Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မောင်လွမ်းဏီ - ဥပုသ်ကျိုးတဲ့ဆည်

$
0
0
 မောင်လွမ်းဏီ - ဥပုသ်ကျိုးတဲ့ဆည်
(မိုးမခ) သြဂတ်စ် ၂၉၊ ၂၀၁၅

ရေခြားမြေဝေးပေမဲ့
ဇာတိချက်ကြွေ၊ မွေးရပ်မြေရဲ့
ရေဘေးဆိုတော့လည်း
ရင်ထဲမှာ သောကပွက်ဆူ။

သဘာဝဘေးဒဏ်
ရင်စည်းခံဖို့အရေး
သွေးကောင်းသော်ငြား
ကြွေးဟောင်းက ပူတော့မှာ။

ခြေတော်ရာ
ရေပေါ်မှာ ပေါလောမျောလေမလား
ရေအောက်ကိုများ
နဂါးနှယ် မြေလျှိုးလေမလား
ဘုရားတရင်း တောင်းဆုချွေ
ကြေပါတော့ ၀ဋ်ကြွေး။

ဘ၀က
ဆည်ရည်သောက်နေရ
ဆည်ကျိုးရင် ဘ၀ကျိုးမယ်
ဆည်ဖောက်ရင် ဘ၀ပျောက်မယ်
ဆည်ရေကုန် မြစ်ရေဆင်းပါမှ
ရွာကိုသာပြန်လာခဲ့ပါတော့
နွားနဲ့အိမ်သူ။

ရေဘေး ရေဘေး ဟဲ့
အေပေးတွေရဲ့
သေဘေးက ဆဲချင်။

မောင်လွမ်းဏီ @ Lwan Ni

၃၁ - ၇ - ၂၀၁၅ ၊ ၀ါဆိုလပြည့်နေ့
(ရွှေစက်တော်ဘုရား အောက်စက်တော်ရာ)
(ဓာတ်ပုံဆရာလေးကိုလည်း ကျေးဇူးမှတ်တမ်းဖြင့်)

ကဗျာဆရာ Facebook: https://www.facebook.com/lwanni
ကဗျာဆရာ Blog: http://www.mglwanni.blogspot.com/

Photo Credit: Photographer / A Rightful Owner

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>