Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live
↧

အေးငြိမ်း ● စနစ်သစ်ပညာရေးနှင့် ကျွန်ုပ်အကြောင်း

$
0
0
အေးငြိမ်း ● စနစ်သစ်ပညာရေးနှင့် ကျွန်ုပ်အကြောင်း
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၈


အတွဲ (၆)၊ အမှတ် (၁) ဇွန်လ၊ ၂၀၀၈ ထုတ် မဂ္ဂဇင်းမှ ကူးယူဖော်ပြခြင်းဖြစ်သည်။

မိတ်ဆွေတယောက်ပို့လာ၍ ပညာရေးဝန်ကြီးဌာန၊ အထက်အရာရှိဆိုသူများက ပေါက်တတ်ကရ အမိန့်တွေထုတ်ကာ ပညာ ရေးစနစ်ကို ဖျက်ဆီးနေပါကြောင်း၊ ထို့ကြောင့် ပညာရေးပိုင်းကို စိစစ်ကြပ်မတ်ပေးပါရန် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံရေးထားသော ပညာရေးဝန်ထမ်းတဦး၏ စာကို ဖတ်လိုက်ရပါသည်။ ထိုစာဖတ်မိပြီး ခေါင်းထဲသို့ အတွေးတစ ဝင်လာသဖြင့် ရေးလိုက်ရပြန်ပါကြောင်း။ (ကျုပ်က အမှန်တွေရေးပြတာ။ တရားစွဲတာတွေ ဘာတွေ မလုပ်နဲ့နော။ ကျုပ်က ကြောက်တတ်တယ်။)
Ref: link: https://www.facebook.com/451408591693369/photos/a.523713597796201.1073741829.451408591693369/ 786163011551257/?type=3

မြန်မာနိုင်ငံမှ ပညာရေးစနစ်ကြီးအကြောင်း အများပြည်သူသိပြီးဖြစ်၍ မပြောလိုတော့ပါ။ ကျွန်တော်ပြောချင်သည်မှာ စနစ် သစ်ပညာရေးဆိုတာကြီးအကြောင်း ဖြစ်ပါသည်။

ကျွန်တော်လူမှန်းသိတတ်စ အရွယ်ကတည်းက စနစ်သစ်ပညာရေးဆိုတာကြီးနှင့် ပက်ပင်းတိုးခဲ့ရသည်။ ထိုကတည်းက တသစ်တည်း သစ်လာလိုက်သည်မှာ ယခုတိုင် စနစ်သစ်လို့ မဆုံးနိုင်။ မြန်မာနိုင်ငံလောက် ပညာရေးကို စနစ်သစ်သည့်နိုင်ငံ ကမ္ဘာပေါ်တွင် နှစ်နိုင်ငံမရှိ။

စနစ်တွေသာ သစ်သစ်သွားသည်၊ ဘာတွေများ ထူးခြားလာပါသနည်း။ တိုးတက်လာပါသနည်း။ စနစ်သစ်ပညာရေးနှင့် သင်ကြားခဲ့ရသော ကလေးများသည် စနစ်ဟောင်းနှင့် သင်ခဲ့ရသည့် ကလေးများထက် ဘာတွေများ ပိုတတ်လာပါသနည်း။
စနစ်တွေသာ သစ်လိုက်ကြသည်။ စနစ်သစ်လိုက်လို့ ကလေးတွေ ဘယ်လောက် တိုးတက်လာသလဲ၊ ပိုတတ်လာသလဲဆိုတာ ကိုယ့်ဘာသာကိုယ်လည်း ပြန်မမေးကြ။ ကိုယ်စိတ်ထဲထင်ရာသာ စွပ်လုပ်နေကြလေသည်။

မိမိတို့ ချမှတ်ကျင့်သုံးနေသည့် ပညာရေးစနစ် မည်မျှထိရောက်သည်ကို တစ်ခါမှလည်း မဆန်းစစ်ကြ။ အဲလေ ဆန်းစစ်တယ် ဆိုတာ ကြားတောင် ကြားဖူးကြပါလေစ။ သိတော့သိတယ် အလုပ်ရှုပ်မှာစိုးလို့ မသိချင်ယောင်ဆောင်နေတာဆိုလျှင်တော့ လည်း မပြောတတ်ပါ။

ယခင် ကျွန်တော် သူငယ်နှပ်စားဘဝက ပညာရေးစနစ် တစ်ခါသစ်လေတိုင်း ဟုတ်နိုးနိုးဖြင့် တအားတက်ခဲ့ဖူးသည့် အချိန် တွေရှိခဲ့ဖူးသည်။ သို့သော် ယခု အသက်ကလေးရလာလို့ ၎င်းတို့လုပ်ခဲ့သည့် စနစ်သစ်ဆိုတာကြီးကို ပြန်တွေးမိမှ အတော်ရီ ချင်မိလေသည်။

ကျွန်တော်ပြောတာ လွန်မလွန် မိတ်ဆွေတို့ စဉ်းစားကြည့်ပါခင်ဗျာ။

ကျွန်တော် ၉ တန်း၊ ၁၀ တန်းကို ၁၉၇၇၊ ၇၈၊ ၇၉ ခုနှစ်များတွင် တက်ခဲ့၏။ ဆယ်တန်းစာမေးပွဲကို ၁၉၇၉ မတ်လတွင်ဖြေခဲ့၏။
ကျွန်တော်တို့တက်ခဲ့တာ စနစ်သစ်ပညာရေးဖြစ်၏။ ဆိုတော့ ကျွန်တော်တို့ အရင်အတန်းတွေတုန်းက စနစ်ဟောင်းပေါ့။ မဟုတ် ပါ ခင်ဗျာ။ သူတို့လည်း ကျွန်တော်တို့ခေတ်ကျမှ စနစ်ဟောင်းဖြစ်သွားရတာဖြစ်ပြီး ယခင်ကတော့ စနစ်သစ်သာ ဖြစ်ပါသည်။ ထို့အတူ များမကြာမီ ကျွန်တော်တို့တက်ခဲ့ရသောစနစ်သည်လည်း စနစ်ဟောင်းဖြစ်သွားပြန်ကာ နောက်ထပ် စနစ်သစ်တစ်ခု ပေါ်လာပြန်ပါသည်။

သဟာဆို ဘယ်လို စနစ်သစ်တယ်ဆိုတာ နည်းနည်းလောက် စေ့ငုကြည့်ရအောင်။

ကျွန်တော်တို့မတိုင်မီ စနစ်ဟောင်းတုံးက ၉ တန်းဆယ်တန်းတွင် ဝိဇ္ဇာ၊ သိပံ္ပခွဲထား၏။ ကျွန်တော်တို့ စနစ်သစ်ကျတော့ ဝိဇ္ဇာ၊ သိပ္ပံရယ်လို့မရှိတော့ဘဲ ပေါင်းလိုက်သည်။ လုပ်ပုံလည်း ကြည့်လိုက်ဦး။ ဓာတုဗေဒနှင့် ရူပဗေဒကို တတွဲ။ ပထဝီ၊ သမိုင်းနှင့် ဘောဂဗေဒကို တတွဲ။ မြန်မာစာ၊ အင်္ဂလိပ်စာနှင့်သင်္ချာများပေါင်းလိုက်တော့ စုစုပေါင်း ဘာသာရပ် ၆ ခု ဖြစ်သွား သည်။

နောက်တော့ တွဲရေးကိုမကြိုက်၍ ပြန်ခွဲပြန်သည်။ နောက် ခွဲရေးမကြိုက်၍ ပြန်တွဲပြန်သည်။ သည်စာ၊ သည်ကျောင်း၊ သည် ဆရာ၊ သည်သင်နည်း၊ သည်အချိန်။ ဘာတခုမှ မပြောင်းဘဲ စာကိုသာ ဟိုလိုတွဲလိုက်၊ သည်လိုခွဲလိုက် လုပ်နေကြလေသည်။
သည်ကြားထဲ ဟုတ်တိပတ်တိ၊ ဝပ်သားရင်းဟိုက်နှင့် ဂလိတ်အိတ်စ်ပတ်တေးရှင်း (အယ်မယ်လေး၊ လျှာလိပ်လိုက်တာ) ကို အင်္ဂလိပ် ပြဋ္ဌာန်းစာအဖြစ် သင်လိုက်သေးသည်။ ထိုအချိန်တုံးက တက်ခဲ့ရသည့် ကျောင်းသားများကို ကြည့်လိုက်တော့လည်း ဘာတစ်ခုမှ ထူးခြားတိုးတက်လာတာ မမြင်ရ။ သည်ပုပ်ထဲက သည်ပဲကြီးလှော်စေ့တွေသာ ဖြစ်လေသည်။

၎င်းတို့လုပ်နေပုံကို ယခု ကျွန်တော်ပြန်စဉ်းစားကြည့်လိုက်တော့ အနှီပညာရေးဌာနမှ လူကြီးများမှာ လက်ထဲသို့ ရွှံ့တုံးတတုံး ရလာသော ကလေးငယ်တစ်ဦးလို ဖြစ်နေလေသည်။ ကလေးငယ်မှာ ရွှံ့တုံးကို လေးထောင့်လေးလုပ်လိုက်သည်။ အတန် ကြာတော့ လေးထောင့်ပုံကို မနှစ်သက်ရကား အလုံးလေးလုပ်လိုက်ပြန်သည်။ တခါ အလုံးကြီးက ကြည့်ရတာ ရုပ်ဆိုး လိုက်တာဆိုပြီး ပိရမစ်ပုံ လုပ်ပြန်သည်။ ထိုပညာရေးဆရာကြီးများမှာလည်း ထိုကလေးနှင့် ဘာမှမကွာ။ အတူတူပင် ဖြစ် လေသည်။

အဘယ်ကြောင့် ဤသို့ဖြစ်နေရသနည်း။ ၎င်းတို့သည် ကလေးများ၏ ပညာရေးတိုးတက်မှုကိုလိုလား၍ စနစ်များကို တ သစ်တည်း သစ်နေခြင်း ဖြစ်ပေမည်။ သို့သော် ၎င်းတို့သည် (Think out of the box) ဆိုတာကို ဂရုမပြုမိကြသောကြောင့် သည်ပုံးထဲတွင်သာ အဝိုင်းလုပ်လိုက်၊ လေးထောင့်လုပ်လိုက် လုပ်နေကြခြင်းဖြစ်၏။

အသင် ပညာရှိမင်းတို့ခင်ဗျာ ...
အသင်တို့သည် ဤပုံးထဲမှ ရုန်းမထွက်နိုင်သရွေ့ကာလပတ်လုံး စနစ်များ မည်မျှပင်သစ်နေသည်ဖြစ်စေ၊ ကလေးများ၏ ပညာတတ်မြောက်မှု အဆင့်မှာ တက်လာစရာအကြောင်း တစ်ပြားဘိုးကမှ မရှိကြောင်း ပြောလိုက်ပါရစေ။ ပညာရေး ရည် မှန်းချက်ကြီးမည်မျှ ချထားပါစေ၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး တည်ဆောက်အံ့ဟု မည်မျှပင် ဆင်လောက်ကြီးသည့် စာလုံးကြီးများဖြင့် ရေးနေသည် ဖြစ်ပါစေ။ မထူးရေးချ မထူးဟု ကျွန်ုပ်က ဆိုလိုက်ပါသည်။
ချမှတ်ထားသော မဟာဗျူဟာနှင့်လုပ်နေသည့် နည်းဗျူဟာများကို ပြန်လည်သုံးသပ်ကြပါ။ ငါတို့ရေးဆွဲချမှတ်ထားတာ တွေဟာ တကယ်ဖြစ်နိုင်ရဲ့လား၊ မြေပြင် အခင်းအကျင်းနဲ့ ကိုက်ညီရဲ့လားဟု ပြန်လည်သုံးသပ်ကြပါ။ ရန်ကုန်လောက်တွင် မကြည့်ဘဲ ဟို့ ကျွန်တော်တို့ ဝါးတောကွင်းရွာက ကျောင်းလိုဟာမျိုးထိ ဆင်းကြည့်ကြပါ။ ဝါးတောကွင်းရွာတွင် ဆယ်ရက် လောက်အိပ်ကာ သူတို့ စာသင်နေပုံ၊ ကလေးများ စာသင်ကြပုံ၊ စာတတ်မြောက်မှုအခြေအနေများကို လေ့လာကြပါဟု အလေးအနက် တိုက်တွန်းလိုက်ရပါကြောင်း။

(အဝေးသင်တက္ကသိုလ်၊ ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ်အတွက် ပြဋ္ဌာန်းထားသော အင်္ဂလိပ်စာ အဆင့်အတန်းမှာမူ အတော်ကြီးကို စိတ်ပျက်စရာဖြစ်၏။ ယခု သင်နေသည့်စာများမှာ ယခင် အနှစ် ၃၀လောက်၊ ကျွန်တော်တို့ ကျောင်းသား ဘဝက သင်ခဲ့ရသည်များနှင့် အတူတူပင်ဖြစ်၏။ တစ်ပြားဘိုးမှ မပြောင်းပါ။

သို့သော် ဤသည်ပင်လျှင် ကျွန်ုပ်အတွက် အခွင့်ကောင်းတစ်ရပ်ဖြစ်လေ၏။ ကျွန်ုပ်သည် ဖြေခဲ့သော ပထမနှစ်နှင့် ဒုတိယနှစ် စာမေးပွဲများတွင် အင်္ဂလိပ်စာကို အထဲတွင် ဘာတွေပါတယ်ဆိုရုံလောက် လှန်လှောကြည့်ပြီး စာတစ်လုံးမှမကျက်ဘဲ ဖြေ ခဲ့ခြင်း ဖြစ်၏။ ဤသည်မှာ ကျွန်တော် တော်လွန်းလှလို့မဟုတ်။ ပြဋ္ဌာန်းထားသည့်အင်္ဂလိပ်စာအဆင့်က နိမ့်လွန်းလှ၍ ဖြစ် လေသည်။)

ကျွန်တော် ယခု စင်ကာပူပညာရေးအကြောင်း အပြည့်အစုံရေးရန် လိုအပ်သည့် စာအုပ်စာတမ်းများ စုဆောင်းလျက်ရှိပါသည်။ စာအုပ်တစ်အုပ်ထုတ်လောက်သည်ထိ ကြိုးစားကြည့်ပါမည်။ လက်တွေ့ကျောင်းတက်နေသည့် ကျောင်းသားများ နှင့် ဆရာ၊ ဆရာမများကိုပါ အင်တာဗျူးလျက် စာတွေ့လက်တွေ့ ရေးပါမည်။

သူများသားသမီးတွေ ဘယ်လိုလုပ်နေသည်ကို သိနိုင်ကြစေရန် ဖြစ်၏။ ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁ မေလ၊ ၂၀၁၈
↧

ဆောင်းယွန်းလ ● ပါကင်မဖွင့်ရသေးတဲ့ အရိပ်တွေ

$
0
0

ဆောင်းယွန်းလ ● ပါကင်မဖွင့်ရသေးတဲ့ အရိပ်တွေ
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၈

စိတ်ထဲပေါ်လာတဲ့အတွေးကို ပြန်ရေးချဖို့ 
စိတ်ထဲမှာ ပြန်တွေးနေရတဲ့ ဖြစ်ရပ်တွေနဲ့
ကမ္ဘာမြေပူနွေးလာခြင်းဟာ
မျက်နှာထားစရာ
ရေခဲတောင်တွေရှားပါးလာခြင်း သတင်းဖြစ်တယ်
နားရှိရုံလောက်နဲ့
မလုံလောက်တော့တဲ့ သတင်းတွေအတွက်တော့
စီရင်ရမယ့်အမှုတွေကို ပလပ်ပစ်လိုက်ရုံပေါ့
အပျင်းပြေနားကြပ်တပ်ရင်း
ရော့ခ်သီချင်းအပြင်းစားတွေ နားထောင်နေရခြင်းမှာ
မျက်စိတွေလည်းမှုန်လာခဲ့တယ်
ရုံတင်ထားတဲ့ ဇာတ်ကားတွေထဲမှာ
လူကြမ်းဖြစ်လိုက် မင်းသားဖြစ်လိုက်နဲ့ 
ဒေါင်လိုက်ကြည့်မှ အတည့်မြင်ရတဲ့မြင်ကွင်းတွေပေါ်က
မှားယွင်းမှုများစွာနဲ့ ဖြစ်ရပ်မှန်များက
ဖော်ထုတ်သူဝေးလို့ သွေးအေးနေသလိုမျိုး
ကိုယ့်အရိုးကိုယ်ပြန်ငုံ့ကြည့်မိမှ
ဟောင်းနွမ်းဆွေးမြေ့သွားတဲ့ ခြေလှမ်းများ
အတိတ်ဟာ
ပြန်လည်ဖော်ထုတ်ခွင့်မရှိခဲ့တဲ့
အလုံပိတ်အိတ်ထဲမှာ တိတ်ဆိတ်ငြိမ်သက်လို့ 
မြို့နဲ့တူတဲ့ မျက်နှာတွေပေါ်မှာ
လူနဲ့မတူတော့တဲ့ ဦးခေါင်းတွေ
အမှောင်ကိုဆောင်းရင်း အရောင်ပြောင်းခြင်းများ။

ဆောင်းယွန်းလ
↧
↧

သစ်ကောင်းအိမ် ● မိသားစု

$
0
0

သစ်ကောင်းအိမ် ● မိသားစု
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၈

ဒီကမ္ဘာလောက်
လှတဲ့ကမ္ဘာ ....

ဘယ်ကမ္ဘာမှာမှ မရှိဘူး။
↧

ကိုနိုင်း ● ခေတ်ပြတင်းတံခါးပေါက်

$
0
0
ကိုနိုင်း ● ခေတ်ပြတင်းတံခါးပေါက်
(တောင်ပေါ်ကျေးလက်ကျောင်းအက်ဆေးတပုဒ်)
(မိုးမခ) အောက်တိုဘာ ၃ဝ၊ ၂ဝ၁၈

အတွဲ (၆)၊ အမှတ် (၁) ဇွန်လ၊ ၂၀၀၈ ထုတ် မဂ္ဂဇင်းမှ ကူးယူဖော်ပြခြင်းဖြစ်သည်။

ကျွန်တော်အခုအချိန်မှာ အက်ဆေးအရေးအသားတွေကို စိတ်ဝင်စားနေပါတယ်။ အက်ဆေးဆိုတာကိုလည်း နှစ်သက်နေ ပါတယ်။ ဒီအက်ဆေးအရေးအသားတွေကိုဖတ်ကြည့်လိုက်တဲအခါ ခေတ်ပေါ်ကဗျာရေးသူ အများအပြား ရေးနေကြတာတွေ့ ရပါတယ်။ ခေတ်ပေါ်ကဗျာရေးသူတွေရဲ့ အက်ဆေးတွေကိုလေ့လာကြည့်ရင်၊ ရိုးရိုးစကားပြေ၊ စကားပြောအရေးအသား တွေထက် ပိုပြီးဆွဲဆောင်မှုတွေကိုတွေ့ရမှာပါ။ စကားလုံးအဖွဲ့အနွဲ့တွေ ကျစ်လစ်တာ၊ နိမိတ်ပုံဆန်ဆန်ရေးဖွဲ့နေကြတာတွေ ကိုတွေ့နိုင်ပါတယ်။ ဒီနေရာမှာ အက်ဆေးအရေးအသားတွေက ဆောင်းပါးမဟုတ်တာ တွေ့လိုက်ရသလို၊ ဝတ္ထုမဟုတ်တာ ကိုလည်း တွေ့နိုင်ပါတယ်။ နောက်တချက် ကျွန်တော်တို့ငယ်စဉ်ကရေးခဲ့ကြရတဲ့ စာစီစာကုံးရေးပုံနဲ့မတူကွဲပြားနေတာကိုလည်း တွေ့နိုင်ပါတယ်။ စာစီစာကုံးအရေးအသားတွေဟာ နိဒါန်း, စာကိုယ်, နိဂုံးဆိုတာတွေနဲ့ဘောင်ခတ်ထားပါတယ်။ ဒီနေ့ရေးနေကြတဲ့အက်ဆေးတွေမှာတော့၊ နိဒါန်း, စာကိုယ်, နိဂုံးတွေ ဘောင်မခတ်ဘဲ လွတ်လပ်စွာရေးဖွဲ့ခွင့်ကို ရယူထားပါတယ်။ အက်ဆေးတပုဒ်မှာ ခံစားမှုကို ဦးစားပေးရေးဖွဲ့နေကြပါတယ်။ ဒီခံစားမှုထဲမှာ ခေတ်ကိုနွယ်ပြီး ရေးဖွဲ့ကြတဲ့အခါ၊ စာဖတ်သူ တွေကိုပိုပြီးစိတ်ဝင်စားစေအောင်ဆွဲဆောင်မှုကိုရသွားပါတယ်။ ဆရာဇော်ဇော်အောင်ကလည်း "တကယ်တော့ အက်ဆေး ဆိုတာ စာတိုလေးပါပဲ၊ ရေးတဲ့သူကသူ့ကိုယ်ပိုင်ခံစားချက်၊ ထင်မြင်ယူဆချက်တွေကိုတင်ပြတာပါပဲ"  လို့ ပြောဖူးပါတယ်။

အခု အက်ဆေးတွေမှာ စကားပြေရေးဟန်နဲ့ စကားပြောရေးဟန်တွေနဲ့ ရေးလာကြတဲ့အခါ ပိုပြီးလွတ်လပ်လာပါတယ်။ တခု သတိထားရမှာက အက်ဆေးတပုဒ်ထဲမှာ စကားပြေအရေးအသားတွေနဲ့ စကားပြောအရေးအသားတွေ ရောနေမယ်ဆိုရင် တော့ အရသာ ပျက်သွားပါလိမ့်မယ်။ ကျွန်တော်လေ့လာကြည့်တာက ရေးသူပြောချင်တဲ့အကြောင်းအရာပေါ်မှာ မူတည်နေ ပါတယ်။ မိမိပြောချင်တဲ့အကြောင်းအရာကို ပေါ့ပေါ့ပါးပါးနဲ့ ခပ်သွက်သွက်ပြောချင်တဲ့အခါမှာတော့ စကားပြောဟန်နဲ့ရေးသား တာ ပိုကောင်းမွန်တာတွေ့ရပါတယ်။ မိမိတင်ပြလိုတဲ့အကြောင်းအရာက လေးလေးနက်နက် တွေးတောစရာဖြစ်မယ် ဆိုရင် တော့ စကားပြေအရေးအသားနဲ့ရေးတာ ပိုသင့်တော်မယ်ထင်ပါတယ်။ ဘယ်လိုဟန်နဲ့ရေးရေး လွတ်လပ်တဲ့ အတွေး အခေါ် တွေ၊ လွတ်လပ်တဲ့အရေးအသားတွေက ရသမြောက်နေကြပါတယ်။

ခေတ်အကြောင်းကိုလည်း ထင်ဟပ်နိုင်ပါတယ်။  ပေါ့ပေါ့ပါးပါး အတွေးလေးတွေရေးတတ်ရင်လည်း အက်ဆေးဖြစ်တာပါပဲ။ တွေးစရာတော့အမြဲပါနေတတ်ပါတယ်။ စာရေးတတ်ပေမယ့် အတွေးမပါရင်တော့ အက်ဆေးလို့ပြောလို့မရနိုင်ပါဘူး။

ဒီရက်တွေမှာ ကျွန်တော်ဖတ်မိတဲ့ ဒေးလီးအလဲဗင်းနေ့စဉ်သတင်းစာထဲက အက်ဆေးတပုဒ်ကို ခံစားမိတာပြန်မျှဝေ ချင်ပါ တယ်။ တောင်ပေါ်ကျေးလက်စာသင်ကျောင်းလေးကို ခံစားရေးဖွဲ့ထားတဲ့ အက်ဆေးလေးပါ။ အဲဒီအက်ဆေးက Daily ELEVEN နေ့စဉ်သတင်းစာထဲမှာပါတဲ့ (ဖြူသင်းလှိုင်) ရဲ့ "ချစ်သောဟိုခို"ဆိုတဲ့ အက်ဆေးတပုဒ်ပါ။ ဒီအက်ဆေးလေးက ကျေးလက်ဒေသနဲ့ တောင်ပေါ်ဒေသကျောင်းလေးကို အခြေခံထားပြီး၊ ကျောင်းဆရာမလေးရဲ့ခံစားမှုနဲ့ ခေတ်ကိုပါအောင် ဆွဲယူပြီး ရေးဖွဲ့ထားတာပါ။ ဆရာမဖြူသင်းလှိုင်ကတော့ သူမရဲ့ခံစားမှုကို တောင်ပေါ်ဒေသမှာရှိတဲ့ ကျောင်းကလေးနဲ့ ပတ် ဝန်းကျင်မြင်ကွင်းကို လှလှပပလေးရေးဖွဲ့ပြီး ဖွင့်လိုက်ပါတယ်။

“ပြီးခဲ့တဲ့စညသင်နှစ်ရောပဲ၊ စာသင်ကျောင်းရှိရာပြန်လာခဲ့တဲ့ကျွန်မကို ဒေသရာသီဥတုက  အေးစက်အုံ့ဆိုင်းလို့ကြိုဆိုခဲ့ တယ်။ ကျွန်မစိတ်ထင်တော့ ဇွန်လဆန်းပိုင်းဆိုတာ မိုးတွေမကြာခဏရွာဖို့ ချမ်းစိမ့်စိမ့်နိုင်ဖို့ အချိန်စောသေးတယ်မဟုတ် လား။ ကျောင်းကိုရောက်စနှစ်တုန်းကတော့ ကျွန်မက တောင်တန်းတွေဆီကနေ သည်းကြီး မည်းကြီး ပြိုကျလာတဲ့မိုးကို မှန်ပြတင်းအနားမှာရပ်ပြီး တမေ့တမော ငေးကြည့်တတ်ခဲ့တာ မှတ်မိနေတယ်။ အခုထိလည်း ငေးရတဲ့မြင်ကွင်းပါပဲ။ စိတ် တွေလွင့်ပါးသွားရလောက်အောင် လှတယ်။ ဖြားယောင်းနိုင်တယ်။ အဆင့်ဆင့်ထပ်ပြီး ကျောင်းရှိရာရွာကလေးကို ဝိုင်း ပတ်ထားတဲ့တောင်တွေဟာ သည်းလာတဲ့မိုးပေါက်တွေနဲ့ တောင်ခိုးဖြူဖြူတွေကြား တစစပျောက်ကွယ်သွားပုံက သီးခြား ဆန်မှုကိုပိုပြီး သိသာစေတဲ့မြင်ကွင်းမျိုး”

ဒီအဖွင့်ရေးဖွဲ့ထားတာကိုက လူအများနဲ့ဝေးရာဒေသလေးကို သီးခြားဆန်တဲ့မြင်ကွင်းလေးအဖြစ် မြင်သာအောင်ရေးဖွဲ့ပြ ထားပါတယ်။ တောင်ပေါ်ဒေသရောက်ဖူးသူတိုင်းစိတ်ထဲကနေလှမ်းမြင်ကြည့်လိုက်နိုင်သလို တောင်ပေါ်ဒေသကိုမရောက်ဖူးသူတွေကိုတော့ အတွေးနဲ့တွေးပြီး မှန်းဆနိုင်ပါတယ်။ ဒီထက်လှအောင် လွမ်းမောဖွယ်ဖြစ်အောင် ရေးဖွဲ့ပြနိုင်ပါသေးတယ်။ စာရေးသူတွေအတွက် ဒီနေရာမှာ ဘယ်လောက်လှပအောင်ရေးဖွဲ့နိုင်တာအတွးကို ဘယ်လောက် အသေးစိတ်ပုံ ဖော်ခြယ် မှုန်းနိုင်တာတွေ ကွာခြားသွားပါလိမ့်မယ်။ နောက်ဆက်ဖွဲ့ရေးတာက မြို့ပြနေခဲ့သူတယောက်အနေနဲ့ ဝေးကွာလှတဲ့ တောင် ပေါ်ဒေသကို တယောက်ထဲရောက်တဲ့ အချိန်မှာ ခံစားခဲ့ရတာကို ပြန်ပြောပြနေပါတယ်။

“အလုပ်ခန့်စာစောင့်ရတုန်းက ဘယ်ဒေသကိုကျကျ သွားမှာပဲလို့ကြွေးကြော်ခဲ့တဲ့ကျွန်မ၊ ခေါင်ခေါင်ဖျားဖျားဒေသတွေ၊ စစ်ဘေးမလွတ်တဲ့ဒေသတွေကို ကျွန်မရောက်သွားမှာစိုးရိမ်ပြီး ဆိုင်ရာပိုင်ရာတွေကို ချဉ်းကပ်ဖို့ပြောတဲ့ အဒေါ်ဖြစ်သူကို အ သက်အရွယ်ရ, ရာထူးတွေရမှ တောထဲပြန်ထွက်နေရရင် ပိုဆိုးမှာ သွားစရာရှိ အခုပဲသွားထားလိုက်တော့မယ်၊ လူတိုင်း ဒီလိုပဲသွားရမှာပဲလို့ ပြုံးပြုံးလေးပုန်ကန်ခဲ့တဲ့ကျွန်မ၊ ဒီအလုပ်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ စိတ်အားထက် သန်မှုကိုပိုက်ပြီး၊ ဂျာယန်မြေပေါ်ကိုစပြီး ခြေချမိခဲ့တယ်။ တောင်ပေါ်ကားလမ်းကနေ ရွာနဲ့ကျောင်းကို အပေါ်စီးက လှမ်းမြင် ရချိန်မှာ တအံ့တသြ ပျော်ရွှင်မိလိုက်တယ်။ ဒီလိုတောထဲမှာ ဒီလောက်သေသပ်လှပတဲ့ကျောင်းကို  တွေ့ရမယ်ထင် မထားခဲ့ မိတာ။

ကျောင်ဝင်းထဲရောက်တော့ ဆရာမတွေက စာသင်နေရာကနေ လာကြိုပေးကြတယ်၊ သူတို့ရဲ့ဆက်ဆံရေးက ဘယ်လိုနွေး ထွေးပါစေ။ ကိုယ့်ဘာသာ ဘယ်လောက်စိတ်ကြီးမွေးလာခဲ့ပါစေ ကျွန်မစိတ်ထဲမှာ မသိမသာ တုန်လှုပ်လို့ကြောက်ရွံ့နေခဲ့ တယ်”

ဒါတွေကတော့ အရွယ်ရောက်လာလို့၊ လုပ်ငန်းခွင်စဝင်သူတိုင်း အနည်းနဲ့အများတော့ ကြုံတွေ့ခံစားမိကြရမှာပါ။ လူနေထူ ထပ်တဲ့ မြေပြန့်ကနေ၊ ရုတ်တရက် အဝေးတောင်ပေါ်ဒေသကိုစရောက်တဲ့ မိန်းကလေးအတွက် တွေးကြည့်ရင် သိနိုင်ပါ တယ်။ ဒါပေမယ့် မြို့ပြကြီးက ကျောင်းတွေမှာရှိနေတဲ့လူမှုဆက်ဆံရေးထက်၊ တောရွာငယ်လေးတွေနဲ့ တောင်ပေါ်ဒေသမှာရှိတဲ့ကျောင်းတွေရဲ့လူမှုဆက်ဆံရေးဟာ အလွန်ကွာခြားပါလိမ့်မယ်။ ဒါပေမယ့် လူမှုဆက်ဆံရေးနွေးထွေးတတ်တဲ့ တောင် ပေါ်ဒေသကျောင်းလေးတွေကို ဆရာ/ဆရာမလေးတွေ ဘာကြောင့်မသွားချင်ကြတာလည်းဆိုတာ တွေးကြည့်နိုင်ပါတယ်။အခုခေတ်ကြီးမှာ တိုင်းပြည်အကျိုးထက် ကိုယ်ကျိုးကိုကြည့်တတ်တဲ့သူတွေများတာကို ဒီနေရာမှာမြင်ရနိုင်ပါတယ်။ ကျွန် တော်တို့ရဲ့တိုင်းပြည်မှာ တိုင်းပြည်အကျိုးအတွက် ကိုယ်ကျိုးစွန့်နိုင်သူတွေ ပိုပြီးပေါ်ပေါက်လာနိုင်အောင် လုပ်ဆောင်ပေး နိုင်ဖို့ လိုအပ်နေပါလိမ့်မယ်။

တောင်ပေါ်ဒေသကျောင်းလေးကိုစတင်ရောက်တဲ့ ဆရာမငယ်လေးရဲ့အတွေ့အကြုံကို ဆက်ရေးပြပါတယ်။

“ပထမဆုံးအတွေ့အကြုံဟာ ရင်ခုန်စရာ မဲလိပ်တွေပါတဲ့။ ကျွန်မဖွင့်ခဲ့ရတဲ့မဲလိပ်ကလေးကနေ, လှတပတ လက်ဆောင်တော့ မရခဲ့။ တနေ့တာကုန်တိုင်း မလှုပ်ချင်အောင် ပင်ပန်းလွန်းတယ်။ ညနေစာမစားဖြစ်ဘဲ ဖုန်းထဲကသီချင်းတွေကို ထပ်ပြန် တလဲလဲနားထောင်ပြီး၊ မလှုပ်မယှက် အိပ်နေဖြစ်တဲ့ ညနေစောင်းတွေ အများသားပေါ့။

ပတ်ဝန်းကျင်အသစ်က လူအသစ်တွေရဲ့စရိုက်တွေ၊ အပြုအမူတွေတချို့ကို လိုက်လျောညီထွေလက်ခံဖို့၊ တချို့ကို ဥပေက္ခာ ပြုတတ်ဖို့၊ တချို့ကိုပြန်ရင်ဆိုင်တတ်ဖို့ အများကြီးသင်ယူခဲ့ရတယ်။ စာသင်ခန်းထဲက အခက်အခဲတွေကို လုပ်သက်ရင့် ဆရာမတွေကိုပြောပြ၊ တချို့တွေရဲ့ဖေးမကူညီမှုဟာ ဒီနေ့ထိ မှတ်မှတ်ရရပေါ့”

စာရေးသူတောင်ပေါ်ဒေသကျောင်းကလေးရဲ့ ဆရာမလေး အစကနဦးနေ့ရက်တွေကို ခက်ခဲစွာဖြတ်သန်းခဲ့ရတာက ဖော်ပြ ထားပါတယ်။ ဒီလိုမိဘတွေရဲ့အဝေးတနေရာမှာ ဘဝကိုရင်ဆိုင်ရင်း အတွေ့အကြုံတွေ သင်ယူတတ်မြောက်နိုင်တဲ့အကြောင်း ကိုလည်း လေ့လာစရာကောင်းလှပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြတော့ အကျင့်စရိုက်တွေ မတူကွဲပြားကြပါတယ်။ ဒီလိုမတူ ကွဲပြားတဲ့ ဓလေ့စရိုက်တွေ အပြုအမူတွေနဲ့ လိုက်လျောညီထွေ  နေထိုင်ဖို့လိုတာကိုလည်း ရေးပြသွားပါတယ်။ ဒီလိုမတူညီတဲ့အကျင့်စရိုက်တွေညီအောင်ညှိယူနိုင်မှ ငြိမ်းချမ်းမှာပါ။ ကျွန်တော်တို့တိုင်းပြည်ကြီးအတွက် ငြိမ်းချမ်းရေးရယူနိုင်ဖို့ ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့လည်း ဘယ်အရာတွေလိုအပ်နေလိမ့်မယ်ဆိုတာ ဒီအက်ဆေးကနေတဆင့် ဖြန့်ကျက် တွေးယူနိုင်မယ်ဆို မျှော်လင့်ချက်အိပ်မက်တွေ မက်နိုင်ပါလိမ့်မယ်။

“လိမ္မာတဲ့ကလေးက မျောက်လောက်တော့ ဆော့သတဲ့၊ ဒီမလိမ္မာတုံးတွေဆော့ပုံကို ဘာနဲ့များ ခိုင်းနှိုင်ရပါ့။ ငါလေမျောက် တွေသာသွားသင်လိုက်ချင်တော့တယ်လို့ မောမောပန်းပန်းနဲ့ မကြာခဏ ရေရွတ်မိတယ်။ တကယ်တမ်း စာသင်ခန်းလေး သေ သေဝပ်ဝပ်ဖြစ်လာတဲ့အချိန်မှာ ကျွန်မကလေးတွေဟာ ကျွန်မကို မျက်လုံးစိမ်းကလေးတွေနဲ့ကြည့်တယ်။ ခပ်ခွာခွာနေ တယ်။ ဒီဆရာမဟာ စိတ်တိုတတ်လွန်းတယ်မဟုတ်လား။ သူမကြိုက်တဲ့ အပြုအမူတွေကလည်း များလှတယ်မဟုတ်လား။ စာသင်ခန်းဟာ စိတ်ကျဉ်းကျပ်စရာကောင်းလွန်းတယ်လို့ သူတို့လေးတွေ  တွေးကြမှာပဲ။ အဲဒီလိုအနေအထားကို ကျွန်မစိတ် အိုက်ပေမယ့် မဖြေရှင်းတတ်သေး။ သူတို့နေချင်တဲ့ပုံစံအတိုင်းထားလို့တော့ ဘယ်ဖြစ်ပါ့မလဲ”

ဒီနေရာမှာပိုပြီး စိတ်ဝင်စားစရာဖြစ်အောင် ဆွဲဆောင်ယူသွားပါတယ်။ ဒီစာသန်းခန်းသေးသေးလေးထဲက ကလေးအရွယ် ကျောင်းသားငယ်လေးတွေကို ဘယ်လိုကိုင်တွယ်မလဲ။ သူတို့ကို ဥပေက္ခာပြုထားလိုက်မလား။ သူတို့စိတ်ဝင်စားတာတွေနဲ့ ဆွဲဆောင် ကိုင်တွယ်မလား။ ခုံပေါ်ကိုမတ်တပ်ရပ်ခိုင်းပြီး  ဒဏ်ပေးလိုက်မလားဆိုတာတွေဟာ အရေးကြီးနေပါတယ်။ ဒီပြဿနာဟာ နေရာသေးသေးလေးကနေ အလွန်ကျယ်ပြန့်ကြီးမားတဲ့နေရာမှာပါ တွေ့နေရပါတယ်။ ပြဿနာကိုဖြေရှင်း တတ်ဖို့ပဲ အဓိကကျပါလိမ့်မယ်။

“ကျွန်မနဲ့ ကျွန်မကလေးတွေရဲ့ဆက်ဆံရေးကို အဆင်ပြေသွားစေတာ အခြေခံ မျဉ်းပန်းချီလေးတွေလို့ပြောရင် ပညာရေး ကောလိပ်က ပန်းချီနည်းပြဆရာလေးက ရယ်လေမလားမသိ။ ကျွန်မရဲ့ပန်းချီ Assingnment ရမှတ်က B။ ပုံတွေအချိုးကျ အောင်ကြိုးစားပေမယ့် ခဲသားက ဘယ်တော့မှမသပ်ရပ်။ ဘာပဲဖြစ်ဖြစ်လေ။

