Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မောင်မောင်စိုး - မျှော်လင့်ချက်တစုံတရာ

$
0
0
ကာတွန်းစောငို ၊ ၂၀၁၃ တုန်းက ဆွဲထားတဲ့ပုံ၊ ကြာတော့ ကြာပြီ၊ 

မောင်မောင်စိုး -  မျှော်လင့်ချက်တစုံတရာ
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၅

၁။ နီနီခင်ဇော်
"အကြိမ်ကြိမ်အခါခါရှုံးလည်းယုံကြည်တာတွေမစွန့်လွှတ်လိုက်ပါနဲ့"

၂။ NLD

၁၉၉၀ရွေးကောက်ပွဲမှာပြတ်ပြတ်သားသားအနိုင်ရခဲ့သလို၂၅နှစ်ကြာပြီးနောက်၂၀၁၅ရွေးကောက်ပွဲမှာလည်းအကဲခတ်အားလုံးအံ့သြမှင်သက်စေအောင်အပြတ်အသတ်အနိုင်ရခဲ့ပါသည်။ ပြည်တွင်းပြည်ပမှသောင်းသောင်းဖျဖျလက်ခံအားပေးထားသည့်ရွေးကောက်ပွဲရလဒ်အား လက်ခံသည်လက်မခံသည်မှာလူတစ်ဦးချင်း၏ ဂုဏ်သိက္ခာနှင့်ဆိုင်သကဲ့သို့တိုင်းပြည်၏ဂုဏ်သိက္ခာတိုင်းပြည်၏အနာဂါတ်နှင့်လည်းဆိုင်ပါသည်။

၃။လွှတ်တော်

တိုင်းပြည်၏လွှတ်တော်ရပ်လုံးတွင် NLD ကအများစုအနိုင်ရခဲ့သည်။ NLD နှင့် မဟာမိတ်တိုင်းရင်းသားပါတီများသည်လည်းထိုက်သင့်သည့်အောင်မြင်မှုများရရှိခဲ့ပေရာလွှတ်တော်တွင်းတွင်
NLD
နှင့်သူ၏မဟာမိတ်များကအများစုနေရာမှာ ရှိနေပြီဖြစ်သည်။

သို့သာ် “၂၀၀၈ခြေဥ”အရ စစ်တပ်ကိုယ်စားလည်များက၂၅% ရယူထားသည့်ပြင်အရေးကြီးသောဥပဒေဆိုင်ရာပြဌာန်းချက်များကိုပြဌာန်းရန်သော်၎င်းပြင်ဆင်ဖြည့်စွက်ရန်သော်၎င်းစစ်တပ်၏သဘောတူညီချက် မရလျင်ပြင်ဆင်ပြဌာန်းမရနိုင်သေးပေ။

၎။အစိုးရ

ပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်များတွင်ဒုသမတတင်မြှောက်၍ရနိုင်သည့် NLD ပါတီနှင့်သူ၏မဟာမိတ်ပါတီများအနေနှင့်ဒုသမတဦးတင်မြှောက်ရန်၎င်းအများစုမဲဖြင့်သမတအား ရွေးကောက်တင်မြှောက်ပြီးအစိုးရဖွဲ့စည်းရန်သော်၎င်းမခက်ခဲတော့ပေ။

သို့သော်ထိုအစိုးရတွင်စစ်တပ်ကရွေးကောက်တင်မြှောက်သည့်ဒုသမတဦးကာချုပ်ကရွေးချယ်မည့်ကာကွယ်ရေး၊ပြည်ထဲရေး၊နယ်စပ်ရေးရာဝန်ကြီးဦးပေါင်းဦးပါဝင်မည်ဖြစ်ပေရာ အစိုးရအဖွဲ့၏စီမံကိန်းမှအစအစိုးရနေ့စဉ်လုပ်ငန်းအထိစစ်တပ်နှင့်ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်နေပေဦးမည်။

၅။ကာ/လုံ

သမတသည်အခန်းပုဒ်မ၁၀အရကာလုံဟုခေါ်သည်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကိုဖွဲ့စည်းရမည်။ထိုကာလုံအဖွဲ့ဝင်၁၁ဦးတွင်စစ်တပ်မှတင်သည့်ဒုသမတဦး ၊
ကာချုပ်၊ဒုကာချုပ်နှင့်ကာချုပ်မှအဆိုပြုသည့်ဝန်ကြီးဦးပေါင်း ဦးပါဝင်သည်။တိုင်းပြည်၏ကက်ဘိနက်ဟု ဆိုရမည့်ကာလုံတွင်စစ်တပ်ကမဲအသာယူထားသည်။

