Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - ငါ့ အမြင် ဘဝ အမြင် ဓမ္မ အမြင်

$
0
0

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - ငါ့ အမြင် ဘဝ အမြင် ဓမ္မ အမြင်
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၅

ပါရမီဆိုတာ ဘဝကို တဆင့်ထက်တဆင့် မြင့်တက်သွားစေတဲ့ အကျင့်မြတ်များ ဆိုတော့ ဘဝရဲ့ အနိမ့်ဆုံးအဆင့်က စပြီး စစ်ကြည့်ရအောင်။

အဘိဓမ္မာကျမ်းများမှာ သတ္တဝါမှန်သမျှ လောကထဲကို “ဘဝနိကန္တိက လေဘဇော"နဲ့စတယ်လို့ ဆိုပါတယ်။ ဘဝကို ဆာလောင်တပ်မက်တဲ့“တဏှာ"နဲ့စတယ်-လို့ ဆိုလိုတာပါ။ “ပဋိစ္စသမုပ္ပါဒ်"ဒေသနာအရကြည့်ရင်လဲ- “အဝိဇ္ဇာ တဏှာဒွေမူလ"နဲ့စတယ်လို့ပဲ ဆိုပါတယ်။ အရိုင်းဆုံးလို့ဆိုရမယ့် အစောဆုံးလူသားများဟာ- တိရိစ္ဆာန်နဲ့ သိပ်မခြားပါဘူး။ အားလုံးဟာ-တဏှာလောဘပေါက်ပွားရာ"အတ္တ"ဆိုတဲ့အထင်မှားကြီးကိုချည်း အခြေခံပြီး ကြည့်ကြ, မြင်ကြတာပါ။

ဝန်းကျင်တခုလုံးကို- "ငါကြိုက်ထာ ရှာတယ်၊ငါ့အကြိုက်ပဲ ကြည့်တယ်၊ ငါကြိုက်တာတွေ့တော့ ရအောင်ကြိုးစားတယ်"ဒါဟာ လောကကို ‘ငါ'နဲ့ကြည်ပြီး“တဏှာ"နဲ့ မြင်တာပါပဲ။ ငါကြိုက်ထာကို တဏှာနဲ့ရှာလို့-များများပိုင်ဆိုင်လာတော့- “ငါ့ကို တုနိုင်သူ ရှိသေးလား"ဆိုတဲ့‘မာန'ဖြစ်လာတယ်။ တဏှာအားကောင်းေးတာ့ မာန ပေါက်ပွားပေါ်ပေါက်လာတယ်-လို့ ဆိုနိုင်ပါတယ်။ ဒီထက်ပိုပြီး ပိုင်ဆိုင်လာတော့ ပတ်ဝန်းကျင်ကို သူကြိုက်သလို ချယ်လှယ်ခွင့်ရလာတယ်။ ပတ်ဝန်းကျင်ကလဲ သူ့ကိုမလွန်ဆန်ဝံ့တော့ဘဲ အလိုလိုက် လာရတယ်။ အဲဒီအခါမှာ-“ဘာမဆို ငါ့အလိုကျ အကုန်ဖြစ်ရတယ်၊ ငါမှ ငါ"ဆိုတဲ့"ဒိဋ္ဌိ"ဖြစ်ပေါ်လာတယ်။ မာနလွန်တော့ ဒဋ္ဌိဖြစ်သွားတဲ့ သဘောပေါ့။

 လောကကို"အတ္တ"လို့ခေါ်တဲ့"ငါ့အမြင်နဲ့သာ ကြည့်နေရင်-“တဏှာ, မာန, ဒိဋ္ဌိ"ဆိုတဲ့ဒီတရားဆိုး သုံးမျိုးနဲ့သာ မြင်တတ်ပါတယ်။ ဒီတရားသုံးမျိုးဟာ-သတ္တဝါတို့ကို သံသရာနယ်ထဲက ရုန်းမထွက်နိုင်အောင် တုပ်နှောင်ထားသလိုဖြစ်လို့ သံသရာနယ်ကို-ရှည်စေ,ကြယ်စေတတ်တဲ့အတွက်- “ပပဉ္စ"တရားများလို့ ခေါ်ပါတယ်။ အဲဒီအဆင့်မှာ လူတွေရဲ့စိတ်ထားဟာ- “ဘယ်သူသေသေ ငတေမာ ပြီးရော"ဆိုသလို ငါ့အတွက်,ငါ့အလိုပြည့်ရေးသာ ပဓာနဆိုတဲ့စိတ်နဲ့ "ကြီးနိုင် ငယ်ညှင်း"ကျင့်ကြတဲ့ကာလကြီးဖြစ်လို့- လူရဲ့"အနိမ့်ဆုံးအဆင့်"လို့ ဆိုရပါတယ်။ ဒိနေ့အထိလဲ-"ဘယ်သူသေသေ ငါ့အလိုပြည့်ဖို့သာ ပဓာန၊ငါ့အလိုကိုဆန့်ကျင်သူ ငါ့ရန်သူ"ဆိုတဲ့စိတ်နဲ့ ကြီးနိုင် ငယ်ညှင်း ကျင့်သူများကို ဓမ္မဓိဋ္ဌာန်အရ- "လူ့ အောက်တန်းစားများ"လို့သာ သတ်မှတ်ပါတယ်။ "အပါယ်လေးဘုံတို့ရဲ့ အိမ်ရှင်များ"ဖြစ်လို့ပါ။

