Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မောင်မိုးသူ - ဘယ်ကိုသွားမလဲ မရွှေဖဲ အဲလေ…ရွေးကောက်ပွဲ နှင့် မောင်မိုးသူ

$
0
0

မောင်မိုးသူ - ဘယ်ကိုသွားမလဲ မရွှေဖဲ အဲလေ…ရွေးကောက်ပွဲ နှင့် မောင်မိုးသူ
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၁၅    
မော်ဒန်သတင်းဂျာနယ် ၊ ၄ စက်တင်ဘာလ ၂၀၁၅  ထုတ်တွင် ဖော်ပြခဲ့သည့်ဆောင်းပါးဖြစ်ပါသည်

ရွေးကောက်ပွဲက နှစ်လကျော်ကျော်လေးပဲလိုတော့တယ်။

ရွေးကောက်ပွဲက ဘယ်သွားမလဲဆိုတာ မောင်မိုးသူ မသိဘူးဖြစ်နေတယ်။ ရွေးကောက်ပွဲကိုယ်စာလှယ်စာရင်းကို ရွေး ကောက်ပွဲကော်မရှင်က အတည်ပြုကြေညာမယ်လို့ ပြောကြားထားတာက ဩဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံး၊ ယနေ့ စက်တင်ဘာ  ၂ ရက်နေ့အထိ မကြေညာသေးဘူး။ ကြေညာတာက ပယ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ရှစ်ဦးပဲ ကြေညာသေး တယ်။ ပယ်တဲ့ကိုယ်စားလှယ်စာရင်းမှာ ခြောက်ဦးက အင်န်အယ်လ်ဒီ၊ နှစ်ဦးက တစ်သီးပုဂ္ဂလဖြစ်နေတယ်။ ကြံ့ခိုင်ရေးတို့၊ တစညတို့ အပယ်ခံရတာ မတွေ့ရသေးဘူး။

ရွေးချယ်ဆုံးဖြတ်တဲ့ ကော်မရှင်ဥက္ကဋ္ဌကြီးက သူက ဗိုလ်ချုပ်ကြီးဟောင်းဖြစ်လို့ မယုံကြည်ကြတာလားတဲ့။ ခက်လို့တော့ နေပါပြီ။  ကော်မရှင်ဥက္ကဋ္ဌကြီးကိုသာ  ဗိုလ်ချုပ်ကြီးဟောင်းမို့  မယုံကြည်တာ  မဟုတ်ဘူးခင်ဗျ။  ဘယ်စစ်ဗိုလ်ချုပ်ကြီးဟောင်းကိုမှ ပြည်သူက မယုံကြည်ကြတာ။

မယုံကြည်ဆို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ အားလုံးကလည်း စစ်ဗိုလ်ကြီးတွေပဲခင်ဗျ။ စစ်ဗိုလ်ကြီးများရဲ့ ရွေး ကောက်ပွဲကော်မရှင်ကို ကိုယ်စားလှယ်များ၊ အောင်နိုင်ရေး စည်းရုံးရေးကိုယ်စားလှယ်များ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။

ခက်တော့ အခက်သားဗျ။

စစ်ဗိုလ် စစ်သားများချည်း ပါဝင်တဲ့ အဖွဲ့အစည်းများ၊ ကော်မရှင်များကိုထောက်ပြရမယ်ဆိုရင် အစိုးရတဖွဲ့လုံးကို ထောက်ပြ ရမလို ဖြစ်နေပြီခင်ဗျ။