လူထုကိုယ်စားလည်များက မဲအပြတ်အသတ်ဖြင့် ရွေးချယ်၍တက်လာသည့်သမတသည်စစ်တပ်၏သဘောတူညီမှုမရဘဲစိတ်တိုင်းကျအလုပ်လုပ်ရန်မလွယ်ကူလှပေ။ ဤနေရာတွင်စေ့စပ်ညှိနှိုင်းမှုသည်အရေးပါလာပေပြီ။သမတသည်လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုလျင်ပင်ကာလုံ၏သဘောတူညီချက်မရလျင်မပေးနိုင်။

၆။ စောင့်ဆိုင်းရမည့်ကာလ

NLD အမတ်လောင်းများအဖို့ ရွေးကောက်ပွဲကော်မရှင်မှမဲစာရင်းအတည်ပြုကြေငြာသည့်ကာလ၊ရွေးကောက်ပွဲအသုံးစာရိတ်စစ်ဆေးခြင်း၊ပြိုင်ဖက်များ၏စွပ်စွဲပြစ်တင်များကိုဖြေရှင်းကျော်လွှားရန်အနဲဆုံးနောက် နှစ်လခန့် အချိန်ပေးရလောက်သည်။ အနိုင်ရလွှတ်တော်အမတ်များအတွက်လွှတ်တော်အစောဆုံးခေါ်မည်အချိန်သည်၂၀၁၆ဖေဖော်ဝါရီလဆန်းမှဖြစ်သည်။

၇။  ရှေ့ဦးခြေလှမ်း

လွှတ်တော်ခေါ်ခြင်း ၊ သမတရွေးကောက်တင်မြှောက်ခြင်း ၊ အစိုးရဖွဲ့ခြင်း၊ အစိုးရအဖွဲ့အာဏာလွှဲပြောင်းရယူခြင်းစသည်တို့ချောမွေ့စွာဖြစ်ပေါ်ရေးသည်အနိုင်ရ NLD ပါတီအတွက်အရေးကြီးသည့်ရှေ့ဦးခြေလှမ်းဖြစ်သည်။ထိုခြေလှမ်းသည် NLD အတွက်သာမကတိုင်းပြည်အတွက်အားလုံးအတွက်အရေးကြီးသည်။

၈။အမျိုးသားပြန်လည်သင့်မြတ်ရေး

လူထုကရွေးကောက်တင်မြှောက်သည့်အစိုးရလက်တွင်းအာဏာလွှဲပြောင်းရယူနိုင်ရေးအတွက်ဒေါ်အောင်ဆန်းစုကြည်ဖိတ်ခေါ်ထားသည့်အမျိုးသားပြန်လည်သင့်မြတ်ရေးသည်အခရာဖြစ်သည်။

၉။ သမတ

ဆွေးနွေးညှိနှိုင်းမှုများကိုအဆင်ပြေစွာဆောင်ရွက်နိုင်ပါကလက်ရှိအချိန်တိုင်းပြည်အတွက်အသင့်တော်ဆုံးသမတမှာဒေါ်အောင်ဆန်းစုကြည်သာဖြစ်သည်ဆိုသည်ကိုငြင်းပယ်ရန်ရှိမည်မဟုတ်ချေ။
တကယ်ဆိုလျင်ဒေါ်စု မဖြစ်နိုင်လျင် NLD ၏သမတမည်သူဖြစ်မည်ဆိုသည်မှာ NLD နှင့်လူထုအတွက် သိပ် အရေးမကြီးလှပေ။ထိုသမတကိုဒေါ်စုမှထိမ်းကျောင်းလမ်းညွှန်သွားနိုင်မည်ဟု ယုံကြည်ပြီးသားဖြစ်သည်။

သို့ဖြစ်ရာ NLD သမတဘယ်သူဖြစ်မလဲဆိုသည့်အချက်နှင့်ပတ်သက်ပြီးမည်သူတွေအတွက်ပိုအရေးကြီးသည်ကိုရှင်းလင်းစွာမြင်ရန်လိုပေသည်။

