Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မောင်မောင်စိုးး - ကြံ့ဖွံ့အပြောင်းအလဲမှာ တွေ့ရတဲ့အချက်များ

$
0
0


မောင်မောင်စိုးး - ကြံ့ဖွံ့အပြောင်းအလဲမှာ တွေ့ရတဲ့အချက်များ 
(မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၅

 သြဂုတ်လ ၁၂ ရက်နေ့ည ကြံ့ဖွံ့ပါတီရဲ့ ထိပ်တန်းခေါင်းဆောင် အပြောင်းလဲဖြစ်ခဲ့ပြီး အားလုံးအာရုံစိုက်စရာ ဖြစ်ခဲ့ပါတယ်။ - ဖယ်ရှားခံရသူ ဦးရွှေမန်းအပါ အလုပ်အမှုဆောင် ၁၂ ဦးရဲ့ မျက်ကွယ်မှာ ဆုံးဖြတ် လုပ်ဆောင်တာဖြစ်ပြီး လုံခြုံရေးအင်အား များပါ အသုံးပြုခဲ့လို့ သွေးရိုးသားရိုးမဟုတ်ဘူးလို့ အများက ယူဆခြင်း ခံခဲ့ရပါတယ်။ - ကြံ့ဖွံခေါင်းဆောင်ပိုင်းက ဦးရွှေမန်းတို့ကို ဖယ်ရှားခံခဲ့ရပြီး နောက် သမတ ကာချုပ် ရွေးကော်နဲ့ ကြ့ဖွံ့ လွှတ်တော်တို့ ပွတ်တိုက်မှုပြီးဆုံးပြီး တစုတစည်းထဲ ပြန်ဖြစ်သွားတယ်လို့ ယူဆစရာဖြစ်ပါတယ်။ 

 သြဂုတ် ၁၃ မှာ လွှတ်တော်ကိုယ်စားလည် ပြန်လည်ရုပ်သိမ်း ခြင်းဆိုင်ရာဥပဒေ အမြန်ပြဌာန်းဖို့ ရွေးကော်ဥက္ကဌဦးတင်အေး က လွှတ်တော်ကိုစာပို့ခဲ့ပါတယ်။ ဦးရွှေမန်းကိုဖယ်ရှားဖို့ အတွက် ခြေလှမ်းဖြစ်တယ်လို့ အများကယူဆကြပါတယ်။  လက်ရှိ ဦးရွှေမန်းတို့ကို ဖယ်ရှားရာမှာ အဓိက အဟန့်အတား ဖြစ်နေတာက သူတို့ အသက်ပေးကာကွယ်မယ်လို့ပြောထားတဲ့ ၂၀၀၈ ခြေဥပါ အချက်အလက်များ ဖြစ်နေပါတယ်။ 

- အမတ်တယောက်ဖမ်းချင်ရင် လွှတ်တော်ဥက္ကဌ သဘောတူ ညီချက်ယူရမှာဖြစ်သလို လွှတ်တော်ဥက္ကဌကိုဖမ်းချင်ရင် ဘယ် လိုပြုမူရမယ်ဆိုတာ ဥပဒေပြဌာန်းချက်မရှိသေးပါ။ လွှတ်တော် ကိုယ်စားလည်ပြန်ရုပ်သိမ်းနိုင်တဲ့ ဥပဒေ မပြဌာန်းနိုင်သေးပါ။ 

- သမ္မတ က ပါတီလုပ်ငန်းတွေမှာ ပါဝင်ခြင်းမပြုရဆိုတဲ့ ခြေဥ ပါ ပြဌာန်းချက်ဟာ ဒီတခေါက် ကြံ့ဖွံ့ခေါင်းဆောင်အပြောင်းအလဲမှာ သမ္မတဦးသိန်းစိန် ညိစွန်းခြင်း ရှိမရှိဆိုတာ အငြင်းပွါး ဖွယ်ရာဖြစ်ပါတယ်။ သမ္မတဟာ ကြံ့ဖွံ့ပါတီ လုပ်ငန်းတွေမှာ ဝင်ရောက်ပါဝင်မှုမရှိပါဘူးလို့ အကြိမ်ကြိမ်ငြင်းဆိုခဲ့ပေမဲ့ ကြံ့ဖွံပါတီခေါင်းဆောင်အပြောင်းအလဲဟာ ဦးသိန်းစိန်က လွှဲ ပြောင်းပေးတာလို့ ဝန်ခံပြီးဖြစ်ပါတယ်။ 

