Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ရွေးကောက်ပွဲလက်စွဲစာအုပ်သည် တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာအကျိုးရှိဟု ဦးကိုကိုကြီးပြော

$
0
0

ရွေးကောက်ပွဲလက်စွဲစာအုပ်သည် တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာအကျိုးရှိဟု ဦးကိုကိုကြီးပြော

ဟန်သစ်နိုင်၊ မိုးမခ၊ သြဂုတ် ၃၁၊ ၂၀၁၅ခုနှစ်
သြဂုတ် ၃၁ရက် ရန်ကုန်မြို့ ဟုမ်းမီဒီယာခန်းမ၌ပြုလုပ်သော “ရွေးကောက်ပွဲလက်စွဲ”စာအုပ် စီစဉ်ရေးသားသူ နိုင်ကျဉ်းဟောင်းဦးသန်းဌေး(ဇီးကုန်း)ရဲ့ စာအုပ်မိတ်ဆက်ပွဲတွင်  ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ရွေးကောက်ပွဲလက်စွဲစာအုပ်ဟာ ရွေးကောက်ပွဲအတွက်အလွန်အရေး ကြီးကြောင်း ပြောခဲ့သည်။
          ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တိုင်းနှင့်ပြည်နယ် သင်တန်းများပို့ချရာတွင် ဦးကိုကိုကြီးတို့ လွှတ်တော်စောင့်ကြည့်လေ့လာရေးသုတေသနအနေဖြင့် ရွေးကောက်ပွဲလက်စွဲစာအုပ်နှင့် ပန်းဖလက်များအကူအညီကိုအသုံးချပြီး ကျေးလက်ဆန်သော မြစ်ကြီးနားရှိ (၁၀)မြို့နယ်တွင် အကြိမ် (၂၀၀)လက်တွေ့ဆောင်ရွက်သွားဖို့ရှိကြောင်း၊ စစ်ကိုင်းတိုင်းရှိ (၁၅)မြို့နယ်တွင် အကြိမ် (၃၀၀)လက်တွေ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တခြားအဖွဲ့အစည်း တခြားနယ်များပယ်များ ကို ဆောင်ရွက်နေသောပုဂ္ဂိုလ်များအနေဖြင့်လည်း ထိုရွေးကောက်ပွဲလက်စွဲစာအုပ်ဟာ တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာအကျိုးရှိကြောင်း ပြောသည်။
          ဆက်လက်ပြီး “ရွေးကောက်ပွဲကိုဖြတ်သန်းဖို့ဆိုတာဟာ အစိုးရသစ်တစ်ရပ်ကိုမွေးဖွားဘို့ အတွက် နိုင်ငံအတွက်အရေး ကြီးတဲ့ စာအုပ်သစ်တစ်ခုပါ” ဟုပြောသည်။
ဦးကိုကိုကြီးမှဆက်လက်ပြီး ရွေးကောက်ပွဲမဲပေးရာတွင် ခေတ်အဆက်ဆက် မဲပေးနည်းပုံစံ အမျိုးမျိုးပြောင်းလဲလာသည့်အတွက် ပြည်သူများမျက်စိမရှုပ်၊ နားမရှုပ်စေပဲ အချိန်မီသိရှိစေရန်  ပြည်သူများ သိလွယ်မြင်လွယ်စေအောင် ရုပ်ပုံလေးများ ဖြင့် စီစဉ်ရေး သားဆောင်ရွက်ပေးသော နိုင်ကျဉ်းဟောင်း ဦးသန်းဌေး(ဇီးကုန်း)အား ကျေးဇူးတင်ကြောင်းပြောသည်။
“ကျနော်တို့ငယ်ငယ် ၈၈မတိုင်ခင်က မဲထည့်ရတယ်၊ ဘာဘောပင်မှလည်းမကိုင်ရဘူး၊ ဘာ တုန်း မှလည်းမထုရဘူး၊ ၂၀၁၀ရောက်တော့ ဘောပင်ကိုင်ပြီးအမှန်ခြစ်ရတယ်၊ အခုရွေးကောက်ပွဲမှာကျရင် တုန်းထုရမယ်တဲ့ ပြည်သူတွေမျက်စိလည်တဲ့ရွေးကောက်ပွဲ”ဟု ဦးကိုကိုကြီးကပြောသည်။
 
   ရွေးကောက်ပွဲလက်စွဲစာအုပ် မိတ်ဆက်ပွဲတွင် ဦးကိုကိုကြီးမှ ရွေးကောက်ပွဲဟာအလွန်အရေး ကြီးကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းစာရေးဆရာ ဦးဇော်သက်ထွေးမှလည်းရွေးကောက်ပွဲကျင်း ပရာတွင် ပြည်သူများ မအရန် ပညာပေးစကားများပြော ကြားခဲ့သည်။ ရွေးကောက်ပွဲလက်စွဲ စာအုပ်ကို စီစဉ်ရေးသားသူ နိုင်ကျဉ်းဟောင်းဦးသန်းဌေး(ဇီးကုန်း)မှ ရွေးကောက်ပွဲ၌ မဲပေးရာတွင် တဆင့်ပြီးတဆင့် မှားယွင်းမှုမရှိပဲ အသိရှိရှိဖြင့် မဲပေးနိုင်မှုအကြောင်းများကို ပြောပြခဲ့သည်။
          ရွေးကောက်ပွဲလက်စွဲစာအုပ်သည် မဲပေးရာတွင်လွယ်ကူမှုရစေရန်အတွက် မဲပေးနည်း ပုံစံများကို ရုပ်ပုံများ၊ စာများဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ဖော်ပြစီစဉ်ထားသည်။ ထိုစာအုပ်မိတ်ဆက်ပွဲကို နိုင်ငံရေးအကျဉ်း သားဟောင်းများနှင့် နိုင်ငံရေးအင်အားစုများတက်ရောက်ခဲ့သည်။


Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>