ကျောင်းဆရာမတယောက်က ပန်းချီဆရာတယောက်လောက် တော်နေဖို့မလိုပါဘူး။ သူဆွဲတဲ့ပုံကလေးတွေဟာ ရိုးရှင်းပြီး ကြောင်ပုံ၊ ပန်းပွင့်ပုံ၊ ကား၊ လေယာဉ်ပျံ၊ ငါးကလေးစသဖြင့် ကလေးတွေသိတဲ့ ပုံလေးတွေဖြစ်ရင် သူတို့လိုက်ဆွဲဖို့ လွယ်ကူ ရင်လုံလောက်ပြီပဲ။ ပုံကလေးတွေ ပထမဦးဆုံးဆွဲပြတဲ့နေ့က ကလေးတွေရဲ့မျက်လုံး လက်လက်ကလေးတွေ ပျော်ရွှင် တက်ကြွမှုတွေ၊ တဦးနဲ့တဦးထားတဲ့ပုံတွေပြပြီး ကိုယ်ဆွဲထားတဲ့ ပုံကလေးတွေကို တသသ မက်မက်မောမောကြည့်နေတဲ့ မျက်နှာကြည်ကြည်လေးတွေဟာ ကျွန်မ ဒီကျောင်းကိုရောက်ပြီးတဲ့နောက် ပထမဆုံးရခဲ့တဲ့လက်ဆောင်ပါပဲ”

စာသင်ခန်းသေးသေးလေးကို ကိုင်တွယ်နိုင်ဖို့နည်းလမ်းတခုကို သိလိုက်ရပါပြီ။ တချို့ပြဿနာဖြေရှင်းနည်းတွေဟာ၊ ခက် မယ်ထင်ခဲ့ပေမယ့် ထင်ထားသလောက် မခက်ခဲတာတွေ ရှိတတ်ပါတယ်။ တချို့ပြဿနာတွေကတော့ ဖြေရှင်းရ အင်မတန် ခက်ခဲနေပါလိမ့် မယ်။ ဘယ်လိုပဲဖြစ်ဖြစ်သေချာတွေးပြီး ဖြေရှင်းနည်းကိုရှာဖွေရင် တွေ့နိုင်မှာပါ။ ပြဿနာကတခြား၊ ဖြေရှင်းနည်းပုံစံကတခြားဖြစ်နေမယ်ဆိုရင်တော့ ခက်ခဲမှုတွေချည်း တွေ့နေပါလိမ့်မယ်။ နည်းလမ်းရှိပြီး မကျင့်သုံးနိုင်ရင်တော့ ကြာ သင့်တာထက်ပိုပြီး ကြာနေပါလိမ့်မယ်။ ဒီအက်ဆေးလေးကနေ အဖြေများစွာပေးနေပါတယ်။ အက်ဆေးရေးသူ ဆက်ရေး ပြသွားပါတယ်။

“ကျွန်မရဲ့ကလေးမှန်သမျှ ရာနှုန်းပြည့်တော်အောင် တတ်အောင် ကျွန်မ, မသင်နိုင်ခဲ့။ မအောင်မနေရစနစ်က နာမည်စာရင်း ရှိရင် အတန်းတက်ပေးရတာမဟုတ်လား။ တခြားကလေးတွေရေးဖတ်တွက်နေချိန်မှာ ကကြီး ခခွေး ဟန်ကျအောင် မရေး နိုင်သေးသူတွေလည်း ပါတာပဲ။ အတန်းချခွင့်မပေးလို့စာမတတ်မှန်းသိသိနဲ့ တင်ပေးလိုက်ရပေမယ့် ဆရာတယောက်အနေနဲ့ ကျွန်မအစွမ်းရှိသမျှ အကောင်းဆုံးသင်ခဲ့တယ်ဆိုတဲ့ယုံကြည်မှု၊ လိပ်ပြာသန့်မှုကတော့ ကျွန်မကိုယ့်ကိုယ်ပေးခဲ့တဲ့ လက် ဆောင်”

“ဒီကျောင်းဟာ အစစအရာရာ၊ လူတွေအကြောင်း၊ စရိုက်အမျိုးမျိုးနဲ့ညှိယူပြီးနေတတ်ဖို့ ကိုယ့်တယောက်တည်းရပ်တည် တတ်ဖို့ အများကြီးသင်ယူခဲ့ရတဲ့နေရာပြောရရင် တိုက်ပွဲသေးသေးလေးတွေလည်း အများကြီးတိုက်ခဲ့ရတဲ့နေရာ”

ဆရာမဖြူသင်းလှိုင်ရေးတဲ့အက်ဆေးလေးဟာလည်း အကြောင်းအရာသေးသေးလေးဆိုပေမယ့် ဘဝအတွေ့အကြုံတွေ၊ ပတ်ဝန်းကျင်အသစ်တွေ၊ မတူကွဲပြားတဲ့ ဓလေ့စရိုက်တွေကို ပြသွားနိုင်ပါတယ်။ အဲဒီကနေတဆင့် ဆက်စပ်ဖြန့်ကျက်တွေး ရင်လည်း ပိုပြီးတန်ဖိုးရှိတဲ့ အကြောင်းအရာတွေ တွေ့နိုင်ပါလိမ့်မယ်။ အက်ဆေးကို အဆုံးသတ်ထားတာကတော့။

“ကျွန်မရဲ့ဘဝတဆစ်ချိုးဝန်ထမ်ဘဝစတင်ခဲ့တဲ့ဒေသ၊ တောင်တွေပတ်လည်ဝိုင်းပြီး အေးချမ်းတဲ့ အေးတိအေးစက်လည်း နိုင်တဲ့ဒေသကို ကျွန်မကတော့ ဘယ်နေရာ ဘယ်ဒေသ ရောက်သွားသွား မေ့နိုင်မှာမဟုတ်တော့။ ရင်ဘတ်ထဲမှာ တကန့်ကြီး သိမ်းဆည်းမိလျက်သားပါချစ်သော ဟိုခိုရေ”

ကျွန်တော့်အတွက်လည်း တန်ဖိုးရှိတဲ့ အက်ဆေးတပုဒ်ကိုဖတ်လိုက်ရပါတယ်။ ကျွန်တော့်လိုပဲ ကျွန်တော်မျှဝေမှုကိုရရှိခံစားတန်ဖိုးထားနိုင်ကြပါစေ။

ကိုနိုင်း
↧

ဦးဖြိုးမင်းသိန်း ကြားဝင်ဖြေရှင်းပြီးနောက် ဖုယွင်အလုပ်သမား ပြဿနာ ပြေလည်ဖွယ်ရှိ

$
0
0
ဦးဖြိုးမင်းသိန်း ကြားဝင်ဖြေရှင်းပြီးနောက် ဖုယွင်အလုပ်သမား ပြဿနာ ပြေလည်ဖွယ်ရှိ
ထက်ခေါင်လင်း/ Myanmar Now
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၈


မနက်ဖြန်တွင် အလုပ်ရှင် အလုပ်သမား စာချုပ်ချုပ်ကြမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် သပိတ်စခန်းများ ပိတ်သိမ်းပေးရမည် ဖြစ်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကြားဝင်ဖြေရှင်းခဲ့ပြီးနောက် နှစ် လနီးပါးကြာ မပြေမလည်ဖြစ်နေသည့် ဒဂုံဆိပ်ကမ်းစက်မှုဇုံရှိ ဖုယွင်အထည်ချုပ်စက်ရုံမှ အလုပ်ရှင် နှင့် အလုပ်သမားအကြား ပြဿနာ သည် ပြေလည်သွားဖွယ်ရှိနေသည်။

ဆန္ဒပြအလုပ်သမားများကို အလုပ်ပြန်ခန့်ရန် အလုပ်ရှင်ဘက်က နှုတ်ဖြင့် ကတိက၀တ်ပေးခဲ့ပြီးနောက် မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးရုံးတွင် အလုပ်ရှင်၊ အလုပ်သမား သဘောတူညီမှု စာချုပ်ကို မနက်ဖြန်တွင် ချုပ်ဆိုကြမည်ဖြစ်သည်။

အပြန်အလှန်အားဖြင့် စာချုပ်ချုပ်ဆိုပြီးပါက သပိတ်မှောက် အလုပ်သမားများက ၄င်းတို့ဖွင့်ထားသည့် စက်ရုံဝင်/ထွက်ပေါက်ရှိ သပိတ်စခန်းများကို ပိတ်သိမ်းပေးရမည်ဖြစ်သည်။

သပိတ်မှောက်အလုပ်သမား ခေါင်းဆောင် မသက်ထားဆွေက အချိန်ပိုကြေးပြသနာအပါအ၀င် အလုပ်သမားများတောင်းဆိုချက် ၉ ချက်ထဲမှ ၆ ချက်ကို သဘောတူညီချက်ရခဲ့သည်ဟုပြောသည်။

စက်ရုံဘက်က ဆန္ဒပြအလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်အတွင်း စည်ကမ်းလိုက်နာရန်နှင့် လုပ်ငန်းနှင့် ပက်သက်သည့် ညွှန်ကြားချက်များကို လိုက်နာပေးရန် တောင်းဆိုခဲ့သည်။

ထိုတောင်းဆိုချက်များကိုလည်း သပိတ်မှောက် အလုပ်သမားများက သဘောတူညီကြသည်။

ဝန်ကြီးချုပ်ကြားဝင်ရန် အလုပ်သမားများတောင်းဆိုခဲ့
ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ တော်ခန်းမရှေ့  ဆန္ဒပြခဲ့ကြသည့် အလုပ်သမားများသည် မြို့ လည်မှ ပြည်လမ်းတလျှောက် လမ်းလျောက်ပြီး တိုင်းအစိုးရရုံးသို့ သွားရောက်ခဲ့ကြပြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ခွင့်ရရန် တောင်းဆိုခဲ့ကြသည်။

လွန်ခဲ့သည့် နှစ် လက အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များ အလုပ်ထုတ်ခံခဲ့ရသည်ကို မကျေမလည်ဖြစ်ခဲ့ကြပြီးနောက် အလုပ်သမား သပိတ် စတင်ခဲ့ခြင်းဖြစ်သည်။

အလုပ်သမားများက ၄င်းတို့ကို အလုပ်ပြန်ခန့်ရန် တောင်းဆိုနေကြပြီး စက်ရုံဘက်ကမူ ၄င်းတို့သည် စက်ရုံ စည်းကမ်းများကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့ပြီး သတိပေးစာထုတ်ရာတွင်လည်း လက်မှတ်ရေးထိုးရသည့် စည်းကမ်းချက်ကို မလိုက်ကြသည့်သူများဖြစ်သောကြောင့် အလုပ်ပြန်ခန့်ရန် လုံးဝမဖြစ်နိုင်ဟု တုန့်ပြန်ထားသည်။

စက်ရုံဝင်ထွက်ပေါက်များရှေ့  ဆန္ဒပြခဲ့ကြသည့် အလုပ်သမားများအား အမည်မသိ လူအုပ်စုက အောက်တိုဘာ ၁၅တွင် ၀င်ရောက်ရိုက်နှက်ခဲ့ပြီးနောက် နှစ်ဘက်အကြား တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာခဲ့သည်။

အစောပိုင်းက အလုပ်သမားများ နှင့် ရန်ကုန်တိုင်းအစိုးရ အလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း ပြေလည်မှုမရဘဲဖြစ်ခဲ့သည်။

ည ၉နာရီခန့်တွင် ၀န်ကြီးချုပ်နှင့် ဆွေးနွေးခဲ့ကြပြီးနောက် ယနေ့တွင် အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရ သုံးပွင့်ဆိုင် ဆွေးနွေးကြရန် သဘောတူခဲ့ပြီးနောက် လူစုခွဲခဲ့ကြသည်။

အောက်တိုဘာ ၃၀ ဆွေးနွေးမှု

ကြိုတင်ချိန်းဆိုထားသည့် အတိုင်း ယနေ့ နေ့လည်တွင် သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ပြီးနောက် အလုပ်သမားများအား အလုပ်ပြန်ခန့်ရန် သဘောတူညီမှုရခဲ့သည်။

သို့သော် လုပ်ငန်းရှင်ဘက်မှ ထုတ်ပယ်ထားသော အလုပ်သမား ၃၀ ကို အလုပ်ပြန်ခန့်မည်ဆိုပါက အဆိုပါအလုပ်သမားများ အလုပ်ပြန်ဝင်မည်ကို ကန့်ကွက်သည့် အလုပ်သမားများ စက်ရုံတွင်းရှိနေသဖြင့် နောက်တကြိမ် ပဋိပက္ခဖြစ်မလာရန် ကြားဝင်ညှိနှိုင်းပေးရန် ကမ်းလှမ်းမှုကို ၀န်ကြီးချုပ်ကို ထပ်မံကမ်းလှမ်းခဲ့သည်။

ဦးဖြိုးမင်းသိန်းသည် ယနေ့ ညနေပိုင်းတွင် စက်ရုံသို့ သွားရောက်ပြီး အလုပ်သမားများနှင့် ဆွေးနွေးခဲ့ကြရာ ကနဦးတွင် သဘောတူညီမှုရခဲ့သော်လည်း နောက်ပိုင်းတွင် ဆန္ဒပြအလုပ်သမားများအား အလုပ်ပြန်ခန့်ရန် ကန့်ကွက်သည့် အလုပ်သမားအချို့ နှင့် အခြေအတင်ဆွေးနွေးခဲ့ရသည်။

တချို့သော အလုပ်ဆင်းနေကြသည့် အလုပ်သမားများက သပိတ်မှောက်အလုပ်သမားများကို ပြန်ခန့်ထားရေးအတွက် ၀န်ကြီးချုပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။

အဆိုပါ အလုပ်သမားများကို ယခုသပိတ်မှောက်နေသည့်ကိစ္စ ပြေလည်စေရန် မိမိတို့အစိုးရအဖွဲ့မှ အပင်ပန်းခံကာ ညှိနှိုင်းပေးနေခြင်းဖြစ်ကြောင်း၊ မပြေလည်ပါက ဥပဒေအရ စက်ရုံပိတ်သိမ်းသည့် အနေအထားမျိုး ရှိလာနိုင်ကြောင်း ၀န်ကြီးချုပ်ကလည်း တုန့်ပြန်ခဲ့သည်။

နှစ်ဘက်အကြား နာရီနှင့်ချီ ညှိနှိုင်းခဲ့ပြီး နောက်ဆုံးအနေဖြင့် မနက်ဖြန်တွင် အလုပ်ရှင် အလုပ်သမား စာချုပ်ချုပ်ကြမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် သပိတ်စခန်းများ ပိတ်သိမ်းပေးရမည် ဟု အပြီးသတ် သဘောတူညီမှုရခဲ့သည်။

ဖုယွင်စက်ရုံကိုသွားရောက် ညှိနှိုင်းနေ ဦးဖြိုးမင်းသိန်း နှင့် ဆန္ဒပြ အလုပ်သမားများ၏ လှုပ်ရှားမှုများ ( ဓာတ်ပုံ - ကေဇွန်နွေး / Myanmar Now)
↧
↧

နေမျိုးရဲ့Dirty အမည်ရှိ တကိုယ်တော်ပန်းချီပြပွဲ အလှသစ်ဂယ်လာရီမှာ ပြသမယ်

$
0
0


နေမျိုးရဲ့Dirty အမည်ရှိ တကိုယ်တော်ပန်းချီပြပွဲ အလှသစ်ဂယ်လာရီမှာ ပြသမယ်
K (မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၈


မန္တလေးအခြေစိုက် ကဗျာဆရာ၊ စာရေးဆရာ၊ ပန်းချီဆရာနေမျိုးရဲ့ Dirty အမည်ရှိ တကိုယ်တော်ပန်းချီပြပွဲကို ရန်ကုန်မြို့ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းအမှတ် ၁၇ရှိ Ahla Thit Art Galleryမှာ နိုဝင်ဘာ ၃ ရက်မှ ၇ရက်တိုင် နံနက် ၁၀နာရီမှ ညနေ၅နာရီထိ ပြသသွားမယ်လို့သိရပါတယ်။

အဆိုပါပြပွဲမှာ တကိုယ်တော်ပြပွဲအနေနဲ့ လေးကြိမ်မြောက်ပြသခြင်းဖြစ်ပြီး Art & Artist Life(၂၀၁၆)၊ Myo Haung Road(၂၀၁၇)၊ WARM SUNSHINE(၂၀၁၇)တို့ကိုလည်း ပြသခဲ့ ပါတယ်။ ပန်းချီနေမျိုးဟာ မဂ္ဂဇင်း၊ ဂျာနယ်၊ လုံးချင်းစာအုပ်များမှာလည်းသရုပ်ဖော်ပန်းချီများရေးဆွဲလျက်ရှိကာ ကဗျာ၊ ၀တ္ထု၊ အက်ဆေး၊ ကာတွန်းများလည်းရေးသားလျက်ပါ တယ်။

ကဗျာဆရာ၊ စာရေးဆရာ၊ ပန်းချီဆရာနေမျိုးကို အဖဆိုင်းဆရာကြီး ဦးစိန်တင်ဟန် အမိ ဒေါ်စိန်တင်တို့မှ ၁၉၆၃ခုနှစ် မတ်လ၄ရက်နေ့တွင် မန္တလေးမြို့မှာမွေးဖွားခဲ့ပါတယ်။ အထ က (၁၄)ကျောင်းမှာ အထက်တန်းပညာသင်ယူပြီး ၁၉၈၄ခုနှစ်တွင် မန္တလေး ပန်းချီပန်းပုကျောင်းမှ ပန်းချီပညာကို လုပ်ငန်းပန်းချီအထူးပြုဖြင့်အောင်မြင်ခဲ့ပါတယ်။ ကဗျာ၊ ၀တ္ထု၊ အက်ဆေးလုံးချင်းများအနေနဲ့လည်း သုံးယောက်မန္တလေး(မေမောင်၊ စိုးအောင်(မန္တလေး)တို့နဲ့)၊ မြင်ကွင်းကျယ် အချစ်ဝတ္ထုနှင့် အခြားဝတ္ထုတိုများ၊ ကဗျာဆရာဝံပုလွေ၊ မ၀င်းမေ၊ စီးဆင်းမြဲပင်၊ ဒေါ်စောခင်ရဲ့မြေးနှင့် အခြားစာစုများ၊ ခင်သန်းကြီးရဲ့မျက်လုံးတွေ၊ တကယ်မရှိတဲ့အရာ၊ လူဖြစ်ရတာကောင်းတယ်၊ မြည်နေတဲ့ ထရမ်းပက်၊ ညီမလေးဖျား တုန်းက၊ ကျွန်တော်နှင့်ကဗျာ၊ ရေအိုင်ငယ်အက်ဆေးများ၊ နေမျိုးဝတ္ထုတိုပေါင်းချုပ်၊ နေမျိုးလက်ရွေးစင်ကဗျာများ၊ ဒုတိယကမ္ဘာစစ်အတွင်းက ပဲစေ့တွေ အစရှိတဲ့စာအုပ်များကို ရေးသားခဲ့ပါတယ်။ ခဲတံတစ်ချောင်းရဲ့ရယ်သံကဗျာဖြင့် အလယ်ရိုးမခေတ်ပေါ်ကဗျာဆုကိုလည်း ၂၀၀၃ခုနှစ်မှာ ရရှိထားပါတယ်။
↧

ကာတွန်း ATH - မြန်မာပြည်က ကထိန်

$
0
0

ကာတွန်း ATH - မြန်မာပြည်က ကထိန်
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၈
↧

မောင်ဥက္ကလာ - ဟောင်ကောင်များနဲ့ အနမ်းမခိုက် ဂန်းကြိုက်သူ

$
0
0

မောင်ဥက္ကလာ - ဟောင်ကောင်များနဲ့ အနမ်းမခိုက် ဂန်းကြိုက်သူ 

(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၈

အမှောင်ခေတ်ကြီးဆိုတဲ့ အသုံးအနှုန်းကို အမှောင်ဖုံးလွှမ်း ခေတ်ဆိုးခေတ်ပျက်အောက်မှာ မတော်မတရား ကြီးပွားချမ်းသာခဲ့သူတွေ မကြိုက်ကြ၊ မကြားလိုပေမယ့် မီးမရှိဘာမရှိ ဘာဆိုဘာမှ မရှိတဲ့ အလင်းမဲ့ ခေတ်ဆိုးကာလကြီးမှာ မွေးဖွားကြီးပြင်းလာခဲ့တဲ့ မောင်ဥက္ကလာအဖို့ မာတာမိခင် မှတ်ချက်အရ ဘုရင်နောင်၊ ဗန္ဓုလသွေးပါလို့ ဖြစ်မယ် နေဝင်းမိုးချုပ်တာနဲ့ ကြောက်စိတ်တွေ တဖွားဖွားထကြွပြီး ခြေမကိုင်လက်မကိုင် ဖြစ်ခဲ့သည်မှာ နှစ်ပေါင်း (၃၀) ကျော် ရှိလာခဲ့ပြီ။

ယနေ့တိုင်း အမှောင်ကြောက်ရောဂါ (Scotophobia) ကြောင့် ဒိန်းတလိန်းနတ်ဖမ်း အိပ်မရ ဘာမှတွေးမရ၊ ရေးမရလို့* ညစ်နေရတဲ့အထဲ အဆိုးဆုံးက မှောင်ရိပ်သန်းတာနဲ့ မင်းမူးသောင်းကျန်းနေတဲ့ ခွေးလှေးကြမ်းပိုး ခွေးဆိုးခွေးညစ်တွေရဲ့  ဒဏ်ကိုလည်း အလူးအလဲခံနေရတာကြောင့်၊ တပူပေါ်တပူဆင့် ကြောက်ရောဂါနဲ့အတူ ကုရနိတ္တိဆေးမရှိ အိပ်မရတဲ့ရောဂါ ရှိလာခဲ့သည်မှာလည်း အတော်ကြာခဲ့ပေါ့။ အဲ့ဂလိုနဲ့ ဒီကောင်တွေကို မနှစ်သက်၊ ကြောက်ရွံ (Cynophobia) ပြီး ဒီဟောင်ကောင်တွေ ကွယ်ပျောက်ရေးကို ညစဉ်နဲ့အမျှ ဆုတောင်းမေတ္တာပို့ရတာ အမော .. ဆုတောင်းကမပြည့် … သူတို့က ခေတ်ကောင်းနေတုန်း။ *(စာမရေးနိုင်တာ အတော်ကြာခဲ့ပေါ့)။

အဲ့ဂလို သာကောင့်သားတွေ ဆူပူသောင်းကျန်းနေတာကို သူတို့ရှိမှ (ပြည်သူ) လူတွေရဲ့ ဘဝ လုံခြုံမယ်လို့ ယုံကြည်တမ်းတနေတဲ့ ငပိန်းတွေကိုလည်း နားမလည်နိုင်။ ဒီကောင်တွေကို ထိန်းထိန်းကွပ်ကွပ်နဲ့ ရှိသင့်တဲ့နေရာ၊ ပို့သင့်တဲ့နေရာမှာထားပြီး၊ မြို့ ရွာရပ်ကွက် လမ်းတွေပေါ်ကနေ ရှင်းလင်းနိုင်မှ မောင်ဥက္ကလာတို့ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားလာနိုင်မယ်လို့ မကြာခဏ စဉ်းစားတွေးမိ။ ဒီ ပေါက်လွှတ်ပဲစားတွေကို ဖယ်ရှားရှင်းလင်းချိန်တန်ပြီဆိုတဲ့ အဆိုပြုချက်ကို ချစ်လွန်သူတွေ ဆန့်ကျင်ဝေဖန်ရှုတ်ချမယ်ဆိုလည်း မတတ်နိုင်။

အဂယ်ပါ … အခုလဲ အာရုံဦး မိုးသောက်တော့မယ် … မိုင်တလ် အထူးဈေးနှုန်းများ (Mytel Promotion) ရထားလား မသိ … ပြောလိုက်ကြတာ … အဲ .. ဟောင်လိုက်ကြ၊ အူလိုက်ကြတာ အတောမသတ်။ ရွှေပြည်ကြီးရဲ့  ဂုဏ်ထူးဆောင် - ဘာအခွင့်အရေးမှ မယူတတ်ကြတဲ့ ဟိုလူကြီးတွေနဲ့ မုန်းစကားပြော သင်္ကန်းခြုံတွေရဲ့  ဖွဘုတ်တွေ အပိတ်ခံရတာကို ဝမ်းသာလို့၊ ဝမ်းနည်လို့ အူကြ၊ ဟောင်ကြ၊ ကိုက်ကြတာလား မသိ။ ဒီကောင်တွေအချိုးက တနေကုန်တနေခန်း နေ့ပိုင်းဆို မျက်နာချိုသွေး၊ တောင်းစား၊ ဟောက် … အဲ .. ဟောင်စားနဲ့ ဘာမှမယ်မယ်ရရ မလုပ် ဟိုနားအိပ်၊ ဒီနားငိုင်၊ အတုံးအရုံး တမှိုင်မှိုင်နဲ့ အလင်းမဲ့ချိန်မှာ KTV သွား အဲ .. လမ်းပေါ်တက် အူနိုင်မြူးနိုင် သောင်းကျန်းဖို့ ရသမျှစား၊ အိပ် အားဖြည့်နေပုံက သေသေချာချာကြည့် … အမှောင်ခေတ်ကို နောက်ကြောင်းပြန်လှည့်ချင်တဲ့ ဆန်ကောလောက် ဇောက်မနက်တဲ့ ဟိုအုပ်စုနဲ့ တူသလိုလို .. အဲ့ဂလိုပြောရင် တူတယ်ထင်တဲ့လူတွေ၊ ထောက်ခံသူတွေ၊ တိုက်ဆိုင်သူတွေ စိတ်ဆိုးမှာလား။ ဘယ်အုပ်စုကို ပြောချင်တာလဲဆိုတာတော့ သမိုင်းအထောက်အထား၊ ကိုးကားစာအုပ်စာတမ်းတွေ (references) ပြန်ကြည့်ကြပေါ့။

အဂယ်ပါ … တောင်စွယ်နေကွယ်တာနဲ့ ဒီကောင်တွေက ဘယ်လူမှ ခွေးမထင် ကိုယ်အုပ်စုနဲ့ကိုယ် အလျှိုလျှိုပေါ်ထွက်လာကြတာ ခွင့်ပြုချက်မလို … ဒီကောင်တွေ ဒီဇိုင်းကာလာ အနေအထားက မင်းမဲ့စရိုက် ဥပဒေမဲ့ ရမ်းချင်သလို ရမ်းနေကြတာ နောက်ကွယ်က လက်မဲကြီးတွေရှိနေတဲ့ ဟိုလက်နက်ကိုင်အဖွဲ့ထောက်ခံ၊ နေ့စားနဲ့ ဆန္ဒပြတဲ့အုပ်စုအတိုင်း … ဘာတဲ့ အနမ်းမခိုက် ဂန်းကြိုက်တဲ့ ခပ်ကြောင်ကြောင် သင်္ကန်းခြုံတွေလို မဲမဲမြင် ထိုးဟောင်တော့တာ …

အဂယ်ပါ … ဒီကောင်တွေရဲ့  အမြင်ကတ်စရာအချိုးတွေက သူတို့ကိုယ်သူတို့ ရပ်ရွာလုံခြုံရေး၊ ပြင်ပရန် ကာကွယ်ပေးနေတယ်ဆိုတဲ့ သစ်ခိုးရောင်း၊ ကျောက်တူးနေသူတွေ အချိုးနဲ့ … ငါတို့မရှိရင် မင်းတို့ (ပြည်သူ)တွေ ကောင်းကောင်းအိပ်စား မနေနိုင်၊ သူခိုးဂျပိုးတွေရဲ့  တိုက်ခိုက်ရန်ပြုခြင်း ခံရကုန်မယ်။ ငါတို့က မင်းတို့ အေးအေးချမ်းချမ်း နေနိုင်ရေးအတွက် ကိုယ်ကျိုးစွန့် (တညလုံး မအိပ်ဘဲ) ကာကွယ်စောင့်ရှောက်နေသူတွေ … အဲ့ဂလို လူစကားပြောတတ်ရင်… ဒုက္ခပင်လယ်ဝေ ဒီရွှေပြည်ကြီးမှာ "ကွန်မြူနစ်လူမျိုးအားပေး - အလုပ်လက်မဲ့ ဆူပူအမောင်ကျောင်းသားတွေကြောင့် ချောက်ထဲကျတော့မယ့် မဟာနိုင်ငံကြီးကို သက်စွန့်စံဖျား လက်နက်အားကိုးနဲ့ ကယ်တင်ခဲ့ပြီး၊ ဒီမြေယာ ရထိုက်၊ ဒီကျောက်တုံးကြီးပိုင်သင့်၊ ဒီဟာကြီးစားသင့်၊ အကုန်စားချင်ပိုင်ချင်နေတဲ့ အထက်မှာပြောခဲ့တဲ့ ဟိုကျေးဇူးရှင်အုပ်စုနဲ့ တူသလိုလို။ မောင်ဥက္ကလာပြောတာ ဟုတ်မဟုတ် ဒီကောင်တွေ မျက်နှာထား အပြုအမှု အချိုးတွေကို သေသေချာချာကြည့် ဘယ်အကောင်တွေနဲ့ တူသလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်လိမ့်မယ်။ မြင်တဲ့အတိုင်း အောက်မှာ မှတ်ချက်ပြု ရေးသွားနိုင်တယ်။

အဂယ်ပါ … အခုနောက်ပိုင်း ညရေးညတာ အပြင်သွားချင်ရင် ပိုထောင်လွှားလာတဲ့ ဒီကောင်တွေပဲ ကြောက်နေရတယ်။ ဒီကောင်တွေက (သူတို့) ထင်တိုင်းကြမ်းလို့ရတဲ့ အမှောင်လွှမ်းခြုံကာလမှာ မထင်ရင်မထင်သလို ကျွေးတဲ့လက်ကို ပြန်ကိုက်ချင် -အမှောင်ထဲမှာ အူဖော်ဟောင်ဖက်များနဲ့ဆို ဒီကောင်တွေက သန်းခေါင်ထက် ညဥ့်မနက်တဲ့ ဟို ဝါဝါအရေခြုံ အစွယ်တဖွေးဖွေးနဲ့ ခလောက်ဆန် ရန်ထောင်တော်တဲ့ အော့ကြောလန် ဂန်းကြိုက်သူလို တားမရဆီးမရ။
အဂယ်ပါ … ဒီကောင်တွေရဲ့  မင်းမဲ့စရိုက် သောင်းကျန်းမှုက အံ့ဖွယ်သရဲ … ကြောက်ပြရင် ပိုခြောက်နေကြ။ အဂယ်တော့ သူတို့မဟာသတ္တိက … တုတ်တချောင်း၊ ခဲတစ်လုံးနဲ့ ကောက်ပေါက်ကြည့် တဂိန်ဂိန်နဲ့ အော်လို့မဆုံး အမြီးကုပ်ပြေးကြလိမ့်မယ်။

အဂယ်ပါ … ဒီလို အသေးအမွှားကိစ္စမျိုးကို သမ္မတကြီးထံ စာပို့တိုင်ကြားလို့မရ … သမ္မတကြီးကိုတောင် မတွေ့မကြားရတာ အတော်ကြာခဲ့ပေါ့ … သမ္မတ ဖြစ်သွားတဲ့နေ့ကနေ ဒီနေ့အထိ ဆိုပါတော့ … မိဘပြည်သူများခင်များလိုတောင် … ဟိုလယ်ရှင်ကြီးလို မပြောနိုင်ဘူး … ကြည့်ရတာ … သူလည်းပဲ လောကီသား ပြည်သူနဲ့အတူ ဘာလုပ်လို့ဘာကိုင်ရမလဲ ယောင်ဝါးဝါး ဖြစ်နေသလားမသိ။

အဂယ်ပါ … ဘယ်သူ့ဘယ်ဝါလက်ထဲ ပါဝါရှိမှန်းမသိတဲ့ ရွှေပြည်တော်ကြီးမှာ လူဖြစ်ရတဲ့ ကျုပ်တို့ဘဝက အလွန်ကံထူးပါတယ် … အရေခွံပါးလှတဲ့ အကြည်ညိုခံ ပုဂ္ဂိုလ်ကြီးတွေကလည်း “မဏ္ဍိုင်သုံးခုတို့ မှန်ကန်စွာ ဆောင်ရွက်ခြင်း ရှိမရှိ စောင့်ကြည့်၍ ဟောင်းပေးနေသော ပြည်စောင့်ခွေး (Watch Dog) တွေကို” ဖမ်းဆီးရှင်းနေရလို့ထင်တယ် … အမှောင်ထဲက ဟောင်ကောင်အရေးတို့၊ ခလောက်ဆန် သင်္ကန်းခြုံ ဂန်းကြိုက်မောင်တွေကို မရှင်းနိုင် ဖြစ်နေရပေါ့။

ကဲ အခြေအနေကတော့ သူရဲကောင်း ဖိုက်တာပေါတဲ့ ဒီရွှေပြည်ကြီးမှာ သည်းမခံနိုင်တဲ့ မောင်ဥက္ကလာတို့ ပြည်သူတွေလည်း မကြိုက်တာ မခိုက်တာရှိရင် ကိုယ့်နည်းကိုယ်လမ်းနဲ့ ပြန်ကိုက် .. အဲ … ဖိုက်ရှင်းရမယ့်သဘော။ ကြောက်ကြောက်နဲ့ ပြောကြည့်တာပါ … ဘယ်ဂလို ရှင်းသင့်တယ်ဆိုတာကို စာဖတ်သူတွေကိုယ်တိုင် အကြည်ညိုခံ အစိုးရလူကြီးမင်းများအား တလေးတစား အကြံပြုလိုက်ပါ။
↧

ကျော်မောင် (တိုင်းတာရေး) ● အသစ်အတိုင်း

$
0
0
ကျော်မောင် (တိုင်းတာရေး) ● အသစ်အတိုင်း
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၈


ပြုပြင်ထိန်းသိမ်းရေးဟူသည် လူတိုင်းနှင့်သက်ဆိုင်သော လုပ်ငန်းဖြစ်သည်။ မည်သည်ကို ပြုပြင်ထိန်းသိမ်းရမည်နည်းဟု မေးဖွယ်ရှိလာပါက မပျောက်ပျက်စေချင်သည့်အရာမှန်သမျှကို ပြုပြင်ထိန်းသိမ်းရမည်ဟု ယေဘုယျဖြေဆိုပါမည်။

“ထမင်းအိုးအဖုံးလေး ဖွင့်ပြီး အုပ်ဆောင်းလေးနဲ့ ဖုံးထားလိုက်” ဟု ပြောဆိုခြင်းသည် ထမင်းမသိုးစေရန် ပြုပြင်ထိန်းသိမ်းဖို့ သတိပေးလိုက်ခြင်းဖြစ်သည်။ အိမ်ထဲတွင် နေ့စဉ်နေ့တိုင်း တံမြက်စည်းလှည်းခြင်းသည် ဖုန်မတက်စေရန်၊ အမှိုက်များနှင့် ရှုပ်ပွနေခြင်း မရှိစေရန်ဟု ပြောကြသော်လည်း ထိုအလုပ်သည် အိမ်တွင်းစီမံရေးတွင် အခြေခံကျသော အလုပ်ဖြစ်သည် သာမက အိမ်သားများ၏ ကျန်းမာရေးကိုလည်း တနည်းတဖုံပြုပြင်ပေးနေသည့် အလုပ်လည်း ဖြစ်ပါသည်။ ဆီ ဆား ငံပြာရည် အချို လျှော့ခိုင်းခြင်းသည် ရောက်လာနိုင်သော နာတာရှည်ရောဂါများကို မဖြစ်ပွားစေရန် ကာကွယ်ထိန်းသိမ်း ခြင်းဖြစ်သည်။ မနက်တိုင်း မျက်နှာသစ်ခြင်း၊ သွားတိုက်ခြင်းတို့သည်လည်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများဖြစ်သည်။

လူနေအိမ်ခန်းသန့်ရှင်းတောက်ပြောင်နေခြင်း၏ နောက်ကွယ်တွင် နေ့စဉ်အိမ်မှုကိစ္စများကို ဆောင်ရွက်နေသော အိမ်ရှင်မ သည် ရှိ၏။ ကျန်းမာသက်ရှည်ခြင်း၏ နောက်ကွယ်တွင် အစားအသောက် အနေအထိုင် ဆင်ခြင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းသည် ရှိ၏။ သွားများ မကျိုးမပဲ့ခြင်း၊ သွားပိုးမစားခြင်း၏ နောက်ကွယ်တွင် ပုံမှန်ထိန်းသိမ်းမှုသည် ရှိ၏။ ဆိုရ ပါမူ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်သည် ကန့်လန့်ကာနောက်ကွယ်တွင် ရှိသော အကြောင်းတရားဖြစ်ပေသည်။
 
ပစ္စည်းတစ်ခု၏ သက်တမ်းသည် ထုတ်လုပ်စဉ်ကပင် သတ်မှတ်ထားပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သုံးစွဲသူတို့၏ ပြုပြင်ထိန်းသိမ်းမှု၊ ရိုသေစွာကိုင်တွယ်အသုံးပြုမှုတို့အပေါ်တွင် မူတည်ပြီး ၎င်း၏သက်တမ်းမှာ ပိုကြာရှည်တတ်ပါသည်။ တိုင်းပြည်တစ်ပြည်တွင်ရှိသော ယဉ်ကျေးမှုများသည်လည်း လိုက်နာကျင့်သုံးသူများ၊ ဆက်လက်ဖြန့်ဝေသူများ၊ ဆက်ခံသင် ယူသူများ၏ တန်ဖိုးထားတတ်သော ပြုပြင်မှု၊ မလျော့ပါးရန် စနစ်တကျ ထိန်းသိမ်းမှုတို့အပေါ်တွင် အခြေတည်ပြီး ခိုင်မြဲ တတ်ပါသည်။

လူ့ဘ၀တွင် အရေးကြီးဆုံးအချက်တစ်ခုမှာ ကျန်းမာစွာ ရှင်သန်နေဖို့ ဖြစ်သည်။ ရှင်သန်နေဖို့ဆိုသည်တွင် အကျိုးရှိရှိရှင် သန်ရန်မှာ ပို၍အရေးကြီးသည်။ အကျိုးရှိစွာရှင်သန်နိုင်ရန်အတွက် ကျန်းမားရေးကို ပြုပြင်ထိန်းသိမ်းနေဖို့လိုသည်။ ရှင်သန် နေမှလည်း အများအကျိုး ကိုယ့်အကျိုးကို မအိုမင်းခင်အထိ ဆောင်ရွက်နိုင်ပါလိမ့်မည်။ ကိုယ်ခန္ဓာကို အမြဲတမ်းစောင့် ရှောက်နေရပါမည်။ နေ့စဉ်စားသောက်နေသော အစားအသောက်မှ စတင်ရပါမည်။ အာဟာရပြည့်ဝစေသော အစားအ သောက်များကို မစားသုံးနိုင်သည့်အခါတွင် ရောဂါဘေးဘယဖြစ်စေမည့် အစားအစာတွေကိုလည်း ရှောင်ကြဉ်နိုင်ရပါမည်။ တခါလောက် ရှောင်၍ မရ။ သတိထားကာ စားသင့်သည်ကို စား၊ မစားသင့်သည်ကို ရှောင်ခြင်းမျိုး ပြုလုပ်ကြရပါမည်။ ၎င်းကို ကျန်းမာရေးအတွက် ပြုပြင်ထိန်းသိမ်းရေး ပြုလုပ်နေသည်ဟု မှတ်ယူရပေမည်။

