Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

စက်တင်ဘာ ၁၇ သတင်းများ

$
0
0
ပယ်မဲဖြင့် ရွေးကောက်ပွဲအနိုင်အရှုံးဆုံးဖြတ်နိုင်ကြောင်း  NLD သတိပေး

၂၀၁၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲ အားကိုးဖြင့် အနိုင်ယူမှု ရှိခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင် ပယ်မဲ အများအပြား ပေါ်ပေါက်သည့်နည်းဖြင့် အနိုင်ယူခြင်း မဖြစ်စေရန်  ဂရုစိုက်ရမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)  နာယက ဦးတင်ဦးက   စက်တင်ဘာ ၁၆ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် မဲဆွယ်ပွဲတွင်  ပြောလိုက်သည်။
ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်သော မဲစာရင်းတွင် အမှားအယွင်း များစွာ ပါဝင်နေမှုမှာ မဲစာရင်း လေ့လာသော NLD ကို အလုပ်မရှုပ်ရှုပ်အောင် ဖန်တီးသကဲ့သို့ ဖြစ်နေကြောင်းလည်း သူက ပြောလိုက်သည်။ (ကိုးကား - The Daily Eleven)

ရှေးဦးပြုစုနည်း တစ်အိမ်တစ်ယောက်သင်ပေးမည်

တစ်အိမ်လျှင် တစ်ယောက်နှုန်း ရှေးဦးပြုစုနည်း  တတ်မြောက်ကြရေးအတွက် သင်တန်းများ စီစဉ်နေကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ  ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည့် ဒေါ်ခင်ခင်ရှိန်က ပြောသည်။
စီမံချက်အရ တစ်ရွာလျှင် ၃ ဦးနှုန်း သင်ကြားပေးကာ သင်တန်းဆင်းပြီးသူများက ရှေးဦးပြုစုနည်းပညာ ထပ်မံဖြန့်ဖြူးသည့်စနစ် ကျင့်သုံးမည်ဟု ဆိုသည်။
ကြက်ခြေနီအသင်း၏  ၂၀၁၆- ၂၀၂၀ ငါးနှစ်တာ မဟာဗျူဟာလုပ်ငန်းစဉ်များ ရေးဆွဲရာတွင် ပြည်သူများ ရှေးဦးပြုစုနည်းပညာရပ်  လေ့ကျင့်သင်ကြားရေး၊ ရေရှည်တည်တံ့ရေးတို့ကို ထည့်သွင်းမည်ဟု သိရသည်။  (ကိုးကား - 7Day Daily) 

အပစ်ရပ်စာချုပ်လက်မှတ်ထိုးရန် နာဂအဖွဲ့  ရန်ကုန်တွင်ဆွေးနွေး

အောက်တိုဘာတွင် ချုပ်ဆိုရန် ပြင်ဆင်နေသည့် တစ်နိုင်ငံလုံးအပစ်ရပ်ရေး စာချုပ်တွင်  ပါဝင်လက်မှတ်ထိုးရေးအတွက် အိန္ဒိယ-မြန်မာနယ်စပ် အခြေစိုက် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) က ရန်ကုန်တွင် အစိုးရနှင့် လာရောက် ဆွေးနွေးခဲ့သည်။
NSCN-K သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို လေ့လာသူအဖြစ် ၅ ကြိမ်တက်ရောက်ဖူးသည်။
အိန္ဒိယအစိုးရကလည်း  NSCN-K ကို အိန္ဒိယမြောက်ပိုင်း တိုက်ခိုက်မှုတွင် ပါဝင်နေသည်ဟု ဆိုပြီး ဥပဒေပြင်ပအဖွဲ့အဖြစ် သတ်မှတ်ထားသည်။  (ကိုးကား - ပြည်မြန်မာ)

Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>