မောင်စွမ်းရည် - ကျနော်ရရှိတဲ့ အမွေ(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၅ပုတီး တကွင်း
ဓား တစင်းနဲ့
ဆင်းတု တဆူ
ထိုက်ရာယူစေ၊ ကြိုက်ရာယူလေ
အဖေထားခဲ့၊ အမွေများ။
သမီးအကြီး
ပုတီး အမွေ။
သမီးလတ်က
ဆင်းတု ရစေ။
သားကြီး ဓားမွေ
ခံပါလေ - တဲ့။
အဖေချန်ထား
သွေးစွန်းဓားဖြင့်
သားက ခဲတံ ချွန်လေသတည်း။