Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဒီလူည - ကျွန်တော်တို့ပါ သမ္မတကြီး

$
0
0
 ဒီလူည - ကျွန်တော်တို့ပါ သမ္မတကြီး
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၅

ဘာသာစကားရဲ့ အထိန်းအကွပ်မဲ့စွာ စီးဆင်းမှုထဲ
တွင်းအောင်းနေတဲ့ စိတ်တွေရဲ့အနာအဆာတွေ၊ ယိုစိမ့်မှုကြမ်းကြမ်း
အထိအခိုက်တွေက နေပျက်ကျလာတဲ့ လတ်လတ်ဆတ်ဆတ်
ခြေတစ်ဖက် လက်တစ်ဖက် အသားဖတ်တွေ
မနေ့က နေ့စွဲကိုတပ်ထားတဲ့ မျက်နှာပြောင်တိုက်မှု
ယမ်းနံ့ဟာ နှာခေါင်းထဲတိုးဝင်လာတယ်၊ ရိုးပြတ်နံ့တွေ အစား
အသက် ရှူလမ်းကြောင်းမှာ ပိတ်ဆို့နေတဲ့  သွေးနဲ့တွေ
လယ်တစ်ကွက် မြေတစ်ကွက်အတွက်
လောင်းရိပ်မိနေတဲ့ သစ်ပင်လေးတွေလို ခြောက်သွေ့
ဖြုတ်ချခံလိုက်ရတဲ့ မြေစိုင်မြေခဲတွေပေါ်မှာ
အိုးမဲ့ အိမ်မဲ့ ဘဝပါမဲ့နေရတဲ့ အပူလွန်ကဲ နွေဦးညတွေ
အာဟာရမဲ့စွာ အိပ်မက်ဆိုးတွေ ခြေချင်းလိမ်လို့
ကျွန်တော်တို့ ဒီညတာရှည်ကြီးထဲ
ရောင်နီလာတော့မယ်ဆိုလို့ ရပ်စောင့်နေခဲ့မိတာ
ဒီလေနီကြမ်းတွေကြား နွားနို့တစ်ခွက်နဲ့
ကမ်းရောက်ရင်တော့ လမ်းကိုတွေ့မယ်ဆိုလို့
မြစ်ကြမ်းကြီးကို ကူးဖြတ်နေကြတာ
ကျွန်တော်တို့ပါ သမ္မတကြီး
ကျွန်တော်တို့ပါ သမ္မတကြီး
ကျွန်တော်တို့ပါ သမ္မတကြီး

သံသယကိုဖယ်ထုတ်ပြီး ယုံယုံကြည်ကြည်
ဒီဝါယာထဲ စီးဆင်းခဲ့တာ
ခုတော့ မိဘကိုလုပ်ကျွေးတဲ့သမီးလေးလည်း
လျှပ်စီးတွေကြား ကျဆုံးခဲ့ပါပြီ
ဘယ်သီချင်းဖွင့်ဖွင့် ရင်ဘတ်ထဲ
ဘယ်ဒဏ်ရာမှ ကွာကျမလာဘူး/မကျက်တော့ဘူး
နွယ်ပင် မြက်ပင်လောက်တောင် အသုံးမဝင်တော့
တိုးဝင်လာတဲ့ ကျည်ဆံတွေကိုလည်း
ရှောင်/ကြောက်ဖို့ စိတ်ကူးမရှိတော့ဘူး
မျက်ရည်မြင်ရင် ကျွန်တော်တို့က သနားတယ်
ဂုဏ်နဲ့ဝါနဲ့ ကြီးတဲ့
လူကြီးတွေပြောတဲ့စကားကို
ကျွန်တော်တို့က ယုံခဲ့ကြတယ်၊ အမှတ်မရှိဘဲ
ကျိုးပဲ့လာတဲ့ လမ်းတွေကိုတောင်
သွေးစက်တွေ ညှစ်ချပြီး ပြင်ပေးခဲ့ကြတာ
ခုတော့
ကျွန်တော်တို့က လေငတ်နေတဲ့ငှက်တွေ
ခုတော့
ကျွန်တော်တို့က ရေငတ်နေတဲ့ ပင်လယ်
လှိုင်းထန်ပေမယ့် သေမသွားတဲ့ မျှော်လင့်ချက်ကို ထွန်းနေတာ
ကျွန်တော်တို့ပါ  သမ္မတကြီး
ကျွန်တော်တို့ပါ သမ္မတကြီး
ကျွန်တော်တို့ပါ  သမ္မတကြီး

ဒီ ခွဲစိတ်ခန်းထဲ
ပြန်ထွက်မလာတော့တဲ့ အသက်ဓာတ်မှာ
အကြွေစေ့တွေ စောင့်နေခဲ့မှန်းမသိခဲ့တာ
ကိုယ်ဗိုက် ကိုယ် ရှပ်လှီးမယ့်ဓားနဲ့
အပိုင်းပိုင်း ပြတ်ထွက်လာတဲ့ အိပ်မက်ကိုဆက်ပြီး
မျက် ရည်ကိုခြွေသိပ် ပေးခဲ့ကြတာ
အရိုးပဲရရ
အသားပဲရရ
ရလာတဲ့ အရိုးအရင်းလေးနဲ့ ရောင့်ရဲခဲ့ကြမိတာ
ကျွန်တော်တို့ပါ သမ္မတကြီး
ကျွန်တော်တို့ပါ သမ္မတကြီး
ကျွန်တော်တို့ပါ သမ္မတကြီး

ဒီစာအုပ်ထဲ ရေးထားသမျှကို နှုတ်တိုက်ကျက်ပြီး
ပန်းကန်လေးဆေး
အုတ်ကလေးသယ်
ဒီစက်ရုံထဲရှိသမျှ အာရုံကိုစုပြီး
ရသမျှလေးကို အဝေးကပြန်ပို့ပေးရင်း
ကိုယ့်ရိက္ခာ ကိုယ်သယ်
ကိုယ့်သိက္ခာ ကိုယ်သယ်
ဒီခရောင်းလမ်းထဲ
လျှာပေါ် မြက်ပေါက်အောင် အခြောက်ခံနေတာ
ကျွန်တော်တို့ပါ သမ္မတကြီး
ကျွန်တော်တို့ပါ သမ္မတကြီး
ကျွန်တော်တို့ပါ  သမ္မတကြီး။    ။

ဒီလူည

Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>