Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မောင်လူရေး - ၁ + ၁ = ၃ နိုင်ငံရေးအခြေအနေ

$
0
0
မောင်လူရေး - ၁ + ၁ = ၃ နိုင်ငံရေးအခြေအနေ
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၅

နှစ်ပေါင်းအစိတ်ကြာခဲ့ပြီဆိုပေမင့် ၁၉၉၀ ဆိုတာ မနေ့တနေ့ကလို့ဘဲ ထင်နေသေးသည်။

၂၀၁၅ အခြေအနေကလည်း ၁၉၉၀ အတိုင်း ရွေးကောက်ပွဲလုပ်မလို့ဘဲ ရှိသေးသကိုး။

အဲဒီတုန်းက ၈၈ အရေးတော်ပုံကြီးကို စစ်တပ်က ရက်ရက်စက်စက်သတ်ဖြတ်နှိမ်နင်းပြီး ၉၀ မှာ ရွေးကောက်ပွဲလုပ်ပေး မယ်ဆိုပြီး တပ်မတော်အစိုးရသည် တာဝန်ကြီးလေးရပ် ထမ်းဆောင်စရာရှိသည်ဆိုကာ အချိန်ကို ၂ နှစ်ကြာဆွဲဆန့်ခဲ့သည်။

ပါတီများတည်ထောင်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို သဲသဲမဲမဲလိုက်လံနှိပ် ကွပ်နေရာ ပြည်သူလူထုကြီးမှာ ခက်ခဲကျပ်တည်းတဲ့စားဝတ်နေရေးတဖက်နဲ့ နိုင်ငံရေးဘက်မလှည့်သာ မလှည့်ရဲဖြစ်နေချိန်။ လူအများစု နိုင်ငံရေးသွေးအေးနေချိန်။

နိုင်ငံရေးသွေးနိုးလှုပ်ရှားမှုအဖြစ် ကျောင်းသား၊ လူငယ်နဲ့ ဘုန်းကြီးများသာ ဘုန်းကြီးကျောင်းများကိုအခြေပြုပြီး စာစောင် အမျိုးမျိုးထုတ် နိုင်ငံရေးလှုပ်ရှားမှုအမျိုးမျိုးလုပ်နေချိန်ဖြစ်သည်။

ရွေးကောက်ပွဲမတိုင်ခင်ကာလများတွင် ဒေါ်အောင်ဆန်းစုကြည်လဲရွေးကောက်ပွဲဝင်ခွင့်မရ၊ အထိမ်းသိမ်းခံနေရ။ နိုင်ငံရေး အာခံ တော်လှန်သူမှန်သမျှ တော်ခိုသူခို ထောင်ခိုသူခိုနေရပြီး NLD ပါတီဝင်များလဲ နဲနဲမှ မလှုပ်နိုင်ချိန်တွင် မဆလတဖြစ်လဲ တစညပါတီဟာ မြို့တိုင်းနယ်တိုင်းက ဘောလုံးကွင်းကြီးတွေထဲမှာ စည်းရုံးဟောပြောပွဲကြီးတွေ တပ်အစိုးရအကူအညီနဲ့ အကြီးအကျယ်လုပ်ကြသည်။ တဆညပါတီက ထမင်းကျွေး လက်ဆောင်ပေး အတုအယောင်လူထုစည်းဝေးပွဲကြီးတွေလုပ်ပြီးတဲ့နောက် မြို့နယ်တိုင်းက နိုင်မယ်လို့ အာမခံပေးထားကြရာ စစ်အစိုးရက ရွေးကောက်ပွဲပြီးရင် အာဏာလွှဲပြီး စစ်တန်း လျားပြန်မယ်ကတိနဲ့ ရွေးကောက်ပွဲကြီးကို အပီအပြင် သန့်သန့်ရှင်းရှင်းလုပ်ပေးခဲ့သည်။ ခွက်ခွက်လံရှုံးတော့မှ ရွေး ကောက် ပွဲဟာ အခြေခံဥပဒေရေးဆွဲဖို့သာဖြစ်တယ်ဆိုပြီး အာဏာလဲမလွှဲ အခြေခံဥပဒေလဲရေးဆွဲခွင့်မပေးဘဲ နည်းမျိုးစုံသုံးပြီးညစ်ပတ်လာခဲ့သည်မှာ ခု ၂၀၁၅ ထိ။

၉၀ ရွေးကောက်ပွဲပြီးကထဲက ဒို့တာဝန်အရေးသုံးပါးဆိုတာ ရှိသေးတယ်၊ တာဝန်ကြီးလေးရပ် အစကပြန်ပတ်ရမယ်ဆိုပြီး နိုင်ငံရေးသမားမှန်သမျှ ထောင်သွင်း ဝေ့ကာ လည်ပြီး ကြောင်ပြီးရင်းကြောင်နေရာက ဒီပဲယင်းအရေးအခင်းကြောင့် ကမန်းကတန်းလမ်းပြမြေပုံထဆွဲ၊ ရွှေဝါရောင်ဖြစ်မှ ပြူးတူးပြဲတဲခြေဥအပီးသတ်၊ နာဂစ်လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြီးနဲ့မှ အဲဒီခြေဥကြီးနိဂုံးကပ္ပတ်ကာ ၂၀၁၀ မှာ အဲဒီ၁၄ နှစ်ကြာခြေဥကြီးနဲ့အညီ အရပ်ဝတ်စစ်အစိုးရအဖြစ်ပြောင်းခဲ့ကြသည်။

