Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

အုန်းနိုင် - ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘ၀တူဖြစ်ပြီ

$
0
0

အုန်းနိုင် - ဒေါ်အောင်ဆန်းစုကြည်နဲ့ဘ၀တူဖြစ်ပြီ 
၁၉၉၁ခုနှစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဒေါ်အောင်ဆန်းစုကြည်အားထုတ်ပယ်ခြင်း - (၂၁)နိဂုံး
(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၅

ကျနော်တို့ပို့တဲ့စာမှာဖော်ပြထားတဲ့အတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမိတ္တူပေးလိုက်ပါတယ်။ 

(၁၄..၉၂) မှာတော့ကျနော်တို့မြို့နယ်ရဲလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်တဲ့ဦးအုန်းနိုင်နဲ့ဦးအေးသန်းတို့ကိုအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ်ကထုတ်ပယ်လိုက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲလွှတ်တော်ကိုယ်စားလှယ်အဖြစ်မှပါပယ်ဖျက်လိုက်ကြောင်းထုတ်ပြန်လိုက်ပါတယ်..အဲဒီနေ့နေ့စွဲနဲ့ပဲစာနံပါတ် ဆက်တိုက်ထိုးပြီးကျနော်တို့မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ကိုမိမိဖာသာဖျက်သိမ်းပြီးဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့တင်ပြခြင်းမရှိပဲရွေးကောက်ပွဲကော်မရှင်သို့လိပ်မူတင်ပြခြင်းတို့ကြောင့်အဖွဲ့ချုပ်စည်းကမ်းနဲ့အညီဆောင်ရွက်ခြင်းမရှိဟု ဆိုကာထိုနေ့ အစည်းအဝေးတက်ရောက်သည့်အမှုဆောင်(၁၅)ဦးကိုပါအဖွဲ့ဝင်အဖြစ်မှထုတ်ပယ်လိုက်ပါတယ်.. 

သူတို့ထုတ်ပယ်လိုက်တာကိုကျနော်တို့ဘာမျှမပြောလိုပါဘူး.။ပြောလဲမပြောပါဘူး..။ သူတို့ကဘာအပြစ်မှမရှိတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုတောင်သူတို့မှာလုပ်ပိုင်ခွင့်ရှိရဲ့လား .. မရှိဘူးလားဆိုတာမဆင်ခြင်ပဲမတန်မရာထုတ်ပစ်ခဲ့ကြသေးတာပဲ..။ ဒါပေမဲ့ဒီစာထဲကသူတို့အကြောင်းပြချက်တခုကိုတော့ပြောချင်ပါသေးတယ်.. 

ပေါင်းတည်မြိ့နယ်စည်းကော်မတီသည်မိမိဖာသာဖျက်သိမ်းပြီးဗဟိုအလုပ်အမှုဆောင်သို့တင်ပြခြင်းမရှိဘဲ..၊ရွေးကောက်ပွဲကော်မရှင်သို့လိပ်မူတင်ပြခြင်းတို့ကြောင့်အဖွဲ့ချုပ်စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းမရှိ..” ဆိုတဲ့စာသားကိုကျနော်တို့ဖတ်ပြီးရီကြရပါတယ်..

သူတို့ဗဟိုအလုပ်အမှုဆောင်ကဒေါ်စုကိုအဖွဲ့ဝင်အဖြစ်ကထုတ်ပယ်တုန်းကရောမိမိအဖွဲ့အတွင်းအရင်မကြေညာဘဲ..၊ရွေးကောက်ပွဲကော်မရှင်ကိုပဲပထမဦးဆုံးအကြောင်းကြားခဲ့တာမဟုတ်လား..။ အဲဒါကရောအဖွဲ့ချုပ်စည်းကမ်းနဲ့ညီညွတ်ပါရဲ့လား..

 ကြေညာချက် (/၉၁)မှာပြန်ကြည့်ပါဦး..

(၁၁.၁၂.၉၁)နေ့မှာဒေါ်အောင်ဆန်းစုကြည်ကိုထုတ်ပစ်တဲ့အစည်းအဝေးဆုံးဖြတ်ချက်ကို (၁၂.၁၂.၉၁)နေ့မှာရွေးကောက်ပွဲကော်မရှင်ကိုအကြောင်းကြားခဲ့ပြီးမှ (၁၆.၁၂.၉၁)မှာအောက်ခြေကိုရှင်းလင်းချက်ထုတ်ခဲ့တာမဟုတ်လား..

ဒါတောင်ကော်မရှင်ကတယ်လီဗီးရှင်းကနေ (၁၆.၁၂.၉၁)နေ့မှာကြေညာလိုက်လို့မဖုံးနိုင်မဖိနိုင်လုပ်ခဲ့ကြရတဲ့သူတို့ကများ..ကျနော်တို့မြို့နယ်အဖွဲ့ကိုတော့အဖွဲ့ချုပ်စည်းကမ်းနဲ့မညီဘူးတဲ့..။ ဖက်စိမ်းကန်တော့ ..ပြောင်းပြန်လှန်..လို့..။ပုဆိုးမရှိတဲ့သူကများသူများကိုလုံအောင်ထိုင်ဖို့ပြောနေလေရဲ..။ ရီတော့ရီရသား..။ ရီစရာမဟုတ်လို့သာပဲ.. 