ပြဿနာအစက ၂၀၀၈ အခြေခံဥပဒေ ပဲခင်ဗျ။ စိတ်တိုင်းကျ တစ်ဖက်စောင်းနင်း သူတို့ရေးဆွဲထားတဲ့ အခြေခံဥပဒေကို  သူတို့ကိုယ်တိုင်က မလိုက်နာ မကျင့်သုံးနိုင်ကြသလို ဖြစ်နေတာတွေက အများကြီးပဲခင်ဗျ။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ သန်းခေါင်ယံအာဏာလွှဲပြောင်းတဲ့ကိစ္စကလည်း ကမ္ဘာမှာ အရယ်ရဆုံး ပြက်လုံးပဲခင်ဗျ။ သမ္မတရာ ထူးကို လက်ခံပြီးတာနဲ့ ပါတီကိစ္စ မဆောင်ရွက်ရဘူးဆိုတာနဲ့ ငြိနေသလိုလိုပဲခင်ဗျ။

အဲသည်မတိုင်မီလေးမှာပဲ သမ္မတကြီးက အနားယူခွင့်ပြုခဲ့သူများကို ကြံ့ခိုင်ပါတီထဲမှာ ထည့်ထားတာလည်း ထောက်ပြစရာ ဖြစ်နေတာပဲခင်ဗျ။

လူတွေကလည်း လူတွေပဲခင်ဗျ။ သတင်းထုတ်ပြန်မှုတွေ၊ ဖေ့ဘုတ်ခ်တွေရှိလာချိန်မှာ သမ္မတကြီးနဲ့ ရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌကြီးတို့ဟာ တစ်ပတ်စဉ်တည်း ဆင်းကြသူများလို့ ထောက်ပြနေတာတွေလည်း ရှိတယ်ခင်ဗျ။

ရွေေးကာက်ပွဲ မဲဆန္ဒရှင်များစာရင်းပြုစုရာမှာလည်း အမှားအယွင်းတွေများပြားကြောင်း ထောက်ပြနေကြတာတွေလည်း ရှိ တယ်ခင်ဗျ။

ဘာပဲပြောပြော ၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့မှာ ရွေးကောက်ပွဲကတော့ လုပ်ကြတော့မှာပဲခင်ဗျ။ အနိုင်နိုင်ငံက စောင့်ကြည့် တွေလည်း လာကြမှာခင်ဗျ။

ရွေေးကာက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ကြေညာချက်စာရင်းအရ အင်န်အယ်လ်ဒီထိပ်ဆုံးကရှိနေပြီး အရပ်ဘက်နဲ့ တိုင်းရင်း သားပါတီပေါင်း ၉၃ ဖွဲ့ရှိကြောင်းတွေ့ရှိရပါတယ်။

ဘာပဲပြောပြော အစိုးရရဲ့ ကြံ့ခိုင်နဲ့ အတိုက်အခံဖြစ်တဲ့ အင်န်အယ်လ်ဒီတို့ဟာ အများဆုံး အပြင်းထန်ဆုံး ပြိုင်ကြရမှာတော့ အသေအချာပါပဲ။

အစိုးရရဲ့ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းအပြောင်းအလဲတွေဖြစ်တဲ့ ပြဿနာရှိသလို အင်န်အယ်လ်ဒီမှာလည်း ကိုယ်စားလှယ် ရွေးချယ်မှုနဲ့ ပတ်သက်ပြီးဗဟိုနဲ့ နယ်မြေ မကျေမနပ်မှုတွေ ရှိတဲ့အသံတွေ ကြားရပါတယ်။

တကယ်တော့ စစ်တပ်က နှစ်ကြိမ် အုပ်ချုပ်ပြီးတဲ့နောက် ပြည်သူရဲ့ မဲဆန္ဒနဲ့ ပြုလုပ်တဲ့ရွေးကောက်ပွဲဟာ ဘယ်နှစ်ကြိမ်လို့ ပြောရမလဲ မသိပါဘူး။

၁၉၉၀မှာ စစ်အစိုးရက ရွေးကောက်ပွဲလုပ်တယ်။ အင်န်အယ်လ်ဒီက အပြတ်အသတ်နိုင်တယ်။အာဏာမလွှဲပေးတဲ့အပြင် အရွေးခံရသူတွေ အများဆုံး ထောင်ထဲဆွဲ သွင်းခဲ့တယ်ခင်ဗျ။ အဲသည် ရွေေးကာက်ပွဲကတော့ သင်္ကြန်အမြောက်ရွေးကောက်ပွဲပေါ့လေ။