စဉ်ဆက်မပြတ်ပညာရေးဟု ပြောကြဆိုကြသည်။ ကျန်းမာရေးကို ပြုပြင်ထိန်းသိမ်းနေသူတစ်ယောက်သည် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွင် ပြဿနာမရှိဘဲ အဆင်ပြေနေပါက တတ်သိပညာရပ်အ၀၀ကိုလည်း လေ့လာဆည်းပူးသည့်အခါတွင် အခက်အခဲမရှိ ကျန်းမာပျော်ရွှင်စွာဖြင့် စဉ်ဆက်မပြတ် ဆည်းပူးနိုင်ပါလိမ့်မည်။ ပညာရေးကို ပြုပြင်ထိန်းသိမ်းရမည် ဆို သည်တွင် ငယ်စဉ်ကလေးဘ၀မှ လက်ရှိအရွယ်အထိ လေ့လာနေဆဲ ပညာရပ်များအထိ ပြုပြင်နေရမည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

ပညာရပ်များသည် ပြုပြင်ထိန်းသိမ်းခြင်း မရှိပါက ပျောက်ကွယ်သွားတတ် မေ့သွားတတ်သော သဘောသဘာဝရှိပါသည်။ ငယ်စဉ်က လေ့လာခဲ့၊ သိရှိခဲ့သည်များသည် အမြဲမှန်ကန်နေမည်ဟု မမှတ်ယူသင့်။ သူ့အရွယ်နှင့်သူ သိရမည့်အပိုင်းကိုသာ ပြောပြသင်ကြားခဲ့ကြသည် ဖြစ်သောကြောင့် အရွယ်ရောက်လာသည့်အခါတွင်လည်း လိုအပ်သော အချက်အလက်များကို ပိုမိုသိရှိလာရန် ကြိုးစားရပါမည်။ ပိုမိုသိရှိရန် ကြိုးစားရသည့်နည်းတူ တတ်မြောက်နားလည်ထားသည့် ပညာရပ်များကိုလည်း မေ့လျော့ပျောက်ကွယ်သွားခြင်း မရှိစေရန် စာပြန်နွှေးခြင်းသဘောမျိုး ပြုလုပ်ရပါမည်။ ထိုအလုပ်သည် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းပင်ဖြစ်သည်။

“အစကောင်းအောင် လုပ်ကြ၊ အစကောင်းအောင် လုပ်ကြ” ဟု ပြောလေ့ရှိကြပါသည်။ အစတွင် ကောင်းသော်လည်း အ လယ်နှင့် အဆုံးတွင် ညံ့သွားကြသော သာဓကများစွာရှိပါသည်။ စမိသည့်အခါမှသည် အလယ် အဆုံး ကာလတလျှောက်လုံး မပျက်စီးစေရန် မပျောက်ကွယ်ရန် မလျော့ပါးရန် ပြုပြင်ထိန်းသိမ်းရေးဆိုသည်ကို ဆောင်ရွက်ဖို့ လိုပါသည်။

တန်ဖိုးရှိသောအရာများဖြစ်သည့် ယဉ်ကျေးမှုများ၊ ပညာရပ်များသည် “ပျောက်ကွယ်တော့မည် ပျောက်ကွယ်တော့မည်” ဟု ဆိုနေဆဲကာလမှာပင် တစတစ ပျောက်ကွယ်နေကြောင်း လေ့လာတွေ့ရှိရသည်။ အလေးမပေး တန်ဖိုးမထားသည့် အရပ်တွင် အဖိုးတန်ပညာရပ်များ ကြာကြာမနေကြကြောင်း၊ ဂရုစိုက် ထိန်းသိမ်းသည့်ဒေသနောက် လိုက်ပါသွားကြကြောင်း များကို အထောက်အထားများစွာဖြင့် တွေ့ရှိကြရမည် ဖြစ်ပါသည်။ ရှိနေသည့်အပိုင်းကို မပျောက်ပျက်သွားရန် အဘယ်ကဲ့သို့ ထိန်းသိမ်းရမည်ဆိုသည်မှာ အရေးပါသော လုပ်ရပ်ဖြစ်ပါသည်။ ထိုအရေးပါသောလုပ်ရပ်သည် အတိုင်းအတာတခုအထိ ငွေကုန်ကြေးကျများတတ်သည်။ သို့သော် အရေးမပါသည်ဟုယူဆကာ ပြုပြင်ထိန်းသိမ်းရေးစရိတ်ကို လျှော့ပေါ့တွက်ချက်ကြ လေ့ရှိသည်။ လက်တွေ့တွင်မူ ပစ္စည်းတခု၏ နှစ်စဉ်ပြုပြင်ထိန်းသိမ်းရေးစရိတ်သည် မူလတန်ဖိုးထက်ပင် ကျော်လွန်သွား တတ်လေ့ရှိသည်။

ပြုပြင်ထိန်းသိမ်းခြင်းကို ချေဖျက်ခြင်းတွင် ဖြစ်ကတတ်ဆန်းပြုလုပ်ခြင်းသည် တစ်ခုအပါအ၀င်ဖြစ်သည်။ စဉ်ဆက်မပြတ် ပြုပြင် ထိန်းသိမ်းမှုမရှိခြင်း၊ တနည်းအားဖြင့် နောက်ပြန်လှည့်မကြည့်ခြင်းဖြစ်သည်။ အကျိုးဆက်အားဖြင့် အကုန်အကျ အဆုံးအရှုံးများစေသည်။ အကုန်အကျ အဆုံးအရှုံးမများစေရန် ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းဖြင့် အဟောင်းအနွမ်းတို့ကို ကြာ ရှည်ခံစေဖို့လိုအပ်ပါသည်။
↧
↧

ဆောင်းဝေ (နတ်မောက်) ● ကြိုးစများ

$
0
0

ဆောင်းဝေ (နတ်မောက်) ● ကြိုးစများ
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၈

အပေါ်ကိုပစ်တင်ပြီး
ထောင်နံရံနဲ့ချိတ်နေတဲ့ကြိုးစကိုကိုင်ကာ
ပါပီလွန်က ထောင်ဖောက်ပြေးဖို့ ကြိုးစားခဲ့တယ်။

ရှေးခေတ်အမေရိကန်ကျေးလက်မှ ကောင်းဘွိုင်တွေဟာ
ကြိုးစတွေကိုခွေလိပ်ကာ
လိုအပ်တဲ့အခါ တစုံတရာကိုပစ်ဖမ်းဖို့
ခါးမှာချိတ်ထားကြတယ်။

တူရကီသံရုံးထဲ
ဆော်ဒီသတင်းထောက်အသတ်ခံရတဲ့ကိစ္စမှာ
သူမသေဆုံးခင်စက္ကန့်ပိုင်းအလိုကတည်းက
တစ်ကမ္ဘာလုံးက သိနေကြပြီ တဲ့
Apple Watch က မှတ်တမ်းတင်ပြီး ပို့လွှတ်လိုက်တာတဲ့
ကြိုးစဟာ ပိုပြီးအသုံးဝင်လာ ရှည်လျားကျစ်လစ်လာ
ကြိုးစကို မမြင်ရတော့ဘူး။

ချစ်စကိုရှည်နေလို့
စစ်ကြီးပြီးတာ မသိလိုက်ဘူးတဲ့
ကောင်လေးဟာ ကော်ဖီဆိုင်ထဲကနေ
ဈေးရောင်းကောင်တာကကောင်မလေးကို ပစ်ဖမ်းနေတယ်
ပြည်သူတွေက
တရွာမပြောင်းသူကောင်းမဖြစ်လို့ ပြောတယ်
နိုင်ငံတော်က
သေချင်တဲ့ကျား တောပြောင်းဖြစ်မယ်နော်လို့ ပြောတယ်
ကြိုးစမှာ သွေးတွေပေနေတယ်။

ကြိုးစဟာ ကြိုးတန်းပေါ်လမ်းလျှောက်နေတယ်
ကြိုးစဟာ အပိုင်းပိုင်းအပြတ်ပြတ်နဲ့။

ဆောင်းဝေ (နတ်မောက်)
အောက်တိုဘာ ၂၈၊ ၂၀၁၈
↧

ကိုသန်းလွင် ● ရောမမြို့ရာဇဝင်

$
0
0
ကိုသန်းလွင် ● ရောမမြို့ရာဇဝင်
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၈

(၁)
မြူးနစ်လေဆိပ်မှ ထွက်လာသောလေယာဉ်ပျံသည် အီတလီနိုင်ငံရောမမြို့ (Fiumicino) အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၁ နာရီခွဲကြာမှာဆိုက်ရောက်သည်။ ရောမမြို့မှာ ၂ ညအိပ်ပြီး ၂ နာရီကြာအောင် ကားစီးရသော နေပယ်မြို့သို့ရောက်သည်။ ကျွန်တော်တို့သည် ပွန်ပီမြို့တော်ကြီး ချော်ရည်များအောက်တွင် ပျက်စီးရသည်များ ကို တွေ့လိုသဖြင့်လာခဲ့ကြခြင်းဖြစ်ပါသည်။ လူတွေသည်စကားပြောရင်း၊ မိသားစုအပမ်းဖြေရင်း၊ လက်ဖက်ရည် ဆိုင်တွေမှာထိုင်ရင်း မီးတောင်ပေါက်ကွဲသဖြင့် ချော် ရည်များအလောင်းခံလိုက်ရခြင်း ဖြစ်ပါသည်။

အေဒီ ၇၄ ခုနှစ် သြဂုတ်လ ၂၄ ရက် နံနက် ၈ နာရီတွင် ဗွီဆူးဗီးရပ် (Vesuvius) မီးတောင်ပေါက်ကွဲခဲ့ပါသည်။ နောက် ၂ ရက်ကြာသော် ပွန်ပီတမြို့လုံး ချော်ရည်များဖုံးလွှမ်းသွားခဲ့ပါသည်။ ပစ္စည်းတခုကို အလုံပိတ်၍ ကာလကြာမှ ပြန်လည်ဖွင့် ကြည့်ခြင်း ကို  Time Capsule  ဟုခေါ်ကြပါသည်။ အခုလူတွေကို Time Capsule ထဲ မှာ ထည့်လိုက်သလို ချော်ရည်များဖြင့် ပိတ်လှောင်လိုက်ခြင်းဖြစ်ပါသည်။ ယခု ၁၅၉၉ ခုတွင် ပထမဆုံးအကြိမ် ၎င်းတို့ကို တွေ့ခဲ့ပြီး ယခုလည်းရှိနေဆဲ ဖြစ်ပါသည်။ ကျွန်တော်သည် ထိုချော်ရည်ဖုံးနေသော လူသားများကိုမြင် တွေ့ရသည့်အခါ ရောမမြို့သူ့မြို့သားများ၏ နေပုံထိုင်ပုံကို တွေးကြည့်မိပါသည်။ 

(၂)
လူဦးရေတသန်းကျော်ဖြင့် ရောမမြို့တော်ကြီးမှာစက်မှုတော်လှန်ရေးမဖြစ်မီအချိန်အထိ အစည်ကားဆုံးဖြစ်ခဲ့ပါသည်။ အ ဖြူရောင်တောက်ပနေသောဘုရားရှိခိုးကျောင်းကြီးများနှင့် တိုဂါဟုခေါ်ကြသော ဝတ်ရုံများနှင့် ရောမမြို့သားများကိုတွေ့ နိုင်ပါသည်။ ရောမမြို့သမိုင်းကို လူသတ်မှုဖြင့် စသည်ဟု ဆိုနိုင်ပါသည်။ ဘီစီ ၇၅၃ ခုနှစ်တွင် ရိုမြူလိုနှင့် ရီမြူ့ (Romulus and Remus) အမွှာညီအစ်ကိုနှစ်ယောက်သည် နောင်ရောမမြို့တော်ကြီးဖြစ်လာမည့် ရွာသာသာမြို့ကလေးကိုတည်ခဲ့ပါ သည်။ ကတုတ်ကျင်းများ ပတ်ရံတူးပြီး နေစရာအခိုင်အခန့် လုပ်လိုက်ပါသည်။ သူ့ညီကိုသတ်လိုက်ပြီး ရိုမြူလိုသည် ဘုရင် ဖြစ်လာပါသည်။

သို့ပါသော်လည်း ရောမမြို့တော် လမ်းမများပေါ်သို့ လျှောက်ကြည့်လိုက်လျှင် အမှိုက်သရိုက်များနှင့် လူတို့ အညစ်အကြေး စွန့်ရာမှ အနံ့အသက်ပေါင်းစုံတို့ဖြင့် မနှစ်မြို့ဘွယ်ရာကြီးဖြစ်ပါသည်။ မြို့တော်၏ အလယ်ပိုင်းမှာသာ စနစ်တကျ ရေထွက် မြောင်းနှင့် အညစ်အကြေးစွန့်သည့်နေရာများနှင့် သပ်သပ်ရပ်ရပ်ရှိသော်လည်း မြို့တော်စင်တာနှင့် ဝေးရာအရပ် များတွင် သူတို့စွန့်ချင်သလို စွန့်ပစ်ကြပါသည်။ ကျေးကျွန်များနှင့် အလုပ်သမားများက တတ်နိုင်သမျှ သိမ်းဆည်းကြသည်။ တွင်းထဲ သို့ စွန့်ပစ်ကြသည်။ သို့သော် အနံ့က စွဲကျန်ရစ်ပါသည်။

လေထဲတွင်သူတို့ရနံ့ကလှိုင်နေသည်။ အိမ်မရှိသူတွေကလမ်းပေါ်မှာသေကြသည်။ မင်းတရားကြီး (Vaspasian) ညစာစား နေစဉ် ခွေးတကောင်ကလူ၏ လက်တချောင်းကိုကိုက်ချီပြီး ဝင်လာသည်။ အင်ပါယာထမင်းစားသည့် စားပွဲအောက်မှာချထားခဲ့သည်ဟုမှတ်တမ်းများကဆိုသည်။ လူသေကောင်များမှာ မြို့နှင့်ဝေးရာသို့ယူသွားပြီး သေချာ မီးရှို့ကြပါသည်။ ရောမ မြို့ကြီး၏ပမာဏနှင့်ဆိုလျှင် တနေ့လျှင်လူ ၁ဝဝ မျှ သေဆုံးနေကြပြီး မြို့သို့ဝင်ရာလမ်းတလျောက် လူသေအလောင်း မီးရှို့ ရာ မီးပုံများကို တွေ့ရပါသည်။

ဂရိလူမျိုးတို့သည် သိပ္ပံနှင့်အကြောင်းပြ အဖြေရှာခြင်း (Reason) ကို တီထွင်ကြသူများဖြစ်ပါသည်။ အရာဝတ္ထုတိုင်းကို မျက် စေ့ဖြင့်မြင်ရသည်ထက် နက်ရှိုင်းအောင်ကြည့်လေ့ရှိသူ အကြောင်းအရာအချက် အလက်များကို နားလည်နိုင်စွမ်းရှိသူ များဟု ဆိုနိုင်ပါသည်။

အရေးအသားများစွာကို ရေးရုံဖတ်ရုံမျှမဟုတ် နားနှင့်ကြားခါ အာရုံခံစားနိုင်ရမည်။ ဟိုမာ၏ ကဗျာရှည်ကြီးသည် အသံထွက် ဖတ်ရန် ဘေးကနားထောင်သူကို ခံစားနိုင်ရန်ရည်ရွယ်ပါသည် နားထောင်နေသော ပရိသတ်နားမှာ ချိုမြိန်နေဖို့လိုသည်။ လူဦးရေ၏ ၅ ရာခိုင်နှုန်း သာ စာရေးစာဖတ်တက်ကြသည်ထင်ပါ၏။ ဆိုလိုသည်မှာ လူဦးရေအနည်းငယ်သာ တဦးနှင့်တဦး ဆက်သွယ်ရန် စာကိုသုံးကြပါသည်။ စာကိုအဆင့်မြင့် ရေးနိုင် ဖတ်နိုင်သောသူမှာကား ပို၍နည်းပါသည်။ ၂ ရာခိုင်နှုန်း အများဆုံးရှိ မည်ထင်ပါသည်။

ပညာသင်ကြားရေးမှာ ဈေးကြီးပြီး ယခုခေတ်ဆိုလျှင် စာသင်ရမည့်အရွယ်မှာ သူတို့ခေတ်က အလုပ်ခိုင်းနေရပါပြီ၊ ကျွန် တော်တို့ နားလည်ကြသည့် အဆင့်မြင့်ယဉ်ကျေးမှုဆိုသည်မှာ လူနည်းစုကသာပိုင်ဆိုင်ကြပါသည်။ အလွန်ချမ်းသာသော သူများသာ အဆင့်မြင့်သောစာများကို ဖတ်ရှုပြီး သူတို့အချိန်ကိုဖြုန်းနိုင်ကြပါသည်။ စာဖတ်ခြင်းမှာ တိုက်ရိုက်အသုံးမကျ သောကြောင့် စာဖတ်၍အချိန်ကုန်ခံခြင်းသည် Upper Class လူများအတွက်သာ ဖြစ်ပါသည်။ ယနေ့ “လက်တင်"ဘာသာကို သင်ယူခြင်းကဲ့သို့ဖြစ်ပါလိမ့်မည်။

ရောမနိုင်ငံတွင် ဆင်းရဲသူနှင့်ချမ်းသာသူကွာခြားမှုက ကြီးမားသည်။ ဆီနေတာတယောက်၏ အနည်းဆုံးရှိရမည့် ငွေကြေး ပမာဏမှာ (Sesterces) တသန်းမျှရှိသည်။ ထိုမျှသောငွေကြေးဆိုလျှင် မိသားစုပေါင်း ၂,ဝဝဝ ကျော် ကို တနှစ်မျှကျွေး မွေးထားနိုင်သည်။ ဂျူးလီးယပ်ဆီဇာ တယောက်အာဏာရှင်ဖြစ်လာစေရန် ငွေကြေးဖြင့် ကူညီထောက်ပံ့ခဲ့သူ (Crasuss) မှာ ၂ဝဝ မီလီယံမျှရှိသည်ဟုဆိုသည်။ ပါရှန်များက သူ့ကိုငွေကြေး မက်မောသူဟူ၍ မုန်းတီးသည်။ သူတို့နိုင်ငံကို ကျူးကျော် ဝင်ရောက်ပြီး ရွှေများကိုအရည်ပျော်အောင် အပူပေးပြီး သူ၏ ပါးစပ်ပေါက်ထဲသို့ လောင်းချပြီးအသေသတ်လိုက်ကြသည်။
တခေတ်နှင့်တခေတ် ငွေကြေးချမ်းသာခြင်းကို နှိုင်းယှဉ်ရန်ခက်ခဲပါသည်။ သူတို့ခေတ်က ချမ်းသာသည်ဆိုခြင်းမှာ မြေယာ ပိုင်ဆိုင်ခြင်း အိမ်ယာစည်းစိမ်ဥစ္စာပေါများခြင်းကို ခေါ်သည်။ ထိုခေတ်ကငွေကြေးဖြင့် အိုးအိမ်လိုက်ဝယ်သည်ဟူ၍မရှိ၊ လူ လတ်တမ်းစားနှင့် ဘဏ်စနစ်မဖွံ့ဖြိုးသေး၍ ငွေကြေးလည်ပတ်မှုမှာလည်း မပြည့်စုံသော ကာလဖြစ်ပါသည်။

ထိုခေတ်က ချမ်းသာသူတို့အလုပ်မှာ ပေါင်မုန့်ကိုပေးဝေခြင်းနှင့် ပြဇတ်ရုံကြီး (Theatres) များတွင် ဆပ်ကပ်ပွဲ ကြီးများ ကျင်းပပေးခြင်းတို့ဖြစ်သည်။ ဆပ်ကပ်ပွဲ (သို့) တိရစ္ဆာန်များကို လိုက်ဖမ်းပွဲခြင်းကျင်းပခြင်း၊ ဂလယ်ဒီ ရေတာ (Gladiator) ခေါ် သူရဲကောင်းမျယဒအတွက် နားပန်းပွဲများကျင်းပပေးခြင်းတို့ဖြစ်သည်။ အင်ပါယာက ကျင်းပသောပွဲများတွင် ပြည်သူတို့ အဖို့ ပေါင်မုန့်ကို အလကားစားရသည်။ ပျော်ပွဲရွှင်ပွဲများ ကျင်းပနိုင်ခြင်းသည် ရပ်ရွာအေးချမ်းသာယာခြင်းကိုပြသည်။

ထိုခေတ်က ယောင်္ကျားများကြီးစိုးသော ခေတ်ဖြစ်ခဲ့သည်။ ယောင်္ကျား များသာမဲပေးနိုင်၍ အများပြည်သူနှင့် ဆိုင်သည့် ရုံး များတွင် ထိုင်နိုင်ကြသည်။ မိန်းမများသည် သူတို့ယောင်္ကျားများကို ရိုသေ၍ သမီးဖြစ်သူကလည်း ဖခင်ဖြစ်သူကို ကြောက်ရွံ့ရိုသေကြသည်။ အင်ပါယာ နီရို၏မိခင် (Agrippina) မှာ သားဖြစ်သူ အာဏာရရှိရေး အတွက် ဖခင်ဖြစ်သူကို အဆိပ်ကျွေး၍သတ်သည်ဟု အဆိုရှိသည်။ သူတို့သည် ကုလားကာနောက်ကွယ်မှသာ လှုပ်ရှားကြရသည်။

အုတ်ဂူတခုတွင် သစ္စာရှိလှသော မိန်းမဖြစ်သူအတွက် ယောင်္ကျားကထိုးထားသောစာသားမှာ “သစ္စာရှိသော” “စစ်မှန်သော” “ချစ်ခင်ဘွယ်ကောင်းသော” “ပြောသည့်အတိုင်းလိုက်နာတတ်သော” ဟူသောဂုဏ်ထူးဝိသေသ များပါသည်။ ထိုအရာများ မှာ မိန်းမတယောက်ဆီမှ ယောကျာ်းတယောက်မျှော်လင့်နိုင်သော အရည်အချင်းများပင် ဖြစ်သည်။

သူတို့ခေတ်က အသက်ငယ်ငယ်နှင့်သေကြသည်။ ငယ်သည်ဆိုသော်လည်း ကျန်းမာရေးကောင်းကြသည်မဟုတ်ပေ၊ သူတို့ ခေတ်က ၂၅ နှစ်အသက်ရှည်သည်ဆိုလျှင်ကောင်းလှပေပြီ၊ ယခုအခါ အနောက်နိုင်ငံများတွင် သူတို့ထက် ၃ ဆမျှပို၍နေရ ပါသည်။ ရေအိမ်သာများမကောင်းခြင်း (Poor Sanitation)၊ တကိုယ်ရေသန့်ရှင်းမှု နှင့်ဆေးပညာဆိုင်ရာ ဗဟုသုတနည်းပါးမှု တို့ ပေါင်းစပ်သောအခါ သေခြင်းဆိုသည်မှာ အိမ်ထောင်တိုင်းတွင် မဆန်းဘူးဖြစ်လာပါသည်။ မွေးဖွားလာသော ကလေး ငယ်များ၏ သုံးပုံတပုံမှာ ပထမနှစ်မှာ သေကြသည်။ ကလေးငယ်များ၏ထက်ဝက်မှာ ၅ နှစ်မပြည့်မီ သေကြသည်။ ထိုကာလ များထက်ပို၍ အသက်ရှည်ပါလျှင် အသက်ရှည်ရှည်နေရန် မျှော်လင့်နိုင်ပါပြီ၊ ၁ဝ နှစ်အထိနေရပြီဆိုလျှင် အသက် ၅ဝ အထိ အသတ်ရှည်ရန် မျှော်လင့်နိုင်ပါပြီ၊ ယခုခေတ်လို အငြိမ်းစားဟူ၍မရှိ၊ အဖေကြီးအမေကြီး အဖိုးအဘွားဆိုသည်မှာနည်းသည်။ အဖေအမေမရှိဘဲ သားသမီးလူငယ်တွေကများသည်။

ပျမ်းမျှမိခင်တယောက်သည် လူဦးရေတည်ငြိမ်ဖို့ဆိုလျှင် ကလေး ၅ ယောက် ၆ ယောက်မွေးဖို့လိုသည်။ မိန်းက လေးတယောက်သည် အိမ်ထောင်သက် ၁၆ နှစ်ရှိပြီး အသက် ၂၈ နှစ်ဆိုလျှင်သေလွန်သည်။ များသောအား ဖြင့် ၁၁ နှစ်သည် အများစုအိမ်ထောင်ကျသည့် နှစ်ဖြစ်သည်။

အေသင်မြို့သည် ဒီမိုကရေစီစနစ်၏ စင်တာဖြစ်ပါသည်။ လူဦးရေမှာ မြို့နှင့်အနီးပတ်ဝန်းကျင်ပေါင်းလျှင် ၂၅,ဝဝဝ မျှရှိမည်၊ မဲပေးနိုင်သောနိုင်ငံသားမှာ ၆ဝ,ဝဝဝ သာရှိပါသည်။ နောင်သောအခါမျိုးချစ်ပုဂ္ဂိုလ် (Pericle) က လူဦးရေကို ကန့်သတ်လိုက် သောကြောင့် ၃ဝ,ဝဝဝ ခန့်သာမဲပေးနိုင်တော့သည်။ မဲပေးနိုင်သူဦးရေမှာ ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း သာရှိပါသည်ဟု ဆိုနိုင်ပါသည်။ သို့ပါသော်လည်း မဲဝယ်ခြင်းများခေတ်စားသဖြင့် မဲပေးခြင်းမှာ ပိုက်ဆံ ပြည့်စုံသူတို့ အလုပ်သာဖြစ်လာပါသည်။

ထိုလူများထဲတွင် ကျွန်များ၏အရေအတွက်ကလည်းမနဲလှပေ၊ လူဦးရေဘယ်၍ဘယ်မျှရှိသည်မှာသိနိုင်ရန် ခက်ခဲလှသည်။ အေသင်နှင့်ရောမ နှစ်မြို့လုံးမှာ ကျွန်အရေအတွက်အများဆုံးဖြစ်သည်။ အီတလီတွင် လူဦးရေ၏ ၂ဝ ရာခိုင်နှုန်းမှာ ကျွန် တွေဖြစ်ကြသည်။ ယခုခေတ်တွင် ရေခဲသေတ္တာ အိမ်တိုင်းမှာရှိသလို ဟိုခေတ်ကလည်း ကျွန်များကို လူတိုင်းပိုင်ဆိုင်ကြ သည်။ မင်းတရားကြီး (Hadrian) စာရေးရင်း ကျွန်တယောက်၏ မျက်လုံးကို သူ့စာရေးတံနှင့် ထိုးဖောက်မိသည်ဟုဆိုသည်။ ကျွန်လုပ်သူသည် “မျက်လုံးထက်အရေးကြီးတာဘာမှ မရှိပါဘူး” ဆိုသည်ကို အင်ပိုင်ယာကြီးက မနှစ်မြို့ဘူးဟုဆိုသည်။ ဟိုတုန်းက ကျွန်တယောက်ကိုအပြစ်ပေးဘို့ဆိုလျှင် အခကြေးငွေယူ၍ လိုက်လုပ်ပေးသူတွေရှိသည်။ သင့်ကျွန်ကို ရိုက်နှက် အပြစ်ပေးလိုလျှင် ထိုလူတို့ကိုခေါ် လိုက်ရုံသာ။

ပဲလီရို (Verdius Pellio) ဆိုသူသည်မင်းတရားကြီး  သြဂတ်စတပ်ကိုဧည့်ခံနေစဉ် ကျွန်တယောက်က ဝိုင်ခွက်ကို မတော် တဆ ကျကွဲသွားသည်ဟုဆိုသည်။ ထိုကျွန်ကို ငါးကန်ထဲသို့ချပစ်ရန် ခိုင်းလိုက်သည်။ သြဂတ်စတပ်က မကျေနပ်သဖြင့် ထိုကျွန်ကိုလွှတ်ခိုင်းသည်။ ထို့ပြင် ကျွန်များကို ဝိုင်ခွက်ရှိသမျှ စုဝေးစေပြီး သူတို့သခင်ရှေ့ တွင် ခွဲခိုင်းသည်ဟုကြားရဘူးသည်။

ကိုးကွယ်သည့်ဘာသာတရားမှာလည်း ရောမတွင်အထင်ကရရှိခဲ့သည်။ ဘုရားဆိုလျှင် အိုလန်ပတ်တောင် (Olympus) ပေါ် တွင်ရှိသည့် ဘုရားကျောင်းတော်ကြီးကို ပြေးမြင်သည်။ ရှေးရောမတို့သည် ရှေးဖြစ်ဖတ်မည့် သူများထံသွား၍ သူတို့ ဟော်ရိုစကုပ် (Horoscope) ဖတ်လျှင်ဖတ်မည်၊ သူတို့နေ့စဉ်တွေ့ကြုံရသည့်ဘဝပြဿနာများကလွတ်မြောက်ရန် ဘုရား ကို တိုင်တည်ကြသည်။ ဘုရားထံမှာ ၉၂ ခုသော မေးခွန်းများကို မေးနိုင်သည်။   “ကျွန်ဘဝက လွတ်မည်လော”  “ကျွန်တော် သေရမလား ရှင်မလား၊ အမွေတွေရအုံးမှာလား” ဟူသော မေးခွန်းတွေဖြစ်သည်။

သို့သော် ပလေတိုနှင့် အရစ္စတိုတယ်တို့က ဗဟုသုတများ၏သဘာဝနှင့် လက်တွေ့ဘဝကြီးကို လက်ဆုပ် လက်ကိုင်ရှိမရှိ၊ အရာဝတ္ထုများ၏တည်ရှိမှုနှင့် ရည်ရွယ်ချက်တို့ကို ကြံဆနေသည်။ ဖီလိုဆိုဖီသဘောကို လူနည်းစုကသာ အဓိပ္ပါယ်ဖွင့်ဆို နိုင်ကြပါသည်။ သို့သော်လည်း ၎င်းတို့တန်ဘိုးအဓိပ္ပါယ်မှာ လျှော့နည်းမသွားပေ။

ယခုခေတ် အချို့သောနိုင်ငံများတွင် “Hippocratic Oath”  ကို ဆရာဝန်များရွတ်ဆိုနေဆဲ ရှိသေးသည်။ ဟစ်ပို ခရီးတီး (Hippocrete) မှာ(၄၆ဝ-၃၇ဝဘီစီ) တွင် အေသင်မြို့တွင်ကျော်ကြားခဲ့ပါသည်။ သူကဆေးပညာရပ်ကို မိမိဖာသာ ရပ်တည် နိုင်သော ဘာသာရပ်ဖြစ်အောင် စတင်တီထွင်ခဲ့သူဖြစ်ပါသည်။ လူနာအိပ်ယာဘေးမှ ထိုင်ပြီး လူနာကို စောင့်ကြည့်ပြုစုရင်း လူတို့၏နေမကောင်းဖြစ်သော သဘာဝကိုရှာဖွေခဲ့သည်။ သူတွင်ရောဂါများကို ပျောက် နိုင်စွမ်း (Healing Power) ရှိသည်ဟု လူအများကယုံကြည်ကြပါသည်။ အဂုင်္လိမာလသုတ်ကို ရွတ်ဖတ်လျှင် ကလေးမွေးရလွယ်သည်ဟု ယုံကြည်ကြ သလိုပင် ဖြစ်ပါသည်။ သူ့တွင်အင်အားတစုံတရာရှိပြီး အေသင်မြို့ တွင် ပလိပ်ရောဂါဖြစ်စဉ်က သူကုပေးခဲ့သည်။ ပါရှားဘုရင်ကြီးက သူ့ကိုခေါ်ပြီး သူ့နိုင်ငံသူနိုင်ငံသားများ ရောဂါပျောက်အောင် ကုစေခဲ့သည်ဟု ဆိုသည်။

သူရေးသားပြုစုခဲ့သည့် စာပေါင်း ၇၂ ခုမျှကျန်ခဲ့သည်ဟုဆိုသည်။ သူ၏ ကျမ်းကြိမ်ဆိုချက်မှ ခေတ်နှင့်မကိုက် ညီတော့ သည်များကိုပယ်ရင်း ယခုအချိန်ထိ အသုံးပြုနေကြရဆဲပင်ဖြစ်ပါသည်။

(၃)
ရောမမြို့ကြီး၏သမိုင်းမှာ ဘာတွေမှတ်သားကြရပါမည်နည်း၊ ယနေ့လူသားတို့ကဘာတွေ အတုယူကြရပါမည် နည်း၊ အမေရိကန်တို့၏ဖွဲစည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမှာ ရိုမင်တို့၏ဥပမာများကိုယူရသည်ဟုကြားဖူးသည်။ အမေရိကန် ကိုဖန်တီးသူ ဖခင်များက သူတို့ရေးဆွဲသည်ဖွဲ့စည်းပုံဥပဒေတွင် သမ္မတကိုသာအာဏာစုပြုံမပေးဘဲ သမ္မတ ကိုစောင့်ကြည့်ရန် ဆီးနိပ် လွှတ်တော်အမတ်များကိုတာဝန်ပေးခဲ့သည်။ (Check and Balance) စနစ်ကို ဖွဲ့စည်း ပုံဥပဒေတွင်ထည့်သွင်းရေးဆွဲထားခြင်းပင်ဖြစ်သည်။

အနောက်နိုင်ငံသားများ၏ဘာသာတရားအဖြစ် ခရစ္စယံဘာသာကို သက္ကရာဇ် ၃၃၇ ခုနှစ်တွင်ဘုရင်ကွန်စတင် တိုင်း (Constantine) ပထမဆုံးလူသိရှင်ကြား သတ်မှတ်ပေးခဲ့သည်။ အထင်ကရဘုရားကျောင်းများနှင့်ဘာသာရေးဆိုင်ရာ အဆောက်အဦးများစွာ ကိုဆောက်ခဲ့သည်။ သူပြုစုပြိုးထောင်ခဲ့သောဘာသာရေးဆိုင်ရာအုပ်မြစ်များ မှာယခုတိုင်သုံးစွဲနေရဆဲဖြစ်ပါသည်။

ယနေ့ခေတ်သစ် ရောမမြို.နှင့်အေသင်မြို့တို့မှာကား ကမ္ဘာကြီးကသတိမရတော့ပေ၊ ဂရိနိုင်ငံမှာစီးပွားရေး အကြပ်အတည်း ကြောင့်နလံမထူနိုင်၊ အီတလီတွင်လည်း နိုင်ငံရေး အကြပ်အတည်းတွေ ဆက်တိုက်ဖြစ်နေသည်။ ရှေးယခင်ကရွှေထီးဆောင်းခဲ့ရသည့်အချိန်များမှာ သမိုင်းစာအုပ်များအထဲတွင်သာ ကျန်ပါတော့သည်။

ကိုသန်းလွင်
Ref:The Ancient World, Jerry Toner
↧

K ငြိမ်းချမ်း - အိုဘယ့် သတင်းစာလောက

$
0
0


K ငြိမ်းချမ်း  - အိုဘယ့် သတင်းစာလောက 

(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၈

“ငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့မိဖုရားမကောင်းလျှင် မိဖုရားကိုရေး ငါ့သားသမီးမကောင်းလျှင် သားသမီးကိုရေး၊ တရားသူကြီးမကောင်းလျှင် တရားသူကြီးကိုရေး မြို့ဝန် မကောင်း လျှင် မြို့ဝန်ကိုရေး၊ မင်းတို့သတင်းစာ၌ အပြစ်မရှိစေရ၊ နန်းတော်တွင်းသို့ သတင်းစာတိုက်က မည်သူမဆို အဆီးအတားမရှိ ၀င်ထွက်စေ”။

အထက်ပါစကားကို ဆိုခဲ့သူကတော့ ...
(၁) ဦးနေ၀င်း၊ ဦးသန်းရွှေ စစ်အစိုးရ ၂ ဆက်၊
(၂) ဦးသိန်းစိန်အစိုးရ
(၃) ယခု NLD အစိုးရ ...
 မည်သည့်မင်းလက်ထက်ကပြောဆိုခဲ့သနည်း ဆိုပြီး ပဟေဠိ ၀ှက်လိုက်လို့ကတော့ ရွေးချယ်ဖြေဆိုသူအားလုံး မှားသွားမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အထက်ပါ အစိုးရလက်ထက်များမှာ တယောက်မှ မပြောခဲ့ကြလို့ပဲဖြစ်ပါ တယ်။

ပြည်သူတင်မြှောက်တဲ့ သမ္မတစနစ်မှာတောင် မဟုတ်ဘဲ သက်ဦးဆံပိုင်ဘုရင်စနစ်ဖြစ်တဲ့ မင်းတုန်းမင်းလက်ထက်မှာ သတင်းစာလောကအပေါ် ဘုရင်ကိုယ်တိုင်ပြောခဲ့တဲ့ အာမခံ ခဲ့တဲ့ နှုတ်ထွက်စကားဖြစ်ပါတယ်။ မြန်မာ့သတင်းစာလောကရဲ့ရှေ့ပြေး မင်းတုန်းမင်းလက်ထက်ထုတ်ဝေခဲ့တဲ့ ရတနာပုံသတင်းစာမှာ အမိန့်တော်တရပ်အနေနဲ့ကို ရေးသားထား တယ်လို့ ဘိုးဝဇီရစာအုပ်မှာ အတိအလင်းထည့်သွင်းထားပါတယ်။

ယနေ့ခေတ်လို အစိုးရ၊ စစ်တပ် အစရှိတဲ့ အာဏာရယန္တရားတွေက သတင်းစာအပေါ် သတင်းသမားများအပေါ် ကြက်ကလေးငှက်ကလေးဖမ်းသလို တရားစွဲဆို ထောင်ချအပြစ် ပေးတဲ့ကာလမှာ မင်းတုန်းမင်းအမိန့်တော်လိုမျိုး အာမခံပေးမယ့်သူများပေါ်လာနိုးမျှော်လင့်ချက်နဲ့ ယနေ့သတင်းစာလောက။

တိုင်းပြည်ရဲ့ စတ္ထုတ္တမဏ္ဍိုင်၊ ပြည့်မျက်လုံးအစရှိသဖြင့် တင်စားခေါ်ဝေါ်မှုတွေနဲ့ တကယ်တကယ့်အဖမ်းခံရချိန်တွေမှာ အာမခံတောင်ပေးမရတဲ့ ပုဒ်မတွေနဲ့။ စေ့စပ်ညှိနှိုင်း အဖြေရှာ နည်းဆိုတာ အာဏာပိုင်တွေက ဘယ်တော့မှအသုံးပြုခြင်းမရှိတဲ့ ယနေ့သတင်းစာလောက။

သူငယ်ချင်းတယောက်ကတော့ ထိန်းထိန်းသိမ်းသိမ်းပြောရှာပါတယ်။ သတင်းသမားတိုင်းမှန်တယ်လို့ မဆိုလိုချင်ပေမယ့် အစိုးရ(တရားစွဲဆိုသူများ)က ဆတ်ဆတ်ထိမခံဖြစ်နေ တယ်လို့ သမုတ်ခံရတဲ့ ယနေ့သတင်းစာလောက။

