ကိုကံညို(ထူးကြီး) - “မြို့သားတွေ ကိုယ့်တိုင်းပြည် ကိုယ်ပြန်ကြည့်”
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၅
တယ်လီဖုန်းတွေ လူတိုင်း ကိုင်နိုင်ကြပြီဆိုတဲ့ ဗီဒီယိုဖိုင်ကို
သေသေချာချာ နားလည်ကြရဲ့လား
အေး… အဲဒါဆို.. သိန်းနှစ်ဆယ် အစိတ် ပေးခဲ့ရတဲ့
စစ်အစိုးရခေတ်ကို မေ့မပစ်နဲ့ ။
မြို့အဆင့်ဆီ ရောက်ဖို့
ကောက်လိုက်တဲ့ လမ်းကြေး၊ တံတားကြေး၊ မြို့ဝင်ကြေး တွေ ...
ကုန်ဈေးနှုန်းနဲ့ ပတ်သက်လာရင် ခံစားရတာ တစ်နိုင်ငံလုံး
ခရိုနီစပွန်ဆာနဲ့ မြို့ယောင်ယောင် ဖြစ်ခဲ့ရပါတယ် ဆိုလဲ
စီးပွားရေးကျားက ဘယ်လောက်စားသွားသလဲ စဉ်းစား ...
သစ်တောတွေတောင် ကတုံးဖြစ် ကျန်ခဲ့
သာယံဇာတကို လက်မှတ်ထိုးပြီး
နန်းတော်ကို ရွှေပြားနဲ့ မမိုးရုံတမယ် ပဲ။
တိုင်းပြည်မှာ အလုပ်လက်မဲ့ဦးရေတွေတိုးပွား
စစ်သားလေးတွေ အသေဆိုးနဲ့ သေကြ
ငါတို့မြို့လေး မီးလင်းပါတယ်တော့ မလုပ်နဲ့
တစ်နိုင်ငံလုံး အတွေးအမြင် အမှောင်ချထားတာ
အခွန်အခတွေက ငါတို့လုပ်စာ အကုန် မ သွား။
ကိုယ့်အပေါ် ကောင်းတာ ...
တစ်တိုင်းပြည်လုံးနဲ့ စာရင် နှစ်ကောင်းကျွေးပြီး ကင်းယူသွားတဲ့ ဇာတ်ကွက်
ဝမ်းချတဲ့ ပျားရည်က ချိုမှာ အမှန်ပဲ
သူတို့မှာ ဆယ်သက် စားမကုန်
တစ်တိုင်းပြည်လုံး တုန်လှုပ်ခဲ့ရတာ ... ယုံ ... ။