၁၀။ပြောင်းလဲချိန်တန်ပြီနှင့်ခြေဥပြင်ရေး

ရွေးကောက်ပွဲ၏ကြွေးကြော်သံဖြစ်သောပြောင်းလဲချိန်တန်ပြီဟူသောကြွေးကြော်သံတွင် ခြေဥပြင်ရေး၄၃၆ပြင်ရေးတို့ပါသည်ဟု ဆိုပါက ငြင်းပယ်ရန်မရှိပါ။သို့သော်အနိုင်ရ NLD အတွက်ကနဦးခြေလှမ်းများလုံးဝမဟုတ်ပေ။

အကဲဆတ်သောဆတ်ဆတ်ထိမခံသောပြသနာများကိုရှေ့တန်းတင်ခြင်းသည်ပင်လျင် ပြောင်းလဲရန်ခက်ခဲစေသည့်အခြေသို့ဆိုက်ရောက်နိုင်သည်။အကြပ်တည်းတွေ့စေနိုင်သည်။နိုင်ငံရေးဆိုသည်မှာပြင်းထန်သောတိုက်ပွဲတခုဖြစ်သကဲ့သို့ သိမ်မွေ့သောအနုပညာတရပ်လည်းဖြစ်သည်။

၁၁။ ရှင်းရမည့်ပြသနာများ

အနိုင်ရ NLD ပါတီအတွက်ရှင်းရမည့်ပြသနာများကတန်းစီနေသည်။နိုင်ငံရေး၊လူမှုရေး၊စီးပွါးရေး၊ငြိမ်းချမ်းရေး၊တိုင်းရင်းသားရေးစသည်စသည့်ပြသနာပေါင်းစုံ စောင့်ဆိုင်းနေသည်။ပြသနာအားလုံးကလည်းသူထက်ငါအရေးကြီးနေကြသည်။

သို့သော်လောလောဆယ်တွင် NLD ပါတီအနေနှင့်ထိုပြသနာများကိုင်တွယ်ရန်အခွင့်အာဏာမရှိသေးရုံမကသူတို့၏ရွေးကောက်ပွဲဆိုင်ရာပြသနာများကိုရှင်းလင်းရပေအုံးမည်။

၁၂။စောင့်ဆိုင်းနေသူများ

နို်င်ငံတကာမှရင်းနှီးမြှုပ်နှံသူများသည်၎င်း၊ တိုင်းရင်းသားလက်နက်ကိုင်များသည်၎င်းစသည့် စသည့်အင်အားစုများသည် NLD အစိုးရအာဏာ ရယူနိုင်လျင်အခွင့်အလမ်းကောင်းများရလဒ်ကောင်းများထွက်ပေါ်လာနိုင်မည်ဟုယူဆပြီး စိတ်ရှည်လက်ရှည်စောင့်ဆိုင်းလျက်ရှိသည်။ထိုသို့အလားလာကောင်းများရလဒ်ကောင်းများ ထွက်လာနိုင်သည်ဟုအများကယုံကြည်မျှော်လင့်ထားကြသည်မဟုတ်ပါလော။

၁၃။မစောင့်ဆိုင်းနိုင်သူအချို့

သို့သော်အချို့ကမူထိုသို့ မစောင့်ဆိုင်းနိုင်ကြပေ။ စိတ်မရှည်ကြ။အများထက် ပိုအရေးကြီးနေကြသည်။နိုင်ငံရေးဆိုသည်၌သဘောထား ကွဲလွဲမှုများရှိသည်မှာ မဆန်းပေ။လက်ရှိအချိန်တွင် NLD အနေနှင့်အစိုးရအာဏာလွှဲပြောင်းရယူရေးကိုအာရုံစိုက်ရမည်ဆိုသည်ကိုအချို့ခံတွင်းတွေ့မည် မဟုတ်ကြ။မည်သို့
ဖြစ်စေနိုင်ငံရေးပြသနာဆိုသည်မှာအာဏာပြသနာဖြစ်သည် ဆိုသည်ကိုတော့မေ့လျော့ရန်မသင့်။

၁၄။စစ်ပွဲ

ရွေးကောက်ပွဲအပြီးနောက်တရက်မှစ၍ရှမ်းပြည် SSPP/SSA ဌာနချုပ်ရှိရာဝမ်ဟိုင်းဒေသတွင်တိုက်ပွဲများပြန်လည်ဖြစ်ပွါးလာသည်။ပို၍ကြီးမားလာနေသည်။စစ်ဘေးဒု့က္ခသည်များပို၍ ပို၍တိုးလာနေသည်။ဤတစ်လကျော်အတွင်း စစ်ဘေးဒုက္ခသည်တစ်သောင်းနီးပါးရှိလာပြီဟု ဒေသခံများကဆိုကြသည်။ထို့ပြင်ကချင်ပြည်နယ်ဘက်တွင်လည်းသေနတ်များ ကြားစပြုလာသည်။ 