သိသင့်တာထက် ပိုသိထားရင် အသက်အန္တရာယ်ထိ ဒုက္ခပေးလာနိုင်တဲ့ ယနေ့သတင်းစာလောက။

တဖက်ကလည်း အမြင်အမျိုးမျိုးနဲ့ထင်မြင်မှတ်ချက်တွေပေးခံနေရတဲ့ သတင်းစာလောက။ အဲဒီသတင်းစာလောကဟာ ဘယ်လိုစည်းမျဉ်းစည်းကမ်းတွေရှိနေသလဲ။ ဘယ်လိုအခွင့် အရေးတွေ ရသင့်နေတာလဲဆိုတာသိဖို့ သတင်းစာဆရာ၊ စာရေးဆရာမကြီး (ဒေါ်) ခင်မျိုးချစ်ရေးခဲ့တဲ့ သတင်းစာလောက (စတ္ထုတ္တအကြိမ်) အမည်ရှိ စာအုပ်ထဲသွားရောက် လေ့လာ ကြည့်ရှုကြရအောင်ပါ။

(ဒေါ်)ခင်မျိုးချစ်ဟာ ၁၉၃၇ခုနှစ်ကစပြီး တိုးတက်ရေးမဂ္ဂဇင်း၊ ဘားမားဂျာနယ်၊ အိုးဝေသတင်းစာ၊ တိုင်းရင်းသူဂျာနယ်၊ ဂါးဒီးယန်းသတင်းစာ၊ လုပ်သားပြည် သူ့သတင်းစာတို့မှာ အယ်ဒီတာအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ဆရာမကြီးဟာ ၁၉၉၉ခုနှစ် ဇန်န၀ါရီ ၂ ရက် အသက် ၈၄နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

သတင်းစာလုပ်ငန်းဆိုတာဘယ်လိုလဲ၊ သတင်းစာလွတ်လပ်မှုဆိုတာ ဘာလဲ၊ သတင်းစာလောကအတွက် အရည်အချင်းတွေ ဘာလဲ၊ သတင်းခေါင်းကြီးပိုင်းက ဘယ်လို အရေးကြီးလို့လဲ၊ သတင်းဆောင်းပါးနှင့် ဝေဖန်ရေးဆောင်းပါးတွေက ဘယ်လောက်အရေးပါအရာရောက်သလဲဆိုတာတွေကိုတော့ ယခုစာအုပ်က အဖြေပေးနိုင်ပါတယ်။

စာအုပ်မှာ အခန်း(၁၂)ခန်း ပါဝင်ပြီး စာအုပ်နဲ့ပတ်သက်ပြီး ဆရာမကြီးရဲ့အမှာ၊ သတင်းစာဆရာ့လက်သုံးဝါဒ

အခန်း(၁)။ စတုတ္ထမဏ္ဍိုင်

အခန်း(၂)။ သီတင်းစာလွတ်လပ်မှု

အခန်း(၃)။ သတင်းစာနှင့်လူထု

အခန်း(၄)။ သတင်းစာလုပ်ငန်း

အခန်း(၅)။ သတင်းစာလောကအတွက် အရည်အချင်း

အခန်း(၆)။ သတင်းစာနှင့်အလုပ်သမား

အခန်း(၇)။ ခေါင်းကြီးပိုင်း

အခန်း(၈)။ သတင်းနှင့် သတင်းယူနည်း

အခန်း(၉)။ သတင်းစာဆောင်းပါးနှင့် ဝေဖန်စာဆောင်းပါး

အခန်း(၁၀)။ သတင်းထောက်လှမ်းခြင်း အတတ်

အခန်း(၁၁)။ သတင်းစာ၏အခြားအစိတ်အပိုင်းများ

အခန်း(၁၂)။ ဗမာပြည်သတင်းစာလောက စတဲ့အကြောင်းအရာများကို ဖတ်ရှုရမှာဖြစ်ပါတယ်။

ကျနော်တို့မြန်မာနိုင်ငံမှာ စာနယ်ဇင်းအတတ်ပညာ၊ သတင်းအတတ်ပညာနဲ့ပတ်သက်ပြီး သင်ကြားပေးတဲ့ကျောင်း၊ တက္ကသိုလ်မရှိခဲ့ပါဘူး။ စစ်အစိုးရခေတ်တွေမှာလည်း မဂ္ဂဇင်း အနည်းငယ်ကို စည်းကမ်းတင်းတင်းကျပ်ကျပ်စိစစ်ရေးလိုဌာနဖွင့်ပြီး ထုတ်ဝေခွင့်ပြုခဲ့တာကကလွဲလို့ ပုဂ္ဂလိကသတင်းစာဆိုတာကြားတောင်မကြားခဲ့ကြပါဘူး။ ၂၀၁၀ နောက်ပိုင်း မှ ထုတ်တင်စနစ်ပြောင်းထုတ်ဝေခွင့်ရခဲ့ကြတာဖြစ်ပါတယ်။ ဆယ်စုနစ်တခုစာမရှိသေးသော်လည်း သတင်းသမားများတရားစွဲဆိုခံထားရမှုများကတော့ အမှုပေါင်း ၄၀ကျော်ရှိတယ် လို့ စစ်တမ်းတခုမှာဖတ်လိုက်ရပါတယ်။ မင်းတုန်းမင်း သမ္မတတင်ရမလိုကို ဖြစ်မနေဘူးလား။

အဲတော့ စတုတ္ထမဏ္ဍိုင်ဆိုတာ ဘာလဲ။ သတင်းစာလွတ်လပ်ခွင့်တွေ သတင်းစာလုပ်ငန်းပညာရပ်တွေသိရဖို့ သတင်းစာလောကထဲ ၀င်ရောက်ဖတ်ရှုကြည့်ကြပါစို့။

“ကျွန်ုပ်တို့မြန်မာ့အယူအဆ၌လည်း မင်း၊ ပုဏ္ဏား၊ သူဌေး၊ ဆင်းရဲသားဟုဆိုအပ်သော အမျိုးလေးပါးရှိ၍ ထိုအမျိုးလေးပါးကို စောင့်ရှောက်ရမည့်တာဝန်မှာ မင်းကျင့်တရားပင်ဖြစ် သကဲ့သို့ စတုတ္ထမဏ္ဍိုင်ဟူသော သတင်းစာ၏လွတ်လပ်မှုကို စောင့်ထိန်းရန်တာဝန်မှာလည်း လူထုခေတ်တွင် ဒီမိုကရေစီကျင်စဉ်ပင်ဖြစ်သည်။ သတင်းစာသည် ပြည်သူ့နား ပြည်သူ့မျက်စိ၊ ပြည်သူ့ပါးစပ်နှင့်တူသည်။ ထို့ကြောင့် သတင်းစာလွတ်လပ်မှုမရှိသော တိုင်းပြည်မှာ မျက်စိကန်း နားပင်း စကားအသောသူနှင့် မခြားတော့ပေ။” (စာ-၁၇ စတုတ္ထ မဏ္ဍိုင်မှ)

သတင်းစာတွေရဲ့လွတ်လပ်မှုဆိုတာကရောဆိုတာကိုလည်း “ သတင်းစာများသည် မဖွယ်ရာသော မုဒိန်းကဏ္ဍများကို ဖော်ပြကာ လူတို့၏အကျင့်စာရိတ္တကို ပျက်ပြားစေသည်။ သတင်းစာ လွတ်လပ်မှုဟု အမည်တပ်ကာ စည်းကမ်းမဲ့ရေးသားကြသည်။ လင်ကွာ မယားခိုး၊ အလောင်းအစား၊ ခိုးမှုသတ်မှုတို့ကိုအသားပေးဖော်ပြခြင်းဖြင့် လူတို့၏တိရစ္ဆာန် စိတ်များ ယုတ်မာမှုများကို အားပေးသည်။ ဤသည်ပင်လျှင် သတင်းစာ၏လွတ်လပ်မှုပေလော”။(စာ-၁၇)

“လွတ်လပ်စွာပြောဆိုခွင့်မပေးဘဲ လူထု၏ပါးစပ်ကို ပိတ်ထားခြင်းသည် လွတ်လပ်စွာတွေးတောသောစိတ်ကို အကျဉ်းထောင်ချထားသည်နှင့်တူလေသည်။ လူလောကတွင် မိမိနှင့် သဘောချင်း မတိုက်ဆိုင်တိုင်း မပြောရ မရေးရဟု ပိတ်ပင်ထားလျှင် နိုင်ငံရေးလွတ်လပ်မှု မရှိတော့ပေ။ လွတ်လပ်စွာ ကန့်ကွက်ခွင့်လွတ်လပ်စွာသဘောတူနိုင် ခွင့်ဆို၍ရှိစေရမည်။ ယူဆပုံကွဲလွဲသည်ကို လျစ်လျူရှုနိုင်ရမည်။ လူတစ်ဦး၌ဖြစ်စေ လူတစ်စု၌ဖြစ်စေ မိမိနှင့်သဘော မတိုက်ဆိုင်သူတို့အား ပြောဆိုခွင့်မပေး မိမိတို့ယူဆချက်မှတစ်ပါး အခြားယူဆ ချက် မရှိရဟု ပညတ်ခြင်းသည် သဘောထားသေးသိမ်သည့်အလုပ်ပင်ဖြစ်သည်။ ထိုအလုပ်မျိုးသည် လုပ်သူနှင့်ခံရသူ နှစ်ဦးနှစ်ဖက်စလုံးအား အကျိုးပျက်စီးစေတတ်လေသည်။ ” ( စာ-၂၁)

“လွတ်လပ်သောနိုင်ငံများတွင် သတင်းစာနှင့် အစိုးရတို့ ဆက်ဆံမှု မည်သို့နည်းဟူသော ပြဿနာတစ်ရပ်ပေါ်လာခဲ့သည်။ သတင်းစာဆရာတို့သည် အချုပ်အချယ်မရှိ လွတ်လပ်စွာ ရေးသားနိုင်ခွင့် မှုကို လက်မလွှတ်လိုကြ၍ အစိုးရများကလည်း တိုင်းပြည်ကိုထိခိုက်နစ်နာစေမည့် အရေးအသား အထင်အမြင်လွဲမှားစေမည့် သတင်းများကို ကန့်ကွက်တားဆီးလို ကြပေသည်။ ထိုပြဿနာမှာ အစိုးရနှင့် သတင်းစာ ရှိသည့်နိုင်ငံတိုင်းမှာပင် ပေါ်ပေါက်သည်။ အထူးသဖြင့် စစ်ဖြစ်နေသည့်အခါနှင့် ပြည်ထောင်ချင်းချင်း အရေးဆိုစကားကမ်းလှမ်း နေသည့်အခါများတွင် သတင်းစာအရေးအသား မလိမ်မာမှုကြောင့် ပြည်ထောင်အချင်းချင်း အထင်အမြင်လွဲရသည်ဟူ၍လည်းကောင်း၊ သတင်းစာများက မရေးသင့်မဖော်သင့်သည်ကို ထုတ်ဖော်ရေးသားသဖြင့် ရန်သူ့ထံ မရောက်သင့်သောသတင်းများပေါက်ကြားရသည် ဟူ၍လည်းကောင်း အစိုးများက အကြောင်းပြ၍ သတင်းစာများကို ချုပ်ချယ်လိုကြသည်။” (စာ-၂၅)

“သတင်းစာများ၏ အဓိကတာဝန်မှာ လောကတစ်ခုလုံးတွင် လူအများဘာလုပ်နေသည်ကို တွေး၍ ဘာကိုစဉ်းစားနေသည်ကိုသိရန်ဖြစ်သည်။ ထို့ကြောင့် သတင်းစာအလုပ်ကို လုပ် ကိုင်သူများသည် အများဆုံးသော ဆင်ခြင်ဥာဏ် ကျယ်ဝန်းသော ဗဟုသုတနှင့် လုပ်ရည်ကိုင်ရည်များရှိရမည့်အပြင် လျင်မြန်ဖျတ်လတ်စွာ သိမြင်တတ်သည့်အလေ့နှင့် အကျိုး အကြောင်း စပ်ဟပ်စဉ်းစားတတ်သော ဆင်ခြင်ဥာဏ်ကို မွေးဇာတိက ပါလာရုံမျှမဖြစ်စေဘဲ အကျင့်လုပ်၍လည်း ပါရမီကိုပို၍ရင့်သန်စေရမည်။ အောက်ပါတို့မှာသတင်း စာအလုပ် ကိုပိုမိုစနစ်တကျလေ့လာလိုက်နာစေရန်အတွက် သတ်မှတ်သောစည်းကမ်းချက်များဖြစ်လေသည်။”(စာ-၇၅)

(၁) တာဝန် (၂) သတင်းစာလွတ်လပ်မှု (၃) အချုပ်အချယ်ကင်းမှု(၄) စေတနာကောင်းမှု (၅) မျက်နှာမလိုက်မှု(၆) သမာသမတ်ရှိမှု (၇) သန့်ရှင်းမှု အစရှိတဲ့အချက်များကို ပြည့်စုံ စွာ စာအုပ်မှာဖတ်ရှုရမှာဖြစ်ပါတယ်။

ဆက်လက်ပြီး အခန်း၆ မှစကာ အထူးသတင်းထောက်၊ အယ်ဒီတာဆိုသည်ကား၊ သတင်းစာဆရာ ၊ လန်ဒန်တိုင်းအယ်ဒီတာ၊ အယ်ဒီတာတွေ၊ စစ်သတင်းထောက်၊ ပါလီမန် သတင်းထောက်၊ နိုင်ငံခြားသတင်းထောက်၊ သတင်းဖြန့်ချိရေးအဖွဲ့များ၊ ဆင်ဒီကိတ်များ၊ ခေါင်းကြီးပိုင်း၊ သတင်းနှင့် သတင်းယူနည်း၊ တွေ့ဆုံမေးမြန်ခြင်း၊ အစုလိုက် တွေ့ဆုံခြင်း၊ တွေ့ဆုံမေးမြန်းချက်များကို ရေးသားခြင်း၊ ထင်မြင်ချက်အတွက် မေးမြန်းခြင်း၊ အထူးဆောင်းပါးအတွက် မေးမြန်းခြင်း၊ သတင်းဆောင်းပါးနှင့် ဝေဖန်ရေးဆောင်းပါးများ၊ စာအုပ် ဝေဖန်ခြင်း၊ ရုပ်ရှင်ပြဇာတ်ဝေဖန်ခြင်း၊ သတင်းထောက်လှမ်းခြင်း အတတ်၊ ဘာကိုရှာရမလဲ၊မတော်တဆထိခိုက်မှု၊ လေယာဉ်ပျံပျက်ကျမှု၊ မီးရထားမှောက်မှု၊ ရာထူးခန့်ထားခြင်း၊ အခမ်းအနားပွဲ၊ တရားရုံးသတင်း၊ ရာဇ၀တ်မှု၊ကွာရှင်းမှု၊ ကပ်ဆိုက်မှုများ၊ ကိစ္စအလိုက်သတင်းထောက်လှမ်းခြင်း၊ သတင်းထောက်အလုပ်တာဝန်၊ နိုင်ငံရေးနှင့် ရွေးကောက်ပွဲ သ တင်း၊ နိုင်ငံရေးသတင်းထောက်အရည်အချင်း၊ နိုင်ငံရေးအဖွဲ့အစည်း၊ မဲဆွယ်ရေးလုပ်ငန်း၊ ရွေးကောက်ပွဲ၊ တရားပွဲနှင့် အစည်းအဝေးသတင်း၊ ဟောပြောပွဲ၊ စည်းဝေးပွဲ၊ ကစား ခုန်စား သတင်း၊ သတင်းစာ၏အခြားအစိတ်အပိုင်းများ၊ ရုပ်ပြသတင်းစာ၊ ဓာတ်ပုံပညာ၊ သတင်းဓာတ်ပုံအမျိုးအစား၊ စံပြဓာတ်ပုံများ၊ ရုပ်ပြောင်ကာတွန်းများ၊ အထူးဆောင်း ပါးများ၊ သတင်းစာဆရာ၏ဗဟုသုတ၊ ကော်လံဆောင်းပါး၊ အလွတ်ဆောင်းပါးရေးခြင်း၊ သတင်းစာဆရာနှင့်စာရေးဆရာ၊ မဂ္ဂဇင်းဂျာနယ်များ အစရှိတဲ့ကဏ္ဍများကို ခေါင်းစဉ်အလိုက် ရေးသားပြုစုထားပါတယ်။

နောက်ဆုံးအခန်းဖြစ်တဲ့ ဗမာပြည်သတင်းစာလောက မှာတော့ ဗမာပြည်သတင်းစာလောက သမိုင်းအဖြစ်အပျက်များမှ အကျဉ်းချုံးပြီး အပိုင်း ၅ ပိုင်းခွဲကာ ရေးသားထားပါတယ်။

(၁) အထက်ဗမာပြည်ကို အင်္ဂလိပ်တို့ မသိမ်းပိုက်မီအခါက ထုတ်ဝေခဲ့ကြသော သတင်းစာများ

(၂) မြန်မာတပြည်လုံးကို အင်္ဂလိပ်တို့သိမ်းပိုက်သည့်နောက် နိုင်ငံရေးခေတ် မရှိမီအခါက ထုတ်ဝေကြသော သတင်းစာများ

(၃) မြန်မာပြည်တွင် နိုင်ငံရေးခေတ်ပေါ်ပေါက်လာသောအခါ ထုတ်ဝေကြသော သတင်းစာများ

(၄) မြန်မာပြည်ကို ဂျပန်တို့ကြီးစိုးနေသည့်အခါက ထုတ်ဝေကြသော သတင်းစာများ

(၅) ဂျပန်တို့ထွက်ပြေးပြီးနောက် အင်္ဂလိပ်တို့ဝင်ရောက်လာသောအခါက ထုတ်ဝေကြသော သတင်းစာများနှင့် ယခုလွတ်လပ်ပြီး ပစ္စက္ခသတင်းစာများ ဆိုပြီး သမိုင်းဆိုင်ရာ အချက်အလက်အထောက်အထား အကိုးအကားများနဲ့ ရေးသားပြုစုထားတာတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ပြုစုထားတယ်လို့ဆိုရမှာ ဆရာမကြီးက နိုင်ငံတကာသတင်းစာ အခြေအနေအရပ်ရပ်များနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာများကို အထောက်အထားနဲ့တကွ ကိုးကားရေးသားထားတာတွေ့ရလို့ဖြစ်ပါတယ်။

အချုပ်ဆိုရရင် ယခု သတင်းစာလောကစာအုပ်ဟာ သတင်းစာလောကအကြောင်း အထွေထွေများအပြင် ကျင့်ဝတ်စည်းကမ်းပိုင်းမှာ မကျန် သမိုင်းဆိုင်ရာအထောက်အထား အဖြစ် သင်ရိုးညွှန်းတမ်းသဖွယ်ဖြစ်နေတာကြောင့် သတင်းစိတ်ဝင်စားသူ၊ သတင်းသမားဖြစ်လိုသူများအတွက် အကိုးအကားစာအုပ်ဖြစ်နေပါတယ်။ တဖက်က သတင်းသမားရဲ့ ထောက်ပြ ရေးသားပြောဆိုချက်များကိုလည်း တုံ့ပြန်မယ့် အစိုးရတာဝန်ရှိသူအပိုင်းဘက်ကလည်း လေ့လာဖတ်ရှုဖို့သင့်ပါကြောင်း ညွှန်းဆိုလိုက်ရပါတယ်။

ဒါမှလည်း သတင်းစာလောက လာရာနဲ့ လားရာကို သိမှ ဟန်ချက်ညီညီထိန်းညှိနိုင်မှ ပြည်သူ့အစိုးရ မုချဖြစ်မှာ မဟုတ်လား ။ ။

↧

သန်းဝင်းလှိုင် - မောရစ်ကောလစ်

$
0
0

သန်းဝင်းလှိုင် - မောရစ်ကောလစ်
(သမိုင်းတကွေ့မှ နိုင်ငံခြားသားများ)
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၈

မြန်မာနိုင်ငံတွင် ၂၃ နှစ်ကြာမျှ အိုင်စီအက်စ်ဝန်ထမ်း အရာရှိအဖြစ် ထမ်းရွက်ခဲ့သော စာရေးဆရာကြီးမောရစ်ကောလစ်သည် သမာသမတ်ကျသော နယ်ပိုင် အရေးပိုင်နှင့် ခရိုင် တရားသူကြီး ဖြစ်သလို မြန်မာနိုင်ငံနှင့် ပတ်သက်၍ စာအုပ် အမြောက်အမြား ရေးသားခဲ့သူလည်း ဖြစ်သည်။ သူသည် မြန်မာပြည်သူတို့အပေါ် ကိုယ်ချင်းစာနာထားသောပုဂ္ဂိုလ်ကြီး ဖြစ်သည်။ ထို့အပြင် ဗြိတိသျှကိုလိုနီစနစ်အုပ်ချုပ်ရေးကိုလည်း တူးတူးခါးခါး ဝေဖန်ပြစ်တင်ခဲ့သူလည်း ဖြစ်သည်။


မောရစ်ကောလစ် (Maurice Stewart Collis) သည် အိုင်ယာလန်နိုင်ငံသားကြီး ဖြစ်သည်။ သူ့ကို အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့၌ ၁၈၈၉ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ မောရစ်၏မိဘမျိုးနွယ်တို့သည် ရှေးဆန်သူ မင်းမှုထမ်းများ ဖြစ်ကြသည်။ မောရစ်သည် အိုင်ယာလန်ရှိ ကောင်စီကယ်ရီနယ်မြေပိုင်ရှင်မျိုးရိုးမှ ဆင်းသက်လာသူပီပီ သူ့ဘိုးဘေးဆွေမျိုးများမှာ ဆရာဝန်၊ ကျောင်းဆရာ၊ တက္ကသိုလ် ကထိက၊ စစ်ဗိုလ်၊ ဘုန်းတော်ကြီး စသော မင်းမှုထမ်းများ ဖြစ်ကြပြီး ရှေးဆန်လှသည်။ သူ့မိဘများမှာ ဝီလျံဝတီးဝပ် ကောလစ်နှင့် ဆာရာလစ်စတာဂျိမ်းဆင်တို့ ဖြစ်ကြသည်။ ဖခင် ဝီလျံကောလစ်သည် သဘောထားကြီးပြီး မိခင်ဆာရာဂျိမ်းဆင် သည် ကြံ့ခိုင်သောစိတ်ဓာတ်နှင့် လက်တွေ့လုပ်တတ်သူ ဖြစ် သည်။ အိမ်ထောင်မှုကိစ္စအဝ၀ကို မိခင်ဖြစ်သူက အဓိက စီမံ ခန့်ခွဲသည်။
မောရစ်သည် ငယ်စဉ်က ရပ်ရွာရှိ မူလတန်းတွင် စတင် ပညာသင်ကြားပြီးနောက် လန်ဒန်မြို့ ရပ်ဘီ (Rugby) တွင် ဆက်လက်သင်ယူသည်။ ကျောင်းသားဘဝ၌ အားကစားဘက်၌သာ ထူးချွန်ပြီး ပညာဘက်တွင် ထွန်းထွန်းပေါက်ပေါက် မရှိလှချေ။

ငယ်စဉ်ကပင် စာပေဝါသနာထုံ၍ အသက် ၁၈ နှစ် ကျောင်းသားဘဝက ဝတ္ထုတစ်ပုဒ် စပ်ရေးကြည့်ဖူးသည်။ အထက်တန်းအဆင့် အောင်မြင်၍ အောက်စဖို့ဒ်တက္ကသိုလ် ကောပတ်၊ ခရစ်စတီကောလိပ်သို့ ရောက်သောအခါ စာမျိုးစုံ ကို သဲသဲမဲမဲ ဖတ်ရှုတော့သည်။ ဂန္ထဝင်ကျမ်းဂန်များမှစ ဝတ္ထု၊ ကဗျာ၊ ပြဇာတ်၊ အလယ်သမိုင်းစာအုပ်များအဆုံး နှစ်ခြိုက်စွာ လေ့ လာဖတ်ရှုသည်။ သမိုင်းဘာသာရပ်ကိုလည်း အထူးစိတ် ဝင်စားလေ့လာခဲ့ရာ ခေတ်သစ်သမိုင်းတွင် ပထမအဆင့် ဂုဏ်ထူးနှင့် အောက်စဖို့ဒ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့လေသည်။


ထိုစဉ်က ဗြိတိသျှအင်ပါယာကြီးသည် နေမဝင်အင်ပါယာ ခေါ်တွင်လောက်အောင် ဘုန်းမီးနေလ တောက်ပနေချိန် ဖြစ် သည်။ ဗြိတိသျှတို့ သိမ်းပိုက်ထားသော ကိုလိုနီနိုင်ငံများ၌ အုပ်ချုပ်ရေးပိုင်းတွင် အမှုထမ်းရသည်မှာ ထိုကာလက ဂုဏ်ယူ စရာ ဖြစ်သည်။ အုပ်ချုပ်ရေးပိုင်း အမှုထမ်းမှန်သမျှ အတွင်းဝန် ချုပ်၊ အတွင်းဝန်၊ ကော်မရှင်နာမင်းကြီး၊ ဘုရင်ခံ စသော ရာထူးကြီးများအထိ တက်လမ်းနိုင်ခွင့်ရှိသည်။ လစာမှာလည်း မက်မောလောက်အောင် ပေးထားသည်။ အနားယူသောအခါ ပင်စင်မှာလည်း ထိုက်ထိုက်တန်တန် ရသည်။

ထိုစဉ်က အိုင်စီအက်စ်ခေါ် အိန္ဒိယအုပ်ချုပ်ရေး ပဋိညာဉ် ခံ ဝန်ထမ်းမှာ ခေတ်အစားဆုံး ဖြစ်သည်။ ယင်း ဝန်ထမ်းရာထူး ရရှိရေးအတွက် ထိပ်တန်းဘွဲ့ ဒီဂရီရရုံမကသေး သမိုင်းရာဇဝင်၊ ဥပဒေနှင့် အုပ်ချုပ်ရေးပိုင်း အရည်အချင်းစစ် စာမေးပွဲကိုလည်း အပြိုင်အဆိုင် ဖြေရသေးသည်။

၁၉၁၂ ခုနှစ်တွင် မောရစ်ကောလစ်သည် အိုင်စီအက်စ် (ICS) စာမေးပွဲ၌ လက်တည့်စမ်း ဖြေကြည့်ရာ၌ အောင်မြင် ခဲ့သဖြင့် မိုးကျရွှေကိုယ်ခေါ် အိုင်စီအက်စ်ဝန်ထမ်း ဖြစ်လာ သည်။ သူသည် အိုင်စီအက်စ်စာမေးပွဲအောင်မြင်ရန်အတွက် လက်တင်၊ ပြင်သစ်၊ အီတလီ စသော ဘာသာရပ်များနှင့် စာပေအနုပညာ၊ ဘောဂဗေဒတို့ကိုလည်း လေ့လာခဲ့ရသေး သည်။ အိုင်စီအက်စ်ဝန်ထမ်း ခန့်အပ်ခံရပြီးနောက် သူ့အား မြန်မာပြည်သို့ ပို့ရာ သူက ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့သည်။

မီးပုံးပျံဦးကျော်ရင်နဲ့ ပုံ

 ဤသို့ဖြင့် မောရစ်ကောလစ်သည် မြန်မာပြည်သို့ ၁၉၁၂ ခုနှစ်က ရောက်လာခဲ့သည်။ သူ ရောက်လာစဉ်က ပထမ ကမ္ဘာစစ်ကြီး (၁၉၁၄-၁၉၁၈) ပင် မဖြစ်သေးချေ။ အရှေ့တိုင်း နိုင်ငံများအကြောင်း အလွန်စိတ်ဝင်စားသော မောရစ်သည် ကမ္ဘာ့ထိပ်သီးမြို့တော် လန်ဒန်ကို ကျောခိုင်းကာ အတွေ့အကြုံ သစ်များ ရှာဖွေရန် မြန်မာပြည်သို့ လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သူသည် မြန်မာ့မြေပေါ်သို့ ရောက်သည်နှင့် မြန်မာ့ သမိုင်း၊ မြန်မာ့ယဉ်ကျေးမှုတို့ကို အားတက်သရော လေ့လာ ခဲ့သည်။ သူသည် မြန်မာပြည်သူတို့နှင့် ရင်းနှီးစွာပေါင်းပြီး ပွန်းပွန်းတီးတီး နေထိုင်သွားသည်။ မောရစ်ကောလစ်သည် မြန်မာပြည်သို့ ရောက်လာသော အင်္ဂလိပ်တို့အနက် တိုင်းရင်း သားတို့ အပေါ်တွင် မှန်ရာမှန်ကြောင်း ဖြစ်စေမှုကို အများဆုံး ရှေ့ရှုသူတစ်ဦး ဖြစ်သည်။ ထို့ကြောင့်လည်း သူ့အထက် ဗြိတိသျှ အာဏာပိုင်လူကြီးများက မြန်မာတို့နှင့် သို့ကလို အရော တဝင် ရှိလှသော သူ့အား မယုံသင်္ကာ ဖြစ်လာကြသည်။ ကောလစ်သည် သူ့အမှုထမ်းသက်တစ်လျှောက်လုံးတွင် သူ့ ကိုယ်ကျင့်တရားနှင့် အမှန်တရားကို အတိမ်းအစောင်းမခံဘဲ ဖြောင့်မတ်စွာ ကျင့်သုံးသွားခဲ့သည်။ သို့ဖြစ်ရာ မောရစ်ကော လစ်သည် အင်္ဂလိပ်အလိုကျ အမှုထမ်း ဖြစ်မလာခဲ့ပေ။ ကော လစ်သည် ''အင်္ဂလိပ်လူ''မဟုတ်သောကြောင့် ရန်ကုန်တွင် အာဏာပိုင်ဗြိတိသျှအစိုးရအသိုင်းအဝိုင်းက သူ့ကို ဝိုင်းပယ် စပြုလာခဲ့သည်။ ပဲခူးကလပ်၊ ဘုတ်ကလပ်၊ ဂျင်မခါနာကလပ် တို့တွင် ကောလစ် ဝင်လာလျှင် နှာခေါင်းရှုံ့ကြသည်။

အမှန်စင်စစ် အိုင်စီအက်စ်တို့မည်သည် ''ဝိတိုရိယဘုရင်မကြီးခေတ်က နေမဝင်အင်ပါယာကကြီး၏ ကြီးမြတ်ခြင်းကို ထိန်းသိမ်းရမည်''ဟူသော ကျင့်ဝတ်နှင့် ကျေးဇူးသစ္စာကို ခံယူ ရပြီး အုပ်ချုပ်ခံလူထုက လေးစားရိုသေကြောက်ရွံ့ကြစေရန် လူထုနှင့် ခပ်ခွာခွာ နေထိုင်တတ်ကြသည်။

 
မောရစ်ကောလစ်သည် အမှုထမ်းသက် (၁၆) နှစ်ရှိသည့် အခါ စစ်ကိုင်းအရေးပိုင်တာဝန်မှ ရန်ကုန်အရေးပိုင်တာဝန်သို့ ပြောင်းရွှေ့ထမ်းရွက်ရသည်။ ရန်ကုန်အရေးပိုင်တာဝန်ဝတ္ထရား များတွင် ခရိုင်ရာဇဝတ်တရားသူကြီးတာဝန်လည်း ပါသည်။ ထိုကာလ (၁၉၂၈ ဇူလိုင်လမှ ၁၉၃၀ အောက်တိုဘာလ) များကို အခြေခံ၍ နောင်တွင် သူသည် Trials in Burma  (မြန်မာပြည်အတွေ့အကြုံများ) စာအုပ်ကို ရေးသားခဲ့သည်။ အဆိုပါစာအုပ်ကိုပင် စာရေးဆရာမကြီးလူထုဒေါ်အမာက တက္ကသိုလ်ကျောင်းသူဘဝတွင် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် တိုက်တွန်းချက်အရ ''မြန်မာပြည်တွင် စစ်ဆေးခဲ့ သော အမှုအခင်းများ''အမည်ဖြင့် ၁၉၃၈ ခုနှစ် နိုဝင်ဘာလ တွင် ရေးသားထုတ်ဝေခဲ့သည်။


ယင်းစာအုပ် အမှာစာ၌ လူထု ဒေါ်အမာက ''မစ္စတာမောရစ်ကောလစ်သည် ရန်ကုန်ဒိစတြိတ် ရာဇဝတ်တရားသူကြီးအဖြစ်ဖြင့် ဆောင်ရွက်နေသော ၁၉၃၀ ပြည့်နှစ် အခိုက်အတန့်သည် မီးခဲခေတ်၊ မီးတုတ်ခေတ်သာ ဖြစ်သော တစ်တိုင်းပြည်လုံး ဆူပူချောက်ချား၍ ဆင်းရဲဒုက္ခ ရောက်နေရသည်။ မြို့ရွာငြိမ်ဝပ်ပိပြားရေး၊ တရားစီရင်ရေး စသော အလုပ်များတွင် မစ္စတာကောလစ်ကိုယ်တိုင်မှာ အခက် အခဲ အတိုက်အခံများစွာ တွေ့ကြုံရသောကြောင့် မှတ်တမ်း သဖွယ် ဤစာအုပ်ကို ရေးသားခဲ့ခြင်း ဖြစ်လေသည်။ Trials in Burma  ဆိုရာ၌ မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများကို ဆိုလိုရင်း မဟုတ်ပါ။ Trials ဆိုသော စကားလုံးကိုသုံးကာ ဤစာအုပ်ကို အမည်ပေးထားရာမှာလည်း အဓိပ္ပာယ်နှစ်မျိုးရပါသည်။ တရားခံများကို မစ္စတာကောလစ် ကိုယ်တိုင် တရားရုံးတွင် စစ်ဆေးခြင်း၊ ၎င်းကိုယ်တိုင်ကို အခြားသူများ၊ အထက်အရာရှိကြီးများက ရုံးတင်ဘိအလား ပြုမူသည်ကို မအီမသာ ခံစားရခြင်းများကိုလည်း ဆိုလိုရင်း ရှိပါသည်။

မစ္စတာကောလစ်၏ ရည်ရွယ်ချက်မှာ အင်္ဂလိပ်များ၏ ဂုဏ်ကိုလည်းဆည်လို၍ မြန်မာများ၏ ကြီးပွားချမ်းသာမှုများ ကိုလည်း ဖြစ်ပွားစေလိုသည်။ ဤစာအုပ်မှာ မြန်မာများကို အလင်းရောင်ပေးသည်ထက် မြန်မာပြည်ရှိ အင်္ဂလိပ်များအား လည်း စိတ်သဘောထားပြောင်းကာ မြန်မာများကို စိတ်စေတနာကောင်း ရှေ့ထားနှင့် ဆက်ဆံရန်၊ မြန်မာပြည်ကို သိမ်းပိုက် ၌ မြန်မာပြည်တွင်း စီးပွားရှာရာတွင် မိမိတို့ အကျိုးကို ပထမ ဆုံးကြည့်ခြင်းထက် တိုင်းရင်းသား မြန်မာများ၏ အကျိုးစီးပွား ကို ပထမဆုံး ရှေ့ရှုမှသာ သမာသမတ် တရားနည်းလမ်းကျ နိုင်မည့်အကြောင်း နိဂုံးချုပ်ထားခြင်းဖြစ်ရာ ယခုအချိန်အခါ တွင် များစွာပေါ်ပေါက်ရန် သင့်သော စာအုပ်တစ်အုပ် ဖြစ်သည် ဟု ယုံကြည်သည့်အတိုင်း မြန်မာဘာသာပြန်ဆို ထုတ်ဝေလိုက် ရပါသည်''ဟူ၍ ရေးသားခဲ့လေသည်။


အဆိုပါစာအုပ်ကိုပင် ဆရာကျော်အောင်က ''မြန်မာပြည်အတွေ့အကြုံများ"အမည်ဖြင့် ဘာသာပြန်ခဲ့သည်။ မြန်မာပြည်အတွေ့အကြုံများ စာအုပ်ကို အကြောင်းပြု၍ ကောလစ်အား ဂျတ်စတစ်ကန်းနလစ်သည် အသရေဖျက်မှုဖြင့် တရားစွဲဆိုရန် ရှေ့နေများဖြင့် တိုင်ပင်ခဲ့သည်။ သို့သော် ရှေ့လူများက နိုင်ရန် အကြောင်းမမြင် ဟု ဆို၍ လက်လျှော့လိုက်ရသည်။

မောရစ်ကောလစ်သည် ၁၉၂၄ ခုနှစ်များတွင် စစ်တွေ၌ ခရိုင်ဝန်အဖြစ် အမှုထမ်းနေစဉ်က ရခိုင်အမျိုးသားပညာတတ် တစ်ဦးဖြစ်သော ဦးစံရွှေဘူးနှင့် ကျွမ်းဝင်ခဲ့ရာမှ ရခိုင်ရှေး ဟောင်းမြို့တော်၊ မြောက်ဦးအကြောင်း သုတေသနပြု ဖြစ်သွား သည်။ ယင်းမြို့တော်အကြောင်းကို သူ့မိတ်ဆွေဂေါ်ဒန်လုစ် အယ်ဒီတာအဖြစ် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံသုတေသန ဂျာနယ်သို့ ပေးပို့ရာ ထည့်သွင်းဖော်ပြခြင်း ခံရသည်။ ထိုအချိန် မှစ၍ အိုင်စီအက်စ်ဘဝမှ စာရေးဆရာဘဝသို့ပြောင်းရန် စိတ် ကူးလမ်းစ ပေါ်လာခဲ့သည်။ ယင်းသို့ သုတေသနနှင့် စာရေး ခြင်းကို လုပ်လာသောကြောင့် သူ့အထက်က တိုင်းမင်းကြီးက မနာလိုဖြစ်ကာ သူ့အပေါ် အပြစ်ရှာသော အစီရင်ခံစာများကို ဘုရင်ခံအပါးတော်မြဲထံသို့ တင်သွင်းလေသည်။ သို့သော် ဘုရင် ခံဖြစ်သူ ဆာဟားဘတ်ဘတ်လာ ကိုယ်တိုင်က သူ့ဆောင်းပါး များကို ဖတ်ရှုသဘောကျနေသဖြင့် သူ့အား စာရေး၍ ချီးကျူး ခဲ့ပြီးဖြစ်ရာ မောရစ်ကောလစ်မှာ အရေးယူမခံရပေ။
အဆိုပါဆောင်းပါးများကို စုစည်း၍ နောင်တွင် The Land of the Great Image အမည်ဖြင့် ထုတ်ဝေခဲ့သည်။ အဆိုပါ စာအုပ်ကို ဦးလှဒင်က ရတနာရွှေမြေ အမည်ဖြင့် မြန်မာဘာသာပြန်ဆို၍ ၁၉၆၄ ခုနှစ် ဒီဇင်ဘာလတွင် ထုတ် ဝေခဲ့သည်။