- သြဂုတ် ၁၈ ရက်နေ့ လွှတ်တော်ပြန်စတဲ့အခါ လက်ရှိလွှတ် တော်ကို ရပ်ဆိုင်းပစ်ဘို့ ကြံ့ဖွံ့ခေါင်းဆောင်သစ်တွေက ကြိုး စားခဲ့ပါတယ်။ အမျိုးသားလွှတ်တော်ရပ်ဆိုင်းသွားပေမဲ့ ဦးရွှေ မန်းရဲ့ပယ်ချချက်ကြောင့် ပြည်သူလွှတ်တော်နဲ့ပြည်ထောင်စု လွှတ်တော် ရပ်ဆိုင်းမသွားပါ။ 

- လွှတ်တော်အမတ်ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို အမတ်အများစု ထောက်ခံခြင်းမရှိလို့ အတည်ပြုနိုင်ခြင်းမရှိဘဲ ရွှေ့ဆိုင်းလိုက်ရပါတယ်။

 - ပြည်ထောင်စုလွှတ်တော်မှာ ကြံ့ဖွံ့အမတ် ၅၅ % နီးပါး စစ်တပ် ကိုယ်စားလည်း ၂၅ % ပေါင်း ၈၀ % လောက်ရှိပေမဲ့ အမတ် ပြန်ရုပ်သိမ်းတဲ့ဥပဒေပြဌာန်းဘို့ မဲခွဲရာမှာ ထောက်ခံမဲ ၄၀% ကျော်ဘဲရပြီး ရှုံးနိမ့်သွားတာကြည့်ပြီး လက်ရှိ ကြံ့ဖွံ့နဲ စစ်တပ်ကိုယ်စားလှယ် တဝက်လောက်က မထောက်ခံဘူး ဆိုတဲ့ အဖြေ ထွက်နေပါတယ်။ 

- ဒါကိုကြည့်ခြင်းဖြင့် လက်ရှိအခြေအနေမှာ အထူးသဖြင့် ကြံ့ဖွံ့ ထဲမှာ ဦးရွှေမန်းကို ထောက်ခံတဲ့အင်အားစုရှိနေဆဲဖြစ်သလို ဒီလူထဲက တချို့ဟာ လာမဲ့ရွေးကောက်ပွဲမှာ ဆက်လက်ပါဝင် ကြအုံးမယ်ဖြစ်ပါတယ်။ -

 သမတအနေနဲ့ ကြံ့ဖွံ့ပါတီကို ချုပ်ကိုင်နိုင်ပေမဲ့ လွှတ်တော်ကို မျှော်လင့်သလို ချုပ်ကိုင်နိုင်ခြင်းမရှိသေးပါ။ 

- ကိုယ်စားလည်ပြန်ရုပ်သိမ်းခြင်းဥပဒေကို စစ်တပ်ကိုယ်စားလည် ဗိုလ်မှူးချုပ်တယောက်က တက်ကြွစွာ ဆွေးနေတာကို ကြည့်ပြီး လက်ရှိစစ်တပ်ခေါင်းဆောင်ပိုင်းက ဦးရွှေမန်းကို မထောက်ခံ ဟု ယူဆဘွယ်ရာဖြစ်တယ်။

