Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ငြိမ်းချမ်းအေး - ငါ ကိုးကွယ်တဲ့ ဘာသာတရား

$
0
0

ငြိမ်းချမ်းအေး - ငါ ကိုးကွယ်တဲ့ ဘာသာတရား
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၅

ထွက်ရပ်ပေါက်တွေ မလိုချင်
နိဗ္ဗာန်ကို မျက်မှောက် မပြုချင်
ပိုမိုညီမျှတဲ့ လောကလူ့ဘောင်သစ်ကိုသာ
ငါ ရှေးရှုတယ်..။

အဖိနှိပ်ခံတွေရဲ့ ဘာသာတရား
အဖိနှိပ်ခံတွေရဲ့ ရဟန်း ဘုန်းကြီး
အဖိနှိပ်ခံတွေရဲ့ ဘုရားကျောင်းတော်
လူထု ဘာသာရေးသာ ငါ ကြည်ညိုတယ်..။

ဖိနှိပ်သူကို ဖေးကူ အာဏာဆက်ပေးချင်တဲ့
လူတစု ဘာသာရေးလုပ်သူတွေ
ခပ်ဝေးဝေးမှာ နေကြစမ်း..။

ငယ်စဉ်ကတည်းက
ဘုရားသခင်က ဘုရားကျောင်းထဲမှာ
မရှိဘူးဆိုတဲ့ အကြောင်းကို
တဂိုးရဲ့ ‘ဂီတဉ္ဇလီ’
‘ပန်းလှတောနဲ့ ဝေးရာ’ ကနေတဆင့်
ငါသိခဲ့တယ်..။

ဘုရားရှိခိုးသံ၊ ဆုတောင်းသံတွေနဲ့ ဝေးရာ
မည်းမှောင် ကျဉ်းမြောင်းတဲ့ ဘုရားကျောင်းကိုစွန့်
ကျယ်ပြန့်တဲ့ မြက်ခင်းပြင်စိမ်း၊
လယ်တောနဲ့ စက်ရုံ
လူထုဆီကိုသာ မျက်မှောက်ပြုခဲ့တယ်..။

အခုလည်း
ရေပေါ်ဆီ လူ့မလိုင် အခွင့်ထူးခံ
လူတစုနဲ့ ပွဲတက်ချီးမြှင့်
သြဇာ၊ အာဏာ၊ ဓန
ဆီဦးထောပတ် ပွဲတော်တည်ဖို့က
ဘာသာရေးနဲ့ ရဟန်း အလုပ်မဟုတ်ကြောင်းကို
ကယ်တင်ရှင်မရှိ၊ နတ်ဘုရား မယုံ၊
ဖန်ဆင်းရှင် မကိုးတဲ့ ငါ့ကို
ကယ်တင်ခြင်း ဦးဆောင်လမ်းညွှန်နေသူ
မျက်မှောက်ခေတ် အကြီးမြတ်ဆုံး လူသား ရဟန်း
ပုပ်ဖရန်းစစ် က အလုပ်တွေနဲ့ သက်သေပြနေပြန်တယ်..။

ဆင်းရဲသားကို ထမင်းခူးခပ်ကျွေးဖို့သာ
ကျောင်းတော်နဲ့ ဘုန်းကြီးအလုပ်..။

ခွင့်တူညီမျှတဲ့ ကမ္ဘာစနစ်တည်ဆောက်ဖို့သာ
ဘုန်းကြီးကျောင်းနဲ့ ရဟန်းအလုပ်..။

လူထု လူအများ ဆင်းရဲခြင်းက လွတ်ကင်းဖို့သာ
ဘုရားကျောင်းနဲ့ ဘာသာရေးရဲ့ အလုပ်..။

လူတစု အကျိုး ရှေးရှုသူတို့ကို ထိုးနှက်ဖို့က
ဘုရားအဆုံးအမအောက်နေသူတိုင်းရဲ့ အလုပ်..။

လူတစု အာဏာ တည်ဆောက်နေသူတွေကို ရှုတ်ချပြစ်တင်ဖို့က
ဘာသာတရားရှိသူတိုင်းရဲ့ အလုပ်..။

လူတစု ဥစ္စ ဓန တည်ဆောင်နေခြင်းကို ထောက်ပြဆန့်ကျင်ဖို့က
ဘုရားရှိခိုးနေသူတိုင်းရဲ့ အလုပ်..။

ဒါ ငါ့ စိတ်နှလုံးရှိရာ ဘုန်းကြီးကျောင်း
ဒါ ငါ ဦးခိုက်တဲ့ ရဟန်း သံဃာ
ဒါ ငါ ကိုးကွယ်တဲ့ ဘာသာတရား..။

ပုပ်ရဟန်းမင်းကြီးက
ကမ္ဘာ့အချမ်းသာဆုံး တိုင်းပြည်ရဲ့
အဆင်းရဲဆုံး အိမ်ခြေယာခြေမဲ့တွေကို
ထမင်းခွံ့နေချိန်မှာ..

ငါ့တိုင်းပြည်မှာ လောကီကြောင်း မအပ်စပ်ရာ
ဘုန်းကြီးဆိုသူများက မျိုးစောင့်ထောက်ခံပွဲနဲ့
ဖိနှိပ်သူ လူတစုဘက်လိုက်
အာဏာနိုင်ငံရေး မဲဆွယ်နေကြချိန်မှာ..

ငါ ကိုးကွယ်တဲ့ ဘာသာတရားအကြောင်း
ရေးဖွဲ့လိုက်ပါရဲ့..။

ငြိမ်းချမ်းအေး
စက်တင်ဘာ ၂၅၊ ၂၀၁၅

မှတ်ချက် -  တသက်လုံးအဖြစ် ပြောင်းလဲခံယူစေတဲ့ ဘဝအမြင် ခံယူချက်တွေကို ဆယ်နှစ်သားအရွယ်မှာ စာပေဂုဏ်ကျေးဇူးနဲ့ ရရှိခဲ့တယ်။ ဒါကို ကလေးတယောက်ရဲ့ရေးခြစ်ခြင်းနဲ့လည်း မှတ်တမ်းတင်ခဲ့ဖူးတယ်။ ကျနော့် ကလေးလက်ရာ ခဲခြစ်က လေးပါ အမှတ်တရ တွဲတင်လိုက်ပါတယ်။ တဂိုးကဗျာကတော့ နာမည်ကျော်မို့ အားလုံးလည်း ဖတ်ဖူးရင်းနှီးပြီးနေမှာပါ။



Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>