မောရစ်ကောလစ်သည် အိုင်စီအက်စ်ရာထူးကို လက်ခံ စဉ်က သူ မူလဝါသနာဖြစ်သော သမိုင်းသုတေသနနှင့် စာရေး ခြင်းတို့ကိုလည်း လုပ်နိုင်မည်။ အုပ်ချုပ်ရေးတာဝန်များကို လည်း ထမ်းရွက်နိုင်မည်ဟု ထင်ခဲ့သည်။ သို့သော် လက်တွေ့ တွင် သူထင်သလို မဖြစ်သောကြောင့် လက်ရှိဘဝကို မပျော် ပိုက်တော့ချေ။ ထို့နောက် ၁၉၂၇ ခုနှစ်တွင် ဘိလပ်သို့ ခွင့်ပြန် သွားစဉ် ကျောင်းနေဖက်သူငယ်ချင်းဖြစ်သော ''ဂျော့ဖရေး ဖေဘာ'' (Geoffrey C. Faber) (၁၈၈၉ သြဂုတ် ၂၃- ၁၉၆၁ မတ်လ ၃၁) နှင့် တွေ့သည်။ ဖေဘာသည် ဖေဘာ အင်ဖေဘာ လိမီတက် (Faber & Faber Ltd) အမည်ဖြင့် စာအုပ်တိုက်တည်ထောင်ထားသည်။ ပုံနှိပ်ထုတ်ဝေသူအဖြစ် ကြီးပွားနေသူဖြစ်ရာကား သူ တိုးချဲ့မည့်ပုံနှိပ်လုပ်ငန်းတွင် ဒါရိုက်တာအဖြစ် ဝင်ရောက်လုပ်ကိုင်လိုပါက လက်ခံမည်ဟု ပြောပြသည်။ သူနှင့်တွဲ၍ မောရစ်ကောလစ်သည် စာအုပ် အတော်များများ ရေးသားထုတ်ဝေဖြစ်ခဲ့သည်။

 ထို့နောက် ၁၉၃၁ ခုနှစ်တွင် သူ့အပေါ် မလိုလားသော အထက်အာဏာပိုင်တို့က သူ့အား မဲဇာသို့ ပို့သည့်အနေဖြင့် မြိတ်သို့ ပြောင်းရွှေ့လိုက်သည်။ မြိတ်တွင်ရှိစဉ်က သတ္တုတွင်းပိုင် တစ်ဦးအနေနှင့် ကြွေပန်းကန်ကွဲများအကြောင်း စကား စပ်မိရာမှ မောရစ်ကောလစ်သည် ရှေးဟောင်းတရုတ်ကြွေထည် များကို စိတ်ဝင်စားပြီး ဝယ်ယူစုဆောင်းခဲ့သည်။ မြိတ်မှရသော ကြွေထည်များကို လန်ဒန်မြို့ အနုပညာအသင်းကြီးတွင် ပြသခဲ့ရာ အဖိုးတန်၍ ရှားပါးသော ရှေးဟောင်းပစ္စည်းများဖြစ် ကြောင်း ပညာရှင်များ သိရှိပြီးနောက် မောရစ်ကောလစ်ကို အသင်းသားအဖြစ် လက်ခံလိုက်ကြသည်။ ဤတွင် လန်ဒန်မြို့ ရှိ ထိပ်တန်းစာပေအနုပညာလောကသို့ ကောလစ်သည် ဝင်ဆံ့ လာခဲ့သည်။


 ရော်ဘာခြံနှင့် သတ္တုတွင်းပိုင်ရှင်ဖြစ်သော အာချီဖို့ဒ်ဆိုသူနှင့် ကလပ်တစ်ခုတွင် တွေ့ဆုံကြရာမှ ဖို့ဒ်က ဆမ်မြူ ရယ်ဝှိုက်ဆိုသူ အကြောင်းကို စကားစပ်ပြောမိသည်။ ဝှိုက် ဆိုသူကား ၁၆၈၀ ပြည့်နှစ်ကတည်းက မြိတ်တွင် လာရောက် နေထိုင်ပြီး ယိုးဒယား(ထိုင်း)၊ အင်္ဂလိပ်၊ မြန်မာအရေးကိစ္စများ ကို စွက်ဖက်ခဲ့သူ ဖြစ်သည်။ သူ့အကြောင်း အကျဉ်းချုပ် ဖော်ပြထားသောစာအုပ်ကို ကောလစ်အား ငှားလိုက်ရာ မောရစ် ကောလစ်က သူ့အကြောင်း သုတေသနပြုရန် စိတ်ကူးမိသည်။ သို့ဖြင့် ၁၉၃၅ ခုနှစ်တွင် ဘိလပ်သို့ ခွင့်ပြန်ခဲ့စဉ်က စာကြည့် တိုက်များ၌ ဝှိုက်အကြောင်း သုတေသနပြုပြီး ၁၉၃၆ ခုနှစ် တွင် Siamese White (ယိုးဒယားဝှိုက်)ဟူသော အမည်ဖြင့် အတ္ထုပ္ပတ္တိစာအုပ်တစ်အုပ် ရေးသား၍ ပုံနှိပ်ထုတ်ဝေခဲ့သည်။ အဆိုပါစာအုပ်ကို သူ့သူငယ်ချင်း ဂျော့ဖရေးဖေဘာက ထုတ်ဝေ ပေးခဲ့ကြောင်း သူသည် နာမည်ကျော်ကြား သွားခဲ့သည်။ အဆို ပါ စာအုပ်သည် သူ့အား စာရေးဆရာဘဝသို့ အရောက်ပို့ခဲ့ သည့်စာအုပ် ဖြစ်သည်ဟု ဆိုသည်။


ဤသို့ အောင်မြင်မှုရရာမှ ဂျီအိတ်ခ်ျလု့စ်၏ မှန်နန်းရာဇဝင်ဘာသာပြန်ကို အခြေခံ၍ မိဘုရားစော (She was a Queen) ဝတ္ထုကို ရေးဖြစ်သွား သည်။ ယင်းစာအုပ်ကို နောင်တွင် မြသန်းတင့်က ဧကရီ ဖွားစော အမည်ဖြင့် ဘာသာပြန်ခဲ့သည်။

မြန်မာပြည်ရှိ အင်္ဂလိပ်အရာရှိပိုင်းက ကောလစ်အပေါ် ဝိုင်းပယ်ကြသည်မှာ အကြောင်းရှိပေသည်။ ၁၉၂၉ ခုနှစ်တွင် ရန်ကုန်၌ သူ ခရိုင်တရားသူကြီးအဖြစ် အမှုထမ်းစဉ်က စတီး ဘရားသား ကုမ္ပဏီအရာရှိ အင်္ဂလိပ်လူမျိုးဟူးခ်ျက သူ့ပစ္စည်း ပျောက်၍ အစေခံမြန်မာလူမျိုး ဘချစ်အား ရိုက်နှက်စစ်ဆေး ရာမှ ဘချစ်သည် တိုက်ပေါ် ပြုတ်ကျသေဆုံးသွားသောအမှုကို မောရစ်ကောလစ်က စစ်ဆေးစီရင်ပေးရသည်။ ဘချစ်အား ဟူးခ်ျက သတ်ပါသည်ဟူသော စွပ်စွဲချက်ကို မခိုင်လုံ၍ ပယ်ချခဲ့သော်လည်း ဟူးခ်ျသည် ဘချစ် ခိုးမှုကို ရဲသို့ မအပ် ဘဲ သူ့အခန်းတွင်း ခေါ်ယူကာ လက်သီးနှင့်ထိုး စစ်ဆေးသည် မှာ ဥပဒေအရ အရေးယူသင့်သောကိစ္စ ဖြစ်သည်။ ထို့ကြောင့် ဘချစ်ဇနီးမခွေးအား ဟူးခ်ျက လျော်ကြေးပေးစေဟု စီရင်ခဲ့ သည်။ သူ့စီရင်ချက်ကို အင်္ဂလိပ်အရာရှိကြီးများက မကျေနပ် ခဲ့ကြချေ။ ဗြိတိသျှလူမျိုးတို့၏ ဂုဏ်သိက္ခာကို ကျဆင်းစေ သည်ဟု သူတို့က ထင်မြင်ယူဆသည်။ မောရစ်ကောလစ် ကလည်း သက်သေထင်ရှားရှိနေသောအမှုကို လျှော်ပစ်ပြီး ဗြိတိသျှ လူမျိုးအချင်းချင်းအပေါ် ဘက်လိုက်ပါက မြန်မာတို့က ဗြိတိသျှအစိုးရနှင့် တရားဥပဒေအပေါ် အကြည်ညိုပျက်စေမည် ဖြစ်သောကြောင့် တရားသူကြီးပီပီ မိမိသည် အမှန်တရားဘက် က ရပ်တည်၍ စီရင်ခဲ့သည်ဟု ဆိုသည်။ ထိုအချိန်မှစ၍ ဗြိတိသျှကုန်သည်ကြီးများနှင့် အာဏာပိုင်အရာရှိကြီးများသည် မောရစ်ကောရစ်ကို ဆေးဖော်ကြောဖောက် မလုပ်ကြတော့ဘဲ သူ့ကွယ်ရာ အတင်းတုတ်နေကြတော့သည်။

မြန်မာပြည်၊ ရခိုင်၊ ကျောက်ဖြူမှာ နေခဲ့သည့် နေအိမ်ဟောင်း
 ၁၉၃၆ ခုနှစ်တွင် အစိုးရအတွင်းဝန်ချုပ်ကြီးက သူ့အား ကျောက်ဖြူသို့ နယ်ပြောင်းရွှေ့ပစ်လိုက်လေသည်။ မိမိတို့ မလို လားသော အမှုထမ်းများကို ဝေးလံသောအရပ်သို့ နယ်ပြောင်း ရွှေ့ခြင်းမှာ ဗျူရိုကရက်အရာရှိဆိုးတို့၏ ဉာဉ်ဆိုးပင် ဖြစ်လေ သည်။ မောရစ်ကောရစ်သည် သူ့အား အငြိုးကြီးနှင့် နှိမ်သည့် သဘောဖြင့် နယ်ပြောင်းခြင်းကို သည်းမခံနိုင်တော့ချေ။ ထို့ ကြောင့် ၁၉၃၆ ခုနှစ် သူ့အသက် ၄၇ နှစ်အရွယ် အမှုထမ်း သက် ၂၃ နှစ်တွင် မောရစ်ကောလစ်သည် အုပ်ချုပ်ရေးအရာရှိ ရာထူးမှ အပြီးထွက်ကာ လန်ဒန်မြို့သို့ ပြန်သွားတော့သည်။ သူသည် အစိုးရအမှုထမ်းလောကမှ ထွက်ပြီးနောက် အချိန် ပြည့် စာပေအနုပညာလောကသို့ ခြေစုံပစ်ဝင်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့သည်။
သူသည် မြန်မာပြည်မှ ပြန်ထွက်လာခဲ့ပုံအကြောင်းစုံကို How I Left Burma စာအုပ်၌ ဤသို့ ဖော်ပြထားသည်။


''အစောပိုင်းက ကျွန်ုပ် ရေးသားခဲ့သော 'ပြည်ပခရီး' (The Journey Outward) ၊ 'မြန်မာပြည်အတွင်းသို့' (Into Hidden Burma) နှင့် 'မြန်မာပြည်တွင် စစ်ဆေး ခဲ့သော အမှုအခင်းများ' Trials in Burma စာအုပ်များ တွင် အိုင်ယာလန်နိုင်ငံမှ ကျွန်ုပ်၏ကလေးဘဝ၊ အင်္ဂလန်ပြည် တွင် ပညာသင်ကြားပုံနှင့် ကျွန်ုပ် အသက် ၂၉ နှစ်အရွယ် အိုင်စီအက်စ်စာမေးပွဲအောင်မြင်ပြီးနောက် ထိုစဉ်က ဗြိတိသျှ အင်ပါယာ လက်အောက်ခံနယ်မြေတစ်ခုဖြစ်သော မြန်မာနိုင်ငံ သို့ အမှုထမ်းရန် ၁၉၁၂ ခုနှစ်တွင် ပို့လွှတ်ခံရပုံတို့ကို မှတ်တမ်း တင်ခဲ့သည်။ မြန်မာပြည်တွင် အမှုထမ်းခါစ အတွေ့အကြုံ အချို့ကိုလည်း ဖော်ပြခဲ့သည်။
'ပြည်ပခရီး'စာအုပ်ကို ၁၉၁၇-၁၈ ခုနှစ်များအတွင်း အတွေ့အကြုံများဖြင့် အဆုံးသတ်ထားသည်။ ထိုကာလအတွင်း ကျွန်ုပ်သည် ပထမဆုံးမြန်မာတပ်ရင်းတစ်ရင်းကို ဖွဲ့စည်းရန် အီဂျစ်နှင့်ပါလက်စတိုင်းတို့ကို သွားရောက်ခဲ့ရသည့်အဖြစ် နောက် ၆ နှစ် ကြာပြီးနောက် အင်္ဂလန်ပြည်သို့ ပြန်သွားခဲ့သည်။

'မြန်မာပြည်အတွင်းသို့'စာအုပ်ကို ၁၉၁၉ ခုနှစ်မှ ၁၉၃၄ ခုနှစ်အထိ အတွေ့အကြုံများကို ရေးသားထားသည်။ ထိုကာလအတွင်း ကျွန်ုပ် အသက် ၄၅ နှစ်အရွယ်တွင် စာရေး ဆရာဘဝဖြင့် အသက်မွေးရန် ရည်ရွယ်ချက်ဖြင့် အိုင်စီအက်စ် အရာထမ်းဘဝမှ အငြိမ်းစားယူခဲ့ပုံကို ရေးသားထားခြင်း ဖြစ် သည်။ ကျွန်ုပ်၏ တတိယစာအုပ်ဖြစ်သော မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများစာအုပ် (Trials in Burma) စာအုပ်တွင်မူ ၁၉၃၀-၃၁ အတွင်း ရန်ကုန်မြို့တွင် ခရိုင်ရာဇ ဝတ်တရားသူကြီးအဖြစ် အမှုထမ်းခဲ့ရသော အတွေ့အကြုံများကို အသေးစိတ်ဖော်ပြထားသည်။

How I Left Burma ကို ကျွန်ုပ် အသက် ၈၀ အရွယ် ၁၉၆၉ ဇန်နဝါရီလတွင် စတင်ရေးသားခြင်းဖြစ်ရာ မြန်မာပြည် တွင် အိုင်စီအက်စ်ဘဝဖြင့် ၂၂ နှစ်တိတိ အမှုထမ်းပြီးနောက် လန်ဒန်မြို့ စာပေလောကသို့ ဝင်ရောက်ခဲ့ပုံတို့ကို အငြင်းအခုံ လေ့လာသုံးသပ်ရှင်းလင်းတင်ပြရန် ရည်ရွယ်၍ ရေးသားထား ခြင်း ဖြစ်သည်''ဟူ ရေးသားလေသည်။

မောရစ်ကောလစ် ရေးသားခဲ့သောစာအုပ်များအနက် မြန်မာ့သမိုင်းအကြောင်းပါသော စာအုပ်များမှာ-


၁။ Siamese White (ယိုးဒယားဝှိုက်အမည်ဖြင့် ဘာ သာပြန်ထားသည်။ )
၂။ She was a Queen (မြသန်းတင့်က ဧကရီဖွားစော အမည်ဖြင့် ဘာသာပြန်ထားသည်။ )

၃။ Trails in Burma (၁၉၃၈ တွင် လူထုဒေါ်အမာက ''မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ''အမည်ဖြင့် ဘာသာပြန်၍၊ ကျော်အောင်က မြန်မာ ပြည် အတွေ့အကြုံများ အမည်ဖြင့် ၁၉၈၄ တွင် ဘာသာပြန်ဆိုသည်)
၎။ Sanda-Mala (၁၉၃၉ တွင် လူထုဒေါ်အမာက ''စန္ဒ မာလာ''အမည်ဖြင့် ဘာသာပြန်သည်)

၅။ Lord of the Sunset (၁၉၉၈ တွင် ကျော်အောင်က ''နေဝင်ဘုရင်များ''အမည်ဖြင့် ဘာသာပြန်သည်)
၆။ First and Last in Burma (၂၀၁၁ ခုနှစ်တွင် ကျော်အောင်က ''မြန်မာပြည်တွင် လွတ်လပ်ရေး တိုက်ပွဲ အမည်ဖြင့် ဘာသာပြန်ဆိုသည်)
၇။ Burmese Scene  (၁၉၄၅)
၈။ The Journey Outward  (၁၉၅၂)
၉။ Into Hidden Burma (၁၉၅၃)

၁၀။ The Land of the Great Image (၁၉၆၆ တွင် ဦးလှဒင်က ''ရတနာရွှေမြေ''အမည်ဖြင့် ဘာသာ ပြန်သည်)
၁၁။ The Journey Up (၁၉၇၀)
၁၂။The Mystery of Dead Lover  တို့ ဖြစ်သည်။

တရုတ်၊ မလေးရှား (မာလာယု)၊ ထိုင်း(ယိုးဒယား)နှင့ ဥရောပနာမည်ကြီးပုဂ္ဂိုလ်အကြောင်းပါသော စာအုပ်များမှာ-
၁၃။ The Great Within

၁၄။ Foreign Mud
၁၅။ The First Holy One
၁၆။ The Hurling Time


၁၇။ British Merchant Adventurers
၁၈။ Wayfoong
၁၉။ Raffles

၂၀။ Marco Polo  (ကျော်အောင် ဘာသာပြန်သည်)
၂၁။ Cortés and Montezuma (about the Spanish conquest of Mexico)
 
၂၂။ Nancy Astor - An Informal Biography
၂၃။ Stanley Spencer
၂၄။ Somerville and Ross
၂၅။ The Dark Door
၂၆။ Quest for Sita
၂၇။ The Desert of the God
၂၈။ The Three Gosd
၂၉။ The Motherly and Auspicious - Being the Life of the Empress Dowager Tzu Hsi in the Form of a Drama, with an Introduction and Notes
၃၀။ Alva Paintings and Drawings
၃၁။ Lord of the Three Worlds
စသည့်စာအုပ်များ ဖြစ်သည်။

ယင်းစာအုပ်များအပြင် မြန်မာ့သမိုင်းဆိုင်ရာ သုတေသန ဆောင်းပါးများစွာတို့ကိုလည်း ရေးသားခဲ့ရာ မြန်မာနိုင်ငံ သုတေသန ဂျာနယ်များတွင် အများဆုံး တွေ့ရသည်။


မြန်မာသမိုင်းတကွေ့၌ မြန်မာလူမျိုးနှင့် မြန်မာပြည်သူ အပေါ် အလွန်သံယောဇဉ် ကြီးမားခဲ့သော မောရစ်ကောလစ် သည် အသက် ၈၄ နှစ်အရွယ် ၁၉၇၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် လန်ဒန်မြို့၌ ကွယ်လွန်သွားခဲ့လေသည်။
↧
↧

ကြည်ဇော်ဝင်း ● အနာရှိသူတွေ စပ်ကြစေ

$
0
0

ကြည်ဇော်ဝင်း ● အနာရှိသူတွေ စပ်ကြစေ
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၈

အောက်တိုဘာ ၃ဝ၊ ၂ဝ၁၈ အတွဲ (၆)၊ အမှတ် (၁) ဇွန်လ၊ ၂၀၀၈ ထုတ် မဂ္ဂဇင်းမှ ကူးယူဖော်ပြခြင်းဖြစ်သည်။

စာရေးဆရာတွေအတွက် စာရေးရတာ လွယ်ပါတယ်။ စာရွက်နဲ့ဘောပင်ရှိရင် ပြီးတာပါပဲ။ ဒါပေမဲ့ ဘာတွေရေးမှာလဲ။ စာ ဖတ်သူအကြိုက်တွေရေးမှာလား။ ကိုယ့်ရင်တွင်းဖြစ်တွေရေးမှာလား။ ကိုယ်ရေးတဲ့စာကိုယ်ကြိုက်ပြီး ကိုယ်ကိုယ်တိုင်ယုံကြည်ဖို့တော့လိုတယ်။ ကိုယ့်စာတွေဟာ လောကသစ္စာတရားတွေဖြစ်ပြီး ကာလသုံးပါးခံဖို့တော့ လိုတယ်။

စာရေးဆရာဆိုတာ စာဖတ်သူတွေထက် ခေါင်းတလုံးပိုမြင့်ဖို့လိုတယ်။ စာဖတ်သူတွေမတွေးတဲ့ထောင့်ကတွေးပြီး စာဖတ်သူ တွေအတွက် အကျိုးရှိရမယ်။ စာဖတ်သူလောက်မှမတွေးတတ်ရင် ကိုယ့်စာဟာ စာပေဂုဏ်မမြောက်သလို စာဖတ်သူတွေက လည်း ဖတ်ကြမှာမဟုတ်ဘူး။ တကယ့်လူ့ဘဝက ရိုးသားကြိုးစားနိုးကြားလို့ သူကောင်းဖြစ်သွားလေသ တည်း ..တို့၊ ရာဇဝတ်ဘေးပြေးမလွတ်တို့ ..ဆိုတာမျိုးမဟုတ်ဘူး။ ပေါ်လစီစာရေးဆရာတွေကတော့ တည်ဆဲအစိုးကြိုက်ပြီး စာပေဆု ကလေးများရမလားလို့ စာပေပန်တျာတွေ ရေးကြတာပေါ့။ တခေတ်တခါက အဲဒီလိုစာမျိုးတွေပဲ စာပေဆုတွေပေးခဲ့တာ မဟုတ်လား။

ဘာစာပေမှ လောက်လောက်လားလားမရေးခဲ့ကြဘဲ မြို့နယ်စာနယ်ဇင်းဥက္ကဋ္ဌ လုပ်ချင်ကြတဲ့ စာပေရောဂါသည်တွေကိုလည်း မတွေ့ချင် မြင်နေလျက်သား။ လက်ရှိလည်း ဘယ်မဂ္ဂဇင်း ဘာစာစောင်မှ မရေးဘူး၊ သူတို့ရေးခဲ့ပါတယ်ဆိုတဲ့ကလောင်နာမည်တွေကိုပြောကြည့်တော့ စာသမားအချင်းချင်းတောင် မကြားဖူးဘူး။ မြို့နယ်စာနယ်ဇင်းဥက္ကဋ္ဌဖြစ်ဖို့ဆိုတာလည်း လွယ်ပါ တယ်။ အဲဒီလိုဥက္ကဋ္ဌရွေးချယ်တဲ့အစည်းအဝေးလုပ်မဲ့ပွဲမျိုးမှာ ဘယ်စာရေးဆရာကြီးတွေကမှ စိတ်မဝင်စားလို့ မတက် ကြတော့ ကိုယ့်အချင်းချင်းပဲ မဲခွဲပြီး ကိုယ့်လူကိုယ် ဥက္ကဋ္ဌတင်ပေးလိုက်တာပါပဲ။

စာနယ်ဇင်းအဖွဲ့ဝင်ချင်ကြတဲ့အကြောင်းကလေးတွေလည်းရှိနေတယ်လေ၊ ဟိုဘက်တခေတ်က GSM ဖုန်းပေးတာမျိုးတွေ မြေကွက်ပဲချပေးတော့မလိုလိုမျိုးတွေက ရှိခဲ့တယ်မဟုတ်လား။ စာရေးဆရာအများစုက မပြည့်စုံကြတော့ ဒီလိုမျှော်လင့်ချက်နဲ့အဖွဲ့ဝင်ဖြစ်ချင်ကြတာလည်း အပြစ်မဆိုသာပါဘူး။

ဒီနေရာမှာ မြို့နယ်စာနယ်ဇင်းအဖွဲ့တွေကို ပြောစရာတခုတော့ရှိလာတယ်။ စာပေအမြင်မကျဉ်းမြောင်းကြပါနဲ့။ မြို့နယ် မဂ္ဂဇင်းဆိုတာ ကိုယ့်မြို့နယ်က စာပေဝါသနာရှင်တွေ ကလောင်လက်စွမ်းပြတဲ့နေရာဆိုတာလည်း မှန်ပါတယ်။ ကိုယ့်မြို့နယ် က မွေးဖွားပြီး နာမည်ရစာရေးဆရာတွေကို စာမူမတောင်းပဲ လျစ်လျူရှုတာမျိုးတွေမလုပ်အပ်ဘူး။ ဒါ့ထက် မလုပ်အပ်တာက ကိုယ့်မြို့နယ်ကထွက်တဲ့ စာရေးဆရာစာရင်းပြုစုတဲ့အခါမှာ ကိုယ့်မြို့မှာ တနှစ် နှစ်နှစ်လောက်ကျောင်းနေခဲ့ဖူးတဲ့ နိုင်ငံကျော် စာရေးဆရာကျတော့ ကိုယ့်မြို့နယ်စာရေးဆရာစာရင်းထဲထည့်ပြီး ကိုယ့်မြို့နယ်သားစာရေးဆရာ စစ်စစ်တွေကို တော့ ချန်ထားတာမျိုးတွေပေါ့။ ဒါတွေဟာ စာပေအမြင်ကျဉ်းမြောင်းရုံမက အောက်တန်းပါကျသွားတယ်။

ဒါ့ထက်ဆိုးတာကတော့ မြို့နယ်စာနယ်ဇင်းတွေကဦးစီးကျင်းပတဲ့စာပေဟောပြောပွဲတွေမှာ လူမစည်တတ်ဘူး။ ကိုယ်နဲ့နီးစပ်တဲ့စာပေပန်တျာတွေကိုခေါ်ဟောခိုင်းတာကိုး။ စာပေပန်တျာတွေကို စာဖတ်ပရိတ်သတ်တွေက စိတ်မှမဝင်စားတာ။ စာသမားဆိုတာ ခေတ်ကိုဦးဆောင်နိုင်ရမယ်။ ကိုယ်ကိုယ်တိုင်ကမှခေတ်ဆွေးဖြစ်နေလေတော့ ခေတ်ကိုဘယ်လိုလုပ် ဦးဆောင်နိုင်မှာလဲ။

အငြိမ့်တို့ဇာတ်တို့မှာ သူတို့ကိုယ်တိုင်သာသိတဲ့ ဝေါဟာရတွေရှိတယ်။ အမျိုးသမီးရဲ့ရင်သားကို ‘အောရိန်း’ လို့ခေါ်ပြီး တင် သားကို “ဗလ” လို့ခေါ်တယ်လို့ကြားဖူးတယ်။ ငါးခြောက်ကို ‘ကကြီး’ တဲ့။ ဝက်သားကိုတော့ ‘ဝ’ တဲ့။ ထမင်းကို ‘ပုန်း’ တဲ့။ အဲဒီလိုပဲ အငြိမ့်တို့ဇာတ်တို့က သဘင်သည်တွေကို ‘ဗလပ်’ လို့ ခေါ်သတဲ့။ မန္တလေးစာပေသမားတွေကတော့ လူတယောက် က ကြုံသလို ညားသလိုပြောတတ်တဲ့သူကို ‘ဒီလူက ဗလပ်ပဲ’ လို့ပြောတတ်ကြတယ်။ ကျနော်တို့စာပေလောကမှာလည်း ‘စာပေဗလပ်’ တွေက အများသား။

နမူနာလေးတခုပြောပြမယ်။ စာပေဗလပ်တွေရဲ့လုပ်ပုံ။

နာမည်ကြီး ပရဟိတကျောင်းတကျောင်းကို စာပေဗလပ်က တခုခုသွားလှူဒါန်းပြီး စာပေဟောပြောပွဲလုပ်ဖို့စည်းရုံးလိုက်တယ်။ သူအပါအဝင် အခြားနာမည်ကြီးစာရေးဆရာ တယောက်ကို ဖိတ်ခိုင်းတယ်။ အဲဒီနာမည်ကြီးစာရေးဆရာက သူနဲ့လည်း အရမ်းရင်းနှီးပါတယ်ပေါ့။ သူကိုယ်တိုင်ဖိတ်ပေးပါ့မယ်ပေါ့။ အဲဒီလိုနည်းနဲ့ စာပေဗလပ်က သူ့ကိုယ်သူ ပရိုမိုရှင်း လုပ်လိုက် တာပေါ့လေ။ ပါးပါးလေးပါပဲ။ ချိတ်တွဲလို သွားတိုက်ဆေးနဲ့တွဲပြီး အစွံရောင်းတာပေါ့။ တချို့ စာရေးဆရာလေးများဆို နာမည်ကြီးစာရေးဆရာအတွက် ‘ဂုဏ်ပြုလက်ဆောင်’ တောင် ကိုယ့်အိတ်ထဲကစိုက်ပြီး တွဲဟောစေတာမျိုးတွေ ကြားရလေ ရဲ့။

အကောင်းမြင်ဘက်ကကြည့်မယ်ဆိုရင်တော့ စာပေသာသနာပြုကြတာပေါ့လေ။ ကောင်းပါတယ်။ စာရေးဆရာကြီးတွေကို မနင်းဖို့ပဲလိုတာပါ။ စာရေးဆရာဆိုတာလည်း လူတိုင်းဖြစ်နိုင်တာမဟုတ်ဘူးမို့လား။ တခုတော့မေးစရာရှိတယ်။ စာဟော ဆရာအဖြစ် နာမည်ကြီးရင် ဘာဆက်လုပ်ချင်တာလဲ။ ခေတ်ကလည်း စာဟောဆရာတွေခေတ်ဖြစ်နေလေတော့ ကျနော့် ဉာဏ်နဲ့ လိုက်မမီနိုင်တာတွေလည်း ရှိနိုင်သေးတာပေါ့လေ။

အံမယ် …. စာရေးဆရာတိုင်းလည်း မွဲတယ်မထင်လိုက်နဲ့။ အချို့စာရေးဆရာတွေက ချမ်းသာပါ့ဗျာ။ စာရေးလို့စာမူခရပြီး ချမ်းသာတာမျိုးတော့ မဟုတ်ပါဘူး။ ဒီတိုင်းပြည်မှာ စာမူခနဲ့လည်း မချမ်းသာနိုင်ပါဘူး၊ (မှတ်ချက်။ ။ မေတ္တာရှင်မပါ) အခြားလုပ်ငန်းတွေရှိလို့ချမ်းသာတာပါ။ နယ်အဝေးကိုတောင် ကိုယ်ပိုင်ကားကြီးနဲ့လာသတဲ့။ တချို့ဆို လူကြီးလမ်းကြောင်းလို ယာဉ်တန်းကြီးနဲ့ သူ့အလှည့်ဟောခါနီးမှ မီးတန်းကြီးထိုးပြီး ရောက်လာသတဲ့။ အဲဒါမျိုးတွေလုပ်တာက စာပေဗလပ်တွေပါ။
စာပေဟောပြောပွဲစင်ပေါ်ရောက်တာနဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းတွေ အမြုပ်  ထွက်အောင်ပြောမယ်။ ဗိုလ်ချုပ်အောင်ဆန်းမပြောခဲ့တဲ့စကားတွေကိုပြောပြီး ပရိတ်သတ်လက်ခုပ်သံချူတယ်။ စာပေဗလပ်ရဲ့ဟန်ပန်အမူအရာနဲ့ဖောတွေထဲနားထောင်တဲ့ပရိတ်သတ်ကမျောပြီး လက်ခုပ်တွေတီး သြဘာတွေပေးတယ်။ စာပေဗလပ်တွေက စာဖတ်အားနည်းတဲ့ ပရိ သတ်တွေကို အပြောမှား အဆိုမှား ဒဿနာအမှားတွေနဲ့ ‘မှိုင်း’ တိုက်ကြတယ်။

တချို့စာရေးဆရာတွေက စင်နောက်မှာတင်မကဘဲ စင်ပေါ်မှာ ဟောရင်း ရေလိုလိုနဲ့ အရက်ကိုပေါ်တင်သောက်ကြတယ်။ တချို့စာရေးဆရာက ကိုယ့် ဒါဘယ်ဘလက်ပုလင်းနဲ့ ကိုယ်လာတယ်။ မပြည့်မစုံနဲ့ စီစဉ်ကြရတဲ့ စာပေဟောပြောပွဲဖြစ်မြောက်ရေးကော်မတီတွေ မျက်နှာငယ်ကြရတယ်လို့ ကြားနေရတယ်။

စာရေးဆရာတွေရဲ့ဘဝက ရပ်တည်ရေးက ခက်ပါတယ်။ စာပဲရေးတတ်တဲ့လူက တခြားအလုပ်လည်း မလုပ်တတ်ဘူး၊ တကိုယ်တော်လုံးချင်းထုတ်ပြီး ရပ်တည်နိုင်ခဲ့တဲ့သူတွေတောင် စာအုပ်ဈေးကွက်က ပျက်သလောက်ဖြစ်နေတော့ အခက် အခဲတွေနဲ့ကြုံတွေ့နေရတယ်။ ကိုယ့်ဟောပြောပွဲတွေမှာ ကိုယ့်စာအုပ် ချရောင်းနေရတဲ့ဘဝတွေ ရောက်နေကြတယ်။ Door to Door ပဲဆိုပါတော့။ နောက်များဆို ‘ဟောဒီက စာအုပ်ပူပူနွေးနွေးတွေ ရမယ်’ လို့များ လမ်းတကာလှည့်ပြီး အကြော်သည် တွေလို အော်နေကြရလေမလား။

နာမည်ကြီးစာရေးဆရာ စာဟောဆရာတွေကိုမေတ္တာရပ်ခံချင်တာက နယ်လေးတွေက စာပေဟောပြောပွဲဖြစ်မြောက်ရေး ကော်မတီလေးတွေ စိတ်ညစ်အောင် စိတ်ကုန်အောင် မလုပ်ကြစေချင်ဘူး။ စာပေဟောပြောပွဲနဲ့ စာရေးဆရာဆိုတာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပါ။ စာဖတ်သူတွေ စာချစ်သူတွေရှိမှ စာရေးဆရာတွေ ရပ်တည်နိုင်မှာပါ။ တကယ်တော့ စာပေဟောပြောပွဲဖြစ်မြောက်ရေးကော်မတီတွေဟာ စာရေးဆရာနဲ့စာဖတ်ပရိတ်သတ်တွေကြားက ပေါင်းကူးတံတားတွေပါ။ တချို့ စာ ရေးဆရာကြီးတွေက ကိုယ်ဟောပြီးတာနဲ့ နောက်ဆရာတွေကိုမစောင့်ဘဲ ကိုယ်ဆက်သွားချင်တဲ့နေရာအတွက် သီးသန့်အမြန်စီစဉ်ခိုင်းတာမျိုးတွေတောင် ရှိတယ်လို့ကြားရတယ်။ စာပေဟောပြောပွဲတွေ ခေတ်မှိန်ခဲ့တာကို စိတ်ထိခိုက်အောက် မေ့ရင်း စာပေဟောပြောပွဲတွေ ပြန်လည်ရှင်သန်လာတာကို စာရေးဆရာတွေ တန်ဖိုးထားကြစေ ချင်တယ်။

အဆိုးမြင်တွေနဲ့ရေးနေတယ်လို့မယူဆပါနဲ့။ ကောင်းစေချင်တဲ့စေတနာနဲ့ ချစ်လို့ရေးတယ်မှတ်ပါ။ တကယ့်ယုံကြည်ချက် ခံယူချက်အပြည့်နဲ့ ခရီးအဝေးကြီးတွေအထိ ဒုက္ခခံလိုက်ဟောပေးနေတဲ့ စာရေးဆရာတွေကိုလည်း တန်ဖိုးထားလေးစားပါ ကြောင်း၊ ဒီနေရာကနေ ရေးပါရ ပြောပါရစေ။

မြန်မာစာပေလောကရဲ့လတ်တလောအခြေအနေဆိုးဝါးနေတာကို စာသမားတိုင်အသိပါပဲ။ ဒီဆောင်းပါးကြောင့် အနာရှိလို့ စပ်ကြရင်လည်း အဆိုးမမြင်လိုက်ပါနဲ့။ အနာကျက်ဖို့ဆိုရင် အနာကိုဆေးရုံတွေမှာ ဆေလိုင်းဆားငံရည်နဲ့အရင် ဆေးကြရ တယ်မဟုတ်လား။ အနာရှိိလို့ စပ်သွားကြရင်လည်း စပ်ပြီးရင် အနာအမြန်ကျက်ကြပါစေ။

ကြည်ဇော်ဝင်း
↧

ငြိမ်း (ပဲခူး) ● ပေ့မန်မိုရီ ကဒ်ကလေးတွေ

$
0
0
ငြိမ်း (ပဲခူး) ● ပေ့မန်မိုရီ ကဒ်ကလေးတွေ
(မိုးမခ) နိုဝင်ဘာ ၁၊ ၂ဝ၁၈


ကျွန်တော်ဟာ လက်ရှိအလုပ်လုပ်နေတဲ့ ကုမ္ပဏီက ရုံးအလုပ်တွေနဲ့ လုံးပန်းနေရတော့ စာအုပ်ကလေးတွေကို အသစ်ဝယ် တာပဲ ရှိတယ်။ မဖတ်အားသေး။ စာအုပ်ပုံကလေး ဘက်ကိုလည်း မလှည့်နိုင်သေးတဲ့ အတွက် ကြာလာတော့ အမှိုက်ပုံ တပုံလို ဖြစ်လာပါ တယ်။ အဲဒါကြောင့် ရုံးပိတ်ရက်တစ်နေ့မှာ ကျွန်တော်ဟာ ရှုပ်ပွနေတဲ့ စာအုပ်ပုံကလေးကို ရှင်းလင်းရေး လုပ်ရပါတော့တယ်။

အဲဒီလို ရှင်းလင်းရေးလုပ်နေရင်း လက်သုံးလုံး အရွယ်လောက်ရှိတဲ့ ကတ္တူပြားကလေး ငါးခုဟာ စာအုပ်ပုံကလေးထဲကနေ ပြုတ်ကျ လာတယ်။ ကျွန်တော် တော်တော်အံ့သြသွားတယ်။ ဘယ်လိုကနေ ဘယ်လိုရောက်လာတာလဲပေါ့။ အဲဒါနဲ့ ပြန်စဉ်း စားလိုက်တော့ ကျွန်တော်စာဖတ်တဲ့အခါ ဖတ်ပြီးတဲ့စာမျက်နှာတွေကို မမေ့အောင်ဆိုပြီး စာမျက်နှာတွေကြားထဲ ညှပ်ပြီးမှတ် ထားလို့ရအောင် သိမ်းထားတဲ့ ကတ္တူပြားကလေးတွေ ဖြစ်နေတယ်။

ကတ္တူပြားကလေးတွေပေါ်မှာ ကျွန်တော် အဓိပ္ပါယ်နားမလည်တဲ့ အင်္ဂလိပ်အက္ခရာအချို့ ရေးထားတာလည်း တွေ့ရတယ်။ သေသေချာချာကြည့် လိုက်တော့ ကတ္တူပြား ကလေးတွေဟာ ကျွန်တော်အင်္ကျီအသစ်ဝယ် တဲ့အခါတိုင်း အင်္ကျီကော်လံနားမှာ ကော်ကြိုး ကလေးနဲ့ ဖောက်တွဲထားရင်းတန်း လန်းနဲ့ ပါလာတာလေ။ အခုမှပဲ သတိပြန်ရ တော့ တယ်။

