Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ခိုင်မာကျော်ဇော - သမိုင်းနီနီ…. ပန်းနီနီ

$
0
0


ခိုင်မာကျော်ဇော - သမိုင်းနီနီ…. ပန်းနီနီ
(မိုးမခ) အောက်တိုဘာ ၁၉ ၊ ၂၀၁၅
အခုတလော
ဒေ
ါ်လေးနဲ့ စကားပြောတော့
အောင်ဆန်းစု
ကြည်
အောင်ဆန်းစု
ကြည်နဲ
တစုထဲ စု
ကြည်ထဲကြည်နဲ
အသံကို စီနေတာပဲ။

ဖုန်းကိုင်လိုက်တာနဲ့ 
ဒေ
ါ်အောင်ဆန်းစုကြည်အကြောင်းကို
သူ့ ပါးဖောင်းဖောင်း
ကြီးတွေနဲ
နားညောင်းအောင်ကို ပြောတော့တာပဲ။

တကယ့်အဖိုးတန်
အမ်
ိုးမှန်တဲ့ပတ္တမြားကြီးပါတော်
သူ့ ကိုတွေ့ ရတော့
ကျ
ုပ်ဖြင့်ငုတ်တုတ်တောင်မေ့သွားတယ်။

သူ့ ရဲ့ 
နူးညံ့တဲ့အပြုံးက
ကျ
ုပ်တို့အသဲနှလုံးကို
ပိုးသားလေးနဲ့  ဖုံးလိုက်သလိုပဲ။

သူ့ ရဲ့ 
ထက်မြက်စူးရှတဲ့အ
ကြည့်က
ကျ
ုပ်တို့ရင်ကို
ဒုတ်ဒုတ်ထိတယ်။

တကယ့်ပညာရှင်မ
နားဝင်အောင်လည်း ရှင်းပြတတ်တယ်
တိုတိုရှင်းရှင်း နဲ့ လိုရင်းကို ပြောလိုက်တာ
အမုန်းစကား
တလုံးတပါတဒမှ မ
ကြားရဘူး
သူ့ 
နှလုံးသားအဖြူကို
အလံထူပြသွားတယ်။

သတ္တိကလည်း
အဂ
္ဂသတ္တိ
ပြည်သူ့ အတွက်
တိုင်းပြည်အတွက်
ဒီမိုကရေစီအတွက်ဆို
အသက်နဲ့ လဲမဲ့ မိန်းမ
အဲ့ဒီ အနီမကို
ကျ
ုပ်ဖြင့်ဂုဏ်ပြုချင်လှပါပြီ။

ဒီ့အတွက်
မဲပေးမဲ့ ရက်ကိုပဲ
ကျ
ုပ်တို့တရွာလုံးတွက်နေကြတာ
တရက်
ပြီးတရက်
ပြကဒိန်ပေ
လက်ရောက်နေလို့ 
စာရွက်တွေတောင် ပေါက်ကုန်
ပြီ။

ဖွတ်တက်ရင်တော့
ကျ
ုပ်တို့ဘ၀တွေ တစစီပျက်ဖို့ ပဲရှိတော့တယ်။

ညဉ်းတို့ အဖွဲ့ အကြောင်းလည်းကြားပါတယ်
ဒီလောက် သမိုင်းကောင်းလာ
ပြီးမှ
ဖွတ်တွေနဲ့ ပေါင်းရတယ်လို့ 
ဖွတ်တွေနဲ့  ပေါင်းစား
ပြီး
ဖွတ်
ကြားဖြစ်မဲ့အကောင်တွေကို
ညဉ်းလည်း သိပ်လွမ်းမနေနဲ့ ။

သင်ခန်းစာတော့ ယူစရာအကောင်းသား
အဖွဲ့ အစည်း ဘယ်လောက် ကောင်းကောင်း
ခေါင်းဆောင် မကောင်းတော့
မြောင်းထဲရောက်တယ်။

တိုင်းပြည် သယံဇာတ ဘယ်လောက်ရှိရှိ
ခေါင်းဆောင် တန်ဖိုးမရှိတော့
ပြည်သူတွေ ၀န်ပိတယ်။

တရုတ်အားကိုးနဲ့ 
ဘူဒိုဇာထိုးဖို့ လောက်ပဲ သိတဲ့ကောင်တွေ
တိုင်းပြည်မှာ ခေါင်းဆောင်လုပ်နေတော့
တော ရောင်းစား
တောင် ရောင်းစား
ရေ ရောင်းစား
မြေ ရောင်းစား
ဒင်းတို့ … အရောင်းအစားကောင်းလို့ 
ကျ
ုပ်တို့တိုင်းပြည်ကြီးလည်း
ဟို့ လို့ ဟောင်းလောင်းဖြစ်နေ
ပြီ။

မိုးခေါင် ရေကြီး
အဲ့ဒီ သောကမီးတွေ
ကျ
ုပ်တို့ ရင်စီးခံရပြီလေ
တောပြ
ုန်းတောင်ပြုန်းတော့
အပူလုံး
ကြီးထဲနေရသလိုပဲ
ကျ
ုပ်တို့ ကျောတွေလည်း ကွဲကုန်ပြီ။

ဒါတောင်မှ
ဒင်းတို့ က
ကျ
ုပ်တို့ကို မဲလာဆွယ်ကြသေးတယ်
မသေခင်ထဲက ခြောက်နေတဲ့
အစိမ်းသူရဲတွေကို
ဘယ်ပြည်သူက မဲပေးမှာတုန်း။

ကျုပ်တို့ တရွာလုံးကတော့ အနီပဲ
ညဉ်းတို့ ပြောပြောနေတဲ့
ဖေ့စ်ဘွတ်ပေ
ါ်မှာလည်းနီနေတာပဲဆို
ကျ
ုပ်တို့လည်းကြားပါတယ်
အဆိုတော်တွေလည်း နီတာပဲတဲ့
ရုပ်ရှင်လောကသားတွေလည်း နီတာပဲတဲ့
ဇာတ်သဘင်တွေလည်း နီတာပဲတဲ့
စာရေးဆရာ ကဗျာဆရာတွေလည်း နီ
ကျောင်းသူ ကျောင်းသားတွေလည်းနီ
ရုံးသူ ရုံးသားတွေလည်းနီ
ပြည်သူ့ ဘက်တော်သား စစ်သားနဲ့ ရဲသားတွေလည်း နီ
အဲ့ဒီလို မြင်ရ
ကြားရတာ
ကျ
ုပ်တအားစိတ်ချမ်းသာတယ်။

သေချာပါတယ်
အခုလာမဲ့ပွဲက
အောင်ဆန်းစု
ကြည်ဆိုတဲ့အနီမ
နိုင်ရမဲ့ပွဲပါပဲအေ။

ကဲကဲ… ကျုပ်လည်းကျန်းမာအောင်နေရမယ်
(၈၀) နားနီးပေမဲ့
ညဉ်းအဒေ
ါ်ကျုပ်မသေချင်သေးဘူး
ပန်းပန်သူ အနီမ
နန်းစံရတာကို မြင်ချင်သေးတယ်။

---------------------------------
ခိုင်မာကျော်ဇော
အောက်တိုဘာ (၁၈)၊ ၂၀၁၅

Viewing all articles
Browse latest Browse all 9633

Trending Articles


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ရေဘေးသင့် ဟျူစတန်မှာ ညမထွက်ရ အမိန့်ထုတ်


ICJ ကြားဖြတ် အစီအမံ (Provisional Measures) လိုက်နာ၊ မလိုက်နာ


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


“တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမည်”


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


သားတော်လုပ်ကြံသဖြင့် အနောက်ဘက်လွန်မင်း နတ်ရွာစံခြင်း


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်


ကာတွန်း ATH ရဲ့ ပြောင်းမွေးချိန် တန်ပြီ ...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>