စစ်ပွဲများကျယ်ပြန့်လာပါကတည်ငြိမ်မှုကိုထိခိုက်မည်ဖြစ်သကဲ့သို့အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်ကိုပါထိခိုက်လာနိုင်သည်။ လက်ရှိ NCA မထိုးသေးသည့်အဖွဲ့များမှာလည်း NLD အစိုးရသစ်တက်လာလျင်ပိုမိုအဆင်ပြေသည့်ရလဒ်ကောင်းများထွက်လာနိုင်မည်ဟုမျှော်လင့်နေသည်ဖြစ်ရာအစိုးရသစ်အားအေးချမ်းစွာအာဏာလွှဲပြောင်းနိုင်ရေးအတွက်စစ်ပွဲများအားထိမ်းချုပ်နိုင်ရန်လိုသည်။လောလောဆယ်ထိဝင်ရောက်ညှိနှိုင်းဖြေရှင်းထိမ်းချုပ်ခြင်းမရှိသည်မှာစိုးရိမ်ဖွယ်ဖြစ်သည်။

သို့ဖြစ်ရာတာဝန်ရှိသူများဖြစ်သည့်သမတဦးသိန်းစိန်အစိုးရနှင့်ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သည့် NLD ပါတီတို့အပြင်မြန်မာ့ဒီမိုကရေစီရေးတွင်တက်ကြွစွာဝိုင်းဝန်းပေးနေကြသည့်အမေရိကန်၊ ဂျပန်၊ အနောက်အုပ်စုဝင်နိုင်ငံများနှင့်မြန်မာ့အတွက်မဟာဗျူဟာအရေးပါသည်ဟုဆိုသည့်တရုတ်တို့အနေနှင့်တက်တက်ကြွကြွပါဝင်ပြီးအာဏာအကူးအပြောင်းကာလမြန်မာ့တည်ငြိမ်ရေးကိုဝိုင်းဝန်းပေးရန်လိုပေလိမ့်မည်။

၁၅။နိုင်ငံတကာ

မြန်မာဒီမိုကရေစီအပြောင်းအလဲသည်အမေရိကန်ဥရောပနှင့်ဂျပန်တို့အတွက်အထူးဝမ်းမြောက်ဖွယ်ဖြစ်ပုံရသည်။အကူအညီပေးဖို့ ပိတ်ဆို့မှုတွေရပ်တန့်ဖို့ လေသံများပို၍ကျယ်လောင်လာသည်။ကြားနေနိုင်ငံဟု ဆိုသည့် အိန္ဒိယသည်လည်းပို၍ပြူငှါလာသည်။ ဒေသတွင်းပြိုင်ဖက်ဖြစ်သည့်တရုတ်အတွက်တော့စိတ်မသက်သာဖြစ်စေပုံပေါ်သည်။မြန်မာပေါ် သက်ရောက်လာသည့်အနောက်သြဇာသက်သက်ကြောင့်တော့ဟုတ်ပုံမရ။မြန်မာဒီမိုကရေစီအပြောင်းအလဲကတရုတ်ပြည်တွင်းဒီမိုကရေစီနှင့်လူ့အခွင့်အရေးလှုပ်ရှားသူများတရုတ်ပြည်သူများအပေါ်သက်ရောက်မှုကိုပါထည့်သွင်း၍တွက်ချက်ပုံရသည်။

မြန်မာအတွက်တော့သုံးတတ်လျင် အခွင့်အလမ်းကောင်းများစွာ ပေါ်မည့်အချိန်ဖြစ်သည်။

၁၆။မူနှင့်အကျိုးစီးပွါး

လက်ဝဲဆရာနှင့်အရင်းရှင်ဆရာများကြား ကွဲပြားသည်မှာမူနှင့်အကျိုးစီးပွါးဖြစ်သည်။လက်ဝဲဆရာတို့ကမူကို ဆုပ်ကိုင်ကြသည်။ပြသနာတရပ်ချဉ်းကပ်ကြည့်မြင်ဖြေရှင်းမည်ဆိုလျင်မူ၊ ဘောင်များနှင့် တွက်ချက်တိုင်းတာလေ့ရှိသည်။ အရင်းရှင်ဆရာများကတော့အကျိုးစီးပွါးကိုသာ ကြည့်သည်။သူတို့၏မူသည်အကျိုးစီးပွါးပင်ဖြစ်သည်။သူတို့အတွက် အကျိုးရှိလျင် လုပ်မည်။အကျိုးမရှိလျင် မလုပ်။