စာအုပ်ကလေးတွေထဲက ဖတ်ပြီး တဲ့စာမျက်နှာတွေကို ကတ္တူပြားကလေးညှပ်ကာ မှတ်တဲ့အကျင့်က ဘယ်အချိန်တုန်းက ပါလာတာပါလိမ့်။ ကျွန်တော့်အတွေးတွေကို ဆန့်ထုတ်လိုက်ပါတယ်။ ကျွန်တော်စာဖတ်ဝါသနာ စပါခဲ့တဲ့အချိန်က ကျွန် တော်တို့လမ်းထဲမှာနေတဲ့ အကိုတယောက်ဆီကနေ စာအုပ်ကလေးတွေ ငှားဖတ်ဖြစ်တယ်။ ငှားဖတ်တဲ့အခါတိုင်း စာအုပ် ကလေးတွေရဲ့ စာမျက်နှာတွေကြားထဲမှာ ကတ္တူပြားကလေးတခု ညှပ်ပြီးပါလာတာ သတိထားမိတယ်။ ဘာကြောင့်မို့ ညှပ် ထားတာလဲတော့ မသိဘူး ပေါ့။ ဒီလိုနဲ့ စာအုပ်ငှားဖတ်တဲ့အခါတိုင်း ခဏ ခဏ ပါလာတာတွေ့ရတော့ စပ်စုချင် စိတ်က ပြင်းပြလာတယ်။ အဲဒါကြောင့် အဲဒီအကိုကို စာအုပ်ပြန်ပေးရင်း မေးလိုက်တယ်။ “အကို  အကို့စာအုပ်ကလေးတွေမှာ ကတ္တူ ပြားကလေးတွေ ဘာဖြစ်လို့ညှပ်ထား တာလဲ။ ကျွန်တော်ငှားဖတ်တဲ့ စာအုပ်ကလေး တိုင်း လိုလိုမှာ ပါလို့ မေးကြည့်တာပါ” “အေးကွ မင်းကိုငါ ပြောဖို့မေ့နေတာ။ ငါစာဖတ်တဲ့ အခါတိုင်း ဖတ်ပြီးတဲ့စာမျက်နှာတွေကိုမမေ့အောင် စာမျက်နှာ မှတ်ဉာဏ် သဘောမျိုးနဲ့ ညှပ်ထားတာ။ စာရွက်တွေကို ခေါက်ပြီး မမှတ်ချင်တာလည်း ပါတာပေါ့ကွာ” လို့ ပြောတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်လည်း ဖတ်ပြီးတဲ့စာမျက်နှာတွေကို ကတ္တူပြားကလေးညှပ်ကာ မှတ်တဲ့အကျင့်က ကိုယ်ပိုင်စာအုပ်ကလေး တွေ ဝယ်ဖတ်တဲ့အချိန်အထိ တောက်လျှောက်ပါလာတာပေါ့။  ကောင်းမွန်တဲ့အကျင့်တခုလို့ ကျွန်တော်မှတ်ယူမိပါတယ်။ နောက် ပြီး အဲဒီအကျင့်ကို စွဲစွဲမြဲမြဲကျင့်သုံးနေတာကြောင့်လည်း ကျွန်တော့်ရဲ့စာအုပ်ပုံကလေးထဲကစာအုပ်ကလေးတွေမှာ စာရွက် ခေါက်ထားတဲ့အရာတွေ ကင်းရှင်းနေတာပေါ့။

ကျွန်တော်ဟာ ကျွန်တော်ဖတ်လို့ မလိုက်နိုင်တဲ့စာအုပ်ကလေးတွေကိုဖတ်တဲ့အခါတိုင်း ဖြည်းဖြည်းချင်းဖတ်ရတယ်။ တော် တော်ကြာ အတင်းတွန်းဖတ်လိုက်ရင် စာဖတ်ချင်တဲ့ဓာတ်က လေးပျောက်သွားမှာ စိုးရိမ်တာလည်း ပါတာပေါ့။ တစ်ချိန် တုန်းက ကျွန်တော်ဖြစ်ဖူးတယ်လေ။ အဲဒီအချိန်တုန်းက ကျွန်တော်ဟာ စာအုပ်ကလေးတွေကို အငမ်းမရဖတ်နေတဲ့ အချိန် ပေါ့။ ဘယ်လိုစာပေအမျိုးအစားကိုဖတ်ရမယ်လို့ လမ်းညွှန်ပေးမယ့်သူ မရှိတဲ့အချိန်ပေါ့။ အဲဒီလိုအချိန်မှာ ကျွန်တော်ဟာ ဘာသာပြန်ဂန္တဝင် ဝတ္ထုစာအုပ်ကလေးတစ်အုပ်ကို စာကြည့်တိုက်ကနေ ငှားလာခဲ့တယ်။ ပြီးတဲ့အခါ ဖတ်ကြည့်လိုက် တော့။ စာမျက်နှာအနည်းငယ်လောက်ပဲ ဖတ်ရသေးတယ်။ ဘယ်လိုမှ ခံစားလို့မရ တာကြောင့် အရသာမရှိဘဲ ဖြစ်နေတယ်။ အဲဒါနဲ့စာ ရွက်ကိုခေါက်ပြီး မှတ်ထားလိုက် တယ်။ ပြီးတော့ နောက်တစ်ခါ ပြန်ဖတ်တယ်။ ခံစားလို့မရပြန်။ နောက်ပြန်ဖတ်တော့ စာ ရွက်ကိုခေါက်ပြီး မှတ်တဲ့အခါ မှတ်၊ မမှတ်တဲ့အခါ မမှတ်တော့၊ ဘယ်အထိပြီးလို့ ပြီးမှန်းမသိတော့ဘူး။ စာအုပ်တစ်အုပ်လုံး လည်း စာရွက်ခေါက်ရာတွေ ပြည့်လို့။ အဲဒီမှာ ကျွန်တော်ဟာ စာဖတ်ချင်စိတ်လည်း ပျောက်ဆုံးသွားသလို စာအုပ်ကလေး တွေနဲ့လည်း အချိန်ကာလအတော်ကြာအောင် ဝေးကွာသွားပါတယ်။

ကျွန်တော်ဟာ ခဲမှန်ဘူးတဲ့စာသူငယ်လိုဖြစ်ခဲ့ဖူးတော့ ဘာသာပြန်ဂန္တဝင်ဝတ္ထုစာအုပ်ကလေးတွေကို အခုချိန်ပြန်ဖတ်တဲ့အခါ ကတ္တူပြားကလေးတွေကို အသုံးချရပါတယ်။ တစ်ခန်းလောက်ဖတ်လိုက် ကတ္တူပြားကလေး ညှပ်ထားလိုက် ဟိုတွေး ဒီတွေး လုပ်လိုက် ပြီးရင် ကတ္တူပြားကလေးထုတ်ပြီး ပြန်ဖတ်လိုက်နဲ့ ကတ္တူပြားကလေးတွေဟာ ကျွန်တော်ဖတ်လို့ပြီးတဲ့ စာမျက်နှာ တိုင်းကို လိုက်ပြီးမှတ်ထားပေးတယ်။ နောက်ဆုံး ဘယ်လိုမှရှေ့ဆက်ဖတ်လို့မရတဲ့အခါမှသာ ကျွန်တော်ဟာ ကတ္တူ ပြားက လေးကိုညှပ်ထားလိုက်ပြီး စာအုပ်ပုံကလေးပေါ်မှာ တင်ထားလိုက်တယ်။ နောက်မှ ပြန်ဖတ်မယ်ပေါ့။

ကျွန်တော်ဟာ ဖတ်ပြီးသွားတဲ့စာအုပ်ကလေးတွေကို တပုံ ပုံလိုက်တယ်။ ဖတ်လို့မလိုက်နိုင်သေးတဲ့စာအုပ်ကလေးတွေကို တစ်ပုံ ပုံလိုက်တယ်။ အသစ်ဝယ်ပြီး မဖတ်ရသေးတဲ့စာအုပ်ကလေးတွေကို တပုံ ပုံလိုက်တယ်။ ကျွန်တော် ငှားနေတဲ့ အဆောင်ရဲ့ သမံသလင်းပေါ်မှာပေါ့။ စာအုပ်တင်ဖို့ စင်မရှိသေးလို့လေ။ ကျွန်တော်ဟာ စာအုပ်ကလေးတွေကို တစ်ပုံစီပုံပြီး သွားတော့ စာအုပ်ဘယ်နှစ်အုပ်ရှိနေပြီလဲဆိုတာရေတွက်နေတုန်း ကတ္တူပြားကလေးတွေညှပ်ထားတဲ့ စာအုပ်ကလေးတွေ ဟာ စာအုပ်ပုံကလေးထဲကနေ အလျှိုအလျှိုနဲ့ထွက်ပေါ်လာတယ်။ အချို့ကတ္တူပြားကလေးတွေဆို တွန့်ကြေလိမ် ခေါက်လို့။ စာအုပ်ကလေးတွေထဲမှာ ညှပ်ထားတာ အချိန်ဘယ်လောက်တောင်ကြာနေပြီလဲမသိ။ အဲဒါကြောင့် ကတ္တူပြားအသစ်က လေးတွေနဲ့ လဲလိုက်တယ်။ အဲဒီစာအုပ်ကလေးတွေဟာ ကျွန်တော်အဆုံးထိမဖတ်ရသေးတဲ့ စာအုပ်ကလေးတွေပေါ့။

တခါတလေ ကျွန်တော်စဉ်းစားမိတယ်။ ကျွန်တော့်မှာလည်း ကျွန်တော့်ရဲ့စာအုပ်ကလေးတွေလို မှတ်ဉာဏ်အပိုတခု လောက်ရှိရင် သိပ်ကောင်းမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ ကျွန်တော်အလုပ်လုပ်နေတဲ့ကုမ္ပဏီကနေ ညနေ ၅ နာရီ ရုံးဆင်းတာနဲ့ ကိုယ်စီးမယ့်ဘတ်စ်ကားရပ်တဲ့ ဘတ်စ်မှတ်တိုင်ကို လမ်းလျှောက်သွားရတယ်။ အဲဒီလို လမ်းလျှောက် သွားနေရင်း ခေါင်းထဲမှာ နောက်တစ်နေ့မှာဆက်လုပ်ရမယ့် မပြီးပြတ်သေးတဲ့ ရုံးအလုပ်တွေကို စဉ်းစားလာတယ်။ ဘတ်စ် မှတ်တိုင်ရောက်တဲ့အခါ စဉ်းစားနေတဲ့ရုံးအလုပ်တွေကို ခေါင်းထဲကနေ အပြင်ကိုခဏထုတ်လိုက်ပြီး ဘတ်စ်ကားလာ၊ မလာ ကြည့်ရတယ်။ ဘတ်စ်ကားလာပြန်ရင်လည်း ဘတ်စ်ကားပေါ်မှာ သက်တောင့်သက်သာ မတ်တပ်ရပ်နိုင် မယ့်နေရာရဖို့ အခြားခရီးသည်တွေနဲ့အပြိုင် ဘတ်စ်ကားပေါ်ကို အတင်းတိုးဝှေ့တက်ရတယ်။ ဘတ်စ်ကားပေါ်ရောက်တဲ့အခါမှာ လည်း ဘယ်ထိုင်ခုံက ခရီးသည်က ဆင်းနိုင်မလဲ။ အကဲခတ်ရသေးတယ်။ ဒီလိုနဲ့ ရုံးဆင်းချိန်က စဉ်းစားလာတဲ့ ရုံးအလုပ်တွေဟာ ဘယ် ရောက်သွားလဲ မသိတော့ဘူး။ ပြောရရင်တော့ ကျွန်တော့်ခေါင်းထဲမှာ မှတ်စရာတွေက အများကြီးပဲ။ ဒိုင်ယာရီစာအုပ် ရှိပြန်တော့လည်း ကိုယ်နဲ့မကွာတပူးတွဲတွဲထားနိုင်မှ တကယ်လို့ တနေရာရာမှာ မေ့ကျန်ခဲ့ပြီဆိုရင် မှတ်ထားတာတွေက အလကားဖြစ်ကုန်ရော။ အဲဒါကြောင့် တစ်ခါတစ်ခါကျရင် ကျွန်တော့်ခေါင်းထဲကို ကတ္တူပြားကလေးထည့်ပြီး ညှပ် ထားလိုက် ချင်တယ်ဆိုတဲ့ ရူးရူးမိုက်မိုက်အတွေးကို တွေးမိတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ကတ္တူပြားကလေးတွေကို အကြောင်းပြုပြီး ကျွန်တော်ကိုယ်တိုင်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးတခုကိုလည်း အမှတ်ရ မိတယ်။ ကျန်ခဲ့တဲ့တစ်နှစ်တုန်းက သီတင်းကျွတ်ရုံးပိတ်ရက်မှာ ကျွန်တော့်ဇာတိမြို့ကလေးကို ပြန်ပါတယ်။ အမေဟာ ကျွန် တော်မြို့ကလေးကိုပြန်လာမယ်ဆိုတဲ့အခါတိုင်း သူ့အတွက် လက်ဆောင်တခုခုဝယ်လာဖို့ အမြဲပြောတယ်။ ကျွန် တော်က လည်း အမြဲမေ့တယ်။ ကောင်းမွန်တဲ့အကျင့်တစ်ခုတော့ မဟုတ်ဘူးပေါ့။ အဲဒါကြောင့် ဒီတခေါက်ပြန်တော့မှ အမေ့အတွက် လက်ဆောင်ပစ္စည်းဝယ်ဖို့ ဈေးထဲလျှောက်ကြည့်ရင်း အမေကြိုက်လောက်မယ်ထင်တဲ့ အညာဒေသထွက် ထန်းလျှက်ခဲ ကလေးတွေနဲ့ ပေါက်ပေါက်ဆုပ်ကလေးတွေကို ဝယ်ခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော်လည်း မီနီဘတ်စ်ကား ကလေးစီးရင်း ဇာတိ မြို့ကလေးဆီ ပြန်ခဲ့တယ်။ အိမ်ရောက်တော့ ခရီးရောက်မဆိုက် အထုပ်အပိုးတွေကို အရင်မချသေးဘဲ အမေ့ကို ဝမ်းသာ အားရနဲ့ ဝယ်လာတဲ့လက်ဆောင်ကလေးတွေကို ကျွန်တော်ပေးလိုက်ပါတယ်။ အဲဒီမှာ အမေဟာ ကျွန်တော်ပေးလိုက်တဲ့ လက်ဆောင်ကလေးတွေကို တခါကြည့်လိုက် ကျွန်တော့်ကိုတခါကြည့်လိုက်နဲ့ ခဏကြာတဲ့အခါ ကျွန်တော့်ကို ပြောပါလေ ရော။ “ဟဲ့ ငါက ဒါတွေ ဘယ်လိုလုပ်ပြီး ဝါးနိုင်မှာလဲ။ ငါ့မှာသွားမှမရှိတာ” လို့ပြောပြီး အမေဟာ ကျွန်တော့်ကို အံကပ် ချွတ်ပြပါတော့တယ်။ အမေ့မှာ သွားတွေမရှိတော့လို့ အံကပ်တပ်ထားရတာကို ကျွန်တော်မေ့နေတာပေါ့။ အမေနဲ့ ကျွန်တော် ဟာ တယောက်မျက်နှာ တယောက်ကြည့်ပြီး တဝါးဝါး တဟားဟားနဲ့ ရယ် (ရီ) လို့။ ပျော်ရွှင်စရာကောင်းတဲ့ အချိန် အခိုက် အတန့်ကလေးပါပဲ။

ကျွန်တော်ဟာ ဘတ်စ်ကားပေါ်မှာ ကဗျာဆရာတွေရေးတဲ့ အက်ဆေးစာအုပ် ကလေးတွေကို ကတ္တူပြားကလေးညှပ်ကာ ဖတ်ခဲ့တဲ့ နံနက်ခင်းအချိန်ကလေးတွေကို ပြန်တွေးမိတိုင်း လွမ်းမိတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်ဟာ ကုမ္ပဏီဝန် ထမ်း ဖြစ်ခါစပဲရှိသေးတယ်။ တာဝန်ယူရတဲ့ လုပ်ငန်းပိုင်းကလည်း များများစားစား မရှိသေးဘူး။ အဲဒီတော့ လူရော စိတ်ရော ပေါ့ပေါ့ပါးပါးပဲ။ မြင်နေရတဲ့ မြင်ကွင်းတွေကလည်း စိတ်ချမ်းသာစရာတွေချည်းပဲ။ ကျွန်တော့်ရင်ထဲမှာလည်း အရာအားလုံး ကိုအကောင်းမြင်တဲ့ စိတ်ကလေးတွေကပဲ လွှမ်းမိုးနေတယ်။ အဲဒါကြောင့် ကျွန်တော်ဟာ နံနက်ခင်းရုံးတက်ချိန်တိုင်း ထိုင်ခုံနေရာရအောင် စောစောအိပ်ယာထပြီး ဘတ်စ်ကားစီးကာ ရုံးသွားတယ်။ နံနက်ခင်းအချိန်ဆိုတော့ ယာဉ်လမ်းကြော တွေက တခြားအချိန်တွေထက် ရှင်းတယ် လေ။ နံနက်ခင်းအချိန်ဆိုတော့ ခေါင်းထဲမှာ လည်း ကြည်လင်နေတာပေါ့။ အဲဒီလို ဖြစ်နေချိန်မှာ ကျွန်တော်ဟာ ကျောပိုးအိတ်ထဲကို ကဗျာဆရာတွေရေးတဲ့ အက်ဆေး စာအုပ်ကလေးတစ်အုပ် အမြဲထည့်သွား ပြီး ဘတ်စ်ကားပေါ်မှာ ထိုင်ခုံနေရာရတဲ့ အခါတိုင်း ဖတ်ပါတယ်။ ကဗျာဆရာတွေရေးတဲ့ အက်ဆေးကလေးတွေဟာ နူးညံ့ သိမ့်မွေ့တဲ့ စကားလုံးကလေးတွေနဲ့ စုဖွဲ့ထား တဲ့အတွက် ဖတ်လိုက်တဲ့အခါ ပြောပြစရာ မလိုလောက်အောင် ကောင်းပါ တယ်။ ကျွန်တော်ဟာ အက်ဆေးကလေး တစ်ပုဒ်ဖတ်လိုက် ပြီးတဲ့ခါ ကတ္တူပြားက လေးညှပ်ပြီး မှတ်ထားလိုက်၊ တစိမ့်စိမ့်ခံ စားလိုက် တသိမ့်သိမ့်ကြည်နူးလိုက်နဲ့ တစ်ထိုင်ထဲဖတ်လို့ရပေမယ့်လည်း စာအုပ်ပြီးဆုံးသွားမှာ ကြောက်တာရယ်၊ ကျွန် တော်ဖတ်ပြီးတဲ့ အက်ဆေးကလေးတစ်ပုဒ်ရဲ့အရသာကို ခံစားချင်သေးတာရယ်ကြောင့် နေ့တနေ့ရဲ့ နံနက်ခင်းတိုင်းမှာ နည်းနည်းချင်းစီ ဖတ်ပါတယ်။ အဲဒီအချိန်မှာ ကတ္တူပြားကလေး ကတော့ အက်ဆေးစာအုပ်ကလေးထဲက ကျွန်တော်ဖတ်လို့ပြီး သွားတဲ့စာမျက်နှာ တွေကို ငြိမ်သက်စွာနဲ့ မှတ်လို့ရယ်။

ကျွန်တော်တို့မိသားစုနေတဲ့ အိမ်ကလေးထဲက အခန်းကလေးထဲမှာ စာအုပ်ကလေးတွေကို ကတ္တူပြားကလေးညှပ် ကာ ဖတ်ခဲ့တဲ့ နေ့စွဲကလေးတွေကလည်း စာအုပ်ပုံကလေးကိုရှင်းလင်းနေရင်း ကျွန်တော့်အတွေးထဲကို ဝင်ရောက်လာပါ တယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့မိသားစုနေတဲ့အိမ်ကလေးဟာ သွပ်မိုး၊ ထရံကာ၊ နှစ်ထပ်ပျဉ်ထောင် အိမ်ကလေးပေါ့။ နွေရာသီရဲ့နေ့ခင်းဘက်ဆို အိမ်ကလေးရဲ့အပေါ်ထပ်ဟာ မျက်နှာကြပ် မရှိတဲ့အတွက် အလွန်ပဲပူလောင်လွန်း လှတယ်။ အဲဒါကြောင့် အရေးတကြီး ကိစ္စမရှိရင် တော်ရုံတန်ရုံအိမ်ကလေးရဲ့ အပေါ်ထပ်ကို ဘယ်သူမှမတက်ကြဘူး။ ချွင်းချက်အနေနဲ့ ကျွန်တော်ကတော့ ဘယ်လောက်ပဲပူနေပါစေ အိမ်ကလေးရဲ့အပေါ်ထပ်ကို တက်ပါတယ်။ ဘာဖြစ်လို့တက်ရတာလည်းဆို တော့ ကျွန်တော်ဟာ အခန်းကလေးထဲမှာ စာအုပ်ကလေးတွေကို တယောက်ထဲအေးအေးဆေးဆေး ဖတ်ရှုချင်တာကြောင့် ပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ ကျွန်တော်ဟာ စာရွက်အသားတွေ ခပ်နွမ်းနွမ်း နီကျင်ကျင်ဖြစ်နေတဲ့ စာအုပ်ကလေးတစ်အုပ်ကို စာအုပ်အငှားဆိုင်ကလေး တစ်ဆိုင်ကနေ ငှားလာခဲ့တယ်။ အိမ်ရောက်တော့ ကျွန်တော်ဟာ စာအုပ်ကလေးကိုကြည့်လိုက် တဲ့အခါ စာအုပ်ကလေးဟာ ယိုင်နဲ့နဲ့ဖြစ်နေတဲ့ တဲအိမ်ကလေးတစ်လုံးလို ဖြစ်နေတယ်။ အဲဒါကြောင့် ဂရုတစိုက်နဲ့ ကိုင်တွယ် ရပါတယ်။ အဲဒီ စာအုပ်ကလေးကို ကျွန်တော်ဟာ ပူလောင်အိုက်စပ်နေတဲ့ အခန်းကလေးထဲမှာ စိတ်ဝင်တစားနဲ့ ဖတ်ရှုခဲ့ပါ တယ်။ စာအုပ်ကလေးဟာ စာမျက်နှာလေးရာကျော်၊ ငါးရာနီးပါး လောက်ရှိတော့ တထိုင်ထဲပြီးအောင် ဖတ်လို့ မရပါဘူး။ အဲဒါကြောင့် ကျွန်တော်ဟာ စာအုပ်ကလေးကိုဖတ်လိုက် မျက်စိညောင်း လာတဲ့အခါ ကတ္တူပြားကလေးညှပ်ကာ ရင်ဘတ် ပေါ်တင်ထားလိုက် စာအုပ်ကလေးအကြောင်းကို တွေးလိုက် ပြန်ဖတ်လိုက်နဲ့ ပူလောင်လွန်းလှ တဲ့အပူဓာတ်တွေကို  စာဖတ် ဝါသနာ ပြင်းထန်နေတဲ့ လူငယ်လေးတစ်ယောက်ရဲ့ စိတ်အားထက်သန်မှုတွေနဲ့ တွန်းလှန်ခဲ့ပါတယ်။

ကျွန်တော်ဟာအခန်းကလေးထဲမှာ နေ့ခင်းဘက်စာဖတ်နေတဲ့အချိန်တိုင်း လှောင်ပိတ်နေမှာစိုးလို့  ပြတင်းပေါက်ကို ဖွင့် ထားရတယ်။ အဲဒီအခါ ကျွန်တော့်ဆီကို လာနေကျဧည့်သည်ဖြစ်တဲ့ လေပြေညင်းက လေးဟာ မပြောမဆိုနဲ့ဝင်လာပြီး ကျွန် တော့်ကို ပွတ်သပ်ကျီစယ်ပါတယ်။ ကျွန်တော့်မျက်နှာကို ပွတ်သပ်ကျီစယ်လိုက်၊ ကျွန်တော့်ဆံပင်တွေကို ပွတ်သပ်ကျီ စယ် လိုက်၊ ကျွန်တော့်ဖတ်နေတဲ့ စာအုပ်ကလေးရဲ့စာမျက်နှာတွေကို လေထဲဝဲပျံနေအောင်ပြုလုပ်လိုက်နဲ့ အချိန်တော်တော် ကြာတဲ့အခါမှာတော့ ကျွန်တော့်မှာ မခံမရပ်နိုင်အောင် ဖြစ်လာတယ်။ အဲဒါကြောင့် အခန်းကလေးရဲ့ပြတင်းပေါက်ကို အမြန် ပြန်ပိတ်လိုက်ပါတယ်။ အဲဒီမှာ သူဟာ အပြင်ကိုချာခနဲလှည့်ထွက်သွားတယ်။ တဒင်္ဂလေးအတွင်းမှာပဲ ကျွန်တော့်မှာလေ စိတ်မကောင်းလည်း ဖြစ်ရ ဝမ်းနည်းရ ပါတယ်။ အဲဒါကြောင့် ပြန်ချော့ဖို့ပြတင်း ပေါက်ကိုဖွင့်လိုက်တဲ့အခါ သူ့ဟာ သစ်ပင်တွေ ကြား ထဲတိုးဝင်ကာပျောက်ကွယ်လို့ သွားပါတယ်။ လေပြေညင်းကလေးဟာ ပြတင်းပေါက်ကိုဖွင့်ပြီး အခန်းကလေးထဲမှာ ကျွန်တော် စာဖတ်နေတဲ့အချိန်တိုင်း အဲဒီလိုပဲ လာလာပြီးစနေကျ ဖြစ်ပါတယ်။ လူငယ်ကလေးတစ်ယောက် အခန်းကလေးထဲ မှာ စာအုပ်ကလေးတွေကို ဖတ်ခဲ့တဲ့အချိန်တုန်းက ဖြစ်ပါတယ်။

ကျွန်တော်ဟာ စာအုပ်ပုံကလေးကို ရှင်းလင်းလို့ပြီးသွားတဲ့အခါ ကတ္တူပြားကလေးတခု ထပ်မံပြုတ်ကျလာပြန်တယ်။ ဒီတခါ ပြုတ်ကျလာတဲ့ ကတ္တူပြားကလေးပေါ်မှာ `ပေ့မန်မိုရီကဒ်´ ဆိုပြီး ကျွန်တော့် လက်ရေးနဲ့ရေးထားတဲ့ စာတန်းကလေးတခု ကို တွေ့ရတယ်။ ကျွန်တော်ဟာ ကတ္တူပြားကလေးကို နာမည်တစ်ခုအနေနဲ့ပေးထားတာပေါ့။ ဘယ်အချိန်တုန်းကပေး ထားတာလည်းဆိုတာတော့ မမှတ်မိတော့ဘူး။ အခုပြန်တွေ့တော့မှ ကိုယ့်ကိုကိုယ် ပြုံးမိပါတယ်။

ငြိမ်း (ပဲခူး)
↧

ကာတွန်း မောင်ရစ် - အဆင်ပြေအောင်လို့ မီးပွိုင့်တွေ တတ်ထားတယ်

$
0
0

ကာတွန်း မောင်ရစ် - အဆင်ပြေအောင်လို့ မီးပွိုင့်တွေ တတ်ထားတယ်
(မိုးမခ) နိုဝင်ဘာ ၂၀၁၈
↧

ဇော်အောင် (မုံရွာ) ● စနစ်မတူသောနိုင်ငံများနှင့် မြန်မာ

$
0
0
 ဇော်အောင် (မုံရွာ) ● စနစ်မတူသောနိုင်ငံများနှင့် မြန်မာ
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၈


မော်သာထွေး (မန္တလေး) ပြုစုတဲ့ "စနစ်မတူသောနိုင်ငံများနှင့် မြန်မာ"စာအုပ်ကို မိတ်ဆွေကိုကျော်ငြိမ်းအေးဆီကတဆင့် ရရှိပြီး ဖတ်ရပါတယ်။

ဆရာဦးမော်သာထွေးကတော့ လျှပ်စစ်ဒုဝန်ကြီးအဖြစ် ၂၀၁၃-၂၀၁၆ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ မြို့ပြအင်ဂျင်နီယာ RIT ဘွဲ့ရ (ယခုYTU) အဖြစ် ရေအားလျှပ်စစ်ဌာနမှာ ရေအားလျှပ်စစ်တာတမန်များဆောက်လုပ်ရင်း ၂၀၁၁ မှာ ညွန်ကြား ရေးမှုးချုပ် DG ဖြစ်လာခဲ့သူပါ။ ကိုကျော်ငြိမ်းအေးကတော့ ကျနော်တို့မုံရွာမြို့က ဓာတုအင်ဂျင်နီယာ RIT ဘွဲ့ရဖြစ်ပြီး စစ် အစိုးရကာလမှာ မြန်မာလူငယ်အမြောက်အများ ပည်ပထွက်ပညာသင်အလုပ်လုပ်ခဲ့စဉ်က ထိုင်းနိုင်ငံဘန်ကောက်မြို့ AIT တက္ကသိုလ်မှာ မာစတာနဲ့ ပီအိတ်ဒီ (Ph.D) ပါရဂူဘွဲ့ရရှိခဲ့တယ်။ ဘွဲ့ရပြီး မြန်မာပြည်နည်းပညာတက္ကသိုလ်မှာ အလုပ်ဝင်ရင်း အခု ရန်ကုန် YTU ဧည့်ပါမောက္ခဖြစ်ပါတယ်။ သူတို့ ၂ ဦးစလုံးမြန်မာပြည်ရဲ့အဓိကအကျဆုံးဖြစ်တဲ့ လျှပ်စစ်ကဏ္ဍကို တိုး တက်အောင်မြင်စေချင်သူများဖြစ်ပါတယ်။

ဆရာဦးမော်သာထွေးရေးတဲ့စာအုပ်များက "မှန်ကန်သောရွေးချယ်မှုမှသည် တောက်ပသောအနာဂါတ်ဆီသို့ ... Right Choice & Bright Night"စာအုပ်က မြန်မာပြည်လျှပ်စစ်ကဏ္ဍအတွက် အလွန်ကောင်းတဲ့စာအုပ်ဖြစ်ပါတယ်။ ဒီလိုသမ္မတ ဦးသိန်းစိန်လက်ထက်က အဆင့်မြင့်ရာထူးထမ်းဆောင်ခဲ့သူများ ပြန်လည်ဝေငှရေးသားတဲ့စာအုပ်ဟာ အနာဂါတ်မျိုးဆက်သစ်ခေါင်းဆောင်ပျိုးထောင်ရေးအတွက် တန်ဖိုးမဖြတ်နိုင်ပါဘူး။

● စနစ်မတူသောနိုင်ငံများနှင့် မြန်မာ
ယနေ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ စင်ကာပူမှာတွေ့ဆုံတဲ့ မြောက်ကိုးရီးယားခေါင်းဆောင် လူငယ်အာဏာရှင် မစ္စ တာကင်မ် (Kim Jong Un) ရဲ့မြောက်ကိုးရီးယားအကြောင်း၊ မြန်မာသမ္မတဟောင်း ဦးသိန်းစိန်အရမ်းလေးစားအားကျတဲ့ တောင်ကိုးရီးယားသမ္မတဟောင်း ပတ်ချုံဟီးရဲ့တောင်ကိုးရီးယားအကြောင်းတွေနဲ့ စတင်ပါတယ်။

ကမ္ဘာ့ဆင်းရဲမွဲတေဆုံးဖြစ်နေတဲ့ အာဏာရှင်မြောက်ကိုးရီးယားနဲ့ ကမ္ဘာ့ထိတ်တန်း တိုးတက်အောင်မြင်နေတဲ့ တောင်ကိုးရီး ယား၊ နှစ်နိုင်ငံအကြောင်းက အလွန်စိတ်ဝင်စားစရာပါ။ မြန်မာတွေပါဝင်ပတ်သတ်မှုများစွာရှိပါတယ်။ တောင်ကိုးရီးယားမှာမြန် မာအမြောက်အများ အလုပ်လုပ်နေပြီး၊ ဦးသိန်းစိန်ခေတ်မှာ မြန်မာအစိုးရဌာနအရာရှိကြီး အမြောက်အများကိုဖိတ်ခေါ်လေ့လာစေပါတယ်။ မြန်မာစစ်အစိုးရလက်ထက်ကတည်းက MRTV ကိုးရီးယားရုပ်သံများလွှင့်ထုတ်ပြီး အတုယူစေခဲ့ပါတယ်။

သမ္မတပတ်ချုံဟီး (၁၉၆၁ - ၁၉၇၉) အလွန်တော်ပြီး၊ ခေါင်းဆောင်ကောင်းဖြစ်ပေမဲ့ ၁၅ နှစ်ကျော်သမ္မတအာဏာရှင်လိုဖြစ်လာချိန်၊ သူ့အတွင်းလူ ထောက်လှမ်းအကြီးကဲကပဲ လုပ်ကြံတာခံရပါတယ်။ ပတ်ချုံဟီးပြုပြင်ပြောင်းလဲမှုတွေက အလွန် ကောင်းမွန်ခဲ့ပြီး၊ သူနှိပ်ကွပ်ခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ကင်ဒေဂျုံ (Kim Dae Jung 1998-2003) လက်ထက်မှာ ခေါင်း ဆောင်ပျိုးထောင်ရေးစနစ် မှန်ကန်သွားပါတယ်။ တိုင်းပြည်တဟုန်ထိုး တိုးတက်သွားပါတော့တယ်။

တောင်ကိုးရီးယားအခြေခံဥပဒေအရ ပထမဆုံးအမျိုးသမီးသမ္မတပတ်ဂွမ်ဟီး (Park Guen Hye2013-2017) ကို အဂတိမှု နဲ့ဖမ်းဆီးသလို၊ ယခင်သမ္မတ (၂) ဦး (ဗိုလ်ချုပ်ကြီးဟောင်း ချွန်ဒူးဝမ်နဲ့ နိုတေဝူး) တို့ကိုလည်း အဂတိနဲ့ထောင်ကျ၊ လွတ်ငြိမ်း ချမ်းသာခွင်နဲ့ ပြန်လွတ်လာသူများဖြစ်ပါတယ်။ ယခုသမ္မတ မွန်ဂျေအင်း (Mon Jae In) လက်ထက်မှာ အမေရိကန်-မြောက် ကိုးရီးယား (တရုတ်နောက်ခံ) ငြိမ်းချမ်းရေး စတင်နိုင်ပါပြီ။

ဆရာမော်သာထွေးက အင်္ဂလန်၊ မက္ကဆီကို၊ အမေရိကန်၊ တရုတ်၊ ဇင်ဘာဘွေ၊ ရုရှား၊ စင်ကာပူ၊ မြန်မာ စတဲ့ နိုင်ငံပေါင်း ၁၀ ခုရဲ့ စနစ်မတူမှုတွေကို မြန်မာစရိုက်နဲ့ကိုက်အောင် အသုံးချဖို့ရေးပါတယ်။ တနည်းအားဖြင့် ပိုင်းခြေညှိခြင်းပါပဲ။ 1/2+1/3 = 5/6 လိုမျိုး ပိုင်းခြေညှိတတ်သူများက နိုင်ငံခြားရဲ့စရိုက်ကောင်း၊ စနစ်ကောင်းကို မြန်မာနိုင်ငံအတွက် အကျိုးရှိအောင် သုံးနိုင်နေပါပြီ။

● စာအုပ်ရဲ့နောက်ဆုံးအခန်း
မြန်မာအခန်းကဏ္ဍမှာ တောင်ကိုးရီးယားသမ္မတပတ်ချုံဟီးပြုပြင်ပြောင်းလဲမှုကို ထပ်ရေးပြပါတယ်။ အထူးသဖြင့် သစ် တောတွေမကျန်အောင်ပြုန်းတီးသွားတာကို အလွန်အားကြိုးမာန်အပြည့် သစ်တောပြန်လည်စိုက်ပျိုးမှုများက မြန်မာပြည် အတွက် အလွန်အတုယူရပါမယ်။

မြန်မာ့ရေချိုပိုင်ဆိုင်မှု အရှေ့တောင်အာရှရဲ့ ၁၆.၇ ရာခိုင်နှုန်းရှိပြီး ရေအားလျှပ်စစ်နဲ့ စိုက်ပျိုးရေးအလွန်ကြီးမားတဲ့ သယံဇာ တ အရင်းအမြစ်ကြီးဖြစ်ကြောင်း ခဏ ခဏ ရေးပြပါတယ်။ စာတတ်မြောက်မှု ၈၉.၅ ရာခိုင်နှုန်းလည်း မဆိုးလှပါ။

ကျန်းမာရေးကတော့ လူ့သက်တမ်း အာစီယံမှာ အနိမ့်ဆုံး ၆၆.၈ နှစ်က ဆိုးဝါးပါတယ်။ မွေးစကလေးသေမှုအများဆုံး၊ အ ရက် မူးယစ်နဲ့ ပြည်တွင်းစစ်ပွဲများကြောင့် သက် ၃၀ အောက် သေဆုံးလူလုံးမလှတာတွေ ထည့်တွက်ရင် လူ့သက်တမ်းပိုနိမ့် ကျမှာပါ။ အစားအသောက် ဆေးထိုး၊ ဆေးဖြန်း၊ အချိုမှုန့် အသားမှုန့်၊ ဓာတုဆိုးဆေး၊ လူသေမပုပ်ဆေးတွေ သုံးစွဲနေတာ ကို အစိုးရစတင်ထိမ်းချုပ်နေပါတယ်။ (စကားချပ်..FDA အစားသောက်ညွန်ချုပ် ပာရနူဘွဲ့ရဆရာဝန် စစ်ဗိုလ်ဟောင်း ကို အဂတိမှုနဲ့ဖမ်းဆီးခြင်းက ကျန်းမာရေးအဆင့်မြှင့်ရာမှာ အများကြီးအကျိုးရှိမှာပါ)

သယံဇာတအထူးသဖြင့်ဓာတ်ငွေ့၊ ကျောက်စိမ်း၊ ကြေးနီ၊ နစ်ကယ်၊ တွင်းထွက်များကို အကျိုးရှိအောင်လုပ်နေပါတယ်။ ယ ခင်အစိုးရများက မတရားစာချုပ်များကို ပြင်ဆင်အသစ်ချုပ်ရမယ်။ လယ်ယာ သားငါးကဏ္ဍကို စက်မှုကုန်ထုတ်လုပ်ငန်းအ ဖြစ်ပြောင်းလဲဖို့ ရေးထားပါတယ်။ (စကားချပ်၊ မြန်မာ့လယ်ယာ သားငါးတိုးတက်နေပါတယ်။ စိုက်သမျှ မွေးသမျှ ဝယ်ယူစား သုံးမယ့် တရုတ်၊ အိန္ဒိယနိုင်ငံသား သန်းပေါင်းများစွာ အသင့်ရှိနေပါတယ်)

လျှပ်စစ်ကဏ္ဍကတော့ အာစီယံမှာ ကာဗွန်ထုတ်မှုအနည်းဆုံး မြန်မာပြည်မှာ ရေအား ကျောက်မီးသွေးအား မသုံးနိုင်ဖြစ် နေကြောင်း။ ပညာပေးဖို့ကလည်း မလွယ်၊ လက်ရှိလျှပ်စစ်တပ်ဆင်အား ၃၈၀၀ မဂ္ဂါဝပ် (၂၀၁၅) က မြန်မာ ၃၂ ရာခိုင်နှုန်း လူထုကိုပဲ မီးပေးနိုင်သေးကြောင်း၊ ရေအားလျှပ်စစ်ကို လာအို၊ ထိုင်းနိုင်ငံများအကြောင်း ရေးပြထားပါတယ်။ LNG ရေတိုစီမံ ကိန်းကလည်း တယူနစ် ၁၅၀ ဝန်းကျင် (us$12cents) လောက်ကျသင့်မှာမို့ ဈေးချိုတဲ့ ရေအားလျှပ်စစ် အမြန်ဆုံးအကောင် ထည်ဖော်သင့်ကြောင်း၊ အားမရမချင့်မရဲ ရေးသားထားပါတယ်။ (စကားချပ်။ ရန်ကုန်လူထုဆူပူမှာစိုးလို့ ရေအားလျှပ်စစ် ကျောက်မီးသွေး လျှပ်စစ်မလုပ်နိုင်သေးပေမဲ့ လာအိုကလျှပ်စစ်ဝယ်ယူရေး MoU အမြန်ဆုံးအကောင်ထည်ဖော်ရပါမယ်)