ဒီစနစ်ဆိုးကြီး ကာလရှည်လာတဲ့အခါ.. သတိတရား, အသိတရား နဲနဲဝင်လာဖို့- အတွေ့အကြုံက ဆုံးမလာတယ်။ အဲဒါ ဘာလဲဆိုတော့- "ဘာမဆို ငါလိုသမျှ ဖြစ်ရမယ်"လို့ ထင်မှတ်နေသူတိုင်း အို,နာ,သေ-ဆိုတဲ့ သဘာဝဘေးကိုကျတော့ လက်မြှောက် အရှုံးပေးရတော့တယ်။ ဒီတော့မှ-"လောကကြီးဟာ ငါဖြစ်ချင်သလို မဖြစ်ဘူး၊ငါ့အတွက်သာ ပဓာန-ဆိုတာလဲ မပြည့်စုံဘူး၊ ငါက ငါ့အတွက်သာ ကြည်ခဲ့တဲ့အတွက် ငါမစွမ်းတော့တဲ့အခါ ငါ့ကို ကူညီသူလဲ မရှိတော့ဘူး။ ငါလိုချင်တာချည်း ရှာဖွေသိမ်းပိုက်ခြင်းဟာ-ငါ့ဘဝကို မပြည့်စုံနိုင်ပါကလား.."ဆိုတဲ့"ဘဝအမြင်"ရလာတယ်။

"ငါ့အမြင်"ကျောခိုင်းပြီး ဘဝအမြင်လေးပေါ်လာတဲ့အတွက် ဘဝတူအားလုံးကို "သူတို့လဲ ငါလိုပဲ၊ ငါ့အမြင်သက်သက်နဲ့ အရာရာ ပြည့်စုံနိုင်စွမ်း မရှိသူတွေချည်းပါလား"ဆိုတဲ့ ကိုယ်ချင်းစာစိတ်ကလေး ဖြစ်လာတာပေါ့။ ဒီစိတ်ဓာတ်ကြောင့် တဆင့်တိုးတက်လာတာက- “ကိုယ်နှင့်လည်းစာ, သတ္တဝါကို,ကြင်နာလှစေ, သူ့အသက်ကို, ချစ်ပါလေ"လို့- အရှင်မဟာရဋ္ဌသာရ စပ်ဆိုခဲ့တဲ့အတိုင်း- သူ့အသက်ကို ချစ်တတ်တဲ့“မေတ္တာ"စိတ်လေးပေါ်လာတယ်။

ပါရမီသဘောနဲ့ ပြောမယ်ဆိုရင်- ငါ့အတွက်လို့ တွယ်တာထားတဲ့ ကာမအာရုံများနဲ့ ငါမှငါ လို့တွယ်တာထားတဲ့ ဘဝတို့က ရုန်းထွက် လိုက်ထာက"နေက္ခမ္မ ပါရမီ"ပေါ့။ ဒီလုပ်ရပ်မှာ- ဆုံးဖြတ်ချက်ကို အခိုင်အမာပြုတဲ့"အဓိဋ္ဌာန"၊  ငါချစ်စရာ,ငါမုန်းစရာတို့ကို လျစ်လျူရှုတဲ့"ဥပေက္ခာ"၊ လွတ်အောင် ကြိုးစားတဲ့"ဝီရိယ"၊ လွတ်အောင်ရုန်းမှဖြစ်မယ်-လိုသိတဲ့"ပညာ"တို့လဲ ပူးပေါင်း ပါဝင်နေတယ်လို့ သဘောပေါက်ပါ။

ကိုယ်ချင်းစာစိတ်,မေတ္တာစိတ် ပီပီပြင်ပြင်ဖြစ်လာတော့- သတ္တဝါအားလုံးရဲ့ ဘုံဆိုင်ပြဿနာကိုလဲ မြင်လာတယ်။ ဘာလဲဆိုတော့- ဘယ်သတ္တဝါမဆို မကျေနပ်စရာများနဲ့ ကြုံရမှာကို ကြောက်နေရတာရယ်၊ ကျေနပ်စရာတွေ ပြည့်စုံဖို့ မျှော်နေရတာရယ်၊ ဒီနှစ်ခုဟာ အဲဒီအချိန်မှာကြံရတဲ့ ဘဝပြဿနာပါပဲ။ အဲ-ခုလဲ ဒီပြဿနာနှစ်ခုဟာ ငြိမ်းချမ်းခြင်း, ဆူပူခြင်းတို့ရဲ့ အဓိပြဿနာပါပဲ။