ဒီအခြေအနေလေးရောက်ဖို့ သွေးချောင်းစီးခဲ့ပြီးပြီ။

ခုလဲ ဒီမိုကရေစီအမည်နဲ့ အရပ်သားအစိုးရဖြစ်လာတာတောင် သွေးစက်တို့ကျတုန်း။

၉၀ ကိုပြန်ကြည့်ရင် ရွေးကောက်ပွဲအတွက် တစညက ဝုန်းဒိုင်းကကြဲနေပေမဲ့ NLD ဟာ နေရာတော်တော်များများမှာ စည်းရုံး ရေးထွက်ဖို့ဝေးရော ရွေးကောက်ပွဲရက် မနက်ကျမှ ဆောင်းဘောက်လေးဘာလေးနဲ့ သီချင်းလေးမတိုးမကျယ်ထဖွင့်ရတဲ့နေရာမျိုးတွေကိုက အများကြီးပါ။ ဒါပေမဲ့ လူထုရဲ့နိုင်ငံရေးအသိစိတ်ကြီးကြောင့် မြို့နယ်တိုင်းနီးပါး NLD နဲ့ ဒီမိုကရေစီပါတီများ အပြတ်အသတ်အနိုင်ရခဲ့ကြ။

အခု ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည်လဲရွေးကောက်ပွဲဝင်ခွင့်ရတဲ့အပြင် ကိုယ်တိုင်ဦးဆောင်ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးစည်းရုံးရေးများ အနုပညာရှင်ပေါင်းများစွာနဲ့ တပြည်လုံးချိမ့်ချိမ့်ညံနေစဉ်  ကြံ့ခိုင်ရေးဘက်မှ ငြိမ်ချက်သားကောင်းလှသည်။ လုပ်သမျှစည်းရုံးရေးခရီးစဉ်လေးတွေလဲ ကျီးနဲ့ဖုတ်ဖုတ်ပင်။ လတ်တလောပါတီတွင်း အာဏာသိမ်းမှု မိုးကျရွှေကိုယ်စိုးမိုးမှုများကြောင့်ရယ်၊ သိမ်ငယ်စရာပါတီပုံရိပ်ရယ်ကြောင့် ပါတီဝင်များကိုယ်တိုင် တက်ကြွ မှုမရှိ။

၉၀ တုန်းက တပ်မတော်နယ်မြေတွေမှာပါ အပြတ်အသတ်ရှုံးခဲ့ပြီး တစညပါတီကို အားပြုလို့မဖြစ်ခဲ့ပုံမျိုး  ကြားဖြတ်ရွေး ကောက်ပွဲမှာလည်း ဝန်ထမ်းချည်းရှိတဲ့မြို့တွေမှာပင် အပြတ်အသတ်ရှုံးခဲ့တာကြောင့် ကြံ့ဖွတ်ကိုအားပြုလို့မရမှန်း ကောင်း ကောင်းသိပြီးသားဖြစ်ပါလျက် စစ်အာဏာရှင်ကြီးများ ဒီရွေးကောက်ပွဲကြီးကို တည့်တည့်တိုးတာဟာ ရှောင်လွဲမရတော့လို့ လား။ ရလာဒ်ကို ကျေကျေနပ်နပ်လက်ခံပြီး အပြောင်းအလဲကို အားပေးချင်လို့လား။ ရှေ့ဆက် အတူလက်တွဲ ဆောင်ရွက် ချင်လို့လား။ တိုင်းပြည်ရဲ့အနာဂတ်ကို ပြည်သူ့လက်ထဲ အပ်လိုက်တော့မလို့လား။

အဲလိုမဟုတ်ဖူးဆိုရင် ၁ နဲ့ ၁ ပေါင်းရင် ၃၊ ဒါမှမဟုတ် ၄၊ ဒါမှမဟုတ် ၅ ထွက်နိုင်တဲ့အဖြေတွေ ရှိနေလို့လား။

 ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ မဲစာရင်းမှန်ကန်မှု ၃၀%ဘဲ အာမခံနိုင်တယ်ဆိုတဲ့ကြေညာချက်ကတော့ ၁ နဲ့ ၁ ပေါင်းရင် ၂ မထွက်တာ သေချာနေပါပြီ။

နောက်ပြီး ပြည်ပထွက်သူပေါင်းသန်းချီရှိနေသည်။ သေဆုံးသူတွေမဲစာရင်းမှာ နေရာယူပြီးနေပြီ။

ရွေးကောက်ပွဲကော်မရှင်က ၁ နဲ့ ၁ ပေါင်း ၃ ဆိုရင် ၄ နဲ့ ၅ က ဘာတွေဖြစ်မလဲ။

ဒီမိုကရေစီကို ရွေးကောက်ပွဲက သတ်တယ်လို့ ကြားလို့မှ တော်မည်မဟုတ်။

မောင်လူရေး

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>