မြန်မာငွေကြေးဖောင်းပွမှုနဲ့ ကုန်ထုတ်လုပ်ငန်း GDP တိုးတက်ဖို့၊ အခွန်ကောက်ခြင်း၊ နိုင်ငံဝင်ငွေတိုးဖို့ သားငါးကဏ္ဍ (ရေလုပ်ငန်း၊ ကြက် ဝက် နွား သိုး ဆိတ် မွေးရေး တနိုင်တပိုင် + စီးပွားဖြစ်လုပ်ငန်းများ) ရေးသားအကြံပြုထားပါတယ်။

● ငြိမ်းချမ်းရေး
မြန်မာရှေးဘုရင်များက စစ်တိုက်အခွန်တုတ်ကော်က်တဲ့စနစ်မှာ မင်းကောင်းဘုရင်စနစ် အလွန်ရှားပါးကြောင်း၊ ညီညွတ် အောင်လုပ်နိုင်တဲ့မင်းများလက်ထက်မှာ တိုးတက်စည်ပင်သာယာခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းပေါ်ထွန်းခဲ့ပေမဲ့ လုပ်ကြံခံ ရပြီး၊ ပည်တွင်းစစ်ကြောင့် စစ်တပ်အင်အား ကြီးလာကြောင်း၊ နောက်ဆုံးစစ်အာဏာသိမ်း တိုင်းပြည်ဆင်းရဲမွဲတေရခြင်းကမညီညွတ်လို့၊ ခေါင်းဆောင်ကောင်းမရှိလို့ဖြစ်ကြောင်း၊ သမ္မတဦးသိန်းစိန်လက်ထက် ၄ နှစ်ကြာ NCA - Nation wide Ceasefire Agreement အပစ်ခတ်ရပ်စဲစာချုပ် စတင်နိုင်ခဲ့ကြောင်း၊ တပ်မတော်က ဖက်ဒရယ်စကားလုံး လက်ခံလာ တာ ဝမ်းသာဖွယ်တွေ့ရှိကြောင်း ရေးထားပါတယ်။

● လူမွေးပါ (ခေါင်းဆောင်ပျိုးထောင်ခြင်းစနစ်)

တပည့်မွေးခြင်းမဟုတ်ကြောင်း၊ နိုင်ငံခေါင်းဆောင်ရပ်ကျေးမှ ပြည်ထောင်စုအဆင့်ထိ ...
- စိတ်စေတနာကောင်းပြီး ဆင်ခြင်တုံတရားရှိသူ
- ကိုယ်ကျင့်တရားကောင်းသူ
- အတတ်ပညာ၊ အသိပညာပါသူ
- လုပ်ငန်းအတွေ့အကြုံရှိသူ
- အသက်ရွယ် မငယ်လွန်း မကြီးလွန်းသူ
ရွေးချယ်စနစ်တခု အလွန်လိုအပ်ကြောင်း၊ သမိုင်းကို မအရန် သင်ယူလေ့လာဖို့ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းကို ကိုးကားရေးသား ဆန္ဒပြု နိဂုံးချုပ်သွားပါတယ်။

မော်သာထွေး (မန္တလေး)

● သုံးသပ်ချက် (ပုဂ္ဂလိကဏ္ဍ)

၁။ ရေးသားသူက ပြည်ထောင်စုအဆင့် အစိုးရဒုဝန်ကြီးနဲ့ဌာနဆိုင်ရာ အဆင့်ဆင့်တက်လာသူပညာရှင်ဖြစ်ပြီး၊ နိုင်ငံများစွာ ရောက်ဖူးသူဖြစ်တဲ့အပြင် မေတ္တာစေတနာကြီးမားစွာနဲ့ရေးသားထားလို့ ဒီစာအုပ်ကို မြန်မာပြည်ကျောင်းဆရာပေါင်းအတွက် ဆရာလက်စွဲအဖြစ်တောင် ထုတ်ဝေသင့်တယ်ဆိုရင်လွန်အံ့မထင်လို့ သုံးသပ်ချင်ပါတယ်။

၂။ မိမိကတော့ အစိုးရဝန်ထမ်း (ပြန်တမ်းဝင်အရာရှိ အငယ်တန်း) ၅ နှစ်လုပ်ပြီး စင်ကာပူနိုင်ငံအစိုးရ (အများပိုင်) နဲ့ ပုဂ္ဂလိ က ကော်ပိုရိတ်ကုမ္ပဏီကြီးများမှာ ၂၆ နှစ်ကြာလုပ်ကိုင်ရင်း နိုင်ငံတကာက အထူးသဖြင့် ဂျပန်၊ အမေရိကန်၊ ထိုင်း၊ မလေး ရှား၊ သြစတြေးယားများက မြန်မာဒုက္ခသည်၊ ရွှေ့ပြောင်းလုပ်သားများအကြား ရောက်ရှိကျင်လည်ခဲ့ပါတယ်။ မြန်မာ့စရိုက် တွေ အတော်နားလည်ပြီလို့ ထင်မိခဲ့တာပါ။ မှားပါတယ်။

၃။ မြန်မာပြည်ကျေးလက်မြို့များကို ၂၀၁၆ နောက်ပိုင်းသွားရောက်ခံစားကြည့်မိပြီးတဲ့နောက်ပိုင်း အလွန်နက်ရှိုင်းလှတဲ့ ၉၅ ရာခိုင်နှုန်းအခြေခံလူတန်းစားများ၊ တောင်သူများ၊ ဝန်ထမ်းများ ဘဝနဲ့ စရိုက်များကို ပိုမိုနားလည်လာပါတယ်။

အားနာတတ်မှု၊ လှူဒါန်းဒါနပြုလိုခြင်း၊ ဆင်းရဲမွဲတေမှန်းသတိမပြုခြင်း၊ စားသောက်ပျော်ရွှင်မှုများနဲ့ ဘဝကျေနပ်နေခြင်း၊ သည်းခံအားကြီးပေမဲ့ ထစ်ကနဲဒေါသဖြစ်လွယ်ခြင်း၊ အစိုးရဌာနများကို နာခံကြောက်ရွံ့တတ်ခြင်း၊ စုပေါင်းလုပ်ဆောင်မှု အားနည်းခြင်းတွေကိုတွေ့ရပါတယ်။

ထွေအုပ်ကောင်းတဲ့ ကျေးရွာတိုးတက်ပါတယ်။ စုပေါင်းညီညွတ်ကြပါတယ်။

၎။ အခု လူထုရွေးကောက်တဲ့ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ပြည်သူ ၇၅ ရာခိုင်နှုန်း + စစ်တပ် ၂၅ ရာခိုင်နှုန်း အစိုးရက ...
- နိုင်ငံရေးအားကောင်းလှပါတယ်
- ခေတ်ပညာတတ်များစွာပါဝင်တယ်
- သို့သော် စီမံခန့်ခွဲမှုအားနည်းတယ်။ ယခုလ သမ္မတဦးဝင်းမြင့် ပုသိမ်မြို့ရောက်လာပြီး ဧရာဝတီတိုင်းအစိုးရနဲ့ဌာနတာဝန်ခံများကိုတွေ့ဆုံပြီး ဆူပူသွားပါတယ်။ ဝန်ကြီးချုပ်က စာတင်လာရင် သေချာမဖတ်ပဲ လက်မှတ်ထိုးပေးတယ်။ ဌာနဆိုင်ရာ များကခိုင်းတာကို အစိုးရဝန်ကြီးတွေကလုပ်ပေးနေတယ်။ ဒါတွေပြောင်းလဲချိန်တန်ပြီလို့ ပြောသွားပါတယ်။

၅။ အတိုင်ပင်ခံပုဂ္ဂိုလ်က သကြားလုံးပေးပါတယ်။ သမ္မတကတော့ ကြိမ်လုံးပေးဖို့ပြောနေပါပြီ။ တပ်မတော်ခေါင်းဆောင်များက ငြိမ်းချမ်းရေးရရင်၂၅ ရာခိုင်နှုန်း တပ်မတော်အမတ်တွေထွက်ခွာမယ်လို့ ကာချုပ်ပြောစကားရှိပါတယ်။

ဆရာမော်သာထွေးက အစိုးရဝန်ထမ်းဟောင်းဖြစ်တော့ သူ့စာအုပ်မှာ စစ်တပ်အရာရှိများဝန်ကြီးဌာနအားလုံးနဲ့ အစိုးရအဖွဲ့ ရဲ့ ၂၅ ရာခိုင်နှုန်း သြဇာအာဏာရှိနေတာ ထည့်မရေးပါဘူး။ သူတို့ ဘယ်လိုပြောင်းလဲမလဲ မေးခွန်းအဖြေက Good Question လို့ ပြောရမလိုပါပဲ။
.
၅။ ကျနော်ကတော့ အစိုးရ ၅ နှစ်၊ ပုဂ္ဂလိကနဲ့ အများပိုင်ကုမ္ပဏီတွေမှာ အောက်ခြေကနေ စီမံခန့်ခွဲရေး Senior Management ၂၆ နှစ်လုပ်ခဲ့ဖူးတော့ မိမိရဲ့အဖြေရေးပါမယ်။

အစိုးရလုပ်ငန်းတွေကို အများပိုင်လုပ်ဖို့ မာစတာပလ္လင် MasterPlan ဥပဒေရှိရပါမယ်။ အခု တလုံးတခဲဝင်လာတော့မဲ့ PPP/BOT တွေအတွက် ဥပဒေရေးဆွဲနေပြီလို့ အရမ်းကောင်းပါတယ်။ BOT လမ်းတွေ ကိုယ်ကျိုးရှာကုမ္ပဏီများကို အရေးယူမလို့ နိုင်ငံတော်ရင်းနှီးမြှုတ်နှံဥပဒေကြီးက ကာကွယ်ထားတယ်လို့ ဆောက်လုပ်ရေးဒုဝန်ကြီးက လွှတ်တော်မှာဖွင့်ပြောတယ်။ ခရိုနီတွေရဲ့ဥပဒေကြီးစိုးထားမှု ချေဖျက်ရပါမယ်။

၆။ နောက်ဆုံးသုံးသပ်ချက်ပါ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဖြိုးမင်းသိန်း မနှစ်သက်သူများအတွက်တော့ အားနာပါတယ်။ စီးပွားရေးလက်တွေ့အကောင်ထည်ဖော်နေတာ နိုင်ငံစီးပွားတိုင်ကွန်းများရဲ့ရန်ကုန်တိုင်းဖြစ်တော့၊ ဝိသမစီးပွားတိုင်ကွန်းတွေ ကြပ်ကြပ်လာပြီး၊ သမရိုးကျ လုပ်ငန်းရှင်တွေလဲ ကြပ်ကြပ်လာပါတယ်။ ထိုးဖောက်စွန့်ဦးလုပ်ငန်းရှင်များကတော့ တိုးတက်လာပါတယ်။ ပေါ်လစီနဲ့ ဥပဒေ နည်းဥပဒေများကလွှတ်တော်မှာ အားကြီးလာတော့ အစိုးရက များစွာခက်ခဲတွေ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနဲ့ စီးပွားရေးအားနည်းပေမဲ့ ခေါင်းဆောင်ပျိုးထောင်မှုမှာ အားကောင်းပါ တယ်။ တခေတ်တယောက်ပေါ်ထွန်းလာတဲ့ ခေါင်းဆောင်ဆိုတာ အားလုံးလက်ခံရပါမယ်။ မြန်မာ့စရိုက်နဲ့ယဉ်ကျေးမှုကို စစ်ဗိုလ်ချုပ်ကြီးများလို နားလည်တယ်။ သကြားလုံး အချိုကြွေးပြီး ၂၀၂၀ မှာ ရွေးကောက်ပွဲနိုင်အောင်လုပ်မယ်ဖြစ်ပါတယ်။ကြိမ်လုံးပေးမဲ့ အဂတိကော်မရှင်နဲ့ဝန်ထမ်းစည်းကမ်းကိုတော့ သမတအာဏာနဲ့ အရေးယူမဲ့အခြေအနေရောက်လာပါပြီ။

ဆရာမော်သာထွေးက မြန်မာ ၄ သန်းအလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံစနစ်မရေးထားသလို၊ စစ်တပ်ကအုပ်ချုပ်ရေးက ထွက် သွားရတဲ့ ယခုတဟုန်ထိုးတိုးတက်နေတဲ့ အင်ဒိုနီးရှားကိုရေးမထားပါ။ ဗီယက်နမ်ကိုလဲ ရေးမထားပါ။ မြန်မာပညာရှင်များ အလုပ်လုပ်ကြတဲ့စင်ကာပူတော့ လေးစားစွာရေးထားပါတယ်။

အကောင်းမြင်ပြီး ပကတိမြေပြင်အခြေအနေကို သုံးသပ်ခြင်းဖြစ်ပါတယ်။

ဖြောင့်မတ်.ပညာတတ်များပြားလာမဲ့ခေါင်းဆောင်ပျိုးထောင်ခြင်းစနစ်သစ်မှာ ဆရာမော်သာထွေးမျှော်မှန်းတဲ့ ခေါင်းဆောင် ကောင်းတွေများပြားလာပါမယ်။ လက်ရှိ ၂၅ ရာခိုင်နှုန်း တပ်မတော်နဲ့အရေးပါဌာန ဝန်ထမ်းရာထူးရောက်နေတဲ့ မိုးကျဆိုတဲ့စစ်ဗိုလ်ငြိမ်းများကလည်း၊ အင်ဒိုနီးရှားနိုင်ငံလို ပြောင်းလဲ (သို့မဟုတ်) ပုဂ္ဂလိကကဏ္ဍကိုရောက်သွားကြမယ် မျှော်လင့်ပါတယ်။

ပုဂ္ဂလိကကဏ္ဍကို အခွင့်လမ်းပိုပြီးပေးလိုက်ပါ။ ကြိမ်လုံးအဂတိကော်မရှင် အလုပ်လုပ်ပါစေ။ အစိုးရလုပ်ငန်းကြီးတွေလဲ အများပိုင်မြန်မြန်လုပ်ဖို့ကြိုးစားပါ။ အစိုးရပုဂ္ဂလိကနဲ့ တပ်မတော်စီးပွားတွေ အောင်မြင်လာပြီး လက်နက်ကိုင်များငြိမ်းချမ်း ရေးလဲ ဆရာမော်သာထွေးရေးတဲ့ NCA ပါဝင်အောင်မြင်လာပါမယ်။

ဇော်အောင် (မုံရွာ)
၃၁ အောက်တိုဘာ၊ ၂၀၁၈

ဆက်စပ်ဆောင်းပါး
POSH မလေးရှားတိုင်ကွန်း၊ အရှေ့တောင်အာရှ အချမ်းသာဆုံးဘီလျံနာ ရောဘတ်ကွပ် ရှယ်ယာအများဆုံးပိုင်တဲ့ ကမ်းလွန် ရေနံသင်္ဘောကုမ္ပဏီ..

Link..
https://m.facebook.com/story.php?story_fbid=10155439567583472&id=755653471
↧
↧

ဖြိုးသီဟချို/Myanmar Now - “မတူတာကိုက ကျွန်တော်တို့ လက်ခံနိုင်ရမယ့် ကိစ္စတစ်ခုဖြစ်တယ်” (အင်တာဗျူး)

$
0
0

“မတူတာကိုက ကျွန်တော်တို့ လက်ခံနိုင်ရမယ့် ကိစ္စတစ်ခုဖြစ်တယ်”
ဘာသာပေါင်းစုံညီညွတ်ရေးကို အချိန်ယူ လုပ်ဆောင်ရမည်ဟု ငြိမ်းချမ်းမေတ္တာအဖွဲ့မှ   ဟာဂျီ ဦးအေးလွင်က ပြောသည်။
ဖြိုးသီဟချို/Myanmar Now


ဘာသာမတူသူ၊  အသွေးအရောင်မတူသူများကြား ယုံကြည်၊  ချစ်ခင်မှုကို တိုးပွားစေရေး လုပ်ဆောင်နေသည့်  ငြိမ်းချမ်းမေတ္တာအဖွဲ့ကို စတင် တည်ထောင်သူများထဲတွင် ဟာဂျီ ဦးအေးလွင်လည်း ပါဝင်သည်။
ရခိုင်ဒေသ ပဋိပက္ခဆိုင်ရာ ကိုဖီအာနန် ကော်မရှင်တွင်လည်း  အဖွဲ့ဝင် တစ်ဦးအဖြစ် ပါဝင်သည့်  ဟာဂျီဦးအေးလွင်နှင့် မကြာသေးခင်က တွေ့ဆုံစဉ် သူက ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှု၊  မတူကွဲပြားမှုများအကြောင်း ပြောပြထားသည်။

မေး -  အစိုးရသစ်လက်ထက်မှာ ဘာသာရေး မုန်းတီးမှုတွေ လျော့ကျသွားတာကို တွေ့ရပါတယ်။ ဒါဟာ လူထုထဲမှာ  မုန်းတီးမှုတွေ မရှိတော့တာလား၊   အသုံးချမယ့်သူတွေက သူတို့ရဲ့ နိုင်ငံရေး ကစားကွက်က အချိန်မကျသေးတာကြောင့် စောင့်ဆိုင်းနေကြတာလား။

ဖြေ - နိုင်ငံရေး ကစားကွက်အရ ဒါကို အသုံးချရာမှာ ထိရောက်သင့်သလောက်၊ မျှော်လင့်သလောက် မထိရောက်ဘဲ သူတို့အပေါ်မှာတောင် ပြန်ပတ်လာတဲ့ သဘောရှိတာကြောင့် ဒီနိုင်ငံရေး ဗျူဟာလေးကို ခဏလေး ခေါက်ထားတဲ့ သဘောမျိုးဖြစ်ပါတယ်။ အရင်တုန်းက ဗြောင်ကျကျ ထုတ်သုံးခဲ့တာဟာ ရွေးကောက်ပွဲတောင် ရှုံးသွားခဲ့တဲ့ အဆင့်ထိ ရောက်သွားတယ်။     ပြည်သူတွေ ကြားထဲမှာလည်း နားလည် သဘော ပေါက်ကြတဲ့သူတွေရှိတယ်။ ဘာသာရေး ခေါင်းဆောင်တွေကလည်း အသုံးချမခံတော့တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။  ဒီတော့ဒါက ခေတ္တယာယီ ဒီဗျူဟာကို သူတို့ မသုံးသေးတာလို့ ကျွန်တော် ထင်ပါတယ်။

မေး။   ။ အစိုးရဟောင်းလက်ထက် ကာလနဲ့ အခု အစိုးရကာလ နှစ်ခုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘာသာပေါင်းစုံ ညီညွတ်ရေးကို ဆောင်ရွက်ရတဲ့ အချိန်မှာ ဘယ်လို ကွာခြားချက်များ ရှိပါသလဲ။

ဖြေ။     ။   ဦးသိန်းစိန်လက်ထက်က အစိုးရကလည်း စစ်တပ်က လူဟောင်းတွေများတယ်၊  လက်တွေ့ အကောင်အထည်ဖော်ရတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းများကရော  တပ်ကလူတွေ များတယ်။  ဒါကြောင့် သူတို့ လုပ်တာတွေက ဟန်ချက်ညီတယ်။ ဘာသာရေးနဲ့ ပတ်သက်တဲ့ တချို့ကိစ္စရပ်တွေမှာ ဒေသခံတွေက နေပြီးတော့ သူတို့ဒေသမှာ ရှိတဲ့ အာဏာပိုင်တွေ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို ကျေကျေလည်လည် ညှိနှိုင်းပြီး လုပ်မယ်ဆိုရင် တချို့ ခွင့်ပြုချက် မရတာတွေကို နားလည်မှုနဲ့​ လုပ်လို့ရတယ်။  ဝတ်ပြုမှုတို့၊ ဥပုသ်စောင့်တာတို့၊ ဘာသာရေး စာသင်တာတို့ ဆိုတာက တရားဝင် ပိတ်ပင်ထားသော်လည်း သူ့နားလည်မှုလေးနဲ့ ဖြစ်နေတယ်။

ခု ဒီအစိုးရ တက်လာတဲ့ အခါမှာ တရားဥပဒေစိုးမိုးရေး ဆိုတာလည်း ပါတယ်။ လူကြီးတွေကလည်း ဥပဒေအတိုင်းပဲလုပ် ဆိုတာလည်း ပါတယ်။ မြန်မာပြည်မှာ သာသနိက အဆောက်အဦဆိုတာ ဗုဒ္ဓဘာသာက လွဲရင် ကျန်တဲ့ဟာတွေက တော်တော်များများက တရားဝင် စာရွက်စာတမ်းတို့ ဘာတို့က သိပ်ပြီး ရှိတာ မဟုတ်ဘူး။   ပိတ်ပင် ဟန့်တား တားဆီးမှုတွေ ခံနေရတာက ဥပဒေအတိုင်းလုပ် ဆိုတာကြီးကြောင့်၊ ဌာန ဆိုင်ရာနဲ့ ဝန်ထမ်းတွေကလည်း အစိုးရအဖွဲ့နဲ့ ထွေအုပ်နဲ့ကလည်း သိပ်ပြီး တူတာ မဟုတ်ဘူးလေ။ အဲတော့ လုပ်ရတဲ့ အခါမှာ အကောင်အထည်ဖော်ရတဲ့ အခါမှာ နားလည်မှုတွေ မရကြတဲ့ အပေါ်မှာ ဝတ်ပြု ကိုးကွယ်မှုတွေရော၊  ဘာသာရေး အခမ်းအနားတွေရော၊ သာသနာရေး စာသင်ကျောင်းတွေရော ပြီးခဲ့တဲ့ အစိုးရထက်စာရင် အများကြီး ကန့်သတ်မှုတွေ၊ ပိတ်ပင်မှုတွေနဲ့​ ကြုံတွေ့လာခဲ့ရတယ်။ လူတွေလည်း တော်တော်လေး စိတ်ပျက်ကြတယ်။ အထင်လွဲကြတယ်၊ အားငယ်မှုတွေ ရှိနေကြပါတယ်။

မေး - ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ခရီးစဉ်တွေမှာ အမျိုးသားရေးဝါဒီ ဆရာတော်တချို့နဲ့အတူ တွေ့ရပါတယ်။  ဒီဆရာတော်တွေရဲ့​ ဘာသာပေါင်းစုံ အပေါ် ထားတဲ့ အမြင်တွေကို ဘယ်လို သုံးသပ်ချင်ပါသလဲ။

ဖြေ - ကျွန်တော်ကိုယ်တိုင် ရွာမ ဆရာတော်ကြီးကို သွားတွေ့ပါတယ်။ တော်တော်လေး နွေးနွေးထွေးထွေးပဲ ကြိုဆိုပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ကို ကြမ်းပြင်ပေါ်မှာတောင် မထိုင်ခိုင်ပါဘူး။ တစ်ပြေးတည်း ထိုင်ခိုင်းတယ်။  စကားပြောတဲ့ အခါမှာလည်း  ပရိပက္ခမဖြစ်အောင် လုပ်တဲ့ သဘော။ ကိုယ့် သာသနာကိုယ် ကာကွယ်တယ်ဆိုတဲ့ သဘော။ ရန်စကား၊ အမုန်းစကားတွေလည်း သိပ်မပြောဘူး။ ကျွန်တော်တို့ကလည်း ကျွန်တော်ထုတ်ထားတဲ့ စာအုပ်တွေပေါ့။ အစ္စလမ်နဲ့ ပတ်သက်ပြီး အထင်လွဲ အမြင်မှား ဖြစ်နေတာတွေကို ဖြေရှင်းတဲ့ စာအုပ်တွေ၊  စာတမ်းတွေကို ဆရာတော်တွေကို ပေးခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ လုပ်မယ့် ဘာသာပေါင်းစုံ ငြိမ်းချမ်း ရေး ပွဲမှာ မြန်မာနိုင်ငံက ဘာသာပေါင်းစုံကို ဖိတ်ဖို့ရှိတော့ ဆရာတော်ကြီးကိုပါ   ဖိတ်ခဲ့တယ်။  ဆရာတော်က ကျမ်းမာရေးကြောင့် မလိုက်နိုင်ခဲ့ဘူး။ ဒေါက်တာ သောဘာသနဲ့​ဒေါက်တာ ဓမ္မပီယတို့ နှစ်ပါး ပါလာခဲ့ပါတယ်။  ဂျပန်မှာ ပြောတဲ့ စကားတွေလည်း ငြိမ်းချမ်းရေး စကားတွေပဲ ပြောတယ်။ အဲဒီတော့   ငြိမ်းချမ်းရေး ဖိုရမ် (ဆွေးနွေးပွဲ) တွေမှာ ပြောတဲ့ စကားတွေနဲ့​ ကိုယ့် ပရိတ်သတ် အတွင်းကို ရောက်သွားတဲ့ စကားတွေက မတူညီကြဘူး။ ဘယ်သြဇာကြောင့်လဲတော့ မသိဘူး။  ဒီတော့ သူတို့ရဲ့ပင်ရင်းစိတ်က ကိုယ့်ဘာသာ၊ သာသနာ ချစ်မြတ်နိုးတယ်။  ကာကွယ်ဖို့ လိုအပ်တယ်ဆိုတဲ့ အမြင်ကတော့ ရှိနေတယ်။  ဒါပေမယ့် ကျန်တဲ့ဟာတွေကို ရန်ပြုဖို့ ဆိုတဲ့ အမြင်ကသူတို့ ဆီမှာ မရှိဘူးဗျ။  သို့သော်လည်း ဘယ်လိုလမ်းကြောင်းတွေက ပြောင်းလဲ လာသလဲပေါ့။  ဥပမာ တမန်တော်နေ့ အခမ်းအနားတွေမှာ လိုက်ပြီး ဖျက်ဆီးတာတွေမှာ မဘသရဲ့​တတိယလိုင်းက ပုဂ္ဂိုလ်တွေက အထင်ကရ ပါနေတာကို တွေ့ရတယ်။ အဲဒီလို မတူညီချက်လေးတွေတော့ တွေ့ရပါတယ်။

မေး - ဒါဟာ ဘာကြောင့်ဖြစ်တယ်လို့ သုံးသပ်လို့ ရနိုင်ပါသလဲ။

ဖြေ - သေချာတယ်လေ၊ ဒါဟာ ဘာသာရေးနဲ့ နိုင်ငံရေးကို အသုံးချတဲ့ လူတွေပေါ့။   အဲဒီအခါမှာ အသုံးချ မခံတဲ့ သူတွေလည်း ရှိတယ်။  သို့သော် အသုံးချမှန်းမသိဘဲနဲ့​ ပါသွားတဲ့ ကိစ္စရပ်လေးတွေလည်း ရှိတယ်။   အစ္စလာမ်ကို ဘုံရန်သူ အဖြစ်နဲ့ မြင်နေတာ ရှိတယ်။   အစ္စလာမ်ကို ရွံမုန်းတဲ့ စိတ်ကို ရိုက်သွင်းထားတာ ဦးနေဝင်း လက်ထက် ကတည်းက ဖြစ်နေတော့ ဒီဥစ္စာက ဗြောင်သာ ဖွင့်မပြောတာ၊ မသိစိတ်ထဲမှာ ရှိနေတော့တာ။ အခု ဒီမိုကရက်ဆိုတဲ့ ပုဂ္ဂိုလ်တွေ တော်တော်များများမှာလည်း ဒီအတွေးအခေါ်က ရှိနေတယ်။ စာနယ်ဇင်းက ပုဂ္ဂိုလ်တွေမှာလည်း ဒီအတွေး အခေါ်တွေ ရှိနေတယ်။  တော်တော် ဝမ်းနည်းဖို့ကောင်းတယ်။
ကျွန်တော်တို့ ဘာလုပ်နေသလဲ ဆိုရင် အဲဒီလို အထင်အမြင် လွဲမှားမှုများကို ဖြေရှင်းဖို့ ကြိုးစားနေတယ်။ အစ္စလာမ်တစ်ခုတည်း မဟုတ်ဘူး။  ခရစ်ယာန်နဲ့​ပတ်သက်ရင် သူတို့ အမြင်တွေ မှားနေတယ်၊ ဟိန္ဒူနဲ့​ပတ်သက်လို့လဲ အမြင်တွေ မှားနေတယ်။
ဘာသာတရား အသီးသီးမှာရှိတဲ့ လှပတဲ့ အလှတရားတွေကို ဖော်ထုတ်ပြီးတော့  လွဲမှားသော အမြင်တွေကို ပြေပျောက်အောင် ကျွန်တော်တို့ လုပ်နေပါတယ်။

မေး - ကြားဖြတ်ရွေးကောက်ပွဲ နီးလာတဲ့ အချိန်မှာ ပြီးခဲ့တဲ့ သြဂုတ်လထဲ မန္တလေးမြို့မှာ လှုံ့ဆော်မှု တချို့ ဆက်ရှိနေပါသေးတယ်။

ဖြေ - ဒီကိစ္စကတော့ တည်ငြိမ်မှုကို ပျက်ပြားအောင်လုပ်တယ်။  အုပ်ချုပ်တဲ့ လူတန်းစားကို အကြပ်အတည်း ဖြစ်အောင်လုပ်တယ်ဆိုတာကတော့ နိုင်ငံရေး နည်းဗျူဟာပဲလေ။ ဒါ ဖော်မြူလာ အတိုင်းလုပ်သွားတယ်လို့ ကျွန်တော်ထင်ပါတယ်။  ခုနက ကျွန်တော်ပြောသလိုပေါ့ ဘာသာရေးကို အသုံးချခြင်းက လုံးဝ ရပ်ဆိုင်းသွား မလားဆိုတော့ မရပ်ဆိုင်းသေးဘူး။  အခါအခွင့် သင့်ရင် သင့်သလို ဆက်ပြီး သူတို့ ဆက်ပြီး သုံးနေဦးမှာပါပဲ။

မေး - ပြည်သူတွေက ဒီလို အန္တရာယ်တွေကနေ ကာကွယ်ဖို့ ဘာတွေလုပ်သင့်ပါသလဲ။

ဖြေ - မှိုင်းတိုက်ထားတဲ့ မှိုင်းထု ကြီးက တော်တော်လေးထူနေတယ်ဗျ။ နောက်တစ်ခုက တချို့ဟာတွေက အထောက်အထားလို့ ဆိုတဲ့အခါမှာ မှန်သယောင်ယောင်ပေါ့ဗျာ၊ ဥပမာအားဖြင့်ဆိုရင် ပတ်ဝန်းကျင် နိုင်ငံတွေဟာ တစ်ချိန်က ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံတွေ ခုတော့ အစ္စလာမ် ဘာသာက ဝါးမျိုသွားပြီပေါ့။  ရုတ်တရက် ကြည့်လိုက်ရင်၊ အပေါ်ယံလေး ကြည့်လိုက်ရင် ဟုတ်သယောင်ယောင်ပေါ့။ တော်ရုံ တန်ရုံ ဆင်ခြင်တုံတရား ရှိတဲ့လူသည်ပင်လျှင် အဲလို နားယောင်သွားတာရှိတယ်။   
အဲဒီတော့ ကျွန်တော်က  Peace Education ဆိုတာ လုပ်နေတယ်။  Peace Education​ ဆိုတာ ပဋိပက္ခ မဖြစ်ဖို့၊ ရန်မဖြစ်ဖို့တင် မကဘဲနဲ့ ကိုယ်နဲ့​မတူကွဲပြားမှုများ အပေါ်မှာ နားလည်ဖို့။    
မတူတာကိုက ကျွန်တော်တို့ လက်ခံနိုင်ရမယ့် ကိစ္စတစ်ခုဖြစ်တယ်။ သူ့မှာ မတူပိုင်ခွင့် ရှိတယ်၊ မတူတာကို အသိအမှတ်ပြုဖို့ လိုတယ်။  ဒါကြောင့် ကိုယ်ဘာသာ အကြောင်းတွေ ကိုယ်အရင်သိဖို့ လိုတယ်။ ဒါမှ ကိုယ့်ဘာသာကို အကြောင်းပြုပြီးတော့ လာပြီးတော့ သွေးထိုး လှုံ့ဆော်ရင် အဲလို အလှုံ့ဆော်မခံဘဲ ဒါဟာ တို့ဘာသာနဲ့ ဆန့်ကျင်နေတဲ့ ကိစ္စပါလား၊ တို့ မြတ်နိုးတဲ့ ဘာသာကို ဒီလို ယုတ်ညံ့တဲ့ နေရမှာ အသုံးမခံဘူး ဆိုပြီး အတွင်း ခုခံအားနဲ့ ရပ်တန့်သွားအောင် လုပ်ဖို့အတွက်က ကိုယ့်ဘာသာ အကြောင်းကို ကိုယ်သိအောင်လုပ်ဖို့ လိုတယ်။  ကျွန်တော်တို့က မိရိုးဖလာတွေဖြစ်နေတယ်။ အဖေ အစ္စလာမ် ဖြစ်လို့ ကျွန်တော်က အစ္စလာမ်ဖြစ်နေတာ။  ယုံကြည်မှု သဒ္ဒါတရားကို အမွေလို ရထားတာ။ ကျင့်သုံးမှု မရှိသလို။ နားလည်သလားဆိုတော့လည်း နားလည်မှုလည်း မရှိဘူး။ အဲဒီတော့ ကိုယ်ဘာသာအကြောင်းကို ကိုယ်အရင်သိအောင်လုပ်။ ပြီးရင် ကိုယ်နဲ့ မတူတဲ့ လူတွေရဲ့ စစ်မှန်သော ခံယူချက်ကို သိအောင်လုပ်။  
 တစ်ဆင့်ခံ အသိ အင်မတန်ကြောက်ဖို့ ကောင်းတယ်။ ဆရာကြီး ဦးရွှေအောင် ထေရဝါဒ ဗုဒ္ဓဘာသာမှာ၊ လူဝတ်ကြောင်တွေထဲမှာဆိုရင် အင်မတန်ထင်ရှားတဲ့ ဆရာကြီးပါ။ သူက အငှားအသိတွေက ဒုက္ခပေးတယ်၊ ကိုယ်ပိုင်အသိရှိဖို့လိုတယ်။ ဗုဒ္ဓတရား ဘာလဲ ဆိုတာ ခရစ်ယာန်ရေးလို့၊ မွတ်စလင်ရေးလို့ မသိဘူးလေ၊ အဲဒါ အငှားအသိ ခေါ်တာ။ ဗုဒ္ဓရဲ့ နုတ်ကပါတ်တော်မှာ ဘာတွေပါသလဲ၊ ပိဋကတ်မှာ ဘာတွေပါသလဲ၊ ဝိနည်းမှာ ဘယ်လို ပါသလဲ၊ ဒါသိမှရမှာ။  အစ္စလာမ်အကြောင်း သိချင်ရင် ကုရ်အမ်မှာ ဘယ်လိုပါသလဲ။ တမန်တော်မြတ်ရဲ့​ ဘဝသက်တမ်းမှာ ဘယ်လို အကောင်အထည် ဖော်ခဲ့သလဲ။ ကြိုက်ရင် ကြိုက်မယ်၊ မကြိုက်ရင် မကြိုက်ဘူး။ ဒါပေမယ့် ဒါဟာ အရှိတရားပဲလေ။ အဲ့ဒီလိုနည်းနဲ့​ ကျွန်တော်တို့ ဘာသာများကို လေ့လာဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အချိန်ယူမယ်။ ဒါ အင်မတန်ကို မှိုင်းက ပြင်းနေတဲ့ အချိန်ဖြစ်တယ်။

မေး - တချို့က   မွတ်စလင် နိုင်ငံကြီးတွေကလာတဲ့ ဝတ်စားဆင်ယဉ်မှုတွေ၊ ဓလေ့ ထုံတမ်းတွေကို ဘာသာရေး ယုံကြည်ချက်တစ်ခု အနေနဲ့ လက်ခံ ကျင့်သုံးနေတာ တွေ့ရပါတယ်။ ဒါဟာ     ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးနဲ့  ငြိမ်းချမ်းရေးကို အနှောက်အယှက် ဖြစ်စေနိုင်ပါသလား။

ဖြေ - အချက် ၂ ချက် ကျွန်တော်ပြောချင်ပါတယ်။   ဘာသာတရားရယ်။ လူမျိုးဒေသနဲ့​ဓလေ့ ထုံစမ်းတွေ ရောထွေးနေတာတွေ ရှိပါတယ်။  ဝတ်စားဆင်ယဉ်မှုမှာ ဘာသာတရား တစ်ခုသည် လူမျိုး တစ်မျိုး၊ နိုင်ငံတနိုင်ငံတစ်ခုအတွက်၊ ခေတ်တစ်ခု အတွက်မှ မဟုတ်ဘဲ။   အားလုံး အတွက် လမ်းညွန်ထားတာ ဖြစ်တယ်။ ဘယ်နိုင်ငံမှာနေနေ ဘယ်ယဉ်ကျေးမှုနဲ့ပဲ ဖြစ်ဖြစ် ဒီတရားကို ကျင့်သုံးနိုင်ရမယ်။  အဲ့ဒီတော့ အဲဒီနိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုနဲ့​ ဘာသာတစ်ခုရဲ့ သွင်သင်မှုကို ခွဲမြင်ဖို့ လိုအပ်တယ်။
ကျွန်တော့ အမေ၊ ကျွန်တော် မိန်းမ၊ ကျွန်တော့ သမီး အားလုံးက မြန်မာလိုပဲ ဝတ်တာပဲ။ ဝတ်ပြုတဲ့ အခါကျတော့ လုံလုံခြုံခြုံ ခေါင်းမှာ ဆောင်းပြီးတော့ ဝတ်ပြုတယ်။ အရေးကြီးဆုံးက အနှစ်သာရက ကာအိနြေ္ဒထိန်းသိမ်းဖို့ပဲ။ ဆန့်ကျင်ဘက် လိင်ကနေပြီးတော့ သူ့ကို မြူဆွယ်သလို သွေးဆောင်သလို မဖြစ်စေရဘူး။ အဲဒါက သာသနာရဲ့​တားမြစ်ချက်ပဲ။    ဒါပေမယ့် ကာလ၊ ဒေသ ရာသီဥတု၊ သဘာဝ အနေအထားတွေ အရ ဒါတွေဟာ ပြောင်းလဲ လာတဲ့ အခါကျတော့ ပုံသေ ယူနီဖောင်း တစ်ခုလုပ်ပစ်လိုက်တာ။ တကယ်တော့  ယူနီဖောင်း မရှိပါဘူး အစ္စလာမ်မှာ။

