Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

အောင်ဒင် ၏ `` နွေတစ်ည နှင့်တူသောညများ ´´ စာအုပ်သစ် မိတ်ဆက်

$
0
0
 အောင်ဒင် ၏ `` နွေတစ်ည နှင့်တူသောညများ ´´ စာအုပ်သစ် မိတ်ဆက်ရန်နောင်(ဗိုလ်တထောင်)   ။   မိုးမခ      နိုဝင်ဘာလ  ၁၆ - ၂၀၁၅
  
စာရေးဆရာ အောင်ဒင်၏ ``နွေတစ်ညနှင့် တူသောညများ ´´ စာအုပ်သစ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ ORCHID Hotel တွင် နိုဝင်ဘာလ ( ၁၆) ရက် တနင်္လာနေ့ နံနက် (၁၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံရေးလှုပ်ရှားသူများ၊၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ စာရေးဆရာများ၊ ကဗျာဆရာများ၊တတ်သိပညာရှင်များ အများအပြား တက်ရောက်ခဲ့ကြသည်။

    အဆိုပါ စာအုပ်မိတ်ဆက်ပွဲတွင် အခမ်းအနားမှူးအဖြစ် ဦးဇော်မင်းကျော် (ခေတ်ပြတိုက် စာပေ) မှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

စာရေးဆရာအောင်ဒင်၏ သူငယ်ချင်းများဖြစ်ကြသော ဦးကိုကိုကြီး၊ ဦးမင်းကိုနိုင်၊ ဦးပြုံးချို ၊ဦးမြအေး (၈၈ ပွင့်လင်း ) များက အမှတ်တရ စကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် စာရေးဆရာအောင်ဒင် ကိုယ်တိုင် စာအုပ်ကို ရေးဖြစ်ရခြင်းနှင့် ပတ်သက်၍  ပြောပြခဲ့သည်။

    စာရေးဆရာ အောင်ဒင် ၏ `` နွေတစ်ည နှင့် တူသောညများ ´´ စာအုပ်ကို ခေတ်ပြတိုက်စာပေ မှ ထုတ်ဝေသူ ဦးဇော်မင်းကျော် မှ စီစဉ်ထုတ်ဝေပြီး မျက်နှာဖုံးဒီဇိုင်းကို ကာတွန်း ဝင်းအောင်မှ ရေးဆွဲပေးထားသည်။


 ဦးမြအေး (၈၈ ပွင့်လင်း) ၊ဦးပြုံးချို (၈၈ ပွင့်လင်း) ၊ ဦးတိုးကျော်လှိုင်(နိုင်ကျဉ်း) များမှ အမှာစာများရေးသားထားသော အဆိုပါစာအုပ်ကို ခေတ်ပြတိုက်စာပေ မှ ၂၀၁၅ နိုဝင်ဘာလတွင် တန်ဖိုး  ၂၅၀၀ ကျပ်ဖြင့် တနိုင်ငံလုံးသို့ ဖြန့်ချိလိုက်ပြီ ဖြစ်သည်။

 
   စာရေးဆရာ အောင်ဒင် သည် ဗကသ ၏ ဒုဥက္ကဋ္ဌ(၂) အဖြစ်၊ ဒီမိုကရေစီတပ်ပေါင်းစု၏ သဘာပတိအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ရင်း ၁၉၈၉ တွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး အင်းစိန်ထောင် နှင့် သရက်ထောင်များတွင်  ၄နှစ်နှင့် ၃လကျော်  အကျဉ်းကျခဲ့ပြီး ၁၉၉၃ ခု ဇူလိုင်လတွင် ပြစ်ဒဏ်ပြည့်သဖြင့် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဩဂုတ်လတွင် ကွယ်လွန်သွားသော စာရေးဆရာ တာရာမင်းဝေ ၏ အကိုအရင်း ဖြစ်သည်။


    ယခု စာအုပ်သည် စာရေးဆရာ အောင်ဒင် ၏ ဆယ်အုပ်မြောက် စာအုပ်ဖြစ်သည်။

ယခင် နွေတစ်ညမှ အစပြု၍ စာအုပ် ၏ အဆက်ဖြစ်သော ယခု ` နွေတစ်ည နှင့်တူသောညများ ´ စာအုပ်သည် သမိုင်းအတွက် အရေးပါသော စာအုပ်တအုပ် ဖြစ်ကြောင်းလည်း ဦးမင်းကိုနိုင်က ပြောကြားခဲ့သည်။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>