Image may be NSFW.
Clik here to view.

NLD ရွေးကောက်ပွဲမှာ အင်ဂျင်နီယာကျောင်းဆင်း ၂၀ ဦး ထက်မနည်း ပါဝင်
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၅
၂၀၁၅ ရွေးကောက်ပွဲအတွက် တရားဝင်မဲဆွယ်ခွင့်ကာလ စတင်ပြီ ဖြစ်လို့ နေရာ ဌာန အသီးသီးက NLD အမတ်လောင်းများအတွက် မဲပေးကြရေး လှုံဆော်မှုများ ဖေ့စ်ဘွတ်ကနေ အများအပြား မြင်တွေ့ရပြီ ဖြစ်ပါတယ်။ အဲသည်မှာ ထူးခြားချက်တခုကတော့ အင်န်အယ်ဒီပါတီ၏ ကိုယ်စားလှယ်များအနက်က အင်ဂျင်နီယာကျောင်းဆင်း ၂၂ ဦးအတွက် နှိုးဆော်တဲ့ ပိုစတာ ၂၂ ချပ် ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက် ရှိတာပါပဲ။ စစ်ကိုင်းက ကိုအောင်မျိုးရဲ့ ဖေ့စ်ဘွတ်ကနေ တစုတစည်းတည်း တင်ဆက်ထားတာမို့ မြန်မာပြည်က အင်ဂျင်နီယာ ကျောင်းဆင်းများ၊ ကျောင်းသားဟောင်းများကြားမှာ ထင်ထင်ရှားရှားဖြစ်နေတယ်လို့ သိရပါတယ်။ သူတို့တင်ဆက်ထားတာတွေကို တင်ပြလိုက်ရပါတယ်။