Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

အူရီဒူး သုံးစွဲသူများ `အူရီဒူးကြိုသုံး ´ ဝန်ဆောင်မှုသစ် စတင်

$
0
0
အူရီဒူး သုံးစွဲသူများ  `အူရီဒူးကြိုသုံး ´ ဝန်ဆောင်မှုသစ် စတင်
ရန်နောင်(ဗိုလ်တထောင်)   မိုးမခ   စက်တင်ဘာ ၂၄ -၂၀၁၅

          အူရီဒူး ဆင်းကတ်အသုံးပြုသူ မိဘပြည်သူများအနေဖြင့် ဖုန်းဘေလ်ဖြည့်ရန် အခြေအနေ အကြောင်းကြောင်းကြောင့် အခက်အခဲဖြစ်ရခြင်းကို အရေးပေါ်ဖြေရှင်းရန်အတွက် ကြိုသုံး ငွေ ထုတ်ပေးသော `အူရီဒူး ကြိုသုံး ´ ဝန်ဆောင်မှုကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ရယူနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

          အူရီဒူးဆင်းကတ်ကို အသုံးပြု၍ ကြိုသုံးငွေ ထုတ်ယူရန်အတွက် သုံးစွဲသူ၏ ဖုန်းလက်ကျန်ငွေထဲတွင် ငွေပမာဏ ၂၀၀ ကျပ် သို့ အောက်ရောက်သည်အထိ နည်းပါးလွန်းပြီး၊ မည်သည့်နည်းနှင့် မဆို တစ်ကြိမ် ငွေဖြည့်သွင်းပြီးသူ ဖြစ်ရပါမည်။ ထို့ပြင် ဒုတိယအကြိမ်မြောက် ကြိုသုံးဝန်ဆောင်မှုကို ရယူချင်ပါက ပထမ ကြိုတင်အသုံးပြုထားသော ကြိုသုံးငွေ ကို ပြန်လည်ပေးပြီးသူ ဖြစ်ရပြီး ယင်းအချက်များနှင့် ကိုက်ညီသည့် အူရီဒူး သုံးစွဲသူများမှသာလျှင် ကြိုသုံးငွေ ဝန်ဆောင်မှုကို ဆက်လက် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

          ကြိုသုံးငွေရရန် အထက်ဖော်ပြပါအချက်များနှင့် ကိုက်ညီသည့် သုံးစွဲသူဖြစ်ပါက ကြိုသုံးငွေရရှိမည်ဖြစ်ပြီး မကိုက်ညီပါက ကြိုသုံးငွေ ရရန် ကိုက်ညီသူ မဟုတ်ကြောင်းကိုလည်း အသိပေးသွားမည်ဖြစ်သည်။ကြိုသုံးငွေကို *125# သို့ နှိပ်ပြီး ရယူနိုင်ပါသည်။ အူရီဒူး သုံးစွဲသူများ ကြိုတင်အသုံးပြုနိုင်သည့် ကြိုသုံးငွေ ပမာဏ မှာ ၈၀၀ ကျပ်(ရှစ်ရာကျပ်) ဖြစ်ပြီး ဝန်ဆောင်ခအဖြစ် ၅၀ ကျပ် ကောက်ခံသွားပါမည်။ ဆိုလိုသည်မှာ ယင်းကြိုသုံးငွေ ပြန်လည်ပေးပါက ကြိုသုံးငွေ ၈၀၀ ကျပ်+ ဝန်ဆောင်ခ ၅၀ ကျပ်=စုစုပေါင်း ၈၅၀ ကျပ် ကို ပေးရမည်ဖြစ်သည်။)

          ကြိုသုံးငွေ ပမာဏ နှင့် ဝန်ဆောင်ခအား ဖုန်းငွေဖြည့်သည့်အခါ နှုတ်ယူသွားပါမည်။ ဖုန်းငွေဖြည့်ပြီးနောက် ကြိုသုံးငွေပမာဏ နှင့် ဝန်ဆောင်ခ နှုတ်ယူရန် မလုံလောက်ပါက ဖုန်းငွေဖြည့်ထားသည့် ပမာဏကို နှုတ်ယူပြီး  လက်ကျန်ပမာဏနှင့် ဝန်ဆောင်မှုအား နောက်တစ်ကြိမ် ဖုန်းငွေဖြည့်လျှင် နှုတ်ယူသွားမည် ဖြစ်ပါသည်။ ကြိုသုံးငွေကို တစ်ကြိမ်သာ ထုတ်ယူခွင့်ရှိပြီး ကြိုသုံးငွေ ပြန်မဆပ်သေးပါက နောက်တကြိမ်ထပ်၍ ချေးယူ၍ မရနိုင်ပါ။ကြိုသုံးငွေအား အခြားသူထံ လွှဲပြောင်းပေး၍လည်း မရနိုင်ပါ။

          အူရီဒူးမြန်မာ၏ ` ကြိုသုံးဝန်ဆောင်မှု ´ နှင့် ပတ်သက်၍ အူရီဒူးမြန်မာ၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး အကြီးတန်း မန်နေဂျာ ဒေါ်သီရိကြာညိုက ` အရေးတကြီး အကြောင်းအရာတခုကို သေသေချာချာ ဖုန်းပြောဖို့ ရုတ်တရက် ပေါ်လာတဲ့အခါ၊ဖုန်းငွေကလည်း ဖုန်းပြောဖို့ ၂၀၀ ကျပ်(၁၀မိနစ်စာ)ပဲကျန်တဲ့အခါ ဒါမှမဟုတ် ဒါ့ထက်နည်းချင်လည်း နည်းနေမယ်၊အဲလိုအခါမျိုးမှာ အရေးပေါ် အနေနဲ့ အင်မတန် အသုံးဝင်တဲ့ ဝန်ဆောင်မှုကို ကျမတို့ အူရီဒူး သုံးစွဲသူ မိဘပြည်သူတွေကို ပေးနိုင်အောင် ဆောင်ရွက်လိုက်နိုင်တဲ့အတွက် အင်မတန် ဝမ်းမြောက်မိပါတယ်၊ အသုံးတည့်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ် ´ ဟုပြောသည်။
















Viewing all articles
Browse latest Browse all 9633

Trending Articles


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စနေမင်း နှင့် တနင်္ဂနွေမင်း


TTA Oreo Gapp Installer


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