ရေဘေးအလှူ ကယ်ကူလှူ မွန်မြတ်စိတ်ထား ပရဟိတအဖွဲ့များ
ရန်နောင် (ဗိုလ်တထောင်) မိုးမခ ဩဂုတ် ၃၁ -၂၀၁၅
ရေဘေး စဖြစ်ပြီဆိုကတည်းက မောင်ရန်နောင် တယောက် သတင်းတွေ သွားယူချင်၊ ပရဟိတအလှူတွေ လုပ်ချင် ၊ကယ်ဆယ်ရေး လုပ်ချင်နဲ့ ချင်တွေများနေခဲ့တာပါ။သတင်းသမား ဘဝ အဖြစ်လျှောက်လှမ်းဖို့ သင်တန်းတက်တော့ ဆရာရဲနိုင်မိုးသင်တာလေး အမှတ်ရမိပါတယ်။ ဆရာ တယောက်ထဲ မဟုတ်ပါဘူး။ အားလုံးသော ဆရာတွေ သင်တာ မှာ ပါစမြဲပဲလေ။
သတင်းဆိုတာဘာလဲ။ သတင်းဖြစ်တာဘာလဲဆို ။ ပြောပါပြီ။ မီးလောင်၊ရေကြီး၊သူပုန်စီး အဲဒါတွေက သတင်းတွေတဲ့။ မီးလောင် တာကတော့ မီးသတ်ကား ဥဩသံကြားတဲ့နောက် ပြေးလိုက်လို့ ရတယ်။ ဖေ့ဘွတ်စ်ခ်ကနေ လှမ်းတောက်လို့ရတော့ အေးဆေးပေါ့။
သူပုန်စီးတာတော့ မောင်ရန်နောင် မကြုံဖူးဘူး။ ရေကြီးတာတော့ မောင်ရန်နောင် ကြုံခဲ့ဖူးတာ ခဏခဏပဲ။ ရေကြီးတယ်ဆိုတာကို တိတိကျကျ စကြုံတာကတော့ ၂၀၀၆ ခုနှစ်လောက်ကပေါ့။ ငယ်ငယ်တုန်းက မေမေက ပြောဖူးတယ်။ “ မီးလောင်တာ ထွက်ပြေးလို့ရတယ်၊ရေကြီးရင် မလွယ်ဘူးတဲ့ ” အဲဒီလိုပြောဖူးတာပါ။
အဲဒီနှစ်က ညဘက်ကြီး ညီအစ်ကို နှစ်ယောက် ကုတင်ပေါ်မှာ အတူတူ အိပ်နေတုန်း လက်ကကုတင်အောက် စမ်းမိတော့ အေးစက်စက်နဲ့ ရေတွေ ဖြစ်နေတယ်။ “ ဟ၊ ဘာလဲပေါ့ စမ်းမိတာ အေးစက်စက်နေတော့ မျက်လုံးမပွင့်တပွင့်နဲ့ ကြည့်တော့ ရေတွေ ဖြစ်နေတယ်။ အဲဒါနဲ့ အငယ်ကောင်ကို နှိုးပြောတော့ “ အာ ရေထိတာ အထူးအဆန်းလာလုပ်နေတယ် ” ဆိုပြီး ပြန်အိပ်တယ်။ ကိုယ်က လည်း အကြီးဆိုတော့ သတိဝီရိယ ကြီးစွာနဲ့ ထကြည့်တော့ လားလား ခြေမျက်စိမြုပ်နေပြီ။ တခါမှလည်း မကြုံစဖူး ဖြစ်ရတော့ အိပ်နေတဲ့ညီနဲ့ ဦးလေးကို နှိုးရတယ်။ သူတို့ကို နှိုးနေတဲ့ အချိန်မှာကိုပဲ ရေက ခြေသလုံးလောက် ရောက်လာပါတယ်။ အဲဒီအချိန်အထိလည်း ရေဘယ်လိုက ဘယ်လို ဝင်လာမှန်းမသိတာပါ။ နေတာက မြေညီထပ်၊ လမ်းမကြီးပေါ် ဆိုတော့ စပ်စပ်စုစု နဲ့ တံခါးဖွင့်လိုက်တာ ဆည်တမံကျိုးသလိုပဲ တံခါးပေါက်ကနေ ရေတွေ ဝုန်းခနဲ ဝင်လာတော့ ညီအစ်ကို နှစ်ယောက် ကုတင်ပေါ်တက်နေရတယ်။ ဒါနဲ့ ဒီလိုဆို အိမ်ကိုတော့ အကြောင်းကြားရမယ်။
ဆိုင်ဖွင့်ဖို့ကလည်းရှိသေးတော့ အိမ်ကိုဖုန်းလှမ်းဆက်တယ်။ အိမ်က ဖေဖေတို့ကလည်း မလာပါနဲ့ ဆိုတာ ရောက်အောင်လာတော့ သားအဖတတွေ ကုတင်ပေါ်မှာ စုထိုင်နေရတယ်။ တတီတီ နဲ့ အော်သံကြားလို့ လိုက်ရှာတော့ ကွန်ပျူတာ တွေ ရေငုပ်ကုန်ပြီ။တတီတီမြည်သံက အဲဒီက၊ ဆိုင်မှာရောင်းတဲ့ စာရေးကိရိယာတွေ၊စာအိတ်တွေကတော့ အဆုံးပေါ့။ရေ အဆုံးကိုး။
ဆိုင်ဖွင့်ဖို့ကလည်းရှိသေးတော့ အိမ်ကိုဖုန်းလှမ်းဆက်တယ်။ အိမ်က ဖေဖေတို့ကလည်း မလာပါနဲ့ ဆိုတာ ရောက်အောင်လာတော့ သားအဖတတွေ ကုတင်ပေါ်မှာ စုထိုင်နေရတယ်။ တတီတီ နဲ့ အော်သံကြားလို့ လိုက်ရှာတော့ ကွန်ပျူတာ တွေ ရေငုပ်ကုန်ပြီ။တတီတီမြည်သံက အဲဒီက၊ ဆိုင်မှာရောင်းတဲ့ စာရေးကိရိယာတွေ၊စာအိတ်တွေကတော့ အဆုံးပေါ့။ရေ အဆုံးကိုး။
