Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဦးဇာဂနာ ဦးစီးသည့် သီးလေးသီး အငြိမ့်အဖွဲ့ စင်္ကာပူ သွားဖျော်ဖြေမည်

$
0
0
ဦးဇာဂနာ ဦးစီးသည့် သီးလေးသီး အငြိမ့်အဖွဲ့ စင်္ကာပူ သွားဖျော်ဖြေမည်

ရန်နောင် (ဗိုလ်တထောင်)   မိုးမခ   စက်တင်ဘာ  ၁၃ - ၂၀၁၅




          စင်္ကာပူနိုင်ငံရှိ မြန်မာပြည်သူများမှ ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးများတွင် ပူးပေါင်းပါဝင်နိုင်ရန် အနုပညာ တင်ဆက်မှု ရံပုံငွေ ဖျော်ဖြေပွဲကို  အောက်တိုဘာလ (၄)ရက်နေ့တွင်  စင်္ကာပူနိုင်ငံ KRETA AYER PEOPLE’S THEATRE တွင် ကျင်းပ ပြုလုပ်မည်ဖြစ်သည်။
          အဆိုပါ ဖျော်ဖြေပွဲ ကြီးတွင် မင်းမော်ကွန်း၊ထွန်းထွန်း၊အိချောပို၊မေမြင့်မိုရ်၊ညောင်ညောင်၊ဂေါ်ဇီလာ၊ပန်းသီး၊စိန်သီး၊ဇီးသီး၊ ကြယ်သီး  (သီးလေးသီး) အဖွဲ့ ၊ နန်းခင်ဇေယျာ၊ဝိုင်းလေး၊ မေမြတ်နိုး၊ဟယ်လင်မျိုးကို တို့ ပါဝင်ကြမည် ဖြစ်ပြီး ဦးဇာဂနာ ဦးစီးကာ စီစဉ်တင်ဆက်မည်ဖြစ်သည်။
          အဆိုပါ PEACE OPERA SHOW  ဝင်ခွင့်လက်မှတ်ဈေးနှုန်းများမှာ အထူးတန်း ၁၀၀ ဒေါ်လာ ၊ GOLD $ 60, SILVER $50 , ECO 30 ဖြစ်သည်။ တပတ်ကြိုတင်ကာ ဝယ်ယူသူများ အနေဖြင့်  VIP $ 75, GOLD 45,SILVER $ 30, ECO $ 25  နှုန်းထားဖြင့်ရရှိမည် ဖြစ်သည်။
          လက်မှတ်များကို ALTITUDE ENTERTAINMENT GROUP #04-18/19 Peninsula Plaza ၊ သပြေနု၊ ဇေယျာ ရောင်းဝယ်ရေး ၊သဇင် ၊ ကျော်ဇင်- 9101 6464 ၊ မန္တလေးစတိုင် ဘာဘီကျူး၊ အောင်ပြည့်သျှံ  တို့တွင် ဝယ်ယူရရှိနိုင်ကြောင်းလည်း  သိရှိရသည်။
          စင်္ကာပူနိုင်ငံတွင် နေထိုင်လျှက်ရှိသော မြန်မာကျောင်းသူ၊ကျောင်းသားများ ၊Company ဝန်ထမ်းများ၊လုပ်ငန်းရှင်များ ၊မှီခိုနေထိုင်သူများ၊အထွေထွေအလုပ်သမားများ အတွက် စိတ်ချမ်းသာ၍ အပန်းပြေစေရန်နှင့် မြန်မာပြည်တွင်း အကြောင်းအရာများ၊ပြုပြင်ပြောင်းလဲမှုများ၊မြန်မာ့ဂီတ ရသစာပေ နှင့် ယဉ်ကျေးမှုတို့ဖြင့် ရင်းနှီးနွေးထွေးမှုရှိစေရန် နှစ်စဉ်နှစ်တိုင်း  တင်ဆက်ရန် စီစဉ်ထားကြောင်းလည်း ပွဲစီစဉ်သူ ဦးကောင်းထွဋ်က ပြောပြခဲ့သည်။
          ` ကျနော်တို့ ပထမ စီစဉ်ထားတာက စက်တင်ဘာလဆန်းပိုင်းပါ။မြန်မာနိုင်ငံမှာ ရေဘေးသင့်ပြဿနာများ ပေါ်ပေါက်လာသောကြောင့် ကျနော်တို့ Company အနေဖြင့် ပြည်တွင်း၌လည်း ရံပုံငွေရရှိရေး ကြိုးပမ်းမှု များစွာ ပြုလုပ်သကဲ့သို့ စင်္ကာပူရှိ ကျင်းပမည့်ပွဲတွင်လည်း ရံပုံငွေ ရှာဖွေပေးရန် ထည့်သွင်း စီစဉ်လိုသောကြောင့် မြန်မာနိုင်ငံရှိ Company ကြီးများနှင့် စင်္ကာပူရှိ Company ကြီးများ၏ ပူးပေါင်းပါဝင် ပံ့ပိုးမှုများလိုအပ်သဖြင့် ပွဲကျင်းပချိန်အား အောက်တိုဘာလဆန်းသို့ ရွှေ့ပြောင်းခဲ့၍ ပွဲလာရောက်အားပေးသူများ ၊ပွဲ ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးသော company များ၊ ရေဘေးသင့် ကယ်ဆယ်ရေးအတွက် အလှူရှင်များအားလုံးနှင့် အနုပညာရှင်များ အဆင်ပြေကျေနပ်မှုရှိစေရန် ရည်ရွယ်ပါတယ် ´ ဟုလည်း ကိုကောင်းထွဋ်က ပြောကြားခဲ့သည်။
          ဦးဇာဂနာ ကလည်း စင်္ကာပူရောက်  မြန်မာများ ရေဘေးအတွက် လှူ ရင်း ပွဲလေးကို လာရောက်အားပေးကြပါရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။











Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>