မေး။   ။ ဒီလို ဝတ်စားဆင်ယဉ်မှုတွေကြောင့် အထင်မှားစရာ ဖြစ်လာနိုင်သလား။

ဖြေ။     ။ အထင်အမြင်လွဲစရာတွေ ဖြစ်လာနိုင်တယ်။ မှန်တယ်၊ မှားတယ်ဆိုတာထက် သူ့ရဲ့​လွတ်လပ်စွာ ယုံကြည်ခွင့်။ ဟိုတုန်းက ကျွန်တ်ာတို့ မကြာခဏပြောတယ်။ မြန်မာ့ လူ့ဘောင်မှာနေရင် မြန်မာ့ ယဉ်ကျေးမှု အတိုင်းနေ။ သူတို့ အနေနဲ့ကတော့ ဒါကို ရိုးရိုးသားသားကို ဒီလို ဝတ်စားဆင်ယဉ်မှု။ မှုတ်ဆိတ်မွှေးထားခြင်း၊  အကျီင်္ရှည်ဝတ်ခြင်း၊ အုပ်ထုတ်ဆောင်းခြင်း၊ အမျိုးသမီးတွေ မျက်နှားဖုံးခြင်းသည် ဘာသာရေးရဲ့​ကျင့်စဉ်လို့ ယုံတယ်။ ကျွန်တော်တို့ကတော့ ဒါဟာ ဓလေ့ ထုံးစံလို့ပြောတယ်။ အငြင်းပွားမှုရှိတယ်။ သို့သော် သူ့ရဲ့​ယုံကြည်မှု ချက်ကို မင်းတို့ မယုံရဘူး၊ မင်းတို့ စွန့်လွှတ်ရမယ်လို့ ပြောခြင်းသည် မတရားဘူးထင်လို့ ကျွန်တော်သိပ် မပြောတော့ဘူး။   သူတို့ မှားသည့် တိုင်အောင်၊ မှားခွင့်ရှိသည်။ သူ့ရဲ့ ယုံကြည်မှု။ မတူ ကွဲပြားမှုလေ။ သူမှန်နေတယ်လို့ ကျွန်တော် ထောက်ခံနေတာမဟုတ်ဘူး။ သို့သော် ဒီလို ပဋိပက္ခဖြစ်နေတဲ့ အချိန်။ မသမာသူများ သွေးခွဲနေတဲ့ အချိန်မှာ အထင်အမြင်လွဲစရာ ကိစ္စရပ်လေးတွေကို ရှောင်ကြဉ်နိုင်ရင် ကောင်းမယ်။ မသမာသူတွေက ဒါဟာ တိုင်းတပါး ယဉ်ကျေးမှု၊ တို့ ယဉ်ကျေးမှုကို လွှမ်းမိုးဖို့ လုပ်နေပြီ။ ဒီကောင်တွေ ကြီးစိုးသွားရင် ဒုက္ခရောက်မယ်ဆိုပြီး သွေးထိုးတော့မယ်။ ပရိပက္ခဖြစ်နေတဲ့ အချိန်တွေ မှာ ဆင်ခြင်နိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။ ဥပမာပေါ့ဗျာ … တစ်နေ့ ငါးကြိမ်း ဝတ်ပြုရမယ်၊  အရက် မသောက်ရဘူး၊ သူများကို ဒုက္ခမပေးရဘူး၊ သူများကိုသတ်တာ၊ ပစ္စည်းခိုးခြင်းဟာ ဘယ်လို အနေအထား ဘယ်လို အခြေအနေရောက်ရောက် အပေးအယူလုပ်လို့ မရတဲ့ ကိစ္စတွေ။   
ဒါပေမယ့် အပေးအယူ လုပ်လို့ရတဲ့ ကိစ္စတွေ ရှိတယ်လေ၊ ဦးထုတ်မဆောင်းဘဲ နေလို့ရတယ်လေ၊ မုတ်ဆိတ်မထားဘဲ နေလို့ရတယ်လေ။ အဲလို ခွဲခြားပြီး မြင်နိုင်လောက်အောင် ကိုယ့်လူတွေမှာလည်း အသိက မရှိဘူး၊ ဟိုဘက်မှာလည်း မရှိဘူး။ အဲဒီတော့ တဖြည်းဖြည်း အချိန်ယူပြီး လုပ်ရမှာပေါ့ဗျာ။

မေး။   ။  ဘာသာရေး မှိုင်းမတိုက်ခံရအောင် ဘယ်လိုများ အချိန်ယူပြီး လုပ်သွားမလဲ။

ဖြေ။     ။   အယူမတူဘူး။ မတူရတဲ့ အကြောင်းက ဘာ့ကြောင့်လဲ ဆိုတာကို တံတားထိုးပြီး နားလည်ပေးတာ။  တံတိုင်းတွေ မဆောက်ဘူး။ အဲဒီစိတ်ဓာတ်လေးကို ငယ်ငယ်လေးကတည်းက ရိုက်သွင်းပေးဖို့အတွက် ကျွန်တော်တို့ (ကိုဖီအာနန် အစီရင်ခံစာမှာ) အကြံပြုခဲ့တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အစ္စလာမ်ကို၊    ခရစ်ယာန်ကို အထင်လွဲနေတာတွေ အများကြီး ပပျောက်သွားမယ်။  ကျွန်တော်တို မွတ်စလင်တွေကလည်း ဗုဒ္ဓဘာသာကို အထင်လွဲနေတာတွေ အများကြီး ပပျောက်သွားမယ်။ အဲဒီ ပြည်သူ့နီတိမှာ ခွင့်လွှတ်၊ သည်းခံတဲ့ နည်းလည်မှုပေးတဲ့ ဟာလေးတွေကို ထည့်သင်ဖို့။  ကျောင်းသားတွေတင် မဟုတ်ဘူး၊ အရပ်သားတွေ၊  အစိုးရ ဝန်ထမ်းတွေ၊ ကာကွယ်ရေး ဝန်ထမ်းတွေကိုပါ အဲဒီ   ကိုယ့်ဘာသာအကြောင်း ကိုယ်သိအောင်လုပ်။ ကိုယ်ကြည်ညိုလေးစားရတဲ့ သူက ကိုယ့် ကြည်ညို လေးစားမှုကို အမြတ်ထုတ်ပြီးတော့ အသုံးချသွားတာ ရှိတယ်။ အဲဒါကြောင့် ကာလာမသုတ်က ငါ့ဆရာ ပြောလည်း မယုံနဲ့၊ ငါ့ကျမ်းပါလည်း မယုံနဲ့၊ ငါပြောရင်လည်း မယုံနဲ့ ၊ ရှေးစကားလည်း မယုံနဲ့​၊ ငါဘုရား ပြောရင်တောင် မယုံနဲ့။ ဟုတ်မဟုတ် ဆန်းစစ်။  ဝိဘစ္စဝါဒ။ အဲဒါက အရေးအကြီးဆုံးပဲ။  ကုရ်အမ်ကလည်း အဲဒါပဲ ပြောတာ။      ။

↧

ဖြိုးသီဟချို/Myanmar Now - အနိဋ္ဌာရုံဖြစ်ရပ်များကြားမှ ရုန်းကန်ထလာသည့် မိတ္ထီလာ

$
0
0


အနိဋ္ဌာရုံဖြစ်ရပ်များကြားမှ ရုန်းကန်ထလာသည့် မိတ္ထီလာ   
ပဋိပက္ခ ဖြစ်ပွားခဲ့သည့် မိတ္ထီလာတွင် ဘာသာပေါင်းစုံ ညီညွတ်စွာနေထိုင်ရေး  ကြိုးပမ်းမှု အရှိန်ရနေပြီး ပိုမိုလွတ်လပ်စွာကိုးကွယ်နိုင်ရေးကို မျှော်လင့်သူများလည်း ရှိနေသည်


ဖြိုးသီဟချို/Myanmar Now
(မိုးမခ) နိုဝင်ဘာ ၁၊ ၂ဝ၁၈
 မကြာသေးခင်က တွေ့ရသည့် မိတ္ထီလာမြို့တွင်း တစ်နေရာ (ဓာတ်ပုံ - ခင်နှင်းဝေ/Myanmar Now)
(မိတ္ထီလာ) — ဘာသာရေး ပဋိပက္ခ ဖြစ်ပွားခဲ့သည်မှာ ၅ နှစ်ကျော်ကြာလာပြီဖြစ်သော၊ မြန်မာပြည် အလယ်ပိုင်း  စီးပွားရေး အချက်အချာကျသည့် မြို့ကြီးတစ်မြို့ဖြစ်သော မိတ္ထီလာရှိ ရပ်ကွက်တစ်ခုသည် နံနက်ခင်း နေရောင်အောက်   ကလေးငယ်တို့၏ ရယ်သံများ၊ ပြေးလွှားဆော့ကစားသံများနှင့် အတူ အသက်ဝင် လှုပ်ရှားနေသည်။

ဗုဒ္ဓဘာသာဝင်နှင့် အစ္စလမ် ဘာသာဝင် စုစုပေါင်း ငါးထောင်ကျော် ရန်ငြိုးမရှိ   နေထိုင်ခဲ့ကြသော၊ ချမ်းအေးသာယာဟု အမည်ရသော ဤရပ်ကွက်လေးသည် ၂ဝ၁၃ မိတ္ထီလာ အဓိကရုဏ်းကာလအတွင်း အခြားနေရာများနှင့် မတူဘဲ တစ်ရပ်ကွက်လုံး မီးရှို့ဖျက်ဆီးခံလိုက်ရသည်။  

ထိုနှစ် မတ်လ ၂၂ရက်နေ့ မနက်ပိုင်းက  သင်္ကန်းဝတ်နှစ်ဦး အပါအဝင်  အရပ်ထောင်ထောင်မောင်းမောင်း လူ ၂ဝ ခန့် ချမ်းအေးသာယာသို့ ရောက်လာပြီး မီးလောင်တိုက်သွင်းရန် ပြင်ဆင်ရာ  ရပ်ကွက်တွင်း  နေထိုင်သူတချို့က  ဆင်းရဲသည့် ၎င်းတို့၏ ရပ်ကွက်ကို မဖျက်ဆီးရန် တောင်းပန်ခဲ့ကြောင်း  ထိုအချိန်က ရာအိမ်မှူးတစ်ဦးဖြစ်သူ ဦးဖိုးသားက ပြန်ပြောပြသည်။  

“တို့မရှို့ရင်  နောက်က လူတွေက ရှို့လိမ့်မယ်လို့ အဲဒီလိုပြောပြီးတော့ ဓာတ်ဆီတောင် မပါဘူး၊ အဲ့ဒီအတိုင်း ကပ်ပြီး ရှို့သွားတာ။ ကျွန်တော် မျက်ရည်တောင် ကျရတယ်” ဟု ဦးဖိုးသားက ပြောပြသည်။

“ဒေသခံတွေလို့တော့ လုံးဝ မထင်ဘူး။ ဒီလူတွေဟာ နိုင်ငံရေး လှုံ့ဆော်ဖို့ အတွက် သက်သက် လာကြတာလို့ပဲ ထင်တယ်။ ဒီမိတ္ထီလာမှာဆိုရင် အကုန်လုံး ကျွန်တော့်ကို သိသလိုကျွန်တော်ကလည်း သိတယ်”  

အပြန်အလှန်ကူညီရိုင်းပင်းမှု  ရှိခဲ့ကြသည့်  ဒေသခံတို့သည် အနိဋ္ဌာရုံဖြစ်ရပ်တို့နှင့် ရုတ်တရက် ကြုံတွေ့လိုက်ရပြီးနောက်ပိုင်း  ယခုအခါ မူလအနေအထားသို့ ပြန်လည်ရောက်ရှိစေရန် တဖြည်းဖြည်း တည်ဆောက်နေကြသည်။ ထိုသို့ တည်ဆောက်ရာတွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လှုပ်ရှားမှုတချို့က အထောက်အကူပေးနေသည်။

တစ်ချိန်တည်းမှာပင် ကိုးကွယ်ဝတ်ပြုသည့် အဆောက်အအုံများ ပုံမှန်အခြေအနေအတိုင်း လည်ပတ်နိုင်ရေး အပါအဝင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရာတွင် အစိုးရ၏ ပိုမို ပါဝင်ဆောင်ရွက်ရေးကို မျှော်လင့်နေကြသည်။

ပဋိပက္ခအတွင်း ရိုင်းပင်းမှု

ချမ်းအေးသာယာ ရပ်ကွက် မီးရှို့ခံခဲ့ရပြီးနောက်တစ်နှစ်တွင် နေအိမ်များ ပြန်လည် ဆောက်လုပ်ကြရာ ၎င်းတို့ထဲမှ  အိမ်ခြေ ၇၃ဝ ကို ဆင်းရဲနွမ်းပါးသူ မွတ်စလင်များသို့ ပေးအပ်လေ့ရှိသည့် ရန်ကုန်မြို့ ယောင်နက်ဗလီ၏ အလှူငွေကို အသုံးပြုခဲ့သည်ဟု  ရပ်ကွက်မှ ရာအိမ်မှူးတစ်ဦးဖြစ်သူ ဦးအောင်ဌေးက ပြောသည်။

အခြားသော ရပ်ကွက်များနည်းတူ ၎င်းတို့ရပ်ကွက်သည် ကိုးကွယ်သည့်ဘာသာ မတူသဖြင့် အမုန်းပွား ခွဲခြားမှု၊ ထိုးနှက်တိုက်ခိုက်မှု ဆိုသည်မှာ ရှေးယခင်ကပင်  မရှိခဲ့သည့် ရပ်ကွက် ဖြစ်ကြောင်း အစ္စလမ်ဘာသာဝင်တစ်ဦးဖြစ်သည့် ဦးအောင်ဌေးက ဆိုသည်။

 
“အဲဒီလို မီးရှို့တော့ ဗုဒ္ဓဘာသာတွေ၊ အစ္စလမ်တွေ တောထဲမှာ အတူတူပဲ သွားရှောင်နေကြတာ။  အတူတူ နေကြတာ။ မီးလောင်ပြီး နောက်နေ့ရောက်တော့ အမှတ် ၁ ကျောင်းထဲက ယာယီ ခိုလှုံရေး စခန်းမှာလည်း တူတူနေကြတာပါ” ဟု ၎င်းက ပြောသည်။  

ပဋိပက္ခကာလအတွင်း ရပ်ကွက်တချို့တွင် အကြမ်းဖက်သူတို့ လုပ်ငန်းဆောင်ရွက်ခြင်း မပြုနိုင်စေရန် ဟန့်တားနိုင်သဖြင့်  နေအိမ်၊   အဆောက်အဦများ ဖျက်ဆီးခြင်း မခံခဲ့ရပေ။    

မွတ်စလင်အများစုနေထိုင်ရာ သာယာကုန်း(၁) ရပ်ကွက်ရှိ  ရာအိမ်မှူး ဦးဘကြူက ၎င်းတို့ရပ်ကွက်မှ ဒေသခံများ  စာသင်ကျောင်းတစ်ခုသို့ သွားရောက်ပြီး  ရက် ၄ဝ ခန့် ခိုလှုံ ခဲ့ကြကြောင်း၊ ပြန်လာချိန်တွင် နေအိမ်များ  အကောင်းအတိုင်း ကျန်နေခြင်းမှာ ၎င်းတို့နှင့် ကပ်လျက် တည်ရှိသည့် ရပ်ကွက်၏   ကျေးဇူးကြောင့် ဖြစ်ကြောင်း  ရှင်းပြသည်။

လူသတ်မှု၊  မီးရှို့မှု၊ အပြန်အလှန် တိုက်ခိုက်မှုများ ပါဝင်သည့် မိတ္ထီလာ အကြမ်းဖက်မှုကာလအတွင်း  အန္တရာယ်ပြုခံနေရသူတို့ကို လူသားချင်း ထားရမည့် မေတ္တာတရား ဟူသည့် အခြေခံစိတ်ဖြင့် ကူညီခဲ့သူများတွင် ခရစ်ယာန်ဘာသာဝင် ဒေါ်ဝင်းမာဦးလည်း ပါဝင်သည်။ သူက လမ်းတွင် တွေ့ရသသည့် ဒဏ်ရာရလူငယ်တစ်ဦးကို ဆေးရုံသို့ ဆိုင်ကယ်ဖြင့်  ပို့ဆောင် ပေးနိုင်ခဲ့သည်။

မိတ္ထီလာကန်အနီး   တုန်လှုပ်စွာ ထိုင်နေသည့်  လူငယ်တစ်ဦးကို ဘေးကင်းရာသို့ တိမ်းရှောင်ရန် တိုက်တွန်းခဲ့သော်လည်း အကြမ်းဖက်သမားများက လက်ဦးသွားခဲ့သည်ဟု  ဆိုသည်။

“
ကျွန်မက ပြေးတော့ ပြေးတော့လို့ ပြောတယ်။ မပြေးဘဲ ကြောက်ကြောက်ရွံ့ရွံ့နဲ့ ထိုင်နေတာ။ အဲဒီမှာ ဟိုကောင်လည်း ပါတယ်ဆိုပြီး ကျွန်မရှေ့မှာတင် အဲ့ဒီကလေးလေးကို သတ်ပစ်လိုက်တာ”ဟု ၎င်းက ပြောသည်။

အလားတူပင် မြို့ခံတစ်ဦးဖြစ်သူ မနေဇာမင်းဆွေတို့ မိသားစု  အရေးအခင်းအတွင်း အသက်လု ထွက်ပြေးကြစဉ် အကာအကွယ်ပေးသူတို့မှာ မြို့ခံ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။

တိမ်းရှောင်ရာ လမ်းတစ်လျှောက် တုတ်၊   ဓား ကိုင်ဆောင်ထားသူ အများအပြား တွေ့ရှိခဲ့ရကြောင်း၊ လိုက်ပါ ပို့ဆောင်ပေးသူ ဗုဒ္ဓဘာသာဝင် ဦးဝကြီး ဆိုသူကိုလည်း ယနေ့တိုင် အမှတ်ရ ကျေးဇူးတင်နေကြောင်း ၎င်းက ပြောသည်။

၃၆ နှစ်အရွယ် မနေဇာမင်းဆွေမှာ ဒုက္ခသည်စခန်းတစ်ခုတွင် ငါးလခန့် နေထိုင်ခဲ့ပြီးနောက် သူ့ရပ်ကွက်တွင်  စာသင်သည့် အလုပ်ကို ဆက်လက်လုပ်ကိုင်လျက်ရှိသည်။ မကြာသေးခင်က သူ၏ ကျူရှင်ကျောင်းလေးသို့ သွားရောက်လေ့လာရာ ဘာသာပေါင်းစုံ ကလေးကြီးငယ်များ ဇလုံကြီးတစ်လုံးထဲမှ အစားအစာများ အလုအယက်စားသောက်နေကြသည်ကို တွေ့ရသည်။

ကျူရှင်ရောက်လာသည့် ကလေးများထဲတွင်   ဘာသာရေးမှိုင်း သိသိသာသာ မိထားသူတချို့ ပါဝင်သော်လည်း နောက်ပိုင်းတွင် ကလေး အချင်းချင်း ပြန်လှန်ထိန်းကျောင်းသွားတတ်သည်ဟု ၎င်းက ပြောသည်။

ပိတ်ထားသော ဗလီများ 

ရှေ့နေ ဦးအောင်သိန်းသည်  မတူကွဲပြားသည့် ဘာသာအယူဝါဒရှိသူများကြား ငြိမ်းအေးစွာ အတူယှဉ်တွဲ နေထိုင်ရေးဆိုင်ရာ ၎င်း၏ လှုပ်ရှားမှုကြောင့် မိတ္ထီလာတွင် လူသိများသူတစ်ဦး ဖြစ်သည်။

၂ဝ၁၃ အရေးအခင်းအပြီးတွင် ဘာသာပေါင်းစုံငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ထီလာသုခ သမဂ္ဂီအဖွဲ့ကို တည်ထောင်သူများထဲတွင်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

မိတ္ထီလာရှိ မွတ်စလင်တို့မှာ အပိတ်ခံထားရသည့် ဗလီများတွင် ပြန်လည်ဝတ်ပြုလိုပြီး ၎င်းတို့ နေအိမ်၊ မြေကွက်များကိုလည်း ပြန်လည် ရယူလိုကြသည်ဟု ရှေ့နေက ဆိုသည်။

“အဆိုးဆုံးကတော့ အခြေခံ ဘာသာရေး၊ ယဉ်ကျေးမှု သင်တန်းကျောင်းတွေ အကုန် အပိတ်ခံထားရတယ်” ဟု ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

အရေးအခင်းမတိုင်ခင်က ဗလီ ၁၃ ခု ရှိခဲ့ပြီး ယခုအခါ ဝတ်ပြုခွင့်ရသည့် ဗလီမှာ ၆ ခုသာရှိကြောင်း  ရတနာမွန်ဗလီ၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးစန်းဝင်းရှိန်ထံမှ သိရသည်။

ဝတ်ပြုသည့်နေရာ အကန့်အသတ် ဖြစ်လာသောကြောင့် ရတနာမွန်တွင်   ဝတ်ပြုချိန်ကို ၂ ချိန် ခွဲပြီး စီစဉ်နေရသည်ဟု ဆိုသည်။

“လူနေအိမ်မှလည်း ဝတ်ပြုခွင့်မပြုဘူး၊ ဗလီကဲ့သို့ ဝတ်ပြုခွင့်မရှိဘူး ဆိုတဲ့ တားမြစ်မိန့်ကလည်း ရှိထားတော့ နေ့စဉ် ဘာသာရေး ဆောင်ရွက်ခွင့်ရဖို့အတွက်က အခက်အခဲ ဖြစ်ရတာပေါ့၊ စိတ်မချမ်းမမြေ့ဖြစ်ရတာပေါ့” ဟု ဦးစန်းဝင်းရှိန်က ပြောသည်။

မိတ္ထီလာ အဓိကလမ်းမကြီးရှိ  ဗလီအားလုံးကို ပိတ်ထားသဖြင့်  ဝေးလံသည့် အခြားရပ်ကွက်များသို့ သွားရောက် ဝတ်ပြုနေရသည်ဟု မြို့ခံ မွတ်စလင်တစ်ဦးဖြစ်သူ ဦးဖိုးတာက ဆိုသည်။

အစိုးရ ပိုမိုပါဝင်ရေး

ဗလီများကို ပိတ်ထားခြင်း ကဲ့သို့သော ပိတ်ပင် တားဆီးမှုများသည် အစိုးရ၏ မူဝါဒနှင့်လည်း သက်ဆိုင်နေသည်ဟု ရခိုင်ဒေသ ပဋိပက္ခဆိုင်ရာ ကိုဖီအာနန် ကော်မရှင်တွင်လည်း  အဖွဲ့ဝင် တစ်ဦးအဖြစ် ပါဝင်သည့်  ဟာဂျီဦးအေးလွင်က  ပြောသည်။

“ဒီအစိုးရ တက်လာတဲ့ အခါမှာ တရားဥပဒေစိုးမိုးရေး ဆိုတာလည်း ပါတယ်။ လူကြီးတွေကလည်း ဥပဒေအတိုင်းပဲလုပ် ဆိုတာလည်း ပါတယ်။ မြန်မာပြည်မှာ သာသနိက အဆောက်အဦဆိုတာ ဗုဒ္ဓဘာသာက လွဲရင် ကျန်တဲ့ဟာတွေက တော်တော်များများက တရားဝင် စာရွက်စာတမ်းတို့ ဘာတို့က သိပ်ပြီး ရှိတာ မဟုတ်ဘူး။   ပိတ်ပင် ဟန့်တား တားဆီးမှုတွေ ခံနေရတာက ဥပဒေအတိုင်းလုပ် ဆိုတာကြီးကြောင့်” ဟု   ဟာဂျီဦးအေးလွင်က သုံးသပ်သည်။

မူဝါဒချပေးသည့်အစိုးရအဖွဲ့နှင့် လက်တွေ့အကောင်အထည်ဖော်ရသည့် ဌာနဆိုင်ရာတို့ကြား နားလည်မှု လွဲခြင်း၏ နောက်ဆက်တွဲရလဒ်အဖြစ် ပေါ်ပေါက်လာသော ကန့်သတ်ပိတ်ပင်မှုတို့မှာ ယခင်အစိုးရကာလထက်  ပိုများနေသည်ဟု ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုတွင် ဦးဆောင်နေသူတစ်ဦးဖြစ်သည့် ၎င်းက ထောက်ပြသည်။

ဤအတောအတွင်း အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန်အတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို   နိုဝင်ဘာ ၂၁ မှ ၂၂ အထိ နေပြည်တော်၌ ကျင်းပသွားရန် ပြင်ဆင်နေသည်။  

ဘာသာပေါင်းစုံ ခေါင်းဆောင်များ ဦးဆောင်ပါဝင်သော
 ငြိမ်းချမ်းမေတ္တာအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဘုန်းတော်ကြီး ဂျိုးဆက်မောင်ဝင်းသည် အစိုးရက အသစ်ထပ်မံဖွဲ့စည်းသည့် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့တွင် အမှုဆောင် တစ်ဦးလည်း ဖြစ်သည်။ မိတ္ထီလာ အပါအဝင် ဒေသအများအပြားတွင် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး လှုပ်ရှားမှုများ ရှိနေကြောင်း ဘုန်းတော်ကြီးထံမှ သိရသည်။

“
အစိုးရကလည်း ဘာသာပေါင်းစုံက ကူညီမှသာလျင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ ရလာမယ် ဆိုတာကိုလည်း သူတို့ ခံယူချက်ရှိပါတယ်”ဟု ဂျိုးဆက်မောင်ဝင်းက မိန့်သည်။

မိတ္ထီလာမြို့ခံ ရှေ့နေကြီး ဦးအောင်သိန်းက အဖွဲ့အစည်းပေါင်းများစွာ၏ ဘာသာပေါင်းစုံ ညီညွတ်ရေး လှုပ်ရှားမှုများ ရှိသော်လည်း  အစိုးရ၏ သိသိသာသာ ပါဝင် ဆောင်ရွက်မှုများကို သူက မျှော်လင့်နေသည်။  ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အမုန်းတရား ဖြစ်ပွားစေသည့် သီချင်းများ၊   စာရွတ်စာတမ်းများ ဖြန့်ဝေနေသည့် လှုပ်ရှားမှုမှာ ယခုနှစ်အတွင်း အစိုးရ ဟန့်တားသည့် အစီအစဉ်တို့ကြောင့် လျော့ပါးလာပြီး ဒေသတွင်း တည်ငြိမ်မှု ရှိလာသည်ဟု ဆိုသည်။  

“သွေးထိုးလှုံ့ဆော်မှု အရှိန်ကျသွားရင် တည်ငြိမ်မှု၊ အသားကျမှုနဲ့ ငြိမ်းချမ်းချစ်ကြည်မှုက ပြန်လည် ဖြစ်ပေါ်လာပါတယ်” ဟု ဦးအောင်သိန်းက ပြောလိုက်သည်။

↧

မောင်လူပေ - ဆက်ကျဦးမဲ့ယွမ် - ၂

$
0
0

မောင်လူပေ - ဆက်ကျဦးမဲ့ယွမ် - ၂
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၈

လွန်ခဲ့တဲ့တစ်လခွဲခန့်က ဆက်ကျဦးမဲ့ယွမ်ဆိုပြီး ဆောင်းပါးတိုလေးရေးခဲ့ပါတယ်။ တရုတ်ယွမ်ငွေဟာ ဒေါ်လာနဲ့ယှဉ်ရင် ဆက်ကြဖို့ရှိကြောင်း ရေးခဲ့တာပါ။မကြာခင် တစ်ဒေါ်လာကို ခုနှစ်ယွမ်ထိ ဆင်းနိုင်တယ်လို့ မှန်းခဲ့တယ်။ အခုတော့ အဲဒီမှန်းကိန်းထဲဝင်လာဖို့ အတော်နီးစပ်နေပြီ။ ဒီနေ့ငွေလဲနှုန်းမှာ (၆.၉၈) ယွမ်အထိဆက်ကျခဲ့တယ်။ ဒီငွေလဲနှုန်းဟာ ကမ္ဘာ့စီးပွားရေးပျက်ကပ်ဆိုက်တဲ့ ၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ အနိမ့်ဆုံးနှုန်းပါပဲ။ ဒီနှစ်ဆန်းပိုင်း ဇန်နဝါရီလကဈေးနဲ့ယှဉ်ရင် (၉%)ကျော် ကျဆင်းသွားခဲ့ရတယ်။

အမေရိကန်တစ်ဒေါ်လာကို ခုနှစ်ယွမ်ဆိုတဲ့ ငွေလည်းနှုန်းဟာတကယ်ဆိုရင် သာမန်ဂဏန်းလေးတွေပဲလို့ မြင်စရာရှိတယ်။ ဒါပေမဲ့ ဒီထက်ပိုတဲ့  အဓိပ္ပာယ်တွေ ရှိပါသတဲ့။ အတိုပြောရရင်တော့ တရုတ်စီးပွားရေးအခြေအနေယိမ်းယိုင်နေပြီ၊ ဒီထက်ကျရင် နိုင်ငံတည်ငြိမ်ရေးနဲ့စီးပွားရေးခိုင်မာမှုကိုပါ ထိခိုက်နိုင်တယ်ဆိုတဲ့ သဘောပါပဲ။ တစ်ဒေါ်လာကို(၇)ယွမ်ဆိုတဲ့နှုန်းကိုမကြာခင်ရောက်လာမယ်။ တရုတ်ရင်းနှီးမြှုတ်နှံသူတွေအတွက် စိတ်ပူပန်မှုတွေပေါ်လာမယ်။ရင်းနှီးမြှုတ်နှံမှုတွေ တရုတ်ြ့ပည်ထဲက စီးထွက်လာမယ်လို့ ယူဆသူရှိသလို၊ (၇)ယွမ်ကျော်ပြီး ဆက်ဆင်းဦးတော့ ကုန်သွယ်ရေးစစ်ပွဲမှာ အသာရဖို့ ငွေဈေးချထားပြီးဖြစ်လို့ ပူစရာမလိုဘူးလို့ တွက်သူလည်းရှိတယ်။

တရုတ်ယွမ်ငွေက ကမ္ဘာငွေကြေးတွေထဲမှာ ထူးခြားပါတယ်။ ဈေးကွက်ကဈေးသတ်မှတ်တာမဟုတ်၊ တရုတ်ဗဟိုဘဏ်က အခြေအနေကိုကြည့်ပြီး ဈေးသတ်မှတ်ပေးတာဖြစ်တယ်။ ပြီးခဲ့တဲ့ သုံးပတ်လောက်ကပဲ တရုတ်ဝန်ကြီးချုပ်က ယွမ်တန်ဖိုးကိုဆက်မချတော့ပါဘူးလို့ တရားဝင်ပြောခဲ့သေးတယ်။ ဒီလိုပြောတဲ့အချိန်က တစ်ဒေါ်လာကို (၆.၈၅)ယွမ်လောက်ရှိတယ်။ တရုတ်ဗဟိုဘဏ်က ဝန်ကြီးချုပ်စကားနဲ့ပြောင်းပြန် ငွေဈေးဆက်ချနေရတာဟာ စီးပွားရေးအခြေအနေ အလွန်နှေးကွေးနေလို့ပါ။

တရုတ်သမ္မတစီနဲ့ ထရန့်တို့ G20 အစည်းအဝေးအတွင်း ရှေ့လမှာတွေ့ကြဖို့ရှိတယ်။ တရုတ်ဖက်က သင့်တင့်မျှတတဲ့ အပေးအယူမလုပ်ရင် မဆွေးနွေးဘူးလို့ ထရန့်က လေသံပစ်ထားတယ်။ ထာဝရသမ္မတပူပူနွေးနွေး တရုတ်သမ္မတစီကလည်း သူ့ဂုဏ်သိက္ခာအကျခံပြီး လျှော့ပေးမဲ့ပုံစံမမြင်ရသေး။ သဘောတူညီချက်မရရင် အခွန်ကောက်ဖို့ကျန်နေသေးတဲ့ ဒေါ်လာ(၂၅၀)ဘီလီယံအပါအဝင် တရုတ်သွင်းကုန်အားလုံးကိုအထူးခွန်ကောက်မယ်လို့ ပြောထားတဲ့အတွက် ၂၀၁၉နှစ်ဆန်းရင် အခွန်နှုန်းက ၁၀%ကနေ ၂၅%ထိ တက်ဖို့ရှိပါတယ်။

ထရန့်က တရုတ်ရဲ့နည်းပညာကုမ္ပဏီတွေအားကောင်းလာမှုကို တားမြစ်တဲ့အနေနဲ့မကြာခင်ကပဲ တရုတ်အစိုးရပိုင် ဖုကျန်စင်ဟွာကုမ္ပဏီ( Fujian Jinhua Integrated Circuit Co)ကို အမေရိကန်ကုမ္ပဏီတွေက အဆင့်မြင့်ဆားကစ်နဲ့ဆော့ဝဲလ်တွေမရောင်းရဘူးလို့ တင်းကြပ်လိုက်တယ်။ လုံခြုံရေးကြောင့်လို့အကြောင်းပြပေမဲ့ တရုတ်ပြည်ရဲ့ ကမ္ဘာပေါ်မှာ နည်းပညာပိုင်းဆိုင်ရာ နံပါတ်တစ်ဖြစ်ရေး ရည်မှန်းချက်ကို ရိုက်ချိုးလိုက်တယ်ဆိုတာ ထင်ရှားပါတယ်။ တရုတ်ပြည်ဟာ ဆီမီးကွန်ဒတ်တာအခြေခံတဲ့ ကွန်ပြုတာနည်းပညာမှာ အမေရိကန်ကုမ္ပဏီတွေကို အားထားနေရတဲ့နိုင်ငံပါ။ သူ့နိုင်ငံထဲမှာ အောင်မြင်နေတဲ့ ဆီမီးကွန်ဒတ်တာကုမ္ပဏီသိတ်မရှိလှဘူး။ နည်းပညာနဲ့ ကမ္ဘာကိုဦးဆောင်နေတဲ့ အမေရိကန်တွေကို ကျော်တက်ဖို့ ရည်မှန်းချက်ဟာ ဝေးနေသေးတယ်။ ဖုန်းထုတ်လုပ်တဲ့ နာမည်ကျော် ZTE ကုမ္ပဏီကို စီးပွားရေးပိတ်ခဲ့တုန်းကလည်း လပေါင်းများစွာ ကုန်ထုတ်လုပ်မှုကို ရပ်လိုက်ရတဲ့အတွက် ZTE ကုမ္ပဏီက ဒေါ်လာငွေဘီလီယံပေါင်းများစွာ နစ်နာခဲ့ရသလိုဖုကျန်စင်ဟွာလည်း နစ်နာရကိန်းရှိနေတယ်။

ဆီမီးကွန်ဒပ်တာ (Semiconductor) အခြေခံတဲ့ ကွန်ပြူတာခြစ်( Computer Chip ) လေးတွေက လူ့နှလုံးလိုအရေးကြီးပါတယ်။ လူကောင်ဘယ်လောက်ကြီးကြီးနှလုံးအားမကောင်းရင် အသုံးမဝင်သလိုပေါ့။ ကွန်ပြူတာ Chips လးတွေကို စမတ်တယ်လီဖုန်းကစပြီး နေရာတိုင်းလိုလို အသုံးပြုကြရတယ်။ တရုတ်ပြည်က နှစ်စဉ်ဒေါ်လာ(၁၄၀)ဘီလီယံတန်ဖိုးရှိတဲ့ Chips ပြားတွေ လိုအပ်တယ်။ ပြည်တွင်းမှာက(၁၈.၅)ဘီလီယံတန်ဖိုးလောက်ပဲ ထုတ်လုပ်နိုင်သေးတဲ့အတွက် နိုင်ငံခြားကို အထူးသဖြင့် အမေရိကန်ကထုတ်လုပ်တဲ့ အဆင့်မြင့် Chips တွေကို အားထားနေရတယ်။ တရုတ်ကုန်ပစ္စည်းထုတ်လုပ်နိုင်မှုကို ထိခိုက်မဲ့သဘောတွေ ရှ်နေတယ်။

တရုတ်နဲ့အမေရိကန်ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်က နိုင်ဖဲမရှိတော့ဘူးလို့ယူဆကြပေမဲ့ ဝှက်ဖဲတော့ ရှိနေသေးတယ်။ တရုတ်က အမေရိကန်ဒေါ်လာတစ်ထရီလီယံလောက်ရှိတဲ့ ငွေချေးစာချုပ်တွေ ပိုင်ထားသလိုဒေါ်လာဘီလီယံပေါင်းများစွာသော နိုင်ငံခြားအရံငွေတွေလည်း ရှိနေတယ်။ ဒါတွေကိုထုတ်ရောင်းမလားလို့ တွက်ဆကြတယ်။ ဖြစ်နိုင်ခြေအတော်နည်းပါသတဲ့။ တကယ်ထုတ်ရောင်းရင်လည်း ထရန့်ရဲ့အကြိုက်ဖြစ်မှာ။ ထရန့်က ဒေါ်လာဈေးချဖို့ အမြဲပြောနေတာမို့ ဒေါ်လာတွေထုတ်ရောင်းလို့ ဈေးကျလာရင် အမေရိကန်စီးပွားရေးတိုးတက်မှုကိုမီးထိုးပေးသလို ဖြစ်သွားနိုင်တယ်။ တရုတ်အခက် အမေရိကားအချက် ဖြစ်သွားနိုင်တယ်။

ဆင်နှစ်ကောင်ပြိုင်နေတဲ့ပွဲမို့ နှစ်ဖက်လုံးနစ်နာနေတာတော့ အမှန်ပဲ။ တရုတ်က ပိုခံရတယ်။ အမေရိကန်တွေကိုလည်း အနည်းငယ်တော့ ထိခိုက်တယ်။ ဆင်ပိန်ကျွဲလောက်တွေမို့ သူတို့အားတွေကတော့ သိသိသာသာ လျှော့သွားဖွယ်မမြင်။ ရှေ့လမှာ အမေရိကန်တရုတ် ကုန်သွယ်ရေးသဘောတူချက်မရရင် အမေရိကန်စတော့တွေနဲ့ တရုတ်ယွမ်ငွေ ထိုးဆင်းပြီး ဒေါ်လာ၊ရွှေ၊ရေနံတို့ ဆက်လက် ခိုင်မာဖို့ရှိနေတယ်။

တရုတ်ယွမ်ငွေအပေါ် အားထားနေရတဲ့ မြန်မာငွေလည်း ထပ်ဆင်းဖို့ရှိနေပါတယ်။ မြန်မာ့ပို့ကုန်အများစုက တရုတ်နဲ့နယ်စပ်ကုန်သွယ်ရေးဝင်ငွေဖြစ်ပြီးယွမ်ငွေတွေဖြစ်လေတော့ ယွမ်ကျရင် မြန်မာငွေပါ လိုက်ကျရတာဓမ္မတာ။ ငွေဈေးကစားသူတွေအရေးယူလည်း ခဏပဲမြန်မာငွေဈေးတက်ပြီး သိပ်မကြာခင် ပြန်ဆင်းသွားရတာ ယွမ်ငွေဈေးက ဆင်းနေလို့ပဲ။

မြန်မာငွေဈေးထပ်မကျသွားအောင် ထိန်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

(ကိုးကား CNN business)
↧
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>