ခေတ်သစ်လက်ဝဲဆရာများထဲတွင်တရုတ်ကွန်မြူနစ်တိန့်ရှောက်ဖင်ကတော့ကြောင်ဖြူဖြစ်ဖြစ် ကြောင်မဲဖြစ်ဖြစ်ဟုဆိုကာအကျိုးစီးပွားကိုပြောင်းကြည့်ခဲ့သည်။ကြွက်မဖမ်းနိုင်လို့တော့ sorry ပြ၏ဤသို့ပြောင်းခဲ့သည့်၁၉၈၀မှစ၍ အလွန်ဆင်းရဲသောတရုတ်ပြည်သည်နှစ်ပေါင်း၃၀ကျော်ကြာပြီးနောက်ချမ်းသာကြွယ်ဝသွားခဲ့သည်ကတော့ငြင်းပယ်မရနိုင်ပေ။

၁၇။စစ်တပ်

ရွေးကောက်ပွဲတွင်အနိုင်ရသူက NLD ပါတီဖြစ်သော်လည်းအဆုံးအဖြတ်ကစစ်ခေါင်းဆောင်များလက်ထဲတွင်ရှိနေသည်။ထို့ကြောင့်နိုင်ငံရေးအာဏာသည်သေနတ်ပြောင်းဝကထွက်သည်ဟုဆိုကြခြင်းဖြစ်ပေသည်။

မည်သို့ဆိုစေကာချုပ်ကတော့အနိုင်ရပါတီနှင့် လက်တွဲအလုပ်လုပ်သွားမည်ဟုဆိုသည်။ ၁၉၉၀ကကာချုပ်လည်းစစ်တန်းလျားပြန်မည်ဟုပြောခဲ့ဘူးသည်။ရွေးကောက်ခံအမတ်များလည်းလွှတ်တော်ထဲ မရောက်ဘဲထောင်ထဲရောက်သွားသည်ကိုတွေ့ခဲ့ဘူးသည်။သို့ဖြစ်ရာဂတိစကားများနှင့်လက်တွေ့တထပ်တည်းကျဖို့လိုအပ်နေသည်။

၁၈။ထူးဆန်းသည့်သတင်း

ယခုတလောလူမှုကွန်ယက်တွင်ပျံ့နှံ့နေသည့်သတင်းမှာ၂၀၁၄နိုဝင်ဘာကလွှတ်တော်သတင်းတစ်ပုဒ်ဖြစ်သည်။လွှတ်တော်ကိုယ်စားလှယ်သုံးပုံတပုံနှုတ်ထွက်ပါကလွှတ်တော်ကိုဖျက်သိမ်းပြီးရွေးကောက်ပွဲအသစ်ပြန်ကျင်းပရန်ဆိုသည့်အဆိုကိုစစ်တပ်ကိုယ်စားလည်ကတင်ပြဆွေးနွေးသည့် သတင်းဖြစ်သည်။
ပြည်သူလွှတ်တော်ရှိစစ်တပ်ကိုယ်စားလည်၁၁၀အပြင်ရွေးကောက်ခံကိုယ်စားလည်၄၀ ထပ်ပေါင်း၍၁၅၀နှုတ်ထွက်လျင်လွှတ်တော်ဖျက်သိမ်းရန်တင်သွင်းသည့်အဆိုဖြစ်သည်။ရွေးကောက်ခံအမတ်၁၂% ကစစ်တပ်အမတ်များနှင့်တသဘောထဲဖြစ်ပါကလွှတ်တော်ဖျက်သိမ်းရန် တင်ခဲ့ဖူးသည့်အဆိုဖြစ်သည်။
ယခုလွှတ်တော်အသစ်ပင်မခေါ်ရသေးမှီအဘယ်ကြောင့်ဤသတင်းကိုလူမှုကွန်ယက်တွင်ပြန်ဖြန့်နေရပါသနည်းလာမည့်၂၀၁၆ဇန္နဝါရီတွင်မှသက်တမ်းကုန်မည့်လွှတ်တော်အဟောင်းတွင်ပြဌာန်းနိုင်ရန်အတွက်အာဘော် ဖန်တီးနေခြင်းပေလော။

