နီဇူလိုင် - ကလေးတွေ အမြဲမှန်တယ်
(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၁၅
တချို့ လူကြီးတွေများ ခက်ပါတယ်
တုတ်ထိုးချိုချဉ်ကို ... သစ်ပင်လားတဲ့
အိမ်တွေနဲ့ ... အကျဉ်းထောင်တွေကိုလဲ မှားသေးရဲ့
စာအုပ်တွေကို... ခြေသုတ်ခုံလို့ ထင်လိုထင်
လွယ်အိတ်တွေကို... လက်နှီးစုတ်လို့ ပြောလိုပြော
အဆိုးဆုံးကတော့ ...
သနားစရာ အကောင်းဆုံးကတော့
ကြယ်တွေကို... ကြယ်တွေမှန်း မသိကြရှာဘူးလို့
ခေတ်နံရံပေါ်မှာ ...
အရုပ်လှလှရေးနေတဲ့ ကလေးလေးတွေက... ပြောသွားတယ်
ကလေးတွေ အမြဲမှန်တယ်။