Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မင်းညွှန့်လှိုင် - သေဆုံးသွားတဲ့ ပြတင်းပေါက်

$
0
0

 မင်းညွှန့်လှိုင် - သေဆုံးသွားတဲ့ ပြတင်းပေါက်
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၅

အလှမွေးတိမ်တွေကူးခတ်နေတဲ့
ကောင်းကင်ဘုံရေကန်သာ။

အမြင့်ဆုံးဝင်းပမှု
အချိုဆုံးဆည်းလည်းခတ်သံနဲ့
ရွှေရောင်စေတီတော်။

သို့အုပ်များ
အောက်ငုံ့တောလားဖတ်နေကျ
အစိမ်းရောင်ကြွယ်ဝမှုနဲ့ မြက်ခင်းပြင်။

အဖြူရောင်ပျံသန်းခြင်းများနဲ့
ဗျိုင်းတို့ပျော်ရာ ရေအိုင်ငယ်။

အထက်ဖော်ပြပါတို့မှာ
ကျနော်နဲ့ကျနော့်ပြတင်းပေါက်လေးထံ
နေ့စဉ်ဝင်ရောက်နေကျ
ပိုင်ဆိုင်မှုတချို့ဖြစ်ပါတယ်။

သွေးဆာနေတဲ့ သားသတ်သမားတွေလို
မြေတိုင်းသမားတွေ မလာခင်အထိ
ကိုင်းခုတ်ဓားတွေ မလာခင်အထိ
စက်ယန္တရားတွေ မလာခင်အထိ
အခါတော်ပေးတွေ မလာခင်အထိ
ပန္နက်ရိုက်မင်္ဂလာတော် မလာခင်အထိ
ကျနော်နဲ့ ကျနော့်ပြတင်းပေါက်လေး
စုပ်ယူနေကျဆေးစက်တွေပေါ့။

အခုတော့
အလိုမတူပဲ သားမယားပြုသွားတဲ့
အခြေခံဥပဒေ
ဘုတ်အုပ်ကြီးထောင်ထားသလို
စိမ်းစိမ်းမှောင်မှောင်
ပြောင်ပြောင်တင်းတင်း
သွပ်ပြားကာခြံစည်းရိုးကြီးသာ
ရှုမျှော်ခင်းကိုပိတ်ဆို့ဖို့
လေပြေညင်းကိုဆီးတားဖို့
အသင့်အနေအထားနဲ့စောင့်ကြပ်နေပါပြီ ။

မှတ်မှတ်ရရ
ညာလက်ကြီးမြှောက်မြှောက်ပြီး
ညာလက်ကြီးပြပြပြီး
ညာသန်တဲ့သမ္မတကြီး
ကြွရောက်ချီးမြှင့်တော်မူတဲ့နေ့ကစလို့
ကျနော့်ပြတင်းပေါက်လေး
အသက်ရှူရပ်သွားခဲ့ပါပြီ
မျက်လုံးမှိတ်သွားခဲ့ပါပြီ။        ။

မင်းညွန့်လှိုင်

Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>