 - ကြံဖွံခေါင်းဆောင်အပြောင်းအလဲစတင်စဉ်က ဦးရွှေမန်းဟာ ပါတီဝင်အဖြစ် ဆက်လက်ရှိနေတယ်လို့ ဆိုခဲ့ပေမဲ့ ယခုနောက် ပိုင်းမှာတော့ ဦးရွှေမန်းဟာ ဗဟိုကော်မတီဝင်အဖြစ် ဆက်လက် ရှိနေတယ်လို့ ပြောင်းလဲပြောဆိုလာပါတယ်။ 

- ကြံ့ဖွံ့ခေါင်းဆောင်အပြောင်းအလဲဟာ တကယ်တမ်း အစိုးရ စစ်တပ် လွှတ်တော်ကို အပေါ်ယံက စုစည်းနိုင်သလို ဖြစ်ပေမဲ့ လက်တွေ့မှာ အကွဲအပြဲတွေ ပိုဖြစ်စေခဲ့ပါတယ်။  ဒီလိုအကွဲအပြဲတွေရဲ့ရလဒ်အဖြစ် ရွေးကောက်ပွဲမဝင်တဲ့ ဦးသိန်းစိန်ကို စစ်တပ်က သမတ လောင်းအဖြစ်တင်ဘို့ ပိုမိုဝေးကွာ စေပြီး သူထက်ပိုပြီး ကြံ့ဖွံနဲ့စစ်တပ်ကို စုစည်းပေးနိုင်တဲ့သူ တယောက် လိုလာပုံရနေပါတယ်။ 

- စစ်တပ်ကတင်မဲ့သမတလောင်းဟာ လာမဲ့ရွေးကောက်ပွဲမှာ NLD ဘယ်လောက် အနိုင်ရမလဲဆိုတဲ့အပေါ်မှာအခြေခံပြီး ရွေးချယ်ဘို့များပြီး ခုကထဲက ကြိုတင်ရွေးချယ်ထားမည့်ပုံ မပေါ်ပါ။ 

- လက်ရှိ လုံခြုံရေးအင်အားဟာ သမတနဲ့ ကာချုပ်လက်ထဲရှိတဲ့ အခြေအနေမှာ ဦးရွှေမန်းအနေနဲ့ သူကို အင်အားသုံးဖယ်ရှား နိုင်တဲ့အချက်ကို ကြိုတင်တွက်ဆထားပြီး ကြိုတင်ပြင်ဆင်မှု ရှိနိုင်တယ်လို့ အချို့က သုံးသပ်ပါတယ်။

 - လက်ရှိအပြောင်းအလဲမစခင် စစ်တပ်မှာ နံပတ် ၃ ခေါင်းဆောင် ဖြစ်ခဲ့တဲ့ ဦးရွှေမန်းရဲ့သြဇာ တပ်ထဲမှာ မရှိတော့ဘူးလား ဒါမှ မဟုတ်သူကို ထောက်ခံသူအားလုံး တပ်ထဲက ဖယ်ရှားခံလိုက် ရပြီလားလို့ မေးခွန်းများလည်း ပေါ်ပါတယ်။ 

- အချို့ကတော့ ဦးရွှေမန်းနဲ့ကြံ့ဖွံ့အကွဲဟာ လူခွဲကစားတာ ဖြစ် နိုင်ပြီး ဦးရွှေမန်းနဲ့ NLD တွဲလုံးကို ရယူကစားလို၍ ဟု သုံးသပ် ကြတာလဲ တွေ့ရပါတယ်။ 

- ဒါပေမဲ့ ဒေါ်စုဟာ ဦးရွှေမန်းနဲ့သာ တွေ့ဆုံညှိနှိုင်းတာ မဟုတ် ဘဲ လက်ရှိစစ်ခေါင်းပိုင်းနဲ့လဲ ညှိနှိုင်းမှုတွေရှိနေတယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းများက ဆိုပါတယ်။ 


- သေချာတာကတော့ ပွဲမပြီးသေးပါ။ ပြောင်းနေတဲ့အခြေအနေ နဲ့ပတ်သက်ပြီး မျက်ခြေမပြတ်ဘို့ဘဲလိုပါတယ်။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...