Image may be NSFW. Clik here to view. ![]() |
မြင်းကပါ ဂူပြောက်ကြီး ဂူဘုရား၊ ယခင် |
ရန်ဝင်း (တောင်တံခါး) - မြင်းကပါ ဂူပြောက်ကြီး ဂူဘုရား
(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၁၅
(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၁၅
ပုဂံမြို့ဟောင်း၊ မြင်းကပါ အရပ်က အင်မတန်မှ လူသိများလှတဲ့ မြစေတီကျောက်စာကိုတွေ့ရှိရာ မြစေတီဘုရားနဲ့ တံတိုင်း တစ်ခုခြားနေတဲ့ ဘုရားတစ်ဆူကတော့ မြင်းကပါ ဂူပြောက်ကြီး ဂူဘုရား၊ ဘုရားအမှတ် အမှတ် ၁၃၂၃/၆၄၇ ဖြစ်ပါတယ်။ ထိလိုင်ရှင်မင်းကြီး ရဲ့ သားတော် ရာဇကုမာရ်မင်းသားရဲ့ကောင်းမှု ဖြစ်ပါတယ်။
Image may be NSFW. Clik here to view. ![]() |
မြင်းကပါ ဂူပြောက်ကြီး ဂူဘုရား၊ ယခု |
ဝက်ကြီးအင်းဒေသမှာ အမည်တူ ဂူပြောက်ကြီး ဂူဘုရားတစ်ဆူရှိတဲ့အတွက်၊ ၀က်ကြီးအင်း ဂူပြောက်ကြီး ဂူဘုရားနဲ့ မြင်း ကပါ ဂူပြောက်ကြီး ဂူဘုရားဆိုပြီး ခွဲခြားလို့ ခေါ်ကြပါတယ်။
Image may be NSFW. Clik here to view. ![]() |
မြင်းကပါ ဂူပြောက်ကြီး ဂူဘုရား ဆွဲပုံ |
ပုဂံခေတ် ဘုရားတွေ တည်ဆောက်ကြတဲ့အခါ ဂူဘုရားတစ်ဆူနဲ့ စေတီတစ်ဆူကို အတူတူယှဉ်တွဲပြီး တည်ဆောက် လေ့ရှိပါတယ်။ သာဓကတွေ အများကြီး ရှိပါတယ်။
Image may be NSFW. Clik here to view. ![]() |
မြင်းကပါ ဂူပြောက်ကြီး ဂူဘုရား ဖြတ်ပိုင်းပုံ |
အခုအချိန်မှာ နောက်ပိုင်းခေတ်ကျမှ တည်ဆောက်ထားတဲ့ တံတိုင်းခြားနေပေမယ့် မြစေတီ နဲ့ မြင်းကပါ ဂူပြောက်ကြီးဘုရား တို့ကလည်း တည်ခါစအချိန်တုန်းက ဂူဘုရား နဲ့ စေတီဘုရား၊ ဘုရားတစ်စုံအနေနဲ့ ရှိခဲ့ပါလိမ့်မယ်။
Image may be NSFW. Clik here to view. ![]() |
မြင်းကပါ ဂူပြောက်ကြီး ဂူဘုရား ပန္နက်ပုံ |
ဒါကြောင့်ပဲ မြင်းကပါ ဂူပြောက်ကြီးဘုရားရဲ့ ကုသိုလ်ရှင် ရာဇကုမာရ်မင်းသားကို ရည်ညွှန်းပြီး နာမည်ကျော် မြစေတီ ကျောက်စာကို ရာဇကုမာရ် ကျောက်စာလို့လည်း အမည်တပ်ကြတာတွေလည်း ရှိပါတယ်။
Image may be NSFW. Clik here to view. ![]() |
ကျောက်လေသာပြတင်းနှင့် အင်္ဂတေပန်းတကဲ |
မြင်းကပါ ဂူပြောက်ကြီး ဂူဘုရား အပြင်က အင်္ဂတေပန်းလက်ရာတွေ၊ အတွင်းက ကျောက်ဆင်းတုတွေ နဲ့ နံရံဆေးရေးပန်းချီ တွေက ရှေးလက်ရာတွေအတိုင်းပဲ ရှိနေကြပါသေးတယ်။ ၁၉၈၄ ခုနှစ်ကနေပြီး ၁၉၉၁ ခုနှစ်အတွင်း၊ UNDP/UNESCO ရဲ့ အကူအညီနဲ့ ပြည်ပ ပညာရှင်တွေက နံရံဆေးရေးပန်းချီတွေကို စံနစ်တကျ ထိန်းသိမ်း သန့်ရှင်းနိုင်ခဲ့ပါတယ်။
