Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး သရုပ်ဆောင်သင်တန်းဆင်းပွဲ ပြုလုပ်

$
0
0
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး သရုပ်ဆောင်သင်တန်းဆင်းပွဲ ပြုလုပ်

ရန်နောင်(ဗိုလ်တထောင်)      မိုးမခ     စက်တင်ဘာ ၂ -၂၀၁၅




















          မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ၁/၂၀၁၅ သရုပ်ဆောင်သင်တန်းဆင်းပွဲ ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးခန်းမတွင် စက်တင်ဘာလ (၁) ရက်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
          ရှေးဦးစွာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ၊နာယကကြီး စည်သူဦးဗိုလ်ကလေးတင့်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ဆက်လက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းမှ သင်တန်းဆင်းကျောင်းသား၊သူများအား မိန့်ခွန်းပြောကြားခဲ့သည်။
          ထို့နောက် စည်သူဦးဗိုလ်ကလေးတင့်အောင် မှ သင်တန်းဆရာများအား ဂုဏ်ပြုလက်မှတ်ချီးမြှင့်ပေးအပ်ရာ  ဦးဇင်ဝိုင်း မှ လက်ခံရယူခဲ့သည်။
          စည်သူဗိုလ်ကလေးတင့်အောင် မှပင် ဆက်လက်၍ နံနက်ပိုင်း သင်တန်းသား/သူများကို သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့သည်။
          ဥက္ကဋ္ဌ ဦးလူမင်းက ညနေပိုင်း သင်တန်းသား/သူများကို သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့သည်။
          ၁/၂၀၁၅  သရုပ်ဆောင်သင်တန်းတွင် သရုပ်ဆောင်အရည်အချင်းစစ်ဆေးသည့်စာမေးပွဲတွင် နံနက်ပိုင်း သင်တန်းမှ ပထမဆု မောင်ကျော်သန်းထိုက်၊ဒုတိယဆု မယမင်းအိမ်၊တတိယဆု ပွင့်ဆန်းဦး တို့ရရှိခဲ့သည်။ညနေပိုင်း သင်တန်းမှ ပထမဆု  မောင်မြင့်ထွန်း၊ ဒုတိယဆု မရွှေသိမ့်သိမ့်စံ၊တတိယဆု ထွန်းလင်းယံ တို့ရရှိခဲ့သည်။
          သင်တန်းတက်မှန်သူ နံနက်ပိုင်းသင်တန်းတွင် (၅)ဦးရှိပြီး  ညနေပိုင်း သင်တန်းတွင် (၆)ဦးရှိခဲ့သည်။ သင်တန်းတက်မှန်သူများအား ဆုချီးမြှင့်ပေးခဲ့သည်။
          ထို့နောက် သရုပ်ဆောင်သင်တန်းသား/သူများမှ ဖျော်ဖြေတင်ဆက်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

          

Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>