Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

“ ကာတွန်းဓါတ်ရှင် ” ရုပ်ရှင်ဇာတ်ကားကြီး စာနယ်ဇင်းမိတ်ဆက်ပွဲ ပြုလုပ်

$
0
0
 “ ကာတွန်းဓါတ်ရှင် ” ရုပ်ရှင်ဇာတ်ကားကြီး စာနယ်ဇင်းမိတ်ဆက်ပွဲ ပြုလုပ်
          ရန်နောင်(ဗိုလ်တထောင်)     မိုးမခ     ဩဂုတ် ၁၄- ၂၀၁၅



















      စိန်ဌေး ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး စီစဉ်တင်ဆက်မည့်  “ ကာတွန်းဓါတ်ရှင် ” ရုပ်ရှင်ဇာတ်ကားကြီးစာနယ်ဇင်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးခန်းမတွင် ဩဂုတ်လ (၁၄) ရက် နံနက်(၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
          အဆိုပါ ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲ အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဟာသသရုပ်ဆောင်ဦးညောင်ညောင် မှ ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ထို့နောက် ထုတ်လုပ်သူ ဦးဝင်းကြည် မှ ဇာတ်ကားရိုက်ကူးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ထိုရုပ်ရှင်ကားကို ရိုက်ကူးမည့် ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) နှင့် ပါဝင်သရုပ်ဆောင်မည့်သူများကိုယ်စား သရုပ်ဆောင် ဦးအရိုင်း တို့မှ “ ကာတွန်းဓါတ်ရှင် ” ရုပ်ရှင်ကားနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
          ငယ်စဉ်ကလေးဘဝအရွယ်ကတည်းက စွဲလန်းနှစ်ခြိုက်ခဲ့ရသောကာတွန်းဇာတ်ကောင်များဖြစ်သည့် သမိန်ပေါသွပ်၊ရွှေဂေါင်းပြောင်၊မောင်မောင်ဇာ၊တွတ်ပီ၊မသေးမျှင်၊ဗိုက်ကလေး၊အစရှိသောဇာတ်ကောင်များ ပါဝင်သရုပ်ဆောင်ထားသည့်   “ ကာတွန်းဓါတ်ရှင် ” ဇာတ်ကားကြီးတွင်  ဇာဂနာ၊အရိုင်း၊ကင်းကောင်။ညောင်ညောင်၊ကိုပေါက်၊ကြယ်သီး၊ချစ်စုနှင့်ရဲအောင်၊ခိုင်နှင်းဝေ၊မိုးပြည့်ပြည့်မောင်၊ယွန်းရွှေရည်၊ဝါဝါအောင်၊တင်ဇာဝင်းပြည့် တို့ ပါဝင်သရုပ်ဆောင်ကြမည် ဖြစ်သည်။

          ဇာတ်လမ်း ၊ဇာတ်ညွှန်း ကိုကျော် နှင့်ကျော်ဇင်ကိုကို တို့၏ ဇာတ်လမ်းကို ဒါရိုက်တာကျော်ဇောလင်း (အတွေးပုံရိပ်) မှ ရိုက်ကူးမည့် “ ကာတွန်းဓါတ်ရှင် ” ဇာတ်ကားကို စိန်ဌေး ရုပ်ရှင်မှ ပြင်ဦးလွင် မြို့သို့ တက်၍ ရိုက်ကူးနေပြီ ဖြစ်သည်။

Viewing all articles
Browse latest Browse all 9633

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


“တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမည်”


အလုပ်ဟောင်း နေရာဟောင်း ပြန်ရချင်သူများအတွက် ယတြာ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>