Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

NLDမှနော်လှလှစိုး မင်္ဂလာဒုံတပ်နယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

$
0
0


NLDမှနော်လှလှစိုး မင်္ဂလာဒုံတပ်နယ်မြေတွင်ဝင်ရောက်ယှဉ်ပြိုင်မည်
ဟန်သစ်နိုင်၊မိုးမခ၊စက်တင်ဘာ၁၂ရက်၊၂၀၁၅ခုနှစ်

နော်လှလှစိုးသည် NLD ပါတီကိုယ်စားလှယ်အဖြစ်အင်းစိန်နှင့်မင်္ဂလာဒုံမြို့နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်၁၀မှဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီးပြိုင်ဘက်များမှာကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊အမျိုးသားတိုးတက်ရေးပါတီနှင့်ငြိမ်းချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းရေးပါတီပါတီ၎ခုနှင့်ယှဉ်ပြိုင်မည်ဟုစက်တင်ဘာ၉ရက်တွင်နော်လှလှစိုးမှမိုးမခသို့ပြောသည်။

မင်္ဂလာဒုံမြို့နယ်သည်တပ်နယ်မြေဖြစ်သော်လည်းဝင်ပြိုင်ဖြစ်သည့်အကြောင်းကိုနော်လှလှစိုးမှပြောပြရာတွင်မင်္ဂလာဒုံမြို့နယ်မှ NLD ပါတီဝင်များသည်အရမ်းတက်ကြွမှုရှိကြပြီးပြည်သူလူထုထောက်ခံမှုအများအပြားရှိနေကြောင်း၊မင်္ဂလာဒုံတွင်အဖွဲ့ချုပ်သည်အပြတ်အသတ်နိုင်မည်ဟုယုံကြည်မှုရှိကြောင်းပြောသည်။

''နိုင်ငံရဲ့ပြောင်းလဲမှုကိုလူတိုင်းလိုချင်ကြတယ်၊အလွှာအသီးသီးကပါ။ ဆင်းရဲပြီးမပြေလည်တဲ့သူတွေကလည်းပြောင်းလဲချင်သလိုတကယ့်ပညာတတ်အသိုင်းအဝိုင်းကလည်းပြောင်းလဲမှုကိုသူတို့လည်းသိကြတယ်၊အားလုံးကအရမ်းကိုတမ်းတအစာငတ်နေကြတယ်''ဟုပြောသည်။

NLDပါတီမှ ဦးဆောင်ခေါင်းဆောင်သူသည်ကမ္ဘာမှအသိမှတ်ပြုထားသူဖြစ်ပြီးကိုယ်တိုင်လည်းဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သောကြောင့်အောင်နိုင်ရေးတွင်ပါတီဝင်များ၊ကိုယ်စားလှယ်များအားလုံးပုံအောပြီးကြိုးစားသွားမည်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း၊အမျိုးသားလွှတ်တော်ထဲရောက်လျှင်လည်းပြည်သူအတွက်အကျိုးရှိစေမည့်ဥပဒေများကိုပြင်ဆင်အတည်ပြုပေးသွားမည်ဟုလည်းနော်လှလှစိုးမှပြောသည်။


နော်လှလှစိုးသည် ၂၀၁၄ နှစ် အောက်တိုဘာက ကျင်းပခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။ အဆိုပါ ရွေးကောက်ပွဲကို နိုင်ငံရေးပါတီများက စိတ်ဝင်စားမှု နည်းသည့်အပြင် မဲဆန္ဒရှင်များကလည်း တဦးချင်း မဲပေးခွင့် မရဘဲ တအိမ်ထောင် တမဲသာ ပေးခွင့်ရခဲ့သည်။ စည်ပင်သာယာရွေးကောက်ပွဲတွင် ကြံဖွံ့ပါတီနှင့် စစ်အုပ်စု ကျောထောက်နောက်ခံများ၊ ၀န်ထမ်းဟောင်းများသာ အရွေးခံခဲ့ရသည်။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>