နည်းနည်းလေး လင်းလာတော့ အပြင်ထွက်ကြည့်တယ်။ ဘာဈေးသည်မှ မရှိဘူး။ မုန့်ဟင်းခါးသည် တသည်ပဲ ချက်ပြီးသားဖြစ်နေလို့ လာရောင်းတာ နာရီဝက်နဲ့ သူ့ဆိုင်က ကုန်သွားတယ်။ နေ့လယ်ဘက် လမ်းထဲလျှောက်ကြည့်တော့ ကွန်ပျူတာ အရောင်းဆိုင်တွေ က ကွန်ပျူတာတွေ ရေထဲ မြုပ်နေတာတွေ၊ ကားတွေ မြေအောက်ထပ်မှာ မြုပ်နေတာတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရဖူးတာပါ။ အဲဒီတုန်းက ရေကြီးတာ နာရီပိုင်းလေးပါ။ ဒါပေမဲ့ တော်တော်ဒုက္ခခံလိုက်ရပါတယ်။ ဒီလိုတွေ ကိုယ်တိုင်ခံစားဖူးတော့ ခုလိုရေဘေး ဖြစ်တဲ့အခါ ရေဘေးသင့်ခံရတဲ့ပြည်သူတွေ ကို ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ကူညီချင်နေမိပါတယ်။
ဒီလိုအချိန်မှာ ရေဘေးသင့်ပြည်သူတွေအတွက် ရုပ်ရှင်၊ဂီတ၊သဘင်က လူတွေ၊စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ပန်းချီဆရာတွေ ကလည်း ရံပုံငွေတွေ အလှူခံ၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်သရုပ်ဆောင်ရင်းအလှူခံ ၊ကျောင်းသားလူငယ်တွေကလည်း ဖလားကိုယ်စီကိုင်စွဲကာ တလမ်းဝင်တလမ်းထွက် အလှူခံပြီး ရေဘေးသင့်ဒေသ ပြည်သူများကို သွားရောက်လှူဒါန်းကြတာပေါ့။
ကျောက်တံတား (၅) ရပ်ကွက်က ညောင်တုန်းမြို့နားက ကုက္ကိုဝကျေးရွာ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်အရုံး ရဲ့ စာနာထောက်ထား အနုပညာရှင်များ အဖွဲ့နဲ့ ထန်းတပင်မြို့နယ် တော်လတီကျေးရွာအုပ်စု ကြာအင်းရွာ၊ သာပေါင်းမြို့နယ် အောင်တပ်ရွာ ၊ဘုရားညီရွာ၊ လွယ်ဟိန်းအဖွဲ့နဲ့ သာပေါင်းမြို့နယ်ထဲက ဂုံမင်းရွာတွေကို အတူလိုက်သွားခဲ့ပါတယ်။
ရေဘေးသင့်ရွာများ တွင် တွေ့ရလေ့ရှိတဲ့ ဝမ်းရောဂါဖြစ်ပွားသူများ ၊ ဖျားနာသူများ ကိုလည်း တွေ့မြင်ခဲ့ရသလို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အဖွဲ့နှင့် သွားသည့်အခါ သရုပ်ဆောင်များကြောင့် တဒင်္ဂခဏ ပြုံးပျော်သွားသူများကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
သတင်းသမားတယောက်ဟာ ပရဟိတအခြေခံစိတ်မရှိရင်လည်း သတင်းထောက်ကောင်းတယောက်မဖြစ်နိုင်ပါဘူး။ ပရဟိတစိတ်ဓါတ် အခြေခံရှိမှသာ ဒီလိုမျိုး ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးလိုမျိုးမှာ အင်တိုက်အားတိုက်ပါဝင်နိုင်မှာပါ။
ရွှံထဲနွှံထဲသွားရ၊ မြွေအန္တရာယ်ရှောင်ရှားရ၊ကားလမ်းခရီး အန္တရာယ် မဖြစ်စေရန် ရှောင်ရှားရနဲ့ အန္တရာယ်တွေတောထဲ သွားနေရတဲ့ ပရဟိတ သမားတွေနဲ့အတူ သတင်းလိုက်ယူရင်း နှင့် ကြုံခဲ့ ၊တွေ့ခဲ့တာလေးများအား ပရဟိတ အဖွဲ့များအား ဂုဏ်ယူရင်း နဲ့ ရေဘေးအလှူ ကယ်ကူလှူခဲ့တာလေး ဝေမျှလိုက်တာပါ။