Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

စိုးခိုင်ညိန်း ● စွန့်စားခန်း

$
0
0
စိုးခိုင်ညိန်း ● စွန့်စားခန်း
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၈

အဲဒီမှာရှိတာ သေချာရဲ့လား ဘယ်မှာလဲ
တချိန်လုံး ဘုရားပန်းလဲတဲ့ကိစ္စပဲ
ပြီးသွားတာက ဘုရားပွင့်ပြီးကတည်းက
ကျန်ခဲ့တဲ့ အမှောင်ထဲက အရိအရွဲတွေ
မှိတ်ထားတဲ့ မျက်ခွံအတွင်းထဲ စီးဝင်သွားတယ်
မိုင်ပေါင်းလေးရာကျော် အဝေးကလှုပ်ရှားမှုတွေဟာ
ကိုယ့်ရဲ့ပတ်ပတ်လည်မှာ လူးလွန့်သွားလာနေတယ်
ခံစားမှုတွေဟာ သားလျှောသွားသလို သွေးအလိမ်းလိမ်းနဲ့
အပူချိန်က ခေါင်းထဲက ရေခဲမုန့်ကို အရည်ပျော်သွားစေတယ်
ယားယံမှုဟာ ကြမ်းပြင်တွေကတဆင့် အရေပြားပေါ်ရောက်လာတယ်
အဲဒီမှာ ရှိတယ် သေချာတယ်ဆိုတဲ့ ပျော်ရွှင်မှုဟာ
ကျီးအာသီးတွေအဖြစ် တဖြုတ်ဖြုတ်ကြွေပေါ့
အထက်စီး အဝေးကနေ ကြည့်မိလို့ အမှိုက်ပုံကြီးက လှတယ်ဆိုတဲ့စိတ်နဲ့
ပေငါးထောင်ကျော် အမြင့်ကနေ ခုန်ချခဲ့လိုက်တာပါ
အထပ်ထပ် ထပ်ထားတဲ့ ဖြစ်စဉ်ထဲကနေ ထိုးထွက်နေတဲ့ အပ်တစ်ချောင်းပေါ်ကို။

စိုးခိုင်ညိန်း
၂၈၊ ၄၊ ၂၀၁၇

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>