ဒီ အမေရိကရောက် မြန်မာတွေက-ရွှေပြည်ကြီးမှာ ပြဿနာတွေက များမှများ-လို့ပြောတိုင်း- မများလှပါဘူး၊နှစ်ခုပဲရှိပါတယ်-လို့န်ြပြောတော့- ဘုန်းဘုန်းက နောက်နေပြန်ပြီတဲ့။ အတည်ပြောတာပါ၊ရွှေပြည်ကြီးမှာ- မကျေနပ်စရာတွေနဲ့ ကြုံနေရတာရယ်၊ ကျေနပ်စရာ မပြည့်စုံတာရယ်၊ ဒီနှစ်ခုပါပဲ-ဆိုတော့မှ.. “အေး..ဟုတ်တယ်နော် -ကမ္ဘာကြီးက ပြဿနာနှစ်ခုထည်းနဲ့ ရှုပ်နေကြတာပဲ.."တဲ့။ အ

တိုချုပ်ကတော့- အကြောက်နဲ့ အမျှော်ပါပဲ။ တရားသော အကြောက်,အမျှော်လို့သာ ဆိုရမှာပါ။ ဒီနှစ်ခုကို အကြောင်းပြုပြီး-သတ္တဝါအားလုံး "ကြောက်ရွံ့ခြင်းမှ ကင်းဝေးစေလိုတဲ့ ကရုဏာ"နဲ့ “မျှော်လင့်ချက်တို့ ပြည့်စုံချမ်းသာစေလိုတဲ့ မုဒိတာ"တို့ ပေါက်ပွားလာလို့ပါပဲ။ ဒီစိတ်ဓာတ်တွေ..မေတ္တာ,ကရုဏာ,မုဒိတာ-တို့ပေါ့၊ ပြီးတော့ အချင်းချင်း နားလည်ခွင့်လွှတ်ခြင်းနဲ့ အပြန်အလှန် ချွတ်ယွင်းချက်တို့ကို လျစ်လျူရှုတဲ့ ဥပေက္ခာ-ရယ်ပေါ့၊ အဲဒီတရားတွေဟာ ဘဝကို ငြိမ်းချမ်းစေတဲ့ မြင့်မြတ်စိတ်ထားတွေ ဖြစ်လို့“ဗြဟ္မစိုရ်"တရားများလို့ ခေါ်ပါတယ်။

ဒါကို ဆရာကြီး ဦးရွှေအောင်ကတော့- လောကကို ဗြဟ္မစိုရ်နဲ့ မြင်တတ်လာတဲ့ တိုးတက်မှုလို့ မှက်ချက်ချပါတယ်။ ဘဝချင်းစာနာတဲ့"ဘဝ အမြင်"ဆိုတာ"ဗြဟ္မစိုရ် အမြင်"ပါပဲ။ ဒီအမြင်ကြောင့်- အချင်းချင်း ဒုက္ခပေးသလိုဖြစ်တဲ့ နိုင်ထက်စီးနင်း သတ်ဖြတ်ညှင်းဆဲခြင်းစသည်မှ ရှေင်ကြဉ်တဲ့"သီလ"တို့၊ ဒုကခရောက်သူကို ကူညီတဲ့ "ဒါန"တို့၊ ခွင့်လွှတ်သည်းခံတဲ့"ခန္တီ"၊ အမှန်အတိုင်း ပြောဆိုဆက်ဆံတဲ့"သစ္စာ"တို့ဆိုတဲ့ မြင့်မြတ်တဲ့ ပါရမီအလုပ်တွေ ပေါ်ပေါက်လာပါတယ်။

 လောကကို ဗြဟ္မစိုရ်နဲ့ကြည့်တတ်တဲ့ ဘဝအမြင်ကြောင့်- ပါရမီဆယ်ပါး၊အပြားသုံးဆယ်တို့ကို ပြည့်အောင်ဖြည့်နိုင်သလို စင်ကြယ်မှု-ဝိသုဒ္ဓိအဆင့်အရကြည့်ရင်လဲ-အခြေံဖြစ်တဲ့ “သီလဝိသုဒ္ဓိ"တော့ အစင်အကြယ် ဖြစ်လာပါပြီ။ သာသနာအလိုမရဆိုရင်လဲ- မကောင်းမှု ရှောင် ကောင်းမှု ဆောင်-ဆိုတဲ့ တရားနှစ်ပါး ထင်ရှား ပေါ်ပေါက်လာပြီလို့ ဆိုနိုင်ပါတယ်။


စက်တင်ဘာ ၂။ လိတ်လန်း၊ဖလော်ရီဒါ။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>