၁၉။အုပ်ချုပ်ရေးအတွေ့အကြုံ

အုပ်ချုပ်ရေးအတွေ့အကြုံမရှိသော NLD အနေနှင့် အစိုးရအဖွဲ့လုပ်ငန်းများကိုကောင်းမွန်စွာလုပ်နိုင်ပါမည်လောစောင့်ကြည့်သွားရမည်ဟုဆိုကြသူများ ပေါ်လာသည်။ NLD အစိုးရအဖွဲ့အနေနှင့်အုပ်ချုပ်ရေးလုပ်ငန်းများကောင်းမွန်စွာ လုပ်နိုင်မနိုင်ကိုစောင့်ကြည့်သွားရမည်ဟုသတင်းဌာနတခုနှင့်ရွေးကောက်ပွဲတွင်ခွက်ခွက်လန်ရှုံးသွားသည့်ပါတီတခု၏ဥက္ကဌတဦးကပြောနေသည်ကိုတွေ့နေရသည်။

ထိုသူများသည်တိုင်းပြည်အုပ်ချုပ်သည့် အတွေ့အကြုံမရှိသည့်စစ်တပ်ကအာဏာသိမ်းပြီးအနှစ်ငါးဆယ်ကျော်အုပ်ချုပ်ခဲ့သည်ကိုမမြင်နိုင်ကြ။ဌာနဆိုင်ရာများတွင်မိုးကျရွှေကိုယ်များရောက်ရှိပြီးလုပ်ငန်းများပျက်စီးကုန်၍အရပ်ဖက်ဝန်ထမ်းများပြင်းပြင်ထန်ထန်ဆန့်ကျင်နေသည်ကိုမမြင်နိုင်ကြ။ထို့ပြင်မည့်သည့်နိုင်ငံရေးဖြတ်သန်းမှုမှမရှိ ၊ မည်သူမှလည်းမသိသည့်သူတစ်ဦးအားကြံ့ခိုင်ရေးကဒုသမတတင်တုန်းကလည်း
သနားစရာကောင်းအောင်ဆွံ့အနေကြသည်။မျက်မှောက်အခြေအနေကိုကောင်းစွာမမြင်နိုင်ကြ။

ထို့ပြင်၁၉၄၈ခုနှစ်အင်္ဂလိပ်ထံမှလွတ်လပ်ရေးရယူပြီးနောက်တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ယူခဲ့သောသခင် နိုင်ငံရေးသမားများသည်လွတ်လပ်ရေးတိုက်ပွဲဝင်သူများသာဖြစ်ကြသည်။အုပ်ချုပ်ရေးအတွေ့အကြုံရှိသူများမဟုတ်ခဲ့ကြ။

သို့ဖြစ်ရာ NLD တွင်အုပ်ချုပ်ရေးအတွေ့အကြုံမရှိဟုပြောဆိုနေသူများသည်သမိုင်းကိုလည်းမသိ၊ မျက်မှောက်အခြေအနေအားလည်းမှန်မှန်ကန်ကန်မကြည့်နိုင်သည့်လူအန္ဓများဟုဆိုရပေမည်။

၂၀။စိုင်းထီးဆိုင်

"ပျော်ချင်တိုင်းလဲမပျော်ရပါ။
ချစ်မိသူတိုင်းလဲချစ်ခြင်းမခံခဲ့ရပါ။
မသိသးတဲ့ ဒီလောကရဲ့ အထာ
အချစ်ဆိုတာလျှို့ဝှက်ချက် တခုပါ"

၂၁။စိုင်းထီးဆိုင်
"မျှော်လင့်ခြင်းတွေရင်မှာပြန်ရှင်သန်လာ
မာန်မာနတွေ ရင်မှာပြန်ခိုင်မာလာ
ဒီဘဝကိုအရှုံးမပေးတော့ဘူးလို့ ...

ငါ့နှလုံးသား တချက်ခုန်လိုက်တိုင်းသည်
မနေ့ကနဲ့ကွာ
မနေ့ကလိုမနာတော့ပြီ
သူ့မျက်နှာခဏမြင်လိုက်ကထဲကစပြီး
ငါသည်အချစ်အတွက်တဖန် မွေးဖွါးခဲ့ပြီ"။


Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>