နာဂစ်အလွန် ၂၀၀၈ အခြေခံဥပဒေကိုရေးဆွဲပြီးတဲ့နောက် စစ်အစိုးရက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထောင်ပြီး ရွေးကောက်ပွဲလုပ် ခဲ့ရာမှာ ကြံ့ခိုင်က အများဆုံးနိုင်ပြီး လွှတ်တော်အစိုးရ ပေါ်ပေါက်ခဲ့ပါတယ်။

လွှတ်တော်အစိုးရဟာ ပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆိုတဲ့ စကားတွေပြောပြီး ပြည်သူအကြိုက် မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းတာနဲ့ စခဲ့ပါတယ်။

သမ္မတကြီးဦးသိန်းစိန် အမှူးရှိတဲ့  လွှတ်တော်အစိုးရဟာ “မိဘပြည်သူများခင်ဗျာ” လို့ လေချိုသွေးပြီး ပြုပြင်ပြောင်းလဲရေးစီမံကိန်းတွေချမှတ်ခဲ့ပေမဲ့ မည်မည်ရရ ဘယ်စီမံကိန်းမှ မအောင်မြင်ခဲ့ဘူးခင်ဗျ။ သည်လိုသည်လိုနဲ့ ငါးနှစ်တာက ကုန်ဆုံး တော့မှာ ဖြစ်တဲ့အတွက် ၂၀၁၅ ရွေးကောက်ပွဲ ဆိုသဟာကြီး ဖြစ်လာတာကိုး။

ပြောရမယ်ဆိုရင် သည်ရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေးနဲ့ စစ်အုပ်ချုပ်ရေး အသွင်ပြောင်း လွှတ်တော်အစိုးရအပြီး ပထမ ဆုံးပြုလုပ်တဲ့ ရွေးကောက်ပွဲလို့ဆိုရမှာပဲ ခင်ဗျ။အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း မြန်မာ့သမိုင်းမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်း/ပြည်နယ်လွှတ်တော်နေရာတွေမှာ ၆၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ရွေေးကာက်ပွဲပဲ ခင်ဗျ။

မောင်မိုးသူ မိတ်ဆွေတွေရောက်သွားတဲ့ ရွာကလေးတစ်ရွာမှာ ရွေးကောက်ပွဲဆိုတာ ဘာလဲလို့ မေးပါသတဲ့။ သူတို့ကို ကြည့်ရတာ ၂၀၁၀ မှာ ကိုယ်တိုင်ကိုယ်ကျ မဲပေးနိုင်ခဲ့ကြပုံ မရဘူးခင်ဗျ။

ယခုတော့ဖြင့် မဲဆန္ဒရှင်စာရင်း အမှားအယွင်းများနဲ့ရယ်၊ကိုယ်စားလှယ်လောင်းတွေ  အတည်မပြုရသေးတာရယ်၊ ပယ်ချနေ တာရယ်၊ သည်လိုသည်လိုနဲ့ ရွေးကောက်ပွဲကတော့ လုပ်ကြမှာပဲခင်ဗျ။

ဘယ်သွားနေသလဲ မရွှေဖဲ။
ဘာဝယ်ခဲ့သလဲ မရွှေဖဲဆိုသလို
ဘယ်သွားမှာလဲ ရွေေးကာက်ပွဲလို့ မေးရမလို ဖြစ်နေပါပြီ။
ဘယ်သွားမလဲ မရွှေဖဲ အဲလေ ရွေးကောက်ပွဲ နှင့် မောင်မိုးသူပါ။


သရုပ်ဖော်ကာတွန်း စောငို

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>