ကျနော်တို့ကိုအဖွဲ့ချုပ်ကထုတ်လိုက်တော့ကျနော်တို့ကနဲနဲမှစိတ်မထိခိုက်ပါ..။ တို့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့အခုမှဘ၀တူဖြစ်သွားပြီလို့ရင်တောင် ကော့ထားလိုက်ချင်သေးတယ်..

 နောက်တခုထူးဆန်းတာကကျနော်တို့မြို့နယ်အဖွဲ့နဲ့ဗဟိုအလုပ်အမှုဆောင်နဲ့ဒီလိုဖြစ်နေတယ်ဆိုတော့စစ်ထောက်လှမ်းရေးနဲ့ရဲသတင်းတပ်ဖွဲ့ (အက်စ်ဘီ)ကကျနော်တို့ကိုတဦးချင်း လိုက်မေးမြန်းနေပါတယ်..ဘာပြုလို့ဆရာကြီးတို့ကအဖွဲ့ဖျက်လိုက်ရတာလဲ။ဆရာကြီးအိမ်မှာဆိုင်းဘုတ်တင်လဲရသားနဲ့.. ဘာလို့ဆိုင်းဘုတ်ဖြုတ်လိုက်ရတာလဲ ..” လို့လိုက်မေးနေတာပါ..။ ဘက်ပြောင်းတာတွေများသိသာလိုက်တာ။

 ဒီအချိန်မှာကျနော်တို့ ထိုင်ဦးချထိုက်တဲ့သူတယောက်ရဲ့သတင်းကိုကြားရပါတယ်..။ ဟိုတုန်းကတရားဝန်ကြီးချုပ်ဦးသိန်းမောင်(ဖိနပ်ချွတ်)ရဲညီ.. ဦးကျော်ကဲဆိုတာက.. ကျနော်တို့မြို့ဇာတိတွေပါ..သူ့ဆွေမျိုးတွေနဲ့ပတ်သက်တဲ့အသိုင်းအ၀ိုင်းဆီကကြားရတဲ့သတင်းပါ..။ အဲဒီတုန်းကအဖိုးကြီးကအသက် (၉၀)ကျော်ပြီထင်ပါရဲ..။ သူ့သားရဲသူငယ်ချင်းဖြစ်တဲ့ဝန်ကြီးဟောင်း ဦးစံဝင်းကိုတယ်လီဖုန်းဆက်ခေါ်ခိုင်းသတဲ့..။ ဦးစံဝင်းကအမျိုးသားဒီမိုကရေအဖွဲ့ချုပ်ရဲသာယာဝတီ() လွှတ်တော်ကိုယ်စားလှယ်ပါ..။ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲမပျက်ခင်ကအမှုဆောင်ပါ..

သူရောက်လာတော့ဦးကျော်ကဲကမေးပါသတဲ့.. 
မင်းတို့ကအောင်ဆန်းစုကြည်ကိုထုတ်ပြစ်ရအောင်..ဒီအဖွဲ့ကသူဖွဲ့တဲ့အဖွဲ့လား..။ မင်းတို့ဖွဲ့တဲ့အဖွဲ့လားတဲ့..
ဦးစံဝင်းလည်းဘာမျှပြန်မဖြေနိုင်ပဲပြန်သွားရပါသတဲ့..။ ဦးကျော်ကဲမြေးများကတော့ပြောပါတယ်..ဦးစံဝင်းကိုအားနာလိုက်တာတဲ့.. 

ကျနော်ကတော့ပေါင်းတည်သားအချင်းချင်းတွေထဲမှာပဲဒီအဘိုးကြီးကိုဒါမှတို့ပေါင်းတည်သားကွလို့လက်သီးလက်မောင်းတန်းပြီးထိုင်ဦးချလိုက်ချင်ပါတယ်..။ ကြားရတဲ့သတင်းလေးမှန်မမှန်တော့မသိဘူး..ဒါပေမဲ့တကယ်မမေးပဲသာရှိချင်ရှိမယ်..။ ဒီလိုမေးခွန်းမေးချင်တဲ့သူကတော့များမှာသေချာပါတယ်..။ ဒါဟာအများစုရဲသဘောထားပါ.. 

(ပြီး


(ဓါတ်ပုံ..။၁၉၉၆ခုဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်မှပထမအကြိမ်လွတ်မြောက်လာစဉ်..ပေါင်းတည် NLD အဖွဲ့မှသွားရောက်တွေ့ဆုံပြီး..ပေါင်းတည် NLDစည်းကော်မတီဝင်များနှင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၂ဦးအားဗဟိုမှ ထုတ်ပယ်အပြစ်ပေးခံရသောဖြစ်စဉ်ကိုသွားရောက်ရှင်းလင်းပြစဉ် )

Viewing all articles
Browse latest Browse all 9633

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ဘုရင့်နောင်မှ အုန်းပေါင်၊မိုးကောင်း၊မိုးနဲ ပြည်များကို သိမ်းပြီးနောက်...


TTA Oreo Gapp Installer


(ဒုတိယရင်ခွင်နဲ့ရှင်သန်ခြင်း)ဝထ္ထုတို(စ..ဆုံး)


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


“တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမည်”


အလုပ်ဟောင်း နေရာဟောင်း ပြန်ရချင်သူများအတွက် ယတြာ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”