Image may be NSFW. Clik here to view. ![]() |
ဘီလူးပန်းဆွဲ အင်္ဂတေပန်းများ |
နံရံဆေးရေးပန်းချီတွေက တစ်ချို့နေရာတွေမှာ ဆေးသားက သိပ်ပြီး ထူပါတယ်။ အပြာနုရောင်၊ ပန်းရောင်၊ အနီရင့်၊ ကြက်သွေးရောင်စတဲ့ ပုဂံခေတ်သုံး ဆေးရောင်စုံကို စုံစုံလင်လင်တွေ့နိုင်ပါတယ်။
နံရံဆေးရေးပန်းချီတွေက အကြောင်းအရာတွေမှာလည်း ဗုဒ္ဓ၀င်၊ ၅၅၀ ဇာတ်ကွက်များ၊ ဗုဒ္ဓဘာသာ ပညာပေး အချက်အ လက်များ ကို ရှေးမွန်ဘာသာ စာတန်းများနဲ့ ရေးထိုးထားရှိပါတယ်။ အထူးခြားဆုံးကတော့ ပုဂံဘုရားတွေမှာ အလွန်တရာ တွေ့ရခဲလှတဲ့ ကောသလမင်း အိပ်မက် ၁၆ ချက် ကို ရေးဆွဲထားတာ ဖြစ်ပါတယ်။
Image may be NSFW. Clik here to view. ![]() |
နှောင်းခေတ်မှာ ပြုပြင်ထားတဲ့ ပဓာနဆင်းတုတော်ကြီးနှင့် မူလလက်ရာ၊ တြိဘင်္ဂ သုံးဆစ်ချိုးဟန် နတ်ရုပ်ကြီးများ |
ဂူဘုရားအတွင်းနံရံ အောက်ခြေတွေကို မြေတွေ ပို့နေတဲ့အောက်ထဲမှာ နံရံဆေးရေး ရှေးဟောင်းမွန်ဘာသာ စာတန်းတွေကို ကွယ်လွန်သူ ဆရာကြီး ဦးဗိုကေ (ဗြဟ္မစာရီ မွန်ဗိုကေ) က ထပ်မံတွေ့ရှိခဲ့ပါသေးတယ်။
နံရံဆေးရေးပန်းချီတွေထဲက ကျွန်တော် အနှစ်သက်ဆုံး နံရံဆေးရေးပန်းချီတစ်ခုကတော့ တာဝတိံသာက ဗုဒ္ဓ ဆင်းကြွလာတော်မူခန်း ဖြစ်ပါတယ်။
Image may be NSFW. Clik here to view. ![]() |
ဂူအတွင်း နံရံပေါ်က နံရံဆေးရေးပန်းချီအချို့ |
မူလ လက်ရာ ပဓာန ရုပ်ပွားတော်ကြီးက ပျက်စီးသွားခဲ့ပေမယ့် ဂူအတွင်းခန်း အတွင်း၊ အပြင် နံရံချိုင့်တွေ အထဲမှာ ကျောက် ဆစ် ဗုဒ္ဓရုပ်ပွားတော် ၁၉ဆူ ကျန်နေပါသေးတယ်။ ထိလိုင်ရှင်မင်းကြီး ခေတ် ရှေးမနှောင်းကာလက လက်ရာတွေဖြစ်ပြီး ထူးခြား အချိုးကျန သပ္ပာယ်လှကြောင်း ဖူးတွေ့ကြရပါမယ်။
Image may be NSFW. Clik here to view. ![]() |
တာဝတိံသာက ဗုဒ္ဓ ဆင်းကြွလာတော်မူခန်း နံရံဆေးရေးပန်းချီ |
မြင်းကပါ ဂူပြောက်ကြီး ဂူဘုရား ကို ရှေးဟောင်းလက်ရာတွေ နဲ့အတူ သမိုင်းမှတ်တိုင်တစ်ခုအနေနဲ့ပါ လေ့လာသင့်ကြောင်း သတင်းစကား ပါးလိုက်ပါတယ်။
အညွှန်း။
ပုဂံသုတေသနလမ်းညွှန်၊ ဦးဗိုကေ၊ ပထမအကြိမ်၊ ၁၉၈၁
Pictorial Guide to Pagan: Ministry of Union of Burma, Reprint 1971
http://www.baganmyanmar.com
http://myanmartravel.org