရင်၊နေမင်း၊ဇင်ဝိုင်း၊ခိုင်သင်းကြည်၊ယုသန္တာတင်၊မေကဗျာ တို့ ခေါင်းဆောင်ပါဝင်ထားသည့် “ ပေါ်ဦးပြောရင် လွဲခဲတယ် ” ပြဇာတ်ကို တင်ဆက်ခဲ့သည်။
ထိုနေ့ည ရေဘေးရံပုံငွေဖြင့် ဖျော်ဖြေပွဲကို အခမဲ့ဖြင့် ဖျော်ဖြေပြီး အလှူခံရငွေပေါင်း သိန်း၁၈၀၀ ကျော်ရရှိခဲ့သည်။ရေဘေးသင့်ခံရသူများပြန်လည်ထူထောင်ရေးအတွက် လိုအပ်သည့်ဒေသများသို့ လှူဒါန်းသွားမည်ဖြစ်သည်။