Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

သစ်ကောင်းအိမ် - ဆင်ခြေဖုံး

$
0
0
သစ်ကောင်းအိမ် - ဆင်ခြေဖုံး
(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၁၅

ဗာဟီရရဲ့မွေးနေ့ပွဲ အကြိမ်ကြိမ်က
တံခါးဝတိုင်းမှာ အင်္ကျီချွေးကို ညှစ်ချလို့
ခေါင်းပေါင်းစ တလူလူ တလွင့်လွင့်နဲ့
စီတန်းရပ်နေတဲ့ ဓာတ်မီးတိုင်တွေရဲ့ ပွေ့ဖက်မှုမှာ
ရင်ခွင်ဟာ ပါမလာခဲ့ ....။

နာရီပြင်ဆိုင်ထဲရောက်သွားတဲ့ နေ့နဲ့ ညတွေနဲ့
တရားစခန်းဝင်နေတဲ့ လမ်းမတွေရယ် ...။

သစ်ရွက်ရေခြုံထားတဲ့ ခုံတန်းလျားတွေနဲ့
လှော်တက်တွေ ရေတိမ်နစ်နေတဲ့ ကန်ရေပြင်ရယ် ....။

အင်္ကျီဆင်တူဝတ်ထားတဲ့ ခိုအိမ်ကလေးတွေနဲ့
ကစားကွင်းဘေးမှာ နို့တိုက်ရင်း ငိုက်မြည်းနေတဲ့ မိန်းမတွေရယ် ...။

ကင်မရာတလုံးရဲ့ ဆုံးဖြတ်မှုမျိုးမှာ
အရိပ်ရှင်တခုကို သေဆုံးသွားခဲ့ပေါ့
မှန်တင်ခုံရှေ့မှာ ထိုင်ရာမထ
ကိုယ်ပိုင်မျက်နှာမရှိတဲ့ ရှုမျှော်ခင်းများ ....။

သူ့ဖေ့ဘုခ်မှ